Friday, June 10, 2016

အံ့ကျော်ကုန်း တိုက်ပွဲ နှင်. သူသိသော ဒုတိယဗိုလ်မှုးကြီးအံ့ကျော်



နှလုံးသားကောင်းကင်ထက်က ကြယ်တစ်ပွင့်
 
 
ဒုတိယဗိုလ်မှုးကြီး အံ့ကျော်

၁၉၈၄ ခုနှစ်နွေဦးအစမှာမြူခိုးတွေဝေနေတဲ့ကရင်ပြည်နယ်ဒေါနတောင်တန်းကြီးကသစ်ပင်တွေကြည့်လိုက်တော့
သစ်ရွက်အစိမ်းအဝါတွေနဲ့တောပန်းတောင်ပန်းလေးတွေပွင့်တဲ့ရာသီမှာကျေး
ငှက်တွေလည်းဟိုမှာဒီမှာတွေ့နေရတယ်။ကျွန်တော်နားနေတဲ့ နေရာမှာစမ်းချောင်းလေးရှိတော့ကျောပိုး
အိတ်ကို ပခုံးကချပြီးစမ်းရေတွေကိုလက်ခုတ်နဲ့သောက်လိုက်တယ်။၁၀ မိနစ်နားတဲ့အချိန်မှာရေဗူးထဲရေဖြည့်လိုက်တယ်။ထီးချရားရွာဟောင်းဘေးကစွယ်တော်ပင်တန်းတွေမြင်
ရတော့မကြာခင်ကလက်ထပ်ထားတဲ့အိမ်သူသက်ထားကိုသတိရမိတယ်။ခုချိန်ဆိုကျွန်တော်ဘေးမ
သီရန်မခစေဖို့ ဆုတောင်းနေရော့မယ်။ခရီးဝေးကချီတက်လာလို့ကျောပိုးအိတ်ကရေလောင်းထားသလို
ကျွန်တော်ရဲ့ချွေးတွေနဲ့ ရွှဲစိုလို့ပေါ့ကျောပိုးအိတ်ထဲမှာတော့ဝါးခယ်မခွင့်ပြန်စဉ် အမေပေးလိုက်တဲ့ မုန့်
ဆမ်းထုပ်လေးရှိနေတယ်။အင်း ။ ဒီမဲသဝေါ စခန်းတိုက်ပြီးရင်အသက်နှင့် ခန္ဓာ အိုးစားကွဲလေမလား မသိဘူးလို့ပြုံးပြီးကာဘိုင်သေနတ်ကိုခပ်တင်းတင်းလေးဆုပ်ကိုင်လိုက်တယ်။
 
ပိုင့် ၁၀၀၀ကုန်းက Tactical Command နည်းဗျူဟာကွပ်ကဲမှုနေရာ ဖြစ်ပြီးအဘလှ(ထိုစဉ်က
ဗိုလ်မှုးကြီးမောင်လှ) ကွပ်ကဲပြီးအမြောက်စခန်းရှိပါတယ်။KNU မဲသဝေါ စခန်းကိုကျောက်တောင်တွေဖက်တွယ်တက်ရင်းကျွန်တော်တို့တပ်ကဖြေးဖြေးကပ်နေတဲ့အချိန်အေ
မြာက်စခန်းကပစ်ကူပေးတယ်။ရန်သူစခန်းမရောက်ခင်ကျွန်တော်တို့ ခမရ(၂) တပ်ရင်းမှုးအမိန့်ကိုပြန်သတိရမိတယ်။
''ငါတို့ ခမရ(၂)တပ်ရင်းက ဒီနေ့
မဲသဝေါ စခန်းကို အပြီးတိုင်တိုက်ခိုက်ခြေမှုန်းရမယ်။့
မင်းတို့ အရာရှိ စစ်သည်တွေ ရဲ့
တိုက်စွမ်းရည်ကိုငါယုံတယ်
ငါတို့ရဲ့ ညာဘက်စစ်နံမှာခမရ(၉)
ရှိတယ်။အမိန့်ကိုအားလုံးရှင်းလား
”မေးတော့ အားလုံးက***့ ရှင်းလင်းကြောင်းပြန်ဖြေကြတယ်။
တပ်ရင်းမှုး ဒုတိယဗိုလ်မှုးကြီးအံ့ကျော်ကပြတ်သားစွာအမိန့် ပေးလေပြီ။
 
