Wednesday, May 18, 2016

ဦးအံ.ေက်ာ္ ဆိုသည္မွာ ( သို. ) ၀ါးခယ္မ၏ လမ္းၿပႀကယ္ အတၳဳပၸတၱိ






  ၁၉၄၃ ဇူလိုင် ၃ ရက် ( တနင်္ဂနွေ ) နေ. တွင် ဦးကျင်စိန် - ဒေါ်ကျင်မြိုင် တို. မှ ဝါးခယ်မမြို. စာရေးကုန်းရပ်ကွက် မြူရုံးလမ်းတွင် မွေးဖွားခဲ့သည် ။ ၁၉၅၆ ခု ဟယ်ရီတန် နှစ်တွင် မိခင်ဖြစ်သူ ကွယ်လွန်သဖြင်. ကျန်ရစ်သည်. ညီအကို ၅ ဦးကိုအဒေါ်ဖြစ်သည်. အထက ၁ ဝါးခယ်မ ( ကျောင်းကြီး ) ၏ ကျောင်းအုပ်ဆရာမကြီး ဒေါ်ပိုက်မိ က ခေါ်ယူစောင်.ရှောက်၍ ကြီးပြင်းစေခဲ့ပါသည် ။ ၁၉၆၀ တွင် ဝါးခယ်မ အထက ၁ မှ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်၌ ပညာဆက်လက်သင်ကြားရာ ၁၉၆၂ တွင် ဥပစာသိပ္ပံ ( I.Sc ) အောင်မြင်ခဲ့ပါသည် ။၁၉၆၄ ဇန်နဝါရီတွင် မှော်ဘီ၌ ပထမဆုံးဖွင်.လှစ်သော ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၂၉ သို.တက်ရောက်ခဲ့သည် ။ BC နံပါတ် မှာ ၉၇၀၃ ဖြစ်သည် ။

၁၉၄၃ ဇူလိုင္ ၃ ရက္ ( တနဂၤေႏြ ) ေန. တြင္ ဦးက်င္စိန္ - ေဒၚက်င္ၿမိဳင္ တို. မွ ၀ါးခယ္မၿမိဳ. စာေရးကုန္းရပ္ကြက္ ၿမဴရံုးလမ္းတြင္ ေမြးဖြားခဲ့သည္ ။ ၁၉၅၆ ခု ဟယ္ရီတန္ ႏွစ္တြင္ မိခင္ၿဖစ္သူ ကြယ္လြန္သၿဖင္. က်န္ရစ္သည္. ညီအကို ၅ ဦးကိုအေဒၚၿဖစ္သည္. အထက ၁ ၀ါးခယ္မ ( ေက်ာင္းႀကီး ) ၏ ေက်ာင္းအုပ္ဆရာမႀကီး ေဒၚပိုက္မိ က ေခၚယူေစာင္.ေရွာက္၍ ႀကီးၿပင္းေစခဲ့ပါသည္ ။ ၁၉၆၀ တြင္ ၀ါးခယ္မ အထက ၁ မွ တကၠသိုလ္၀င္တန္းေအာင္ၿမင္ခဲ့ၿပီး ရန္ကုန္တကၠသိုလ္၌ ပညာဆက္လက္သင္ႀကားရာ ၁၉၆၂ တြင္ ဥပစာသိပၸံ ( I.Sc ) ေအာင္ၿမင္ခဲ့ပါသည္ ။၁၉၆၄ ဇန္န၀ါရီတြင္ ေမွာ္ဘီ၌ ပထမဆံုးဖြင္.လွစ္ေသာ ဗိုလ္ေလာင္းသင္တန္း အမွတ္စဥ္ ၂၉ သို.တက္ေရာက္ခဲ့သည္ ။ BC နံပါတ္ မွာ ၉၇၀၃ ၿဖစ္သည္ ။


၁၇ အောက်တိုဘာ ၁၉၆၄ တွင် ဒုတိယဗိုလ် ( တပ်စုမှုး ) အဖြစ် ခမရ ၁၀၃ - မြင်းခြံ တွင်တာဝန်ထမ်းဆောင်ခဲ့ပါသည် ။ ၁၀ ဇူလိုင် ၁၉၇၁ တွင် ဗိုလ်ကြီး ( တပ်ခွဲမှုး ) အဖြစ် ခလရ ၂၄ သို.ပြောင်းရွှေ.တာဝန်ထမ်းဆောင်ခဲ့သည် ။ထို.နောက် စစ်ဦးစီးမှုး - တတိယတန်း ( G 3 ) အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၁ ဇူလိုင် ၁၉၇၈ တွင် ဗိုလ်မှုးအဆင်.သို. ရာထူးတိုးခဲ့ပါသည် ။၂၃ ဖေဖော်ဝါရီ ၁၉၇၉ တွင် ခမရ ၇၇ ဋ္ဌာနချုပ်တွင် စစ်ဦးစီးမှုး ဒုတိယတန်း ( G 2 ) အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည် ။ ၂၇ ဒီဇင်ဘာ ၁၉၈၀ တွင်ဒုတိယ တပ်ရင်းမှုးအဖြစ် ခမရ ၂တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၆ ဇူလိုင် ၁၉၈၃ တွင် ဒုတိယ ဗိုလ်မှုးကြီး ရာထူးဖြင်. တပ်ရင်းမှုး တာဝန်ယူလျှက် တပ်တည်ဆောက်ရေးအပိုင်းတွင် နာမည်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါသည် ။ တပ်မတော်တွင် တာဝန်ထမ်းဆောင်ခိုက် ဓနုဖြူ ၊ ကျုံပျော် ၊ ကျောင်းကုန်းဒေသ စစ်ဆင်ရေးများ ၊ ကချင်ပြည်နယ် စစ်ဆင်ရေး ၊ ပဲခူးရိုးမစစ်ဆင်ရေး ၊ ရှမ်းပြည်နယ်စစ်ဆင်ရေး ၊ကရင်ပြည်နယ်စစ်ဆင်ရေး များတွင် ရဲစွမ်းသတ္တိအပြည်. ပါဝင်ဆင်နွဲခဲ့ပါသည် ။ ကရင်ပြည်နယ် လှိုင်းဘွဲ.ဒေသစစ်ဆင်ရေးတွင်၂လအတွင်း တိုက်ပွဲ ၄ပွဲခန်.အောင်မြင်အောင် တိုက်နိုင်ခဲ့ပြီး မဲသဝေါဒေသရှိ KNU စစ်ဋ္ဌာနချုပ်ကို ဦးဆောင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သဖြင်. မဲသဝေါတောင်ကုန်းကို အံ့ကျော်ကုန်း ဟု နိုင်ငံတော်မှ ဂုဏ်ပြု သတ်မှတ်ပေးခဲ့ပါသည် ။ ၁၉၈၄ တွင် မော်ဖိုးကေ တောင်ကုန်းအား တပ်မတော်တပ်ရင်းများအနေဖြင်. မည်သို.မျှတိုက်ခိုက်သိမ်းပိုက်၍ မရသဖြင်. ဒုတိယဗိုလ်မှုးကြီး အံ့ကျော် အားဦးဆောင်စေလျှက် နောင်ရိုးစစ်ဆင်ရေးအနေဖြင်. တိုက်ခိုက်စေခဲ့သည် ။ ထိုတိုက်ပွဲအတွက် ရဲဝံ.စွန်.စားစွာ တိုက်ခိုက်ရင်း ဝမ်းဗိုက်တွင် လက်နက်ကြီးဒါဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး အထက်အမိန်.အရ ပြန်လည်ဆုတ်ခွာခဲ့ရပါသည် ။ ထိုသို.ဆုတ်ခွာရာတွင် အထမ်းဖြင်.သာ သယ်ထုတ်ရပြီး ၆ ရက်ခန်.ကြာသဖြင်. တပ်မတော် စစ်ဆေးရုံသို.ရောက်ရှိချိန်တွင် ခန္ဓာကိုယ်တွင်း အစိတ်အပိုင်းအချို. ပုပ်ကုန်သည်အထိဖြစ်ခဲ့ပြီး ရင်ဘတ် နှင်. ဝမ်းဗိုက်ကြား ကြွက်သားစိုင်များ ( Diaphragm ) စုတ်ပြတ်သွားခဲ့ကာ ၆လခန်.ဆေးရုံတက်ရောက်ကုသခဲ့ရပါသည် ။ ၂၀ သြဂုတ်လ ၁၉၈၄ တွင် နိုင်ငံတော်မှ လန်ဒန်မြို.သို.သွားရောက်ဆေးကုသစေခဲ့ပါသည် ။ ညာဘက်မျက်လုံးတစ်လုံးမှာလည်း အဆုံးရှုံး ခံခဲ့ရပါသည် ။ ထူးခြားသည်မှာချုပ်ရိုးပြေပြီးအူများပွင့်ထွက်တတ်သဖြင့် အတွင်းကလီစာများကို အင်္ဂလန်နိုင်ငံမှအထူးစီမံထားသည့်အိတ်ဖြင့်ထည့်၍ချုပ်ထားရခြင်းပင်ဖြစ်သည်။ နောက်ဆက်တွဲ


