Thursday, May 19, 2016
ဗိုလ်မှုးကြီးအံ.ကျော် အတွက် ၀မ်းနည်းမှတ်တမ်းများ ( ၂ )
သူလိုလူ
သူ့အရိပ်နဲ့ ကျွန်တော်တို့ဇာတိကို
အေးမြစေချင်သူ။ ။
သူ့ပုံဖော်မှုနဲ့ ကျွန်တော်တို့ဘဝကို
အခြေမြင့်စေချင်သူ။ ။
သူ့အတွေးနဲ့ ကျွန်တော်တို့သာသနာကို
အမြဲမပြတ် ထိတွေ့နေစေချင်သူ။ ။
သူ့ လက်တကမ်းထက်ကိုကျော်လွန်
ပတ်ဝန်းကျင်တခွင်ကို လင်းလက်စေချင်သူ။ ။
သူ့ ပိုင်ဆိုင်မှု အတော်များများကို
မြို့အတွက် အထူးအသုံးချ
ရေလောင်းပေါင်းတင်စေခဲ့သူ။ ။
သူ့ လက်လှမ်းမှီရာက တဆင့်ထပ်လှမ်း
မြို့သူမြို့သားအားလုံးအတွက်
စုပေါင်းလှုပ်ရှားမှုတွေနဲ့ 
အနာဂတ်ကို လှပစေချင်သူ။ ။
အမြင်အမျိုးမျိုးအကြား ကားဝန်းကို
တည်ထောင်ပေးခဲ့ သူ။ ။
ပုတ်ခတ်မှုအမျိုးမျိုးကြား 
ဆေးရုံသစ်ကြီးကို အသုံးချခွင့်ဖန်တီးပေးခဲ့သူ။ ။
လူငယ်တွေအတွက်လည်းတွေး
အရွေးမမှားရအောင်
"ဦးနုစာကြည့်တိုက်"တည်ထောင်စေသူ။ ။
အသက်ကြီးအစွန့်ပစ်ခံအတွက်လည်းမနေ
ဒေါ်ပိုက်မိဘိုးဘွားရိပ်သာကို
မတည် ထည်ထောင်စေခဲ့သူ။ ။
ရင်သွေးငယ်တွေအတွက်ပါမကျန်
မေတ္တာတရားတွေ လင်းလက်စေခဲ့သူ။ ။
ကျောင်းအရိပ်မှာပျော်စေ ရွှခယ်မြေအတွက်
"ရတနာ"တွေပေါ်ထွန်းအောင်
ပူးတွဲ ဖန်တီးစေခဲ့ သူ။ ။
သူလိုလူ.....။
သူ့ဂုဏ်ဒြပ်နဲ့ မြို့နယ်အသင်းကိုမြဲစေသူ
သူ့လမ်းညွှန်မှုနဲ့ သင်္ဂဟမေတ္တာတရားကို
အလင်းပြစေနိုင်သူ။ ။
သူ့ စီမံချက်နဲ့ စက္ခုပါလအသင်းကိုဖွဲ့
မြို့သူမြို့သားအများအပြားရဲ့
စက္ခုအလင်းကို ထွန်းညှိပေးနိုင်သူ။ ။
ဒီနေ့က ရွှေတောင်ကြီးမပြိုပါဘူး
ကမ္ဘာမြေကြီး မပျက်ပါဘးူ။
ပြိုလဲသွားတာက...ငါတို့မြို့သူမြို့သားတွေရဲ့ အားအင်တချို့။
ပျက်စီးသွားတာက....
ငါတို့ စံပြုထိုက် သူရဲ့ ခန္ဓာတခု။
သူလိုလူ...