စစ်ဆင်ရေးအမည် ရန်ငြိမ်းအောင် လို့ အထက်က ပေးထားတယ်။ရှေ့ကကျောက်တောင်ကုန်းကရန်သူစက်လတ်ကမနားတမ်းပစ်နေတယ်။ ရဲဘော်တွေ အရာရှိတွေလည်းထိခိုက်ကျဆုံးကုန်ပြီ။ မြေပြင်အနေအထားအရမဲသဝေါရဲ့အချက်အခြာမြေ
(critical terrain) ဖြစ်နေတယ်။အဲဒီနေရာကိုသိမ်းပိုက်ရင်မဲသဝေါ ကတိုက်လို့ ရပြီ။ ဗက မြင့်အောင်
ကစစ်ရေးသုံးသပ်ပြီးသူ့ တပ်ခွဲ က ဆရာစိုင်းရွှေအောင်ကို BA 84 ကားဂူးစတပ် ပခုံးထမ်းလောင်ချာနဲ့ပစ်တော့ရန်သူ over head cover ခေါင်ကတုတ်ပြိုသွားတယ်။

''ဟေ့ခွဲ(၁) ကွ။ ခွဲ (၅) ကွ။ ခမရ(၂)
ကွ ။ခွဲ(၂) ခွဲ(၄) ချကွ
ဟုအော်ဟစ်ရင်း စစ်သွေးစစ်မာန်တက်ကြွစွာနဲ့
တောင်ကုန်းရှိရာကိုအပြေးတက်ကြတယ်။အောက်မှာမိုင်းရှိလည်းမကြောက်ရန်သူပစ်နေတဲ့ကြားက
တောင်ကုန်းကိုသိမ်းလိုက်တယ်။နောက်တော့မဲသဝေါစခန်းမကြီးထဲအတင်းဝင်ပစ်ပြီးစခန်းသိမ်းလိုက်တယ်။
KNU ကသောင်းရင်းမြစ်ထဲခုန်ချပြီးယိုးဒယားထဲထွက်ပြေးသွားတ
ယ်။KNU စခန်းထဲက မှောင်ခိုဈေးတန်းနဲ့ကား ၃၂ စီးကျန်ခဲ့တယ်။ လက်နက်ခဲယမ်းတွေ အမြောက်အများသိမ်းမိတယ်။မဲသဝေါ ပြန့် နားကတောင်ကုန်းကို''အံ့ကျော်ကုန်း'' လို့ အထက်ဌာန
ကဂုဏ်ပြုတဲ့ အနေနဲ့ ကျွန်တော်တို့ တပ်ရင်းမှုးအမည်မှည့်ခေါ်မှတ်တမ်းတင်ခဲ့တယ်။
 

မဲသဝေါ စခန်းတိုက်ပြီးတော့ တပ်မမှုး ဗိုလ်မှုးကြီးမြင့်အောင်ကဂုဏ်ပြုပွဲ ကိုဘားအံ မှာခန်းနားစွာလုပ်ပေးတယ်။တပ်မ စည်းဝေး ခန်းထဲမှာနောက်ထပ်ရည်မှန်းချက်အသစ်ထပ်ပေးတယ်။ KNU မော်ဖိုးကေ စခန်းကိုထပ်တိုက်ဘို့စစ်ဆင်ရေးအမိန့်ထုတ်ပြန်လိုက်တယ်။ ချေမှုန်းရေ့း
ကကျွန်တော်တပ်ကိုတာဝန်ပေးတယ်။နောက် ၂ ရက်မှာ ကုလားမတောင်က မော်ဖိုးကေ ချီတက်ရတယ်။ပွိုင့် ၁၀၁၄ တောင်ကုန်းမှာဗျူဟာမှုးအမိန့် နာခံ။ရန်သူနောက်ဆုံးသတင်းနဲ့
မော်ဖိုးကေရဲ့နောက်ဆုံးတိုက်နေတဲ့အခြေအနေကိုရှင်းပြပြီးကျွန်တော်တို့တိုက်စစ်နေရာကိုညွန်ကြားတယ်။
 

