Thursday, November 29, 2012
ကိုတိုးႀကီၤး @ ကိုယ်ပိုင်သံစဉ်လောက၏ သူရဲကောင်းတစ်ဥိး
ဝေးသွားခဲ့တဲ့ ပန်းခရမ်းပြာ
     စကားနည်းပြီး ဘ၀ကိုအေးအေးဆေးဆေးနဲ့ ကိုယ်တွေးချင်ရာကို လွတ်လပ်စွာ တွေးတောလုပ်ကိုင်ခွင့်ရတဲ့ဘ၀ကို နှစ်သက်တဲ့ ခင်မောင်တိုးဆိုတဲ့ ဂီတငွေကြယ်ပွင့်တစ်ပွင့်ကို ၁၉၅၀ ပြည့်နှစ် ဧပြီလ ၁ ရက် နေ့ကစစ်ကိုင်းတိုင်း မော်လိုက်မြို့မှာ အရေးပိုင်မင်း ဦးခင်မောင်နဲ့ ဇနီး ဖြစ်သူ ဒေါ်ခင်လှတို့က မွေးဖွားခဲ့ပါ တယ်။ သူက မောင်နှမဆယ့်သုံးယောက် ရှိတဲ့အထဲမှာ သုံးယောက်မြောက်သားအဖြစ် မွေးဖွားခဲ့ခြင်းပါ။
    ပညာရေးကို နံပါတ်တစ်နေရာမှာထားပြီး ပညာအမွေကိုသာ အဓိကပေးချင်ခဲ့တဲ့ မိသားစုထဲမှာ ခင်မောင်တိုးရဲ့ ငယ်ဘ၀ခရီးကလည်း ပညာရေးသည်သာ ပထမဆိုတဲ့ အသိစိတ်နဲ့ ဖြတ်သန်း ကြီးပြင်းလာခဲ့သူပေါ့။  ဖခင်ဖြစ်သူ အရေးပိုင်မင်းပြောင်းရွှေ့ရာမြို့တွေမှာ လိုက်လံနေထိုင်ခဲ့ရတဲ့ ခင်မောင်တိုးက သူငယ်တန်းကနေ ဆဌမတန်းအထိကို ရွှေဘိုမြို့၊ သတ္တမတန်းနဲ့ အဌမတန်းပညာကို စစ်တွေမြို့နဲ့ အထက်တန်း ပညာအောင်သည် အထိကိုတော့ သထုံမြို့မှာ တက်ရောက်သင်ယူခဲ့သူ ဖြစ်ပါတယ်။
    ၁၉၆၅ ခုနှစ်မှာဆယ်တန်း အောင်မြင်ခဲ့တဲ့ ခင်မောင်တိုးက ၁၉၆၆ ခုနှစ်မှာ ရန်ကုန်စက်မှုတက္ကသိုလ် တက်ရောက်ခဲ့ပြီး သူ့ဘ၀ကို အင်ဂျင်နီယာတစ်ဦးအဖြစ် ရပ်တည်ဖို့ဆုံးဖြတ် ထားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် တက္ကသိုလ်ရပ်ဝန်းကို ရောက်ရှိချိန်မှာကြုံတွေ့ရတဲ့ လူငယ်တွေရဲ့ သဘာဝအတိုင်း ခင်မောင်တိုးလည်း တက္ကသိုလ်က သူငယ်ချင်းတွေနဲ့အတူ ဂီတဘက်မှာ လိုက်စားခဲ့တာကြောင့် ပညာရေးမှာ အားနည်းခဲ့ပါတယ်။  ဂီတရပ်ဝန်းထဲကို ခြေချဖို့ ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။ ဒီအကြောင်း တွေကိုခင်မောင်တိုးက ..Eleven Media နဲအင်တာဗျုးမှာ.....
