Sunday, October 7, 2012

ယုံကြည် ကိုးကွယ်မှု နှင်. လွတ်လပ်ခြင်း ကြားက စည်း


                                      ယုံကြည် ကိုးကွယ်မှုနှင်. လွတ်လပ်ခြင်း ကြားက စည်း
                         



တစ်ခါတစ်လေမှာလွတ်လပ်စွာ အနုပညာ ဖန်တီးမှု ဆိုတာ ဘယ်လိုအကျိုးဆက်တွေ ဖြစ်စေတတ်တယ်ဆိုတာကို လစ်ဗျားနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီးခရစ္စတိုဖာ စတီဗင် ရက်စက်စွာ အသတ်ခံခဲ့ရမှုနဲ. လက်ရှိနိုင်ငံ ၂၀ နီးပါးကို အမေရိကန် အထူးတပ်ဖွဲ.တွေစေလွှတ်ခဲ့ရမှုက ပြသနေပါတယ်...ဒီမီးကိုပွားစေခဲ့တဲ့ Innocence of Muslim ဆိုတဲ. Youtube ပေါ်က ၁၅မိနစ်တောင် မပြည်.တဲ. ကြော်ငြာအပိုင်းအစလေးဟာ အဲဒီဘာသာဝင်တွေအတွက်အတော် မကျေနပ်စရာဖြစ်ခဲ့ပြီး အဲဒီဘာသာကိုးကွယ်ရာနိုင်ငံတွေမှာတော. ပေါက်ကွဲအုံကြွမှုတွေပါ ဖြစ်စေခဲ့တာပါ..ဒါကို ပယ်ဖျက်ပေးဖို. တောင်းဆိုခဲ့ကြပေမယ်. Google , Youtube စတာတွေကငြင်းပယ်ခဲ့တာကြောင်. ကိုယ်.နိုင်ငံအစီအစဉ်နဲ.ကိုယ် ပိတ်ဆို.နေကြရပါတယ်..ဒါဟာ အဆုံးစွန်သောလွတ်လပ်မှုနဲ. အကြွင်းမဲ. ယုံကြည်ခြင်း တို.ကြားက ပဋိပက္ခ တစ်ခုပါ...ဒါကြောင်.လည်း ကျွန်တော်တို. ဘာသာဝင်တွေကတော. ကျွန်တော်တို. ကိုးကွယ်တဲ. တရားတော်အရအစွန်း နှစ်ပါးရှောင်ကြည်နေခဲ့ကြတာပါ.....အာဖဂန်နစ္စတန်မှာ ရှိတဲ. နှစ်ပေါင်းထောင်ချီ ဗုဒ္ဓ ဆင်းတုတော်ကို တာလီဘန်တွေ အမြှောက်ကြီးတွေနဲ. ပစ်ခတ်ဖျက်စီးခဲ့ကြချိန်..ကုလသမဂ္ဂ ဆိုတာကြီး က ပါးစပ်လေးနဲ. မလုပ်ကြပါနဲ.လို.ပြောနေကြချိန်က ကျွန်တော်တို. .....မြတ်စွာဘုရားဆင်းတုတော် ကို နောက်မှာထား ရှေ.ကအမြင်မတော် အ၀တ်အစားဝတ်. မိန်းမတွေ နဲ.ဖန်တီးခဲ့တဲ့ Akon ရဲ. MTV ထွက်လာချိန်က....ဘုရားဆင်းတုတော်တွေ Night Club ထဲထား တက်ထိုင်လိုထိုင်..ပွတ်သီးပွတ်သပ်လုပ် ပုံတွေမြင်ကြရစဉ်က....အရက်ဆိုင်ကို Buddha Bar ဆိုပြီး နိုင်ငံတစ်ခုက ဖွင်.ခွင်.ပြုလိုက်ချိန်က..ဗုဒ္ဓမြတ်စွာကို သရော်ထားတဲ.အစီအစဉ် တစ်ခုကို နိုင်ငံတကာ ရုပ်သံအစီအစဉ် တစ်ခုကပြသခဲ့ချိန်က.....ခုနောက်ဆုံး အနှိုင်းမဲ. ဗုဒ္ဓပုံတော်နဲ. အမျိုးသမီးစီးဖိနပ်တွေ ထုတ်မယ်ကြေငြာခဲ့စဉ်က ......အခြားသူတို.ကို မဝေဖန်လိုပါ...ကျွန်တော်တို. ဘာသာဝင်တွေ ကတော. မေတ္တာတရား နဲ. ပဲငြင်သာစွာတုန်.ပြန်ခဲ့ ကြပါတယ်...ကျွန်တော်တို.ခံယူထားတာက ကိုယ်.ပြုသမျှကံ ကိုယ်.ထံပြန်လာမည်သာ.................
 ဒါကတော. Youtube မှာရှိနေတဲ. Innocent of Muslim  ရဲ. Link လေးတစ်ခုပါ   

http://www.youtube.com/watch?v=YFogvC4_zgY 
ခုဒိ link ကတော. Akon ရဲ. MTV ဖန်တီးမှု ဖြစ်ပြီး http://www.youtube.com/watch?v=XMcp3pOwMvM
ဒါကတော. အဲဒါနဲ.ပတ်သက်တဲ. Daily Mirror က သတင်းတစ်ပုဒ်ပါ http://www.dailymirror.lk/index.php/news/2562-akon-respects-buddhism.html

အပေါ်ကပုံလေးကတော. မျိုးသီဟ ရဲ. Facebook Wall ကပါ

No comments:

Post a Comment