မော်ဖိုးကေစခန်းကိုသောင်းရင်းမြစ်ဘေးကည ချိန်ချဉ်းကပ်ကြတယ်။
မြေပုံမြေပြင်ကွဲလွဲချက်ရှိနေတယ်မြစ်ကြောင်းပြောင်းလဲမှု။ မြေပုံထဲမှာကျွန်းမရှိပေမဲ့မြေပြင်မှာ
ကျွန်းတွေရှိနေတယ်။ဒါကို ထိုင်းဘက် ကလက်နက်ငယ်နဲ့ကျွန်တော်တို့ ကိုစပစ်တယ်။
မော်ဖိုးကေ စခန်းက ရန်သူကလည်းကျွန်တော်တို့ပစ်တယ်။ ကျွန်တော်တို့ ကလည်း
ပြန်ပစ်ပြီး မော်ဖိုးကေစခန်းထဲကို၂ကြိမ်ဝင်လုံးတယ်။ သူတို့ ကပစ်ကတုတ်ထဲက ပစ်လို့ စစ်သည်တွေကျတယ်။ ကျွန်တော်တို့ ဘေးနံက ခမရ(၆)ကအဲဒီနေ့ မှာအရာရှိစစ်သည် ၄၀ကျော်ကျတယ်။ ကျွန်တော်တပ် ကလည်း၁၀ယောက်ကျနေပြီ။ယိုးဒယားတင့်ကား ၂စီး ဝင်လာလို့
လောင်ချာနဲ့ ပစ်တော့ တင့်ကားပျက်ပြီးထိုင်းစစ်သားတွေထွက်ပြေးသွားတယ်။
ရန်သူ့လက်နက်ကြီးတိုက်ရိုက်ပစ်လက်နက်များထိမှန်ပေါက်ကွဲမှုကြောင့်ယမ်းခိုးလုံးများမိုးမှောင်ကျသည့်
အလားတပ်ရင်းမှုးဒုတိယဗိုလ်မှုးကြီးအံကျော်နေရာယူထားတဲ့သစ်ပင်နေရာစုပြုံကျနေတယ်။မကြာခင်မှာ တပ်ရင်းမှုးနဲ့ဒုရင်းမှုးဗိုလ်မှုးစိုးလွင်ဒါဏ်ရာရသွားကြောင်းစက်နဲ့လှမ်းပြောလို့သိရတယ်။
ခမရ (၅) ကစစ်ကူလာပေါင်းပြီးအထက်က ကျွန်တော်တို့ ကို နှစ်နိုင်ငံပြသနာဖြစ်မှာစိုးရိမ်ပြီးခွါစစ်
ဆင်ဘို့ အမိန့်ရောက်လာတယ်။
 

တိုက်ပွဲကြားကတပ်ရင်းမှုးကိုအထမ်းနဲ့ဗျူဟာကိုပို့ရတယ်။ဒုတိယဗိုလ်မှုးကြီးအံ့ကျော်ကို
နိုင်ငံတော်က၂၀-၈ - ၁၉၈၄ မှာအင်္ဂလန်ကိုဆေးကုစေခဲ့ပါတယ်။ဗိုလ်မှုးကြီးကျန်းမာလာတော့
ခမရ(၂)ကျိုက်ထိုကိုပြန်လာပါတယ်။ကျိုက်ထီးရိုးဘုရားဖူးတွေလာရင်ဧည့်သည်တွေကျွန်တော်တို့အခန်းမှာ
တည်းခိုတယ်။ကျွန်တော်တို့ ကရုံးစားပွဲတွေပေါ်
တက်အိပ်ရတယ်။ဒါကိုသူကအားနာပြီး ဧည့်ရိပ်သာတစ်ဆောင်ဆောက်လုပ်ပြီးတပ်ကိုလှူခဲ့တယ်။
 ကျွန်တော်က ဝါးခယ်မသား ဆရာမကြီးဒေါ်ပိုက်မိ တပည့်မှန်းသူသိသွားတော့ ကျွန်တော်ကိုဆူတယ်။ဆရာမကြီးကသူ့ ကိုငယ်စဉ်ကစောင့်ရှောက်ခဲ့တာလို့ပြောတယ်။