" RIT ရောက်တော့ အချိန်တန်ရင် အင်ဂျင်နီယာဖြစ်သွားမယ်လို့ပဲ တွက်ခဲ့တာ။ဒုတိယနှစ်မှာအဆောင် နေတာဆိုတော့ သူငယ်ချင်းတွေနဲ့ ဂီတပိုးကထလာပြီး ဂီတလုပ်တဲ့အ ချိန်ကပိုများလာတယ်။ စတီရီယို သီချင်းတွေပေါ်လာတော့ လုပ်စရာ တွေပေါလာပြီး ဂီတာလိုင်းဘက် ကူးဖြစ်တယ်။ အဲဒီမှာကိုယ့်ပုံစံတစ် ခုမွေးဖွားဖို့အကြောင်းပေါ်လာတယ်။ အဲဒီတုန်းက RIT မှာ ကိုရဲလွင်နဲ့တွဲပြီး စမ်းသပ်လုပ်ကြည့်လို့ ရလာတယ်။ ကျောင်းက ထွက်ပြီးတဲ့နောက်မှာ ရပ်တည်စရာတစ်ခုကို ရှာမယ်ဆိုတော့ တကယ်ယုံကြည်စိတ်ရှိတဲ့ ဂီတကိုအသက်မွေးဝမ်းကြောင်း တစ်ခုအနေနဲ့ မဟုတ်ပေမယ့် ဘာမှလုပ်စရာမရှိတဲ့ အချိန်မှာ ဂီတထဲမှာပဲ အသိုင်းအ၀ိုင်းနဲ့နေပြီး ခိုင်မာအောင် လုပ်ဖို့များသွားတာပေါ့" လို့ ဖွင့်ဟခဲ့ပါတယ်။
   အဲဒီလို ဖြတ်သန်းမှုတွေရှိခဲ့တဲ့ ခင်မောင်တိုးက ၁၉၇၃ခုနှစ်ဝန်းကျင်မှာတော့ ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးအဖြစ် 'ကျေးဇူးတင်တယ် ကမ္ဘာကြီးရယ်' တေးစီးရီးကိုထွက်ရှိ နိုင်ခဲ့ပါတယ်။ အဲဒီနောက် ရင်ခုန်နေတဲ့ အိပ်မက်များ' ဒုတိယစီရီးထွက်ရှိ ခဲ့ပါတယ်။ ၁၉၇၉ခုနှစ်မှာ ကိုရဲလွင်၊ ကိုဇော်မျိုးထွဋ်၊ ကိုမောင်မောင်၊ ကိုနေ၀င်းတို့နဲ့အတူ 'လိစ္ဆ၀ီ' ဆိုတဲ့ တေးဂီတ၀ိုင်းကို ဖွဲ့စည်းခဲ့ပါတယ်။ တေးစီးရီးဖြန့်ချိစကနေ မျက်သွယ် တေးစီးရီးထွက်ရှိချိန်ထိ ကော်ပီတေး သီချင်းများ ရောယှက်မှုရှိနေခဲ့တဲ့ ခင်မောင်တိုးက ၁၉၇၉ ခုနှစ်မှာထွက်ရှိတဲ့ 'အဉ္ဇလီအတွက် ဂီတအဉ္ဇလီ' တေးစီးရီးကို တော့ ကိုယ်ပိုင်တီးဝိုင်းနဲ့ ကိုယ်ပိုင်သံစဉ် တေးသီချင်းများအဖြစ် ထုတ်လုပ်ဖြန့်ချိနိုင်ခဲ့ပါတယ်။ ၁၉၈၃ ခုနှစ်မှာတော့  'လိစ္ဆ၀ီ' တီးဝိုင်းကို 'မဇ္ဇျိမလှိုင်း'လို့ အမည်ပြောင်းလိုက်ပါတယ်။၁၉၇၃ ခုနှစ်ဝန်းကျင်မှာ ဂီတရပ်ဝန်းထဲ စတင်ခြေချခဲ့သူ ခင်မောင်တိုးက ဂီတခရီး၃၇နှစ်အတွင်း မှာ ဂီတအလုပ်များကို ပုံမှန်လုပ်ကိုင် ရင်းလက်ရှိအချိန်ထိ တေးစီးရီး ၂၅ ခွေဝန်းကျင် ကိုထွက်ရှိပြီးဖြစ်ပါတယ်။