 ဝေဒနာများကြောင်. ၂၇ အောက်တိုဘာ ၁၉၈၅ တွင်ထပ်မံသွားရောက်ကုသခဲ့ရပြန်ပါသည် ။ ထို၁၉၈၅ တွင်နောက်ဆက်တွဲရောဂါများအတွက် စတီးရွိုက်များ အများအပြားပေးခဲ့ရသောကြောင်. ဆီးချိုရောဂါ ကိုစတင်ခံစားခဲ့ရသလို အူကျွံခြင်းကိုပါ ခံစားခဲ့ရပါသည် ။ ၂၇ ဖေဖော်ဝါရီ ၁၉၈၆ တွင်တပ်မတော် မှ အငြိမ်းစား ယူခဲ့ရပါသည် ။

၁၇ ေအာက္တိုဘာ ၁၉၆၄ တြင္ ဒုတိယဗိုလ္ ( တပ္စုမွဳး ) အၿဖစ္ ခမရ ၁၀၃ - ၿမင္းၿခံ တြင္တာ၀န္ထမ္းေဆာင္ခဲ့ပါသည္ ။ ၁၀ ဇူလိုင္ ၁၉၇၁ တြင္ ဗိုလ္ႀကီး ( တပ္ခြဲမွဳး ) အၿဖစ္ ခလရ ၂၄ သို.ေၿပာင္းေရႊ.တာ၀န္ထမ္းေဆာင္ခဲ့သည္ ။ထို.ေနာက္ စစ္ဦးစီးမွဳး - တတိယတန္း ( G 3 ) အၿဖစ္တာ၀န္ထမ္းေဆာင္ခဲ့ၿပီး ၁၁ ဇူလိုင္ ၁၉၇၈ တြင္ ဗိုလ္မွဳးအဆင္.သို. ရာထူးတိုးခဲ့ပါသည္ ။၂၃ ေဖေဖာ္၀ါရီ ၁၉၇၉ တြင္ ခမရ ၇၇ ႒ာနခ်ဳပ္တြင္ စစ္ဦးစီးမွဳး ဒုတိယတန္း ( G 2 ) အၿဖစ္တာ၀န္ထမ္းေဆာင္ခဲ့သည္ ။ ၂၇ ဒီဇင္ဘာ ၁၉၈၀ တြင္ဒုတိယ တပ္ရင္းမွဳးအၿဖစ္ ခမရ ၂တြင္ တာ၀န္ထမ္းေဆာင္ခဲ့ၿပီး ၁၆ ဇူလိုင္ ၁၉၈၃ တြင္ ဒုတိယ ဗိုလ္မွဳးႀကီး ရာထူးၿဖင္. တပ္ရင္းမွဳး တာ၀န္ယူလွ်က္ တပ္တည္ေဆာက္ေရးအပိုင္းတြင္ နာမည္ရေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ပါသည္ ။ တပ္မေတာ္တြင္ တာ၀န္ထမ္းေဆာင္ခိုက္ ဓႏုၿဖဴ ၊ က်ံဳေပ်ာ္ ၊ ေက်ာင္းကုန္းေဒသ စစ္ဆင္ေရးမ်ား ၊ ကခ်င္ၿပည္နယ္ စစ္ဆင္ေရး ၊ ပဲခူးရိုးမစစ္ဆင္ေရး ၊ ရွမ္းၿပည္နယ္စစ္ဆင္ေရး ၊ကရင္ၿပည္နယ္စစ္ဆင္ေရး မ်ားတြင္ ရဲစြမ္းသတၱိအၿပည္. ပါ၀င္ဆင္ႏြဲခဲ့ပါသည္ ။ ကရင္ၿပည္နယ္ လွိဳင္းဘြဲ.ေဒသစစ္ဆင္ေရးတြင္၂လအတြင္း တိုက္ပြဲ ၄ပြဲခန္.ေအာင္ၿမင္ေအာင္ တိုက္ႏိုင္ခဲ့ၿပီး မဲသေ၀ါေဒသရွိ KNU စစ္႒ာနခ်ဳပ္ကို ဦးေဆာင္တိုက္ခိုက္သိမ္းပိုက္ႏိုင္ခဲ့သၿဖင္. မဲသေ၀ါေတာင္ကုန္းကို အံ့ေက်ာ္ကုန္း ဟု ႏိုင္ငံေတာ္မွ ဂုဏ္ၿပဳ သတ္မွတ္ေပးခဲ့ပါသည္ ။ ၁၉၈၄ တြင္ ေမာ္ဖိုးေက ေတာင္ကုန္းအား တပ္မေတာ္တပ္ရင္းမ်ားအေနၿဖင္. မည္သို.မွ်တိုက္ခိုက္သိမ္းပိုက္၍ မရသၿဖင္. ဒုတိယဗိုလ္မွဳးႀကီး အံ့ေက်ာ္ အားဦးေဆာင္ေစလွ်က္ ေနာင္ရိုးစစ္ဆင္ေရးအေနၿဖင္. တိုက္ခိုက္ေစခဲ့သည္ ။ ထိုတိုက္ပြဲအတြက္ ရဲ၀ံ.စြန္.စားစြာ တိုက္ခိုက္ရင္း ၀မ္းဗိုက္တြင္ လက္နက္ႀကီးဒါဏ္ရာ ၿပင္းထန္စြာ ရရွိခဲ့ၿပီး အထက္အမိန္.အရ ၿပန္လည္ဆုတ္ခြာခဲ့ရပါသည္ ။ ထိုသို.ဆုတ္ခြာရာတြင္ အထမ္းၿဖင္.သာ သယ္ထုတ္ရၿပီး ၆ ရက္ခန္.ႀကာသၿဖင္. တပ္မေတာ္ စစ္ေဆးရံုသို.ေရာက္ရွိခ်ိန္တြင္ ခႏၶာကိုယ္တြင္း အစိတ္အပိုင္းအခ်ိဳ. ပုပ္ကုန္သည္အထိၿဖစ္ခဲ့ၿပီး ရင္ဘတ္ ႏွင္. ၀မ္းဗိုက္ႀကား ႀကြက္သားစိုင္မ်ား ( Diaphragm ) စုတ္ၿပတ္သြားခဲ့ကာ ၆လခန္.ေဆးရံုတက္ေရာက္ကုသခဲ့ရပါသည္ ။ ၂၀ ႀသဂုတ္လ ၁၉၈၄ တြင္ ႏိုင္ငံေတာ္မွ လန္ဒန္ၿမိဳ.သို.သြားေရာက္ေဆးကုသေစခဲ့ပါသည္ ။ ညာဘက္မ်က္လံုးတစ္လံုးမွာလည္း အဆံုးရွံဳး ခံခဲ့ရပါသည္ ။ ထူးျခားသည္မွာခ်ဳပ္ရုိးေျပၿပီးအူမ်ားပြင့္ထြက္တတ္သျဖင့္ အတြင္းကလီစာမ်ားကို အဂၤလန္နိုင္ငံမွအထူးစီမံထားသည့္အိတ္ျဖင့္ထည့္၍ခ်ဳပ္ထားရျခင္းပင္ျဖစ္သည္။ ေနာက္ဆက္တြဲ
 ေ၀ဒနာမ်ားေႀကာင္. ၂၇ ေအာက္တိုဘာ ၁၉၈၅ တြင္ထပ္မံသြားေရာက္ကုသခဲ့ရၿပန္ပါသည္ ။ ထို၁၉၈၅ တြင္ေနာက္ဆက္တြဲေရာဂါမ်ားအတြက္ စတီးရိြဳက္မ်ား အမ်ားအၿပားေပးခဲ့ရေသာေႀကာင္. ဆီးခ်ိဳေရာဂါ ကိုစတင္ခံစားခဲ့ရသလို အူကၽြံၿခင္းကိုပါ ခံစားခဲ့ရပါသည္ ။ ၂၇ ေဖေဖာ္၀ါရီ ၁၉၈၆ တြင္တပ္မေတာ္ မွ အၿငိမ္းစား ယူခဲ့ရပါသည္ ။