 

*၁၉၈၆ဆောက်လုပ်ရေးဝန်ကြီးဌာနမြို့ရွာနှင့်အိုးအိမ်ဦးစီးဌာနမှာဒုညွှန်ချုပ်တာဝန်။ညွှန်ချုပ်
ဗိုလ်မှုးကြီးအောင်ဖုန်း
အငြိမ်းစားယူတော့ညွှန်ချုပ်တာဝန်ယူခဲ့တယ်။လှိုင်သာယာ။ရွှေပြည်သာ။ဒဂုံဝေဘာဂီ တွေ နဲ့ စက်မှုဇုံတွေက ဆရာ့ရဲ့ပုံရိပ်တွေပေါ့။
 

၂၀၀၃ ခုနှစ်မှာ ကျွန်တော်က နတခစစ်ဗျူဟာမှုး ရာထူးးနဲ့ ဝါးခယ်မမြို့မှာ ဆရာရဲ့အလှူ အတွက် VIPလုံခြုံရေးယူရတယ်။ကမ်းနားလမ်းကပန်းခြံလဘက်ရည်ဆိုင်မှာစကားတွေအများကြီးပြောဖြစ်တယ်။
အဲဒီနေ့ သူ့ရဲ့အောင်ပွဲပါ။ဝါးခယ်မပြည်သူဆေးရုံနှစ်ထပ်ဆောင်အသစ်။အထက ၂ သုံးထပ်ကျောင်းကြီးရွှေသံလွင်ပရိယတ္တိနှစ်ထပ်ဘုန်းကြီးကျောင်းနှင့်သိမ်။ ဒေါ်ပိုက်မိဘိုးဘွားရိပ်သာ။တွေလှူ ခဲ့တယ်။အခန်းအနားပြီးတော့ ကျွန်တော်အစစကူညီတဲ့ အတွက်ကျေးဇူး တင်ကြောင်းလက်ဆွဲ နှုတ်ဆက်တယ်။


၂၀၁၄ခုနှစ်ဆရာကန်တော့ပွဲဝါးခယ်မကိုကျွန်တော်သွားတော့ဆရာနဲ့နောက်ဆုံးတွေ့ဆုံခဲ့ရတာပါ။ဆရာက ဝါးခယ်မ အသင်းဂုဏ်ထူးဆောင်နာယက ကြီးအနေ နဲ့ အထက ၁ စာကြည့်တိုက်အလှူ နဲ့ မျက်စေ့ဝေဒနာရှင်များခွဲ စိတ်ကုသပေးဘို့လာတဲ့ အကြောင်းကျွန်တော်ကို
ရီရီမောမောရှင်းပြနေသေးတယ်။အခြားအလှူတွေ ကလည်းရေးလို့မကုန်နိုင်ပါ။
၂၀၁၆ ခုနှစ် ဧပြီလ ၂၆ရက်မနက် ၆နာရီ ၂၅ မိနစ်မှာဆရာကွယ်လွန်ကြောင်းသိရပါတယ်။
 

တပ်မတော်သားဘဝ မှာလက်အောက်ငယ်သားပေါ်စေတနာထားသူ။
ရဲဘော်ရဲဘက်စိတ်ရှိသူ။
ဝန်ထမ်းဘဝမှာ တိုင်းပြည်တိုးတက်ရေးအတွက်
နေ့ မအားညမနားဆောင်ရွက်သူ။
မိမိမြို့နယ်အတွက်မေတ္တာ အပြည့်နဲ့လှူ ဒါန်းဦးဆောင်သူ။


ကောင်းကင်ထက်မှာတော့ကြယ်တွေ အများကြီးပါဆရာ။
ဒါပေမဲ့ ဆရာက ကျွန်တော်ရဲ့
နှလုံးသားထဲမှာတောက်ပပြီး
အမြဲတမ်းလင်းလက်နေတဲ့
ကြယ်တစ်ပွင့်ဖြစ်နေဆဲဆိုတာ
ကျွန်တော်ယုံကြည်ပါတယ်၊။



ဆက်စပ်လေ.လာရန်