လူသာသေမယ်
နာမည်ဘယ်တော့မှ မသေမယ့်သူ
ဒါဟာ...ဗိုလ်မှုးကြီးအဘဦးအံ့ကျော်လို
"လူ"
( Phyo Wai )
အံကျော်ကုန်း ဘယာစီယာကုန်းလို တပ်မတော် စကားရပ်မှာတွင်ခဲ့သူခမရ၂ကိုတည်ထောင်ခဲ့သူ လေးစားစွာလက်တင်အလေးပြုပါသည်
( Kyaw Myo Wai )
စွမ်းဆောင်ရည်အပြည့်ရှိသော ဇွဲသတ္တိလုံလဝရိယနှင့် ပြည့်စုံသော ဦးဆောင်မှုပေးနိုင်သော ခေါင်းဆောင်ကြီးDG ဦးအံ့ကျော် စိတ်ရော ကိုယ်ရော အနားယူ သွားပြီပေါ့ အများအတွက်ရှေ့တန်းတင်စဉ်းစား လုပ်ဆောင်ပေးတဲ့ ကောင်းမှုများကြောင့် ကောင်းရာသုဂတိကိုရောက်ရှိပါစေ
( Daw Khin Wynn )
နာယကသူမွန်
ပုဂ္ဂိုလ်ချွန်သို့
အသက်စည်းစိမ်း
ခန္ဓာအိမ်ကား
တိမ်တစ်ခဲနက်
ကြည့်ရင်းပျက်သို့
ဖြစ်တတ်လှစွာ
ဓမ္မတာမို့
သူလဲဖြစ်ပျက်
ကိုယ်လဲဆက်လို့
ပျက်အုန်းမှာလေ
သံဝေဂတင်
ဖြစ်ပျက်စင်ပေါ့
သို့သော် သို့သော်
မပျက်ခင်လေး
ဇာတိသွေးဖြင့်
မြို့သူမြို့သား
နယ်သူသားတို့
ကိုယ်ရောစိတ်ပါ
လွန်ချမ်းသာဘို့
မျော်မှန်းအပြီး
လုံ့လကြီးစွာ
ဇာတိချက်ကြွေ
မွေးရပ်မြေကို
ကျန်းမာ ပညာ
သာယာ စာနာ
စိတ်ထားကာဖြင့်
ရွှေခယ်သားကြီး
အပြီးဖယ်ခွာ
စိတ်အေးစွာဖြင့်
လိုခရီးကို
သွားတိုင်းရောက်စေ
ဆုတောင်းပေ၏
ရောက်တိုင်းလှစေ
မေတ္တာ ဝေ၏
( သိပ္ပံ-အရှင်ဇဝန )
ဝါးခယ်မမြို့လေးကို လှပတိုးတက်စေချင်သူ ဝါးခယ်မမြို့အ
ပေါ် ချစ်ခင်သံယောဇဉ်ကြီးသူ ဝါးခယ်မဖွားသားငယ်သမီး
ငယ်လေးများရဲ့ စာရိတ္တ ပညာ ကျန်းမာ အစဉ်တိုးတက်
ရှင်သန်စေချင်သူ ဝါးခယ်မမြို့ရှိ လူငယ်လေးများရဲ့ရင်ထဲ
ကို ပရဟိတ ဆိုတဲ့စိတ်ဓါတ်ကို ရိုက်သွင်းပေးခဲ့သူ ဝါးခယ်
မအတွက်ဆိုအမြဲရှေ့ မှမားမားမတ်မတ်ရပ်တည်ခဲ့သူ
ဘဘ ဦးအံ့ကျော် ယနေ့နံနက် ၆း၁၅ နာရီအချိန်မှာ
သူချစ်တဲ့ မိသားစု သူချစ်တဲ့ ဝါးခယ်မ တို့နဲ့ လမ်းခွဲထွက်ခွာသွားခဲ့ပါပြီ အဘ ပြုခဲ့သမျှကောင်းမှု
ကုသိုလ်တွေနဲ့ မာရ် ဖိုလ် နိဗ္ဗာန်ကို အရောက်လှမ်းနိုင်ပါစေ
( Aung Tun Khaing )
သူလိုလူ
အေးမြစေချင်သူ။
အခြေမြင့်စေချင်သူ။
တည်ထောင်ပေးခဲ့ သူ။
အရွေးမမှားရအောင်
မတည် ထည်ထောင်စေခဲ့သူ။
ပူးတွဲ ဖန်တီးစေခဲ့ သူ။
သူလိုလူ.....