ဒုတိယဗိုလ္မွဳးႀကီးအံ.ေက်ာ္ ပံုတူပန္းခ်ီ
  နိုင်ငံတော်အတွက် တပ်မတော်သားဘဝဖြင်. စွမ်းစွမ်းတမံ တာဝန်ထမ်းခဲ့ပြီးနောက် ၁ မတ်လ ၁၉၈၆ တွင် ဆောက်လုပ်ရေးဝန်ကြီးဋ္ဌာန အိမ်ယာကော်မတီတွင် နိုင်ငံရေး တာဝန်အရ အတွင်းရေးမှုး ( ယခင်ခောတ် - ပါလီမန်အတွင်းဝန် ) အဖြစ် ပြောင်းရွှေ.တာဝန်ထမ်းဆောင်ခဲ့ပါသည် ။ နိုင်ငံရေး ရာထူးများ ပယ်ဖျက်လိုက်သည်.အခါ မြို.ရွာ နှင်. အိုးအိမ်ဖွံ.ဖြိုးမှု ဦးစီးဋ္ဌာနတွင် ဒုညွှန်ချုပ်တာဝန် ဖြင်. နိုင်ငံ့အကျိုး သယ်ပိုးခဲ့ပါသည် ။ ထိုစဉ်က မြို့ရွာနှင့်အိုးအိမ်ဌာနဆိုသည်မှာ ယခင်ကဆောက်လုပ်ထားသော တိုက်များအားထိန်းသိမ်းခြင်း အိမ်လခကောက်ခံခြင်း လုပ်ငန်းလောက်သာရှိပါသည် ။ဋ္ဌာနသို.ရောက်ရှိလာပြီးနောက် ညွှန်ချုပ်အားမတည် လည်ပတ်ငွေအဖြစ် သိန်း၃၀၀၀ခန်. နိုင်ငံတော်သို့တောင်းခံပြီး လုပ်ငန်းများတိုးချဲ့လိုကြောင်း တင်ပြရာ ညွှန်ချုပ်မှ ဤပိုက်ဆံများဆုံးရှုံးသွားလျှင် နှစ်ဦးစလုံးထောင်ကျသွားနိုင်ကြောင်းပြောကြားခဲ့သော်လည်း မိမိအရည်အချင်း မိမိယုံကြည်စွာဖြင်.
၎င်းမတည် လည်ပတ်ငွေသိန်း ၃၀၀၀ကိုအရင်တည်လျှက် မြို့သစ်များ ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ ပုလဲ၊ တောင်ဒဂုံ ၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံ၊ သန်လျှင် အောင်ချမ်းသာ၊ သီလဝါ ၊ စက်မှုဇုံကြီးများတည်ထောင်ပေးနိုင်ခဲ.သည် ။ ညွှန်ချုပ်ဖြစ်သူ ဗိုလ်မှုးကြီးအောင်ဖုန်း အငြိမ်းစားယူချိန်တွင် ညွှန်ချုပ်တာဝန်ထမ်းဆောင်ခဲ့ပါသည် ။

၁၉၈၈ခုနှစ် အရေးအခင်းကာလအပြီး လှိုင်သာယာ ၊ ရွှေပြည်သာ ၊ ဒဂုံ ၊ ဝေဘာဂီ မြို.သစ်များ နှင်. စက်မှုဇုံများ တည်ဆောက်ရာတွင် အဓိက တာဝန်ယူခဲ့ရပါသည် ။ ထိုစက်မှုဇံများ ဝန်းကျင်တွင် စက်ရုံအလုပ်သမားများ၏ သားသမီးများအတွက် ရည်ရွယ်၍ မူကြိုကျောင်းများပါ တစ်ပါတည်း ဆက်စပ်ဆောက်လုပ်ပေးခဲ့ပါသည် ။ဘုရင်.နောင်လမ်းမကြီးအား အစအဆုံး ( ဆင်မလိုက် မှ ရွှေပြည်သာအထိ ) ကို တာဝန်ယူဖောက်လုပ်ပေးခဲ့သလို တက္ကသိုလ် ရိပ်သာလမ်းသစ်( ကုက္ကိုင်း မီးပွိုင်. မှ ဂွတ္တလစ် အထိ ) အားလည်းဖောက်လုပ်ပေးခဲ့ပါသည် ။ လုပ်ငန်းကျွမ်းကျင်သည့်အလျှောက် စီမံထူးချွန်(ပထမအဆင့်)ကိုရရှိခဲ့ပြီး၊ရန်ကုန်မြို့ကိုအလွတ်ရသူ(YangoonDictionary)ဟု

နာမည်ရခဲ့သူဖြစ်သည်။ 


ႏိုင္ငံေတာ္အတြက္ တပ္မေတာ္သားဘ၀ၿဖင္. စြမ္းစြမ္းတမံ တာ၀န္ထမ္းခဲ့ၿပီးေနာက္ ၁ မတ္လ ၁၉၈၆ တြင္ ေဆာက္လုပ္ေရး၀န္ႀကီး႒ာန အိမ္ယာေကာ္မတီတြင္ ႏိုင္ငံေရး တာ၀န္အရ အတြင္းေရးမွဳး ( ယခင္ေခာတ္ - ပါလီမန္အတြင္း၀န္ ) အၿဖစ္ ေၿပာင္းေရႊ.တာ၀န္ထမ္းေဆာင္ခဲ့ပါသည္ ။ ႏိုင္ငံေရး ရာထူးမ်ား ပယ္ဖ်က္လိုက္သည္.အခါ ၿမိဳ.ရြာ ႏွင္. အိုးအိမ္ဖြံ.ၿဖိဳးမွဳ ဦးစီး႒ာနတြင္ ဒုညႊန္ခ်ဳပ္တာ၀န္ ၿဖင္. နိုင္ငံ့အက်ိဳး သယ္ပိုးခဲ့ပါသည္ ။ ထိုစဥ္က ၿမိဳ႕ရြာႏွင့္အိုးအိမ္ဌာနဆိုသည္မွာ ယခင္ကေဆာက္လုပ္ထားေသာ တိုက္မ်ားအားထိန္းသိမ္းျခင္း အိမ္လခေကာက္ခံျခင္း လုပ္ငန္းေလာက္သာရွိပါသည္ ။႒ာနသို.ေရာက္ရွိလာၿပီးေနာက္ ၫႊန္ခ်ဳပ္အားမတည္ လည္ပတ္ေငြအျဖစ္ သိန္း၃၀၀၀ခန္. ႏိုင္ငံေတာ္သို႔ေတာင္းခံၿပီး လုပ္ငန္းမ်ားတိုးခ်ဲ႕လိုေၾကာင္း တင္ျပရာ ၫႊန္ခ်ဳပ္မွ ဤပိုက္ဆံမ်ားဆံုးရံႈးသြားလွ်င္ ႏွစ္ဦးစလံုးေထာင္က်သြားႏိုင္ေႀကာင္းေၿပာႀကားခဲ့ေသာ္လည္း မိမိအရည္အခ်င္း မိမိယံုႀကည္စြာၿဖင္.
၄င္းမတည္ လည္ပတ္ေငြသိန္း ၃၀၀၀ကိုအရင္တည္လွ်က္ ၿမိဳ႕သစ္မ်ား ၊ လိႈင္သာယာ၊ ေရႊျပည္သာ၊ ပုလဲ၊ ေတာင္ဒဂံု ၊ ေျမာက္ဒဂံု၊ အေ႐ွ႕ဒဂံု၊ သန္လ်ွင္ ေအာင္ခ်မ္းသာ၊ သီလဝါ ၊ စက္မႈဇံုႀကီးမ်ားတည္ေထာင္ေပးႏိုင္ခဲ.သည္ ။ ညႊန္ခ်ဳပ္ၿဖစ္သူ ဗိုလ္မွဳးႀကီးေအာင္ဖုန္း အၿငိမ္းစားယူခ်ိန္တြင္ ညႊန္ခ်ဳပ္တာ၀န္ထမ္းေဆာင္ခဲ့ပါသည္ ။