 "မဟာဆန်သူ"သည် ခင်မောင်တိုး၏ အအောင်မြင်ဆုံး တေးစီးရီး ဖြစ်ခဲ့သည့် အပြင် ခင်မောင်တိုးနှင့်အတူ "မဇ္ဇျိမလှိုင်း" တေးဂီတ အဖွဲ့ကိုပါ အောင်မြင်မှု ရရှိစေခဲ့ပါသည်။ ၁၉၈၅ ခုနှစ်တွင် "ကြိုးကြာသံ" တေးစီးရီး ထွက်ရှိခဲ့ပြီး ၁၉၈၆ ခုနှစ်တွင် "မျက်သွယ်" အမည်ဖြင့် လက်ရွေးစင် တေးပေါင်းစု ထွက်ရှိခဲ့သည်။ ၁၉၈၈ ခုနှစ်၌ " ရောင်စဉ် ခုနှစ်သွယ်"၊ ၁၉၉၀ ပြည့်နှစ်၌ "ဝေးခဲ့ပြီ ပန်းခရမ်းပြာ"၊ ၁၉၉၁ ခုနှစ်တွင် "လေးညှို့ရှင်" အစရှိသည့် တေးစီးရီးများ ထွက်ရှိခဲ့သည်။ 
၁၉၉၂ ခုနှစ်တွင် "ပန်းချစ်သူ" တေးပေါင်းစု ထွက်ရှိခဲ့ပြီး ထိုစီးရီး၌ ပါဝင်ခဲ့သော သီချင်းများမှာ ရုပ်ရှင်ဇာတ်ဝင် သီချင်းများ ဖြစ်ပါသည်။ ၁၉၉၃ ခုနှစ်တွင် "ပန်တော်ဦး"၊ ၁၉၉၄ ခုနှစ်တွင် "မြစ်တစ်စင်း ဖြစ်တည်မှု" ထွက်ရှိခဲ့ပြီး ၁၉၉၄ ခုနှစ်မှာပင် Live 94 (Live Show) နှစ်ခွေတွဲ ထွက်ရှိခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် "ရည်ရွယ်သူ"၊ ၁၉၉၆ ခုနှစ်တွင် "မှီတွယ်ရာ လွမ်း"၊ ၁၉၉၇ ခုနှစ်တွင် "လှိုင်းထက်က ခြေရာများ" အစရှိသည့် စီးရီးများ ထွက်ရှိခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် "ရင်ခတ်အလွမ်း" တေးစီးရီး ထွက်ရှိခဲ့ပြီး ထိုစီးရီးတွင် ပါဝင်သော သီချင်းများမှာ မွန်းအောင်၏ သီချင်းများကို ပြန်လည် သီဆိုခဲ့ခြင်း ဖြစ်သည်။
၁၉၉၉ ခုနှစ်တွင် "တိတ်တခိုး" စီးရီး ထွက်ရှိခဲ့သည်။ "တိတ်တခိုး"သည် မောင်စိန်ဝင်း(ပုတီးကုန်း)၏ ကဗျာများကို ကိုနိုင်မင်းက သံစဉ် ထည့်သွင်းပေးခဲ့ပြီး ခင်မောင်တိုးက သီဆိုခဲ့ခြင်း ဖြစ်သည်။
၁၉၉၉ ခုနှစ်နောက်ပိုင်းတွင် ခင်မောင်တိုး၏ တေးသီချင်းသစ် ထွက်ရှိမှု မရှိသလောက် နည်းပါးခဲ့ပြီး  ၂၀၀၇ ခုနှစ် အချိန်တွင် "ခုနှစ်နှစ်အလွန်" တေးစီးရီး ထွက်ရှိလာခဲ့ပါသည်။  "ခုနှစ်နှစ် အလွန်" သည် ခင်ဝမ်းအမှတ်တရ အနေဖြင့် ခင်ဝမ်း သီဆို အောင်မြင်ခဲ့ပြီးသော သီချင်းများကို သီဆိုခဲ့ခြင်း ဖြစ်သည်။ ထိုနောက်ပိုင်းတွင် "အကြိုက်ဆုံး မန္တလေး သီချင်းများ" တေးစီးရီး၊ သည်းဦးသစ္စာ အစရှိသည်တို့ ထွက်ရှိခဲ့ပြီး နောက်ဆုံး ထွက်ရှိခဲ့သော တေးစီးရီးမှာ " ခွန်အားဖြည့်ပါ မိငယ်" ဖြစ်သည်။ 