အလင်းပြစေနိုင်သူ။
ကမ္ဘာမြေကြီး မပျက်ပါဘူး။
ပျက်စီးသွားတာက....
သူလိုလူ...
လူသာသေမယ်
"လူ"
( Phyo Wai )
( Kyaw Myo Wai )
( Daw Khin Wynn )
နာယကသူမွန်
ပုဂ္ဂိုလ်ချွန်သို့
အသက်စည်းစိမ်း
ခန္ဓာအိမ်ကား
တိမ်တစ်ခဲနက်
ကြည့်ရင်းပျက်သို့
ဖြစ်တတ်လှစွာ
ဓမ္မတာမို့
သူလဲဖြစ်ပျက်
ကိုယ်လဲဆက်လို့
ပျက်အုန်းမှာလေ
သံဝေဂတင်
ဖြစ်ပျက်စင်ပေါ့
သို့သော် သို့သော်
မပျက်ခင်လေး
ဇာတိသွေးဖြင့်
မြို့သူမြို့သား
နယ်သူသားတို့
ကိုယ်ရောစိတ်ပါ
လွန်ချမ်းသာဘို့
မျော်မှန်းအပြီး
လုံ့လကြီးစွာ
ဇာတိချက်ကြွေ
မွေးရပ်မြေကို
ကျန်းမာ ပညာ
သာယာ စာနာ
စိတ်ထားကာဖြင့်
ရွှေခယ်သားကြီး
အပြီးဖယ်ခွာ
စိတ်အေးစွာဖြင့်
လိုခရီးကို
သွားတိုင်းရောက်စေ
ဆုတောင်းပေ၏
ရောက်တိုင်းလှစေ
မေတ္တာ ဝေ၏
( သိပ္ပံ-အရှင်ဇ၀န )
( Aung Tun Khaing )
#ဒီတခါတော့တောင့်မခံနိုင်တော့ပါလား?
တပ်မတော်မှာတပ်ရင်းမှူးတာဝန်ထမ်းဆောင်ရင်းရွတ်ရွတ်ချွန်ချွန်တိုက်ပွဲဝင်ခဲ့သူ၊
(အံ့ကျော်ကုန်း)ဆိုတဲ့နာမည်တလုံးမြန်မာပြည်မြေပုံပေါ်မှာကဗျည်းတင်စေခဲ့သူ၊
အိုးအိမ်ဦးစီးဌာနမှာညွှန်ချုပ်ရာထူးအထိထူးခြားစွာမှတ်တမ်းတင်နိုင်ခဲ့သူ၊
ဝါးခယ်မမြို့နယ်အသင်း(ရန်ကုန်)ရဲ့ဥက္ကဌအဖြစ်(၅)နှစ်တိတိတာဝန်ယူပြီးအ
သင်းကြီးရဲ့ပုံရိပ်နဲ့ဝါးခယ်မမြို့နယ်ကိုတောက်ပြောင်စေခဲ့သူ၊
အသင်းဥက္ကဌတာဝန်မှအနားယူပြီးသော်လည်းဂုဏ်ထူးဆောင်နာယကကြီးအဖြစ်သူ့ရဲ့
ကိုယ်ပိုင်အချိန်နဲ့ဘဝ၊ငွေအား၊လူအား၊စိတ်ဓာတ်အင်အားတွေကိုပုံအော
အပ်နှံထားသူ၊
အချိန်နဲ့အမျှမြို့နယ်ရဲ့
လိုအပ်ချက်တွေကိုထောင့်စေ့အောင်စဉ်းစားပြီးစောင့်ရှောက်ဖြည့်ဆည်းပေးနေသူ၊
သူသေရင်လည်းသူ့သားသမီးနဲ့ညီတွေကို မြို့နယ်အကျိုးကိုစဉ်ဆက်မပြတ်ဆောင်ရွက်ပေးဘို့တာဝန်လွှဲအပ်ထားသူ၊