၁၉၈၈ခုနွစ္ အေရးအခင္းကာလအၿပီး လွိဳင္သာယာ ၊ ေရႊၿပည္သာ ၊ ဒဂံု ၊ ေ၀ဘာဂီ ၿမိဳ.သစ္မ်ား ႏွင္. စက္မွဳဇံုမ်ား တည္ေဆာက္ရာတြင္ အဓိက တာ၀န္ယူခဲ့ရပါသည္ ။ ထိုစက္မွဳဇံမ်ား ၀န္းက်င္တြင္ စက္ရံုအလုပ္သမားမ်ား၏ သားသမီးမ်ားအတြက္ ရည္ရြယ္၍ မူႀကိဳေက်ာင္းမ်ားပါ တစ္ပါတည္း ဆက္စပ္ေဆာက္လုပ္ေပးခဲ့ပါသည္ ။ဘုရင္.ေနာင္လမ္းမႀကီးအား အစအဆံုး ( ဆင္မလိုက္ မွ ေရႊၿပည္သာအထိ ) ကို တာ၀န္ယူေဖာက္လုပ္ေပးခဲ့သလို တကၠသိုလ္ ရိပ္သာလမ္းသစ္( ကုကၠိဳင္း မီးပိြဳင္. မွ ဂြတၱလစ္ အထိ ) အားလည္းေဖာက္လုပ္ေပးခဲ့ပါသည္ ။ လုပ္ငန္းကြၽမ္းက်င္သည့္အေလ်ွာက္ စီမံထူးခြၽန္(ပထမအဆင့္)ကိုရရွိခ့ဲၿပီး၊ရန္ကုန္ၿမိဳ႕ကိုအလြတ္ရသူ(YangoonDictionary)ဟု
နာမည္ရခဲ့သူျဖစ္သည္။ 

ဦးအံ.ေက်ာ္ မကြယ္လြန္မွီ အိုးအိမ္၀န္ထမ္းမ်ားအားႏွုတ္ဆက္ပြဲ
  ၁၉၉၅ ခုနှစ်တွင် အဆုတ်ရောဂါကို ခံစားခဲ့ရပြန်သည် ။ ၁၉၉၆ တွင် အူသိမ်ပေါက်သဖြင်. ဖြတ်ထုတ်ခဲ့ရပြီး February တွင်တစ်ကြိမ် ၊ May တွင်တစ်ကြိမ် ထပ်မံခွဲစိတ်ခဲ့ရသည် ။ အူမှာလည်း ခွဲစိတ်စဉ်ကပင် အကြိမ်ကြိမ် ဖြတ်ထုတ်ခဲ့ရပြီးဖြစ်သည် ။ ၂၀၀၁ ခုနှစ်တွင် လေဖြတ်ခြင်းကို ခံစားခဲ့ရပြီး လက်တစ်ဖက် ၊ ခြေတစ်ဖက် ကောင်းစွာမသန်မာတော.သော်လည်း နိုင်ငံ.တာဝန်များကို ဆက်လက်ထမ်းဆောင်ခဲ့သည် ။ လေဖြတ်ပြီးနောက် အသည်းတွင် သံကောင်ဝင်၍ အနာဖြစ်သဖြင်. အသည်း ၃ပုံ ၂ပုံအား ဖြတ်ထုတ်ခဲ့ရပြန်သည် ။ ၂၀၀၃ ခုနှစ်တွင် ကျန်မျက်လုံးတစ်ဖက် ရေတိမ်စွဲသဖြင်. ခွဲစိပ်ရပြန်ပါသည် ။ ၃ ဇူလိုင် ၂၀၀၄ တွင် အသက် ၆၀ ပြည်.ခဲ့သော်လည်း နိုင်ငံတော်မှ လိုအပ်ချက်အရ တစ်နှစ်ထပ်မံ တာဝန်ထမ်းဆောင်စေခဲ့သဖြင်. ၃ ဇူလိုင် ၂၀၀၅ တွင်မှ အငြိမ်းစားယူခဲ့ရပါသည် ။ ၂၀၀၉ ခုနှစ်တွင် ကျောက်ကပ်လဲခဲ့ရပြီး ယခင်က တောက်လျှောက် အူခဏခဏပိတ် ဝမ်းချုပ်သဖြင်.ဆေးရုံခဏခဏတက်ရပြီး ကျောက်ကပ်လဲပြီးချိန် ၂၀၁၀ မှစ၍ သီးခြားရောဂါ မရှာတွေ.ပဲ ဝမ်းလျှောခြင်းကို အချိန်တိုင်းနီးပါး အနည်းနှင်.အများခံစားနေခဲ့ရသည် ။ အစားထိုးလဲလှယ်ထားသော စိတ်အပိုင်းများကြောင်. ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို နှိမ်.ချထားရသဖြင်. အခြားသောပြင်ပရောဂါများက အလွယ်တကူဝင်ရောက်နေနိုင်သဖြင်. အထူးသတိထားနေခဲ့ရပါသည် ။


