Thursday, May 19, 2016

မွှေး ၀တ္ထု ၏ မိခင် စာရေးဆရာမကြီး ခင်နှင်းယု



 
ဆရာမကြီး ခင်နှင်းယု ဘွဲ.ယူစဉ်က


ဆရာမကြီး ခင်နှင်းယုကို အစိုးရကျောင်းဆရာကြီး ဦးဘ ၊ ဒေါ်သိန်းတင်တို.မှ ၁၉၂၅ စက်တင်ဘာ ၇ ရက် တနင်္လာနေ. တွင် ၀ါးခယ်မ မြို. ၌ မွေးဖွားခဲ့ပြီး မွေးချင်း ၇ ယောက်အနက် ငါးယောက်မြောက်ဖြစ်သည် ။ အမည်ရင်းမှာ ဒေါ်ခင်စုဖြစ်သည် ။ ၁၉၃၀ ခုနှစ်တွင် ၀ါးခယ်မမြို. ဦးဘိုးထင် မြန်မာစာသင် အလယ်တန်းကျောင်း ၌ ပညာသင်ကြားခဲ့သည် ။ ၁၉၄၀ ခုနှစ်တွင် ၀ါးခယ်မမြို.ဦးဘိုကြီး မြန်မာစာအထက်တန်းကျောင်းတွင် ၈တန်း ၊ ၉တန်း ၊ ၁၀တန်း ပညာသင်ကြားခဲ့သည် ။ ၁၉၄၃ ခုနှစ် ဂျပန်ခောတ်တွင် ဆယ်တန်းအောင်မြင်ခဲ့ပြီး ဂျပန်ခောတ် ၀ါးခယ်မမြို.နယ် အာရှလူငယ် အစည်းအရုံးတွင် အမျိုးသမီး ဋ္ဌာန အတွင်းရေးမှုးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည် ။ ၁၉၄၆ ခုနှစ် ၌ ဖဆပလ သတင်းနှင်. ၀ါဒဖြန်.ချီရေးသတင်းဋ္ဌာန လက်ထောက်အတွင်းရေးမှုးအဖြစ် ဆောင်ရွက်ခဲ့သည် ။ ၁၉၄၇ တွင် တွဲဘက် အတွင်းရေးမှုး ဖြစ်လာပြီး ဖဆပလ သတင်းစဉ်တွင် တာဝန်ခံ အယ်ဒီတာ အဖြစ် ထမ်းရွက်ခဲ့သည် ။ ထိုနှစ်တွင် ခင်နှင်းယု ကလောင်အမည်ဖြင်. ပထမဆုံးရေးသားသော အရိုင်း ၀တ္ထု စာပဒေသာတွင်ဖော်ပြခံခဲ့ရသည် ။

၁၉၄၈ တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး မောင်နှစ်မ တစ်ဝမ်းကွဲတော်သော ဦးနု၏ အတွင်းရေး အတွင်းဝန်အဖြစ် စတင်လုပ်ကိုင်ခဲ့သည် ။ မြန်မာပြည် လွတ်လပ်ရေး အထိမ်းအမှတ် စာပေပြိုင်ပွဲတွင် အချို ဟူသော ကလောင်အမည်ဖြင်. ယှဉ်ပြိုင်သော မျောက်လောင်း ၀တ္ထုတို မှာ တတိယ ဆုရရှိခဲ့သည် ။ ၁၉၅၀ ခုနှစ် အသက် ၂၅ နှစ်တွင် ဗိုလ်ကြီးကျော်သောင်း နှင်.လက်ထပ်ခဲ့သည် ။၁၉၅၂ ခုနှစ်တွင် နွေနှောင်းရွက်ကျန် ဟူသော ၀တ္ထုရှည် ရှုမ၀မဂ္ဂဇင်း ၌ ပထမဆုံးဖော်ပြခံခဲ့ရသည် ။ ၁၉၅၃ ခုနှစ် မြ၀တီမဂ္ဂဇင်း ၀တ္ထု ဆောင်းပါးစာပေပြိုင်ပွဲတွင် စာဖတ်ပရိသတ် ဆန္ဒအရ ထိုနှစ်အတွက် ပထမ ဆုကို သရဖူ ဟူသော ၀တ္ထုရှည်ဖြင်. ဆုရယူနိုင်ခဲ့သည် ။