#သေတာမဆန်းပါဘူးဗျာကျွန်တော်သေဘို့ဖြစ်တာခနခနပဲသေမှမသေခဲ့တာ ဆိုပြီး ဝေဒနာဒဏ်ကိုစိတ်ဓာတ်ပြင်းပြင်းနဲ့တောင့်ခံနိုင်ခဲ့တ့အသင်းကြီးရဲ့စံပြခေါင်းဆောင် မီးရှူးတန်ဆောင်ကြီးဦးအံ့ကျော်ဟာဒီတခါတော့သင်္ခာရတရားကြီးကိုဘယ်လိုမှမ
လွန်ဆန်တောင့်ခံနိုင်တော့ပါလား။
ကြားရသူတိုင်းကြေကွဲဝမ်းနည်းနှမြောတသလွမ်းဆွတ်နေကြရပါတယ်နာယကကြီးခင်ဗျား။ ။
( U Myint Than )
ဝါးခယ်မမြို့ရဲ့အားအထားရဆုံးကြယ်ပွင့်ကြီးကြွေကြမြေခရပြန်ပါပြီအဘရယ်
ဝါးခယ်မမြို့သူမြို့သားအားလုံးစိတ်မကောင်းချင်းများစွာဖြင့်ကျန်ရစ်ခဲ့မှာအမှန်
ပါ
အဘရယ်စိတ်မကောင်းလိုက်တာအဘတစ်ယောက်ကောင်းရာမွန်ရာရောက်မှာအမှန်ပါပဲ
( Saya Htoo )
ဘဘကောင်းမြတ်သောဘုံဘဝတွင်
ထာဝရ နေနိူင်သွားမှာပါ
ကျွန်တော်တို့ဝါးခယ်မမြို့ရဲ့အကြီးမားဆုံး
ဆုံရှုံးမှူတစ်ခုပါပဲ 󾌺󾌺󾌺
( ထွန်း လင်း အောင် )
ဝါးခယ်မမြို့သူမြို့သားများလေးစားကြည်
ညိုအားထားရသောပုဂ္ဂိုတစ်ဦးဖြစ်၍အထူး ဝမ်နည်းကြေကွဲရပါသည်။အဘဦးအံ့
ကျော် ကောင်ရာဘုံ ဘဝမှာ ချမ်းသာ
စွာနေနိုင်ပါစေ ။
( Than Tun )
စွမ်းဆောင်ရည်အပြည့်ရှိသော ဇွဲသတ်တိ လုံလဝရိယနှင့် ပြည့်စုံသော ဦးဆောင်မှုပေးနိုင်သော ခေါင်းဆောင်ကြီးDG ဦးအံ့ကျော် စိတ်ရော ကိုယ်ရော အနားယူ သွားပြီပေါ့ အများအတွက်ရှေ့တန်းတင်စဉ်းစား လုပ်ဆောင်ပေးတဲ့ ကောင်းမှုများကြောင့် ကောင်းရာသုဂတိကိုရောက်ရှိပါစေ
( Daw Khin Wynn )
" လုပ်ခွင့်ရတုံး မှာ မလုပ်နိုင်ရင်ညံ့
ရာကျတယ်" တဲ့ဖြောင့်မတ် မှန်ကန် တဲ့ DG ကြီးရဲ့..
ခံယူချက်, ဇွဲလုံ့လ ဝီရိယ , စေတနာနဲ့ဆောင်ရွက်ချက်တွေကို .. စံနမူနာ ထားပြီး အခြေအနေ အရပ်ရပ်မှာ အကောင်းဆုံး ကြိုးပမ်း
ဆောင်ရွက်ပါ့မယ် ..။
DG ကြီး ဦးအံ့ကျော်သို့ ...နှလုံးသားမှ ဂါရဝဖြင့် ဂုဏ်ကျေးဇူးအား အထူးအောက်မေ့လျှက်....