၁၉၉၅ ခုႏွစ္တြင္ အဆုတ္ေရာဂါကို ခံစားခဲ့ရၿပန္သည္ ။ ၁၉၉၆ တြင္ အူသိမ္ေပါက္သၿဖင္. ၿဖတ္ထုတ္ခဲ့ရၿပီး February တြင္တစ္ႀကိမ္ ၊ May တြင္တစ္ႀကိမ္ ထပ္မံခြဲစိတ္ခဲ့ရသည္ ။ အူမွာလည္း ခြဲစိတ္စဥ္ကပင္ အႀကိမ္ႀကိမ္ ၿဖတ္ထုတ္ခဲ့ရၿပီးၿဖစ္သည္ ။ ၂၀၀၁ ခုနွစ္တြင္ ေလၿဖတ္ၿခင္းကို ခံစားခဲ့ရၿပီး လက္တစ္ဖက္ ၊ ေၿခတစ္ဖက္ ေကာင္းစြာမသန္မာေတာ.ေသာ္လည္း ႏိုင္ငံ.တာ၀န္မ်ားကို ဆက္လက္ထမ္းေဆာင္ခဲ့သည္ ။ ေလၿဖတ္ၿပီးေနာက္ အသည္းတြင္ သံေကာင္၀င္၍ အနာၿဖစ္သၿဖင္. အသည္း ၃ပံု ၂ပံုအား ၿဖတ္ထုတ္ခဲ့ရၿပန္သည္ ။ ၂၀၀၃ ခုနွစ္တြင္ က်န္မ်က္လံုးတစ္ဖက္ ေရတိမ္စြဲသၿဖင္. ခြဲစိပ္ရၿပန္ပါသည္ ။ ၃ ဇူလိုင္ ၂၀၀၄ တြင္ အသက္ ၆၀ ၿပည္.ခဲ့ေသာ္လည္း ႏိုင္ငံေတာ္မွ လိုအပ္ခ်က္အရ တစ္နွစ္ထပ္မံ တာ၀န္ထမ္းေဆာင္ေစခဲ့သၿဖင္. ၃ ဇူလိုင္ ၂၀၀၅ တြင္မွ အၿငိမ္းစားယူခဲ့ရပါသည္ ။ ၂၀၀၉ ခုႏွစ္တြင္ ေက်ာက္ကပ္လဲခဲ့ရၿပီး ယခင္က ေတာက္ေလွ်ာက္ အူခဏခဏပိတ္ ၀မ္းခ်ဳပ္သၿဖင္.ေဆးရံုခဏခဏတက္ရၿပီး ေက်ာက္ကပ္လဲၿပီးခ်ိန္ ၂၀၁၀ မွစ၍ သီးၿခားေရာဂါ မရွာေတြ.ပဲ ၀မ္းေလွ်ာၿခင္းကို အခ်ိန္တိုင္းနီးပါး အနည္းႏွင္.အမ်ားခံစားေနခဲ့ရသည္ ။ အစားထိုးလဲလွယ္ထားေသာ စိတ္အပိုင္းမ်ားေႀကာင္. ခႏၶာကိုယ္၏ ခုခံအားစနစ္ကို ႏွိမ္.ခ်ထားရသၿဖင္. အၿခားေသာၿပင္ပေရာဂါမ်ားက အလြယ္တကူ၀င္ေရာက္ေနႏိုင္သၿဖင္. အထူးသတိထားေနခဲ့ရပါသည္ ။

က်န္းမာေရး မေကာင္းသည္.ႀကားမွ ၀ါးခယ္မၿမိဳ.နယ္ ၿဖိဳးေရးအတြက္ ဤသို.
 ဝါးခယ်မ မြစ်ကူးကြိုးတံတား တည်ဆောက်ပြီးချိန်မှ စ၍ ဝါးခယ်မမြို.နယ် ဖွံ.ဖြိုးတိုးတက်ရေး လုပ်ငန်းများ အား ကိုယ်စွမ်း ဥဏ်စွမ်းရှိသမျှ အားလုံးပုံ၍ အရှိန်အဟုန်ဖြင်. ဆောင်ရွက်ခဲ့ရာ

(၁)ပြည်သူ့ဆေးရုံနှစ်ထပ်ဆောင်သစ်ကြီး၊
(၂)အထက-၂ သုံးထပ်ကျောင်းကြီး၊
(၃)ရွှေသံလွင်ပရိယတ္တိနှစ်ထပ်ဘုန်းကြီးကျောင်းနှင့်သိမ်၊
(၄)ဝါးခယ်မမြို့နယ်အသင်းရုံးခွဲနှစ်ထပ်အဆောက်အဦ၊
(၅)ဒေါ်ပိုက်မိဘိုးဘွားရိပ်သာ၊
(၆)ဦးနုစာကြည့်တိုက်နှင့်လူငယ်ဖွံ့ဖြိုးရေးစင်တာ၊
(၇)မေတ္တာကြယ်စင် နေ့ကလေးထိန်းနှင့်မူကြိုကျောင်း၊
(၈)အဝေးပြေးကားဝန်းနှင့်ကားရေဆေးဆီထိုးလုပ်ငန်း၊
(၉)မိခင်နှင့်ကလေးစောင့်ရှောက်ရေးနှင့်အမျိုးသမီးရေးရာရုံး၊
(၁၀)သကျမဟာသိရီဘုရားကြီးသံတန်ဆောင်းပြန်လည်ပြုပြင်သွပ်မိုးခြင်းတို့ကိုဆောက်လုပ်လှူဒါန်းခြင်းအပြင်၊
(၁၁)အထက-၁ ရွှေခယ်ရတနာစာကြည့်တိုက်ဆောက်လုပ်ရာတွင်မ တည်ငွေသိန်းတစ်ရာလှူဒါန်းခြင်း၊
(၁၂)ဦးရှင်ကြီးကွင်း၊ဗိုလ်ချုပ်ကြေးရုပ်၊ဦးအံ့ကျော်ကြက်တောင်ရုံ(နှစ်ကွင်းတွဲ)နှင့်ကိုယ်လက်ကြံ့ခိုင်ရေးစင်တာ

အားကစားရုံတို့တွင်လည်း မ တည်ငွေများလှူဒါန်းခဲ့ပါသည်။

၀ါးခယ္မ ၿမစ္ကူးႀကိဳးတံတား တည္ေဆာက္ၿပီးခ်ိန္မွ စ၍ ၀ါးခယ္မၿမိဳ.နယ္ ဖြံ.ၿဖိဳးတိုးတက္ေရး လုပ္ငန္းမ်ား အား ကိုယ္စြမ္း ဥဏ္စြမ္းရွိသမွ် အားလံုးပံု၍ အရွိန္အဟုန္ၿဖင္. ေဆာင္ရြက္ခဲ့ရာ
(၁)ျပည္သူ႔ေဆးရုံနွစ္ထပ္ေဆာင္သစ္ႀကီး၊
(၂)အထက-၂ သုံးထပ္ေက်ာင္းႀကီး၊
(၃)ေရႊသံလြင္ပရိယတၱိ္နွစ္ထပ္ဘုန္းႀကီးေက်ာင္းနွင့္သိမ္၊
(၄)ဝါးခယ္မၿမိဳ႕နယ္အသင္းရုံးခြဲနွစ္ထပ္အေဆာက္အဦ၊
(၅)ေဒၚပိုက္မိဘိုးဘြားရိပ္သာ၊
(၆)ဦးႏုစာၾကည့္တိုက္နွင့္လူငယ္ဖြ႕ံၿဖိဳးေရးစင္တာ၊
(၇)ေမတၱာၾကယ္စင္ ေန႔ကေလးထိန္းနွင့္မူႀကိဳေက်ာင္း၊
(၈)အေဝးေျပးကားဝန္းနွင့္ကားေရေဆးဆီထိုးလုပ္ငန္း၊
(၉)မိခင္နွင့္ကေလးေစာင့္ေရွာက္ေရးနွင့္အမ်ိဳးသမီးေရးရာရုံး၊
(၁၀)သက်မဟာသိရီဘုရားႀကီးသံတန္ေဆာင္းျပန္လည္ျပဳျပင္သြပ္မိုးျခင္းတို႔ကိုေဆာက္လုပ္လွဴဒါန္းျခင္းအျပင္၊
(၁၁)အထက-၁ ေရႊခယ္ရတနာစာၾကည့္တိုက္ေဆာက္လုပ္ရာတြင္မ တည္ေငြသိန္းတစ္ရာလွဴဒါန္းျခင္း၊
(၁၂)ဦးရွင္ႀကီးကြင္း၊ဗိုလ္ခ်ဳပ္ေႀကးရုပ္၊ဦးအ့ံေက်ာ္ၾကက္ေတာင္ရုံ(နွစ္ကြင္းတြဲ)နွင့္ကိုယ္လက္ၾက့ံခိုင္ေရးစင္တာ

အားကစားရုံတိုိ႔တြင္လည္း မ တည္ေငြမ်ားလွဴဒါန္းခ့ဲပါသည္။

မ်က္စိကု ခရီးစဥ္ တစ္ခုတြင္ေတြ.ရေသာ ဦးအံ့ေက်ာ္
  ၂၀၀၉ ခုနှစ်တွင် ဝါးခယ်မမြို.နယ်အသင်း ( ရန်ကုန် ) ၏ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့ပြီး ၂၀၁၃ ဒီဇင်ဘာတွင် အနားယူခဲ့ပြီးနောက် နာယကအဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင်ခဲ့ပါသည် ။