    "ကျွန်တော်ရဲ့ပထမဆုံး ထွက် ရှိတဲ့ စီးရီးနဲ့ ဒုတိယစီးရီးက ကော်ပီ တွေပေါ့။ စီရီးဖြန့်ချိမှုပုံစံကလည်း ဆိုင်တွေကိုကိုယ်ကိုယ်တိုင်စာအုပ် ကြီးကိုင်ပြီး လိုက်ရောင်းရတာ။  ကျွန်တော်မှတ်မိနေတာက သွင်းတဲ့စနစ်က အခုခေတ်လို စက်ပိုင်းဆိုင်ရာ ခေတ်မမီသေးတော့ တစ်ပြိုင်တည်း အသံသွင်းရတာလေ။ တစ်ယောက်မှားရင် အကုန်ပြန်သွင်းရတော့ ပင်ပန်းတယ်။ တချို့အမှားတွေလည်း လွှတ်လိုက်ရတာရှိတယ်"လို့ ခင်မောင်တိုးက ဆိုပါတယ်။
  ခင်မောင်တိုးက ၀ိုင်းရဲ့ဆည်းဆာ တေးစီးရီးနဲ့ပရိသတ် အသိအမှတ် ပြုမှုကိုရရှိခဲ့ပြီး မဟာဆန်သူ တေးစီး ရီးမှာတော့ အောင်မြင်မှုပိုမိုခိုင်မာခဲ့ သူဖြစ်ပါတယ်။ ကိုယ်လုပ်ချင်တာ ကို လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိဖို့ကိုယ် ပိုင်သံစဉ်လမ်းကြောင်းကို ရွေးချယ်ခဲ့တယ်လို့ ဆိုလာသူ ခင်မောင်တိုးပြောပြတဲ့သူ့ဘ၀ခရီးနဲ့ လမ်းမှား၊ လမ်းမှန် လျှောက်လှမ်းနိုင်မှု ဆိုတာကတော့. .
     "ဖြတ်သန်းခဲ့ခရီးကို ပြန်သုံးသပ်ရင် တက္ကသိုလ်ပြီးတဲ့နောက်ပိုင်း တစ်လျှောက်လုံးက ဂီတကိုနံပါတ် တစ်ထားတာဖြစ်တဲ့အတွက် ကျန်တဲ့ဖြတ်သန်းမှုက သမားရိုးကျပါပဲ။ ဂီတနဲ့ ပတ်သက်ပြီး ကိုယ့်ဟာကိုယ် ပြုပြင်ပြောင်းလဲလာခဲ့တာ သက်တမ်း တစ်လျှောက်လုံး မှားတယ်လို့ မတွက်မိဘူး။ တစ်ခုလုပ်လိုက်တိုင်း အတွေ့အကြုံတွေ အများကြီးရတယ်။ အဲဒါတွေကို အခြေခံပြီးပုံစံသစ်တွေနဲ့ သင်ယူရတဲ့သဘော ရှိပါတယ်။ ကျွန်တော့်အမြင်က ဂီတကြောင့်လူတွေဟာ လောကအမြင်မှန်နဲ့ နီးစပ်တယ်လို့ထင်တယ်။ ကျွန်တော်ဘ၀ ဖြတ်သန်းချင်တဲ့ပုံစံက မြတ်စွာဘုရား ဟောကြားသလိုလူတွေက မွေးပြီး သေသွားမယ့်သူတွေ ဖြစ်ပေမယ့်   ကြားထဲမှာ သံသရာဆိုတာရှိတယ်။ ဒီဘ၀လုပ်နေတဲ့ အလုပ်တွေအကုန်လုံးက သံသရာတစ်လျှောက်လုံးကို အထောက်အကူဖြစ်တဲ့ ပုံစံမျိုးရှိရမယ်ဆိုတော့ ရိုးရိုးသားသားနေလို့ရတဲ့ ဂီတအလုပ်က ကျွန်တော့်ဘ၀အတွက် အင်မတန်