၁၉၅၆ ခုနှစ်တွင် သက်ကြီး တက္ကသိုလ် တက်ရောက်ပြီး ထိုနှစ်တွင် အိုင်အေတန်းအောင်မြင်ခဲ့သည် ။ ၁၉၅၉ တွင် ဦးနု၏ အတွင်းရေး အတွင်းဝန်အဖြစ်မှ နှုတ်ထွက်ပြီး ရန်ကုန်တက္ကသိုလ်တွင် ပညာဆက်လက် သင်ကြားခဲ့သည် ။ ၁၉၆၁ ခုနှစ် တွင် ကြေးမုံရိပ်သွင် ၀တ္ထု တိုပေါင်းချုပ်ဖြင်. စာပေဗိမ္မာန် တစ်ထောင်ဆု ချီးမြှင်. ခံခဲ့ရသည် ။ အင်္ဂလိပ်ဘာသာ စာစီစာကုံး ၊ခောတ်သစ်အနောက်တိုင်းသမိုင်း ၊ မြန်မာဝေါဟာရ နှင်. အနုစာပေ ၊ ကမ္ဘာအရှေ.ဖျားသမိုင်း ဘာသာတွဲဖြင်. ဘီအေ ဘွဲ.ရရှိခဲ့သည် ။ ပထမဆုံး ရေးသားခဲ့သော လုံးချင်းဝတ္ထုအမည်မှာ ဆောင်းတွင်းပန်း ဟူသော ၀တ္ထုဖြစ်သည် ။၁၉၆၂ ခုနှစ် အီဂျစ်နိုင်ငံ ကိုင်ရိုမြို.တွင် ကျင်းပသော အာရှ - အာဖရိက စာရေးဆရာများ ညီလာခံသို. မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ်တက်ရောက်ခဲ့သည် ။ 

ဆရာမကြီး ခင်နှင်ယု အား အမျိုးသားနှင်. တွဲလျှက်
 ၁၉၇၀ တွင် ခင်ပွန်း ဒုတိယ ဗိုလ်မှုးကြီး ကျော်သောင်းကွယ်လွန်ခဲ့သည် ။ ခင်ပွန်းသည် ကွယ်လွန်ချိန်တွင် ဒေါ်ခင်နှင်းယု မှာ အသက် ၄၅ နှစ်သာ ရှိသေးသည် ။ ထို၁၉၇၀ မှ ၁၉၈၅ အထိ ၁၅ နှစ်တာ ကာလပတ်လုံး ချစ်သောသူများနှင်.အဖန်တလဲလဲ ကွေကွင်းရသော ဆင်းရဲဒုက္ခများကို ခံစားရင်း မဟာစည်သာသနာ.ရိပ်သာတွင် ပြန်လည်တရားအားထုတ်၍ “ပွဲတွေ.အမြတ်တရား”ဟူသော ဘာသာရေး စာအုပ်အားထုတ်ဝေခဲ့သည် ။ ၁၉၈၅ တွင်ကျန်းမာရေး အခြေအနေ လွန်စွာဆိုးဝါးပြီး ဆေးရုံတွင်ဆေးကုသမှု သွားရောက်ခံယူခဲ့ရပြီး နောက်ချမ်းမြေ.ရိပ်သာတွင် ဝေယျာဝစ္စပြုလုပ်ရင်း နေထိုင်ခဲ့သည် ။တစ်နှစ်ခန်. အနားယူပြီးနောက် ပေဖူးလွှာ မဂ္ဂဇင်းတွင် တစ်ထောင်.ငါးရာည၏ အိမ်မက်များ ဟူသော ၀တ္ထုဖြင်.စာပေများပြန်လည်စတင်ရေးသားခဲ့ပြီး ပေဖူးလွှာ ၊ ကလျာ ၊ရင်ခုန်ပွင်. ၊ စံပယ်ဖြူ ၊ လုံမလေး ၊ ချယ်ရီ ၊ မိုးဝေ မဂ္ဂဇင်းများတွင် ၀တ္ထု ၊ ကဗျာ ၊ ဆောင်းပါးများရေးသားခဲ့သည် ။ 