ဝါးခယ်မမြို့နယ်အသင်း(ရန်ကုန်)တွင်၁၉၉၂ခုနှစ်မှ၁၉၉၆ခုနှစ်အထိ အလုပ်အမှုဆောင်အဖြစ်(၅)နှစ်နှင့်၂၀၀၆ခုနှစ်မှ၂၀၁၃ခုနှစ်အထိ(၈)နှစ်တာဥက္ကဌတာဝန်ကို

လူအားရောငွေအားပါ ထူးကဲစွာဦးစီးပဲ့ကိုင်ပြီးစွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည်။
သူ့လက်ထက်တွင် အသင်းကြီး၏"ပညာ၊ကျန်းမာ၊ သာယာ"ဆောင်ပုဒ်မှာ ပိုမိုပီပြင်အဓိပ္ပာယ်ရှိလာပြီး၊ပညာရေးရန်ပုံငွေ၅၅၅သိန်းကိုတဦးတည်း မ တည်လှူဒါန်း၍ ပညာသင်ဆုများနှုန်းထားပိုမိုမြင့်လာပြီးဆရာဝန်၊အင်ဂျင်နီယာနှင့်အဆင့်မြင့်ပညာဘွဲ့ရပညာတတ်

အမြောက်အမြားကိုမွေးထုတ်နိုင်ခဲ့သည်။သခင်သိန်းဖေ မှ ပညာရေးရန်ပုံငွေ သိန်း ၅၀၀ ထပ်မံထည်.ဝင်လှုဒါန်းခဲ့ရာ ထိုပညာသင်ဆုကို သူ.အမည်မသုံးစေဘဲ ဝါးခယ်မသခင်သိန်းဖေပညာသင်ဆု ဟုသာ ခေါ်ဝေါ်သုံးစွဲရန် သတ်မှတ်ပေးခဲ့ပါသည် ။
၂၀၀၉ခုနှစ်မှစတင်၍နှစ်စဉ်ကုသိုလ်ဖြစ်ဆေးကုသရေးအစီအစဉ်ကိုဇာတိမြို့၌စတင်ဆောင်ရွက်လာရာ

 နောက်ပိုင်းတွင်မျက်စိခွဲစိတ်ကုသရေးကိုအဓိကထာပြီး၆လတစ်ကြိမ်ဆောင်ရွက်လာရာ ယခုမေလ၆ရက်နေ့မှ၉ရက်နေ့အထိဆေးကုသမှုအစီအစဉ်မှာ(၉)ကြိမ်တိုင်ပြီဖြစ်ပါသည်။
ဆေးကုသမှုအစီအစဉ်အတွင်းအချိန်ယူ၍မြို့နှင့်ကျေးရွာဆက်လမ်းများ၊ကျေးရွာချင်းဆက် ကားကူးကွန်ကရိတံတားများကိုလည်း မ တည်လှူဒါန်းတည်ဆောက်ပေးခဲ့သည်။
မွေးမြူရေးလုပ်ငန်း၊ ဒေသထွက်စားသုံးကုန်လုပ်ငန်းရှင်များအားလည်း အတိုးမဲ့ချေးငွေထုတ်ချေးခြင်း၊ မျိုးကောင်းမျိုးသန့်စပါးထုတ်လုပ်ရေးအတွက် လယ်ဧက ၃၀ကိုဝယ်ပြီးမျိုးသန့်ခြံနှင့်၅ဧကကွက်စံပြစိုက်ခင်းကိုလည်း ထူထောင်ပေးခဲ့သည်။

၂၀၀၉ ခုနွစ္တြင္ ၀ါးခယ္မၿမိဳ.နယ္အသင္း ( ရန္ကုန္ ) ၏ ဥကၠ႒ အၿဖစ္တာ၀န္ယူခဲ့ၿပီး ၂၀၁၃ ဒီဇင္ဘာတြင္ အနားယူခဲ့ၿပီးေနာက္ နာယကအၿဖစ္ ေၿပာင္းလဲတာ၀န္ထမ္းေဆာင္ခဲ့ပါသည္ ။
ဝါးခယ္မၿမိဳ႕နယ္အသင္း(ရန္ကုန္)တြင္၁၉၉၂ခုနွစ္မွ၁၉၉၆ခုနွစ္အထိ အလုပ္အမႈေဆာင္အျဖစ္(၅)နွစ္နွင့္၂၀၀၆ခုနွစ္မွ၂၀၁၃ခုနွစ္အထိ(၈)နွစ္တာဥကၠဌတာဝန္ကို
လူအားေရာေငြအားပါ ထူးကဲစြာဦးစီးပ့ဲကိုင္ၿပီးစြမ္းစြမ္းတမံေဆာင္႐ြက္ခ့ဲသည္။
သူ႔လက္ထက္တြင္ အသင္းႀကီး၏"ပညာ၊က်န္းမာ၊ သာယာ"ေဆာင္ပုဒ္မွာ
ပိုမိုပီျပင္အဓိပၸာယ္ရွိလာၿပီး၊ပညာေရးရန္ပုံေငြ၅၅၅သိန္းကိုတဦးတည္း မ တည္လွဴဒါန္း၍ ပညာသင္ဆုမ်ားနႈန္းထားပိုမိုျမင့္လာၿပီးဆရာဝန္၊အင္ဂ်င္နီယာနွင့္အဆင့္ျမင့္ပညာဘြဲ႕ရပညာတတ္

အေျမာက္အျမားကိုေမြးထုတ္နိုင္ခ့ဲသည္။သခင္သိန္းေဖ မွ ပညာေရးရန္ပံုေငြ သိန္း ၅၀၀ ထပ္မံထည္.၀င္လွဳဒါန္းခဲ့ရာ ထိုပညာသင္ဆုကို သူ.အမည္မသံုးေစဘဲ ၀ါးခယ္မသခင္သိန္းေဖပညာသင္ဆု ဟုသာ ေခၚေ၀ၚသံုးစြဲရန္ သတ္မွတ္ေပးခဲ့ပါသည္ ။
၂၀၀၉ခုနွစ္မွစတင္၍နွစ္စဉ္ကုသိုလ္ျဖစ္ေဆးကုသေရးအစီအစဉ္ကိုဇာတိၿမိဳ႕၌စတင္ေဆာင္႐ြက္လာရာ

 ေနာက္ပိုင္းတြင္မ်က္စိခြဲစိတ္ကုသေရးက္ိုအဓိကထာၿပီး၆လတစ္ႀကိမ္ေဆာင္႐ြက္လာရာ ယခုေမလ၆ရက္ေန႔မွ၉ရက္ေန႔အထိေဆးကုသမႈအစီအစဉ္မွာ(၉)ၿကိမ္တိုင္ၿပီျဖစ္ပါသည္။
ေဆးကုသမႈအစီအစဉ္အတြင္းအခ်ိန္ယူ၍ၿမိဳ႕နွင့္ေက်း႐ြာဆက္လမ္းမ်ား၊ေက်း႐ြာခ်င္းဆက္ ကားကူးကြန္ကရိတံတားမ်ားကိုလည္း မ တည္လွဴဒါန္းတည္ေဆာက္ေပးခ့ဲသည္။
ေမြးျမဴေရးလုပ္ငန္း၊ ေဒသထြက္စားသုံးကုန္လုပ္ငန္းရွင္မ်ားအားလည္း အတိုးမဲ့ေခ်းေငြထုတ္ေခ်းျခင္း၊ မ်ိဳးေကာင္းမ်ိဳးသန္႔စပါးထုတ္လုပ္ေရးအတြက္ လယ္ဧက ၃၀ကိုဝယ္ၿပီးမ်ိဳးသန္႔ၿခံနွင့္၅ဧကကြက္စံျပစုိက္ခင္းကိုလည္း ထူေထာင္ေပးခ့ဲသည္။