( Aye Aye Myint )
ပြည်သူ့ဝန်ထမ်းဘဝ စတင်တာဝန်ထမ်းဆောင်ရင်း လမ်းညွှန်မှု ခံယူရာ မှာ ဇော်ဇော်အေး၊ ဘယ်တော့မှ အပူစာ မစားပါနဲ့ အအေးစာပဲစားပါလို့ လမ်းညွှန်စကားဆိုခဲ့တဲ့ DG၊ DG လမ်းညွှန်ချက်ကို ယနေ့ထိတိုင် ရင်မှာအမှတ်ထားလို့ လိုက်နာဆောင်ရွက်ဆဲပါ DG
( Zaw Aye )
မှန်မှန်ကန်ကန် မျှမျှတတ ထိုးတိုးထွင်းထွင်း ဆောင်ရွက်လမ်းပြခဲ့သည့် ခေါင်းဆောင် ကွယ်လွန် သည့်အတွက်များစွာဝမ်းနည်းရပါသည် ၊ DG ကောင်းရာဘုံဘဝရောက်ရှိမည်ဟုယုံကြည်ပါသည်
( Moe Thida )
အိုးအိမ်အတွက်သမိုင်းမှတ်တိုင်တစ်ခုစိုက်ထူပေးခဲ့သောစံပြခေါင်းဆောင်ကောင်းတစ်ဦးပါ..
လူသေသော်လည်းနာမည်မသေပါ..DGကြီးရဲ့သြဝါဒများအမြဲ
မမေ့မလျော့လိုက်နာကျင့်သုံးလျက်ရှိပါတယ်..စေတနာထားဆောင်
ရွက်ပေးခဲ့သောကောင်းမှုကုသိုလ်များကြောင့်ကောင်းရာသုဂတိရောက်ရှိနေပြီဟုယုံကြည်ပါတယ်..with heartfelt condolences😔💔
( Mya Thu Zar )
ဝါးခယ်မမြို့နယ်အသင်း(ရန်ကုန်)ရဲ့ဥက္ကဌအဖြစ်()နှစ်တိတိတာဝန်ယူပြီးအ
အပ်နှံထားသူ၊
( U Myint Than )
ပါ
( Saya Htoo )
ထာဝရ နေနိုင်သွားမှာပါ
( ထွန်း လင်း အောင် )
စွာနေနိုင်ပါစေ ။
( Than Tun )
( Daw Khin Wynn )
ဆောင်ရွက်ပါ့မယ် ..။
( Aye Aye Myint )
( Zaw Aye )
( Moe Thida )
( Mya Thu Zar )
ဌာနကို မြှင်တင်ပေးခဲ့တော့ DG ဦးအံကျော် အား အထူူးရိုသေလေးစားလျက်ပါ ကောင်းရာသုဂတိဘုံရောက်ပါစေ မသေခင်ကအိုးအိမ်ဝန်ထမ်းများနှင့် တွေဆုံခဲ့တာသတိရမိပါတယ်DG
( ဘာ လာလာ တိုင်း )
ဟုတ်တယ်မကြီး
ကိုယ်လုပ်ခဲ့ရတဲ့အလုပ်တွေမှာ
DG ကြီးရဲ့ဆုံးဖြတ်ချက်တွေကိုအတု
ယူခဲ့တာ။
( Cho Cho )
ဘေး နံ အထက်အောက် အစိုးရပိုင်းနှင့်ပြည်သူ
လွန်စွာ သမမျှတအောင် ဆောင်ရွက်တတ်သော
ပုဂ္ဂိုလ်ဖြစ်ကြောင်းဆက်ဆံဘူးသူတိုင်းသိပါသည်
( Khin Mg Kyaw )
အဘရဲ့သမိုင်းကဘယ်တော့မှမသေပါဘူး
တန်ဘိုးမဖြတ်နိုင်သောမြင့်မိုလ်တောင်ကြီးပါ
( Ayeaye Khing )
