Thursday, May 19, 2016

ဆရာမကြီး ခင်နှင်းယု အထိမ်းအမှတ် ကျောက်စာတိုင် ဖွင်.ပွဲ



 
သော်ကစေတီတော် ခြေရင်းမှ ခင်နှင်းယု အထိမ်းအမှတ် ကျောက်စာတိုင်

၂၀၁၆ မေလ ၁၅ ရက် မနက် ၁၀နာရီခွဲအချိန်က ၀ါးခယ်မဇာတိဖွား နိုင်ငံကျော် စာရေးဆရာမကြီး ဒေါ်ခင်နှင်းယု အထိမ်းအမှတ် ကျောက်စာတိုင် ဖွင်.ပွဲ အခမ်းအနားကို ဆရာမကြီး၏ ဇာတိ အတွတ်နှင်.မွေးတို.၏ ဖြစ်တည်ရာ ၀ါးခယ်မ တစ်ဖက်ကမ်း သော်ကရပ်ကွက် ရှိ ရှေးဟောင်းသမိုင်းဝင် သော်ကစေတီတော်မြတ်ကြီးတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည် ။
အခမ်းအနားတွင် ရှေးဦးစွာ ဆရာမကြီးအတွက် ရည်စူး၍ သံဃာတော်များကိုသင်္ကန်းဆက်ကပ် လှုဒါန်းခဲ့ကြပါသည် ။ ထို.နောက် အထိမ်းအမှတ်ကျောက်စာတိုင် အား ဆရာမကြီးခင်ဆွေဦး၊ ရွှေကူမေနှင်း မောင်ြပည့်မင်း ကိုမိုးဝေးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါသည် ။ ထိုအချိန်တွင် ဥတ္တရအလင်း ဂိတအဖွဲ.က တေးသံသာများဖြင်. တီးမှုတ်ဖျော်ဖြေကြပါသည် ။ ထို.နောက်အခမ်းအနားကို ဆက်လက်ကျင်းပရာ အခမ်းအနားမှုး အဖြစ် မောင်လေးဇော် မှ တာဝန်ယူပေးခဲ့ပြီး ကိုကျော်မိုးလွင် မှ ဆရာမကြီး၏ အတ္ထုပ္ပတ္တိ အား ဂုဏ်ပြုဖတ်ကြားပါသည် ။ ထို.နောက် ဧည်.သည်တော်များ၏ ရင်တွင်းစကားများအား ခံစားနားထောင်ကြပါသည် ။ စာရေးဆရာများသမဂ ကိုယ်စားတက်ရောက်လာသော ဆရာမ ရွှေကူမေနှင်း မှ ရဲရင်.သော ခင်နှင်းယု ဟူသော စာတမ်းကိုဖတ်ကြားဂုဏ်ပြုခဲ့ပါသည် ။ ထို.နောက် ကဗျာဆရာများ သမဂ ကိုယ်စားတက်ရောက်လာသော မောင်ပြည့်မင်း မှ ဂုဏ်ပြုပြောကြားပါသည် ။ ထို.အပြင် လက်တမ်းရွတ်ဆိုသော ကဗျာများလည်း နားဆင်ခွင်.ရခဲ့ကြပါသည် ။ အခမ်းအနားကို နေ.လည် ၁နာရီခွဲခန်.တွင် ရပ်နားခဲ့ပြီးဧည်.သည်တော်များ နှင်. တက်ရောက်လာသူအားလုံးကို နေ.လည်စာဖြင်. ကျွေးမွေးဧည်.ခံခဲ့ကြောင်း သိရှိရပါသည် ။


ဆက်စပ်ကြည်.ရှုရန်များ



အခမ်းအနားတွင် တီးမှုတ်ဧည်.ခံခဲ့သော ဥတ္တရအလင်း၏ Tune တစ်ပုဒ် 


ကိုစိုးအိမ်၏ ကဗျာရွတ်ဆိုမှု 


ဆရာမကြီး ခင်နှင်းယု အထိမ်းအမှတ် ကျောက်စာတိုင် ဖွင်.ပွဲ 
 
မွှေး ၀တ္ထု ၏ မိခင် စာရေးဆရာမကြီး ခင်နှင်းယု
 
ဆရာမကြီး ဒေါ်ခင်နှင်းယု ၏ စာအုပ် Linkများ အားစုစည်းဖော်ပြခြင်း


No comments:

Post a Comment