မကြယ္လြန္မွီ နာရီ ၄၀ ခန္.က ၿမိဳ.နယ္အသင္း အမွုေဆာင္မ်ားအား လက္ခံေတြ.ဆံုစဥ္

၂၀၁၅ ခုနှစ် ၁လပိုင်းခန်.မှစ၍ ကျန်းမာရေး နှင်. ပတ်သက်၍ သံသယရှိ ဖွယ်အခြေအနေအားစစ်ဆေးကြည်.ရာ ကင်ဆာရောဂါအားခံစားနေရပြီဖြစ်ကြောင်း သမားတော်ထံမှအတည်ပြုချက်ရရှိခဲ့ပြီး အားနည်းနေသောကြောင်. ကိမို ပေး၍မရပဲ ဓါတ်ကင်နေခဲ့ရပါသည် ။ ထိုအချိန်ထိ ဝါးခယ်မသို. ၂ရက် ခရီး ၊ ၃ ရက် ခရီး ၊ တစ်ခါတစ်ရံ နေ.ချင်းပြန်ခရီးများသွားရောက်ပြီး မြို.ရွာ ဖွံ.ဖြိုးရေးအတွက် နောက်ဆုံးအင်အားကုန်သုံးကာ ကြိုးစားပမ်းစားဆောင်ရွက်ခဲ့ပါသည် ။ ထို.အပြင် မိမိနှင်.ဆက်စပ် ပတ်သက်ခဲ့သော ဝန်းကျင်များမှမိတ်ဆွေများ ဖြင်.လည်း နောက်ဆုံးအကြိမ် စုံညီတွေ.ဆုံပွဲများ ပြုလုပ်ခဲ့ပြီး ( နှုတ်မှ တရားဝင်ဖွင်.ဟမပြောခဲ့သော ) နှုတ်ဆက်ပွဲများ ပြုလုပ်ခဲ့ပါသည် ။

၂၀၁၆ ဧပြီလ ၂၃ ရက် ညတွင် ဝမ်းတောက်လျှောက်သွားသဖြင်. SSC အထူးကုဆေးရုံ သို. ပို.ဆောင်ခဲ့ရပြီး ဧပြီ ၂၄ ရက်နေ.လည်တွင် ဝါးခယ်မမြို.နယ်အသင်း အမှုဆောင်များအား လက်ခံတွေ.ဆုံစကားပြောခဲ့ပါသည် ။ ထို.နောက် ခုခံအားနည်းနေပြီဖြစ်သော ကြောင်. နမိုးနီးယားပါဝင်ရောက်လာခဲ့ပြီး ၂၀၁၆ ဧပြီလ ၂၆ ရက်မနက် ၆နာရီ ၂၅မိနစ်တွင် ကွယ်လွန်အနိစ္စရောက်ရှိသွားခဲ့ရပါသည် ။ ကျန်ရစ်သော ခန္ဓာကိုယ်အား အချည်းနှီးမဖြစ်စေရန် မကွယ်လွန်မှီကပင် ဆေးတက္ကသိုလ် ( ၁ ) ရန်ကုန်သို. လှုဒါန်းထားခဲ့ပြီး ဖြစ်ပါသည် ။

ကွယ်လွန်ချိန်အထိ ဝါးခယ်မမြို.နယ်အသင်း ( ရန်ကုန် ) ၏ ဂုဏ်ထူးဆောင် နာယက အဖြစ်လည်းကောင်း ၊ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း နာယကအဖြစ်လည်းကောင်း ၊ ရွေသံလွင် ဘိုးဘွားရိပ်သာစီမံခန်.ခွဲမှု ကော်မတီ ဂုဏ်ထူးဆောင်နာယက အဖြစ်လည်းကောင်း ၊ အမျိုးသားဖွံ.ဖြိုးတိုးတက်ရေး ကုမ္ပဏီအုပ်စု၏ အကြံပေး အဖြစ်လည်းကောင်း ( သိရှိသ၍ ဖော်ပြခြင်းသာဖြစ်သည် ) တာဝန်ယူလျှက်ရှိပါသည် ။



၂၀၁၅ ခုႏွစ္ ၁လပိုင္းခန္.မွစ၍ က်န္းမာေရး ႏွင္. ပတ္သက္၍ သံသယရွိ ဖြယ္အေၿခအေနအားစစ္ေဆးႀကည္.ရာ ကင္ဆာေရာဂါအားခံစားေနရၿပီၿဖစ္ေႀကာင္း သမားေတာ္ထံမွအတည္ၿပဳခ်က္ရရွိခဲ့ၿပီး အားနည္းေနေသာေႀကာင္. ကိမို ေပး၍မရပဲ ဓါတ္ကင္ေနခဲ့ရပါသည္ ။ ထိုအခ်ိန္ထိ ၀ါးခယ္မသို. ၂ရက္ ခရီး ၊ ၃ ရက္ ခရီး ၊ တစ္ခါတစ္ရံ ေန.ခ်င္းၿပန္ခရီးမ်ားသြားေရာက္ၿပီး ၿမိဳ.ရြာ ဖြံ.ၿဖိဳးေရးအတြက္ ေနာက္ဆံုးအင္အားကုန္သံုးကာ ႀကိဳးစားပမ္းစားေဆာင္ရြက္ခဲ့ပါသည္ ။ ထို.အၿပင္ မိမိႏွင္.ဆက္စပ္ ပတ္သက္ခဲ့ေသာ ၀န္းက်င္မ်ားမွမိတ္ေဆြမ်ား ၿဖင္.လည္း ေနာက္ဆံုးအႀကိမ္ စံုညီေတြ.ဆံုပြဲမ်ား ၿပဳလုပ္ခဲ့ၿပီး ( ႏွဳတ္မွ တရား၀င္ဖြင္.ဟမေၿပာခဲ့ေသာ ) ႏွုတ္ဆက္ပြဲမ်ား ၿပဳလုပ္ခဲ့ပါသည္ ။
၂၀၁၆ ဧၿပီလ ၂၃ ရက္ ညတြင္ ၀မ္းေတာက္ေလွ်ာက္သြားသၿဖင္. SSC အထူးကုေဆးရံု သို. ပို.ေဆာင္ခဲ့ရၿပီး ဧၿပီ ၂၄ ရက္ေန.လည္တြင္ ၀ါးခယ္မၿမိဳ.နယ္အသင္း အမွုေဆာင္မ်ားအား လက္ခံေတြ.ဆံုစကားေၿပာခဲ့ပါသည္ ။ ထို.ေနာက္ ခုခံအားနည္းေနၿပီၿဖစ္ေသာ ေႀကာင္. နမိုးနီးယားပါ၀င္ေရာက္လာခဲ့ၿပီး ၂၀၁၆ ဧၿပီလ ၂၆ ရက္မနက္ ၆နာရီ ၂၅မိနစ္တြင္ ကြယ္လြန္အနိစၥေရာက္ရွိသြားခဲ့ရပါသည္ ။ က်န္ရစ္ေသာ ခႏၶာကိုယ္အား အခ်ည္းႏွီးမၿဖစ္ေစရန္ မကြယ္လြန္မွီကပင္ ေဆးတကၠသိုလ္ ( ၁ ) ရန္ကုန္သို. လွဳဒါန္းထားခဲ့ၿပီး ၿဖစ္ပါသည္ ။
ကြယ္လြန္ခ်ိန္အထိ ၀ါးခယ္မၿမိဳ.နယ္အသင္း ( ရန္ကုန္ ) ၏ ဂုဏ္ထူးေဆာင္ နာယက အၿဖစ္လည္းေကာင္း ၊ ၿမန္မာႏိုင္ငံေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားအသင္း နာယကအၿဖစ္လည္းေကာင္း ၊ ေရြသံလြင္ ဘိုးဘြားရိပ္သာစီမံခန္.ခြဲမွဳ ေကာ္မတီ ဂုဏ္ထူးေဆာင္နာယက အၿဖစ္လည္းေကာင္း ၊ အမ်ိဳးသားဖြံ.ၿဖိဳးတိုးတက္ေရး ကုမၸဏီအုပ္စု၏ အႀကံေပး အၿဖစ္လည္းေကာင္း ( သိရွိသ၍ ေဖာ္ၿပၿခင္းသာၿဖစ္သည္ ) တာ၀န္ယူလွ်က္ရွိပါသည္ ။