သူ့ကြောင့်ဝန်ထမ်းတွေအိုးပိုင်မြေပိုင်နဲ့နေကြရတာပါ လေးစားလျက်
( Moe Ko Oo )
RIP ပါ ဦးအောင်မင်း ကောင်းရာသုကတိရောက်မှာပါ လူပင်သေသော်လည်းနံမည်မသေသည့် မြန်မာ့တပ်မတော်၏စစ်သူရဲကောင်း 
တစ်ဦးပါ အံ့ကျော်ကုန်း ရာသက်ပန်ရှိနေမှာပါ ရဲသော်မသေ သေသော်ငရဲမလား တဲ့
( Ye Htun )
အံကျော်ကုန်း ဆိုတာစစ်သားတိုင်း
ပါးစပ်ဖျားမှာဒီနေ့အထိရှိနေဆဲပါ
လေးစားပါတယ်ဗျာ
လောကမှာ
ပြောထုံးဖြစ်အောင်နေထိုင်ခဲ့သူကြီးရေ
( Ba Than Tin )
သူရဲ့စိတ်ဓါတ်သူရဲ့လုပ်ရပ်သူရဲ့စေတနာအံ့သြချီးမွှန်းမကုန်ဘွယ်ပါ
့ဇာတိချက်ကြွေမွေးရပ်မြေအတွက်မေတ္တာကြီးမားစွာပညာရေးကျန်းမာရေးစီးပွားရေး
လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်ရှေ့ဆောင်လမ်းပြပံ့ပိုးကူညီလှူဒါန်းပေးခဲ့သူပါ
သူမေတ္တာစေတနာဂုဏ်ကျေးဇူးတွေကိုဝါးခယ်မသမိုင်းမှာကမ္ဘာတည်သရွေ့မော်
ကွန်းတင်ကဗျည်းထိုးသွားခဲ့ပါပြီ။
ဘုရားရဟန္တာသော်မျှရှောင်လွှဲမရနိုင်တဲ့ဇာတိဇရာဗျာတိမရဏလမ်းစဉ်ကို
သူလျှောက်လှမ်းသွားပါပြီ။
နှမြောတသမဆုံးပါ
ဝါးခယ်မရဲ့ဆုံးရှုံးမှုအတွက်ဝမ်းနည်းမဆုံးပါ။
ကောင်းရာသုဂတိဘုံဘဝမှတဆင့်ဒုက္ခခပ်သိမ်းကင်းငြိမ်းရာ
မှန်မြတ်နိဗ္ဗာန်ကိုအမြန်ရောက်နိုင်ပါစေကိုအံ့ကျော်။
( Nwe Yi ) 
ဌာနကို မြှင်တင်ပေးခဲ့တော့ DG ဦးအံကျော် အား အထူးရိုသေလေးစားလျက်ပါ ကောင်းရာသုဂတိဘုံရောက်ပါစေ မသေခင်ကအိုးအိမ်ဝန်ထမ်းများနှင့် တွေဆုံခဲ့တာသတိရမိပါတယ်DG
( ဘာ လာလာ တိုင်း )
ဟုတ်တယ်မကြီး
ယူခဲ့တာ။
( Cho Cho )
( Khin Mg Kyaw )
( Ayeaye Khing )
( Moe Ko Oo )
( Ye Htun )
လေးစားပါတယ်ဗျာ
လောကမှာ
( Ba Than Tin )
နှမြောတသမဆုံးပါ
( Nwe Yi ) 
ဝါးခယ်မမြို့တင်မကပါ၊ ယ္ခ ု လက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းကိုလည်း အကောင်ထည်ဖော်ဆောင်ရွက်ပေးခဲ့
သည်ဟုလည်းမှတ်သားဘူးပါသည်။
စိတ်ကောင်းနဲ့ယှဉ် ခရီးနှင်သွားသူမို့
လူသေသော်လည်း နံမည်တစ်လုံးကျန်ခဲ့သူ
ဦးအံ့ကျော် ပင်ဖြစ်ပါကြောင်း.....