၁၉၉၅ ခုနှစ်တွင် ကလျာ မဂ္ဂဇင်း၌ မြကြာဖြူ ဟူသော အခန်းဆက်ဝတ္ထုကို ရေးသားခဲ့ပြီး ထိုနှစ်အတွက် အမျိုးသားစာပေဆု ( ၀တ္ထုရှည် ) ရရှိခဲ့သည် ။ ဆရာမကြီး၏ ၁၉၇၀ မတိုင်မှီ
ရေးသားခဲ့သော ၀တ္ထုများအနက် နဂါးငွေ.တန်း ( ရုပ်ရှင်အမည် ညပန်းချီ ) ကိုပထမဆုံး ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့ပြီး မွှေး ၊ ယောင်္ကျားတို.အကြောင်း ၊ စိမ်းသင်.မှစိမ်း ၊ ပန်းပန်လျှက်ပါ ၊ မိုးကျော်သူ ၊သခွပ်ပန်း ၊ယဉ်မင်းပိုက် တို.ကိုလည်းရုပ်ရှင်အဖြစ် အသက်သွင်းနိုင်ခဲ့သည် ။ပန်းပန်လျှက်ပါ ရုပ်ရှင်သည် ရန်ကုန်ရုံများတွင်၂၅ ပတ် ( ၆လကျော် ) ကျော်ပြသခဲံ့ရသဖြင်. ရုံတင်စံချိန်ချိုးနိုင်ခဲ့သည် ။

၁၉၈၅ ခုနှစ်ဝန်းကျင်တွင် ပန်းပန်လျှက်ပါ ၊ မွှေး ၊ သခွပ်ပန်း ၊ အောင်မြင်သောနေ. ၊သရဖူ စသော ၀တ္ထုများ ရုပ်ရှင် ရိုက်ကူးခဲ့သလို နွားတစ်ထောင် ၊ တစ်ထောင်.ငါးရာည၏ အိမ်မက်များ ၊ ပန်းများကို ပွင်.စေသူ ၊ လမင်းကြီးသာစမ်းပါ တို.ကို ဗွီဒီယိုအဖြစ် အသက်သွင်းနိုင်ခဲ့သည် ။ ထို.အပြင် ထုတ်ဝေခဲ့သော ၀တ္ထုများအနက် မွှေးဝတ္ထုကို ၁၀ကြိမ်ပြန်လည်ပုံနှိပ်ခဲ့ရပြီး ဆရာမကြီး၏ အအောင်မြင်ဆုံးဝတ္ထု ဖြစ်ခဲ့သလို ထိုစာအုပ်ထဲမှ မွှေး ၊ အတွတ် ၊ သော်က တို.ကြောင်.၀ါးခယ်မကို တစ်နိုင်ငံလုံး သတိထားမိ ၊ သတိပြု မိစေခဲ့ကြသော စာအုပ်လည်းဖြစ်သည် ။ ထို.အပြင် ထိပ်စုဖုရား မဗျိုင်း ၀တ္ထုအား ( ၅ကြိမ် ) ၊ မိုးကျော်သူ ( ၅ကြိမ် ) ၊ သခွတ်ပန်း ( ၅ကြိမ် ) ၊ လမင်းကြီးသာစမ်းပါ ( ၃ကြိမ် ) ၊ အောင်မြင်သောနေ. ( ၃ကြိမ် ) ၊ သပြေ ( ၂ကြိမ် ) ၊ ယဉ်မင်းပိုက် ( ၂ကြိမ် ) ၊ ရေချိုတွင်း ( ၂ကြိမ် ) ၊ မယ်.အသည်းအိမ် ( ၂ကြိမ် ) ၊ ဦးဆောက်ပန်း ( ၂ကြိမ် ) ထပ်မံပုံနှိပ်ထုတ်ဝေခဲ့ရသည် ။


ဝါးခယ်မမြို.ဂုဏ်ဆောင် ၊ မြန်မာ.စာပေလောက၏ မြတ်နိုးဖွယ် စာပေပညာရှင်တစ်ဦးဖြစ်သော နိုင်ငံကျော်စာရေးဆရာမကြီး ဒေါ်ခင်နှင်းယုသည် ၂၀၀၃ ဇန်န၀ါရီ ၂၁ ရက် အဂါင်္နေ. မနက် ၈နာရီခွဲ အချိန်တွင် ရန်ကုန်ပြည်သူ.ဆေးရုံကြီး၌ ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၇၈ နှစ် ရှိပြီဖြစ်သည် ။

Ref ; စိတ်ကူးချိုချို တိုက်ထုတ်စာအုပ်များမှဖော်ပြချက် ၊ ၀ါးခယ်မမြို.နယ်အသင်း ရွှေရတု ( ၁၉၄၇-၉၇ ) မဂ္ဂဇင်း မှကိုယ်ရေးအကျဉ်း

No comments:

Post a Comment