သူ.အနေဖြင်. ဝါးခယ်မမြို.နယ် အတွင်း ပညာ / ကျန်းမာ / သာယာ ရေးအတွက် အဖွဲ.အစည်းများစွာကို ကမကထပြု လှုဒါန်းတည်ထောင်ပေးခဲ့ပြီး ထိုသို.တည်ထောင်ရာတွင် ရေရှည်ရပ်တည်နိုင်ရေးအတွက် ရန်ပုံငွေတစ်ရပ်စီပါ ပူးတွဲတည်ထောင်ထားပေးပြီး ထိုရန်ပုံငွေများကို အရင်းမပျောက် အတိုးအညွန်.သာ အသုံးပြုလျှက် လည်ပတ်နိုင်စေရန် စိစဉ်ထားခဲ့ပါသည် ။မြို.လေးတွင် သူမတည် ၊ လှုဒါန်း ၊ တည်ထောင်ခဲ့သော လုပ်ငန်းများ အများအပြားရှိသော်လည်း သူ.အမည်တပ်မှည်.ခေါ်ခြင်းမျိုးအား လုံးဝမနှစ်သက်ပဲ ကြက်တောင် နှင်.ကိုယ်ကာယအားကစားရုံတစ်ခုကိုသာလျှင် အသင်းအမှုဆောင်များ ၊ မြို.နယ် အကျိုးဆောင်များ နှင်. တာဝန်ရှိသူများမှ အတင်းခွင်.ပြု ချက်တောင်းသဖြင်.သာ သူ၏နောက်ဆုံးသက်တမ်းကာလများအတွင်း ခွင်.ပြုပေးခဲ့ခြင်းဖြစ်သည် ။



သူ.အေနၿဖင္. ၀ါးခယ္မၿမိဳ.နယ္ အတြင္း ပညာ / က်န္းမာ / သာယာ ေရးအတြက္ အဖြဲ.အစည္းမ်ားစြာကို ကမကထၿပဳ လွဳဒါန္းတည္ေထာင္ေပးခဲ့ၿပီး ထိုသို.တည္ေထာင္ရာတြင္ ေရရွည္ရပ္တည္ႏိုင္ေရးအတြက္ ရန္ပံုေငြတစ္ရပ္စီပါ ပူးတြဲတည္ေထာင္ထားေပးၿပီး ထိုရန္ပံုေငြမ်ားကို အရင္းမေပ်ာက္ အတိုးအညြန္.သာ အသံုးၿပဳလွ်က္ လည္ပတ္ႏိုင္ေစရန္ စိစဥ္ထားခဲ့ပါသည္ ။ၿမိဳ.ေလးတြင္ သူမတည္ ၊ လွဳဒါန္း ၊ တည္ေထာင္ခဲ့ေသာ လုပ္ငန္းမ်ား အမ်ားအၿပားရွိေသာ္လည္း သူ.အမည္တပ္မွည္.ေခၚၿခင္းမ်ိဳးအား လံုး၀မႏွစ္သက္ပဲ ႀကက္ေတာင္ ႏွင္.ကိုယ္ကာယအားကစားရံုတစ္ခုကိုသာလွ်င္ အသင္းအမွဳေဆာင္မ်ား ၊ ၿမိဳ.နယ္ အက်ိဳးေဆာင္မ်ား ႏွင္. တာ၀န္ရွိသူမ်ားမွ အတင္းခြင္.ၿပဳ ခ်က္ေတာင္းသၿဖင္.သာ သူ၏ေနာက္ဆံုးသက္တမ္းကာလမ်ားအတြင္း ခြင္.ၿပဳေပးခဲ့ၿခင္းၿဖစ္သည္ ။


မိုးမခလမ္း ေနအိမ္ ရက္လည္ဆြမ္းသြတ္

*စစ်သားဘဝတွင်လည်း စစ်သားသူရဲကောင်း၊
*ဝန်ထမ်းဘဝတွင်လည်း ဝန်ထမ်းလူစွမ်းကောင်း၊
*အရပ်သားဘဝတွင်လည်း ပရဟိတသူတော်ကောင်း။
ကောင်း(၃)ကောင်းနှင့်ပြည်စုံသူ ဖြစ်သည်ကြောင်.ကွယ်လွန်သည်မှ ရက်လည်သည်အထိ သတင်းစာများတွင် သူ၏ ဆွေးမျိုးသားချင်း ၊အပေါင်းအသင်းများအပါအဝင် သူ၏ ကျေးဇူးရှိခဲ့ဖူးသော Company ၊ အဖွဲ.အစည်းများ ၊ သူတည် တည်ထောင်ခဲ့သော ၊ ကူညီခဲ့သော ၊ လှုဒါန်းခဲ့သော အဖွဲ.အစည်း ၉၀ ခန်.၏ ဝမ်းနည်းမှတ်တမ်းပေါင်း ၄၅ ခုခန်.ဖော်ပြခဲ့ကြပါသည် ။



REF ; ၂၀၁၄ ဖေဖော်ဝါရီ လတွင် ဝါးခယ်မမြို.နယ်အသင်းမှပြုစုသော ကိုယ်ရေးအကျဉ်း ၊   အနီးကပ်ကျန်းမာရေးတာဝန်ခံ၏ ပြောကြားချက်များ ၊ ဝါးခယ်မအသင်း အတွင်းရေးမှုး ပြုစုသော အချက်အလက်အချို.၊ ညီဖြစ်သူ၏ ဖြည်.စွက်ချက်အချို. နှင်. Online & Printed Media အချို.၏ record  


*စစ္သားဘဝတြင္လည္း စစ္သားသူရဲေကာင္း၊
*ဝန္ထမ္းဘဝတြင္လည္း ဝန္ထမ္းလူစြမ္းေကာင္း၊
*အရပ္သားဘဝတြင္လည္း ပရဟိတသူေတာ္ေကာင္း။
ေကာင္း(၃)ေကာင္းနွင့္ျပည္စုံသူ ၿဖစ္သည္ေႀကာင္.ကြယ္လြန္သည္မွ ရက္လည္သည္အထိ သတင္းစာမ်ားတြင္ သူ၏ ေဆြးမ်ိဳးသားခ်င္း ၊အေပါင္းအသင္းမ်ားအပါအ၀င္ သူ၏ ေက်းဇူးရွိခဲ့ဖူးေသာ Company ၊ အဖြဲ.အစည္းမ်ား ၊ သူတည္ တည္ေထာင္ခဲ့ေသာ ၊ ကူညီခဲ့ေသာ ၊ လွဳဒါန္းခဲ့ေသာ အဖြဲ.အစည္း ၉၀ ခန္.၏ ၀မ္းနည္းမွတ္တမ္းေပါင္း ၄၅ ခုခန္.ေဖာ္ၿပခဲ့ႀကပါသည္ ။


REF ; ၂၀၁၄ ေဖေဖာ္၀ါရီ လတြင္ ၀ါးခယ္မၿမိဳ.နယ္အသင္းမွၿပဳစုေသာ ကိုယ္ေရးအက်ဥ္း ၊   အနီးကပ္က်န္းမာေရးတာ၀န္ခံ၏ ေၿပာႀကားခ်က္မ်ား ၊ ၀ါးခယ္မအသင္း အတြင္းေရးမွဳး ၿပဳစုေသာ အခ်က္အလက္အခ်ိဳ.၊ ညီၿဖစ္သူ၏ ၿဖည္.စြက္ခ်က္အခ်ိဳ. ႏွင္. Online & Printed Media အခ်ိဳ.၏ record  



ဆက္စပ္ေလ.လာရန္

သတင္းစာထက္က ၀မ္းနည္းမွတ္တမ္းမ်ားႏွင္.ရက္လည္မွတ္တမ္း



 

No comments:

Post a Comment