( Soe Aung )
အရမ်းပဲဝမ်းနည်းမိပါတယ် ကျွန်တော်တို့မြို့ရဲ့
ကောင်းကျိုးကိုသာအစဉ်တစိုက်လုပ်ဆောင်
ပေးခဲ့သောအငြိမ်းစားဗိုလ်မှုးကြီး အဘ
ဦးအံ့ကျော်တစ်ယောက်ကောင်းရာမွန်ရာဘုံ
ဘဝကိုရောက်ရှိပါစေ။မိသားစုနဲ့အတူထပ်တူ
ဝမ်းနည်းရပါသည်။မှတ်မိပါသေးတယ် အဘက
ပညာတော်သူကိုလည်းချီးမြှင့်မြှောက်စားခဲ့တာ
တွေကိုလေ မှတ်မှတ်ရရ ၂၀၁၁ခုနှစ်တုန်းက 
ညကျောင်းကနေတက္ကသိုလ်ဝင်စာမေးပွဲမှာ
ဂုဏ်ထူး ၁ ဘာသာရရင် ၂၀၀၀၀ဆုချီးမြှင့်မယ်
ဆိုပြီးကျောင်းသားတွေရဲ့စိတ်ကို တက်ကြွလာ
အောင် ပြောခဲ့တာတွေ အဘချီးမြှင့်ခဲ့တဲ့
ဆုငွေကို ရခဲ့ပါတယ်။အဘအား အမြဲတမ်း
ကျွန်တော်တို့ဝါးခယ်မမြို့လေးကသတိရနေမှာ
ပါ။
ဝါးခယ်မမြို့လေးရဲ့ လတစ်စင်းတိမ်ဖုံးခြင်း
မနက်ဖြန်ဆိုရင်တောင် ရက်လည်ပြီ😢😢
ကောင်းရာသုဂတိလားပါစေ ဘဘ
( True Mirror )
🙏@🙏@🙏 လူသေသော်လည်း နာမည် မသေသူ.....👍သူလို လူဖြစ်ဖို့ ဒို့များ ကြိုးစားကြမည်... 👍ဝါးခယ်မနယ်ဖွား မြန်မာပြည်သား တို့ 👬👭👬👭👬👪👫👭👬👪👫👪👬👭👭👬👪👫 အစဉ်ဂါရဝပြုလျှက် 👏👏
ဝါးခယ်မမြို့အတွက် ပညာ ကျန်းမာ သာယာရေးအတွက် အစွမ်းကုန် ဖြည့်ဆည်းပေးခဲ့တဲ့ အလွန်လေးစားစရာကောင်းပြီး ၂ယောက်မရှိနိုင်တဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်ဆုံးရှုံးရတဲ့အတွက် လွန်စွာနှမြောမိပါတယ်။
အရမ်းလည်းလေးစားရတဲ့ ဘဘဦးအံ့ကျော် ကောင်းရာသုဂတိလားပါစေ။
ဆုတောင်းပေးစရာမလိုလောက်အောင်ပဲ ပြုလုပ်ထားတဲ့ကောင်း
မှုကုသိုလ်တွေကြောင့် ကောင်းရာသုဂတိလားပြီးသားဖြစ်မှာပါ။
စိတ်သဘောထားလည်းကောင်း ဝါးခယ်မမြို့ကိုလည်း လွန်စွာချစ်ပြီး များစွာအကျိုးပြုသွားခဲ့တဲ့အတွက် မြို့သူမြို့သားတွေရဲ့ ကျေးဇူးရှင်တစ်ယောက်ပါ။
ခံစားခဲ့ရတဲ့ရောဂါဝေဒနာတွေကိုအံတုပြီး တတ်စွမ်းနိုင်သလောက် ပညာ ကျန်းမာ သာယာရေးတွေအတွက်ဖြည့်ဆည်းပေးခဲ့သူတစ်ယောက်ပါ။
နောက်ဆုံးခန္ဓာကိုယ်ကြီးကိုပါ ဆေးကျောင်းသူဆေးကျောင်းသား
တို့လေ့လာနိုင်စေဖို့ လှူဒါန်းသွားခဲ့ပါတယ်။
တကယ်ကိုမြင့်မြတ်သူတစ်ယောက်ပါပဲ။
( Thazin Hnin )
မီးသတ်ယာဉ်ထားစရာနေရာမလောက်လို့နောက်ထပ် 
၂ ခန်းတွဲထပ်မံလှူဒါန်းခဲ့သူ
ကောင်းရာသုဂတိရောက်ပါစေ
( U Khin Zaw )
ဝါးခယ်မမြိ ု့မေတ္တာကြယ်စင်မူကြိုကျောင်းဆောက်
လုပ်တည်ထောင်ပေးခဲ့သောဝါးခယ်မမြိ ု့နယ်အ
သင်းနာယကကြီးဦးအံ့ကျော်ကွယ်လွန်ကြောင်းသိရ၍မိ
သားစုနှင့်ထပ်တူဝမ်းနည်းကြေကွဲရပါသည် ပြုခဲ့သော
ဒါနကုသိုလ်တို့ကြောင့်ကောင်းရာသုကတိလားပါစေသား။
ဝါးခယ်မမြို့ရဲ့လမ်းပြအလှူရှင်အတွက်ဝမ်း
နည်းကြေကွဲမိပါသည်
ကောင်းရာသုဂတိရောက်ပါစေ
( စိတ်ထားဖြူစင် အဖွဲ. ဝါးခယ်မ )
အဘက အကုန်လုံးအပေါ်ကောင်းခဲ့တယ် 
ကျောသားရင်သား မခွဲခြားခဲ့ဘူး ကိုလင်းလင်းရယ် တကယ်ကိုနှမြောဖို့အကောင်းဆုံးပါ ကိုလင်းလင်း မယုံနိုင်သေးဘူးဗျာ
( Yadanar Yadanaroo Oo )
( Soe Aung )
ဘဝကိုရောက်ရှိပါစေ။မိသားစုနဲ့အတူထပ်တူ
ဝမ်းနည်းရပါသည်။မှတ်မိပါသေးတယ် အဘက
ဆုငွေကို ရခဲ့ပါတယ်။အဘအား အမြဲတမ်း
ပါ။
😢😢
( True Mirror )
( Thazin Hnin )
( U Khin Zaw )
နည်းကြေကွဲမိပါသည်
( Yadanar Yadanaroo Oo )
သမီးတို့ဘဝအတွက် အဖေကြီး မရှိတော့တဲ့နောက်ပိုင်းမှာ အဖေလိုကော ဦးလေးတယောက်လိုကော အမြဲရှေ့က ရှိနေခဲ့တဲ့ ဘဘ ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းရင်း ကန်တော့လိုက်ပါတယ်
( Mei Lay )
အဘလိုဒါနပါရမီဖြည့်နည်း လှူ
နည်း အားလုံးနည်းနာယူတတ်
ကြပါစေ။
အဘရဲ့ဒါနပါရမီမျိုးစေ့ကြောင့်
ရောက်လေရာဘုံဘဝမှာအကျိုး
ပေးမြန်နိ ုင်ပါစေအဘ။
( Komoe Kyaw )
သေသွားတာတောင်းမွန်မြတ်တဲ့အလျုလိုလုပ်သွားသေးတယ် ဘဘ ရယ် ဘဘ မိသားစုနဲ့ထပ်တူထပ်မျှဝမ်းနည်းရပါတယ် မြင့်မြတ်တဲ့ ဘုံဘဝကို ဘဘ တယောက် အမြန်ဆုံးရောက်ပါစေသား
( Chit Myat Noe )
ဆုံးရှံးမှုအတွက်ကြေကွဲဝမ်းနည်းနေမဲ့အ
စားသူ့လိုမြို့အကျိုုးသယ်ပိုးပေးနိုင်မဲ့သူ
တွေနောက်ထပ်များများပေါ်ပေါက်ဖို့
လိုနေပါပြီ
( Min Thit )
( Mei Lay )
ကြပါစေ။
ပေးမြန်နိုင်ပါစေအဘ။
( Komoe Kyaw )
( Chit Myat Noe )
စားသူ့လိုမြို့အကျိုးသယ်ပိုးပေးနိုင်မဲ့သူ
လိုနေပါပြီ
( Min Thit )
ဆက်စပ်ဖတ်ရှုနိုင်ပါရန်
No comments:
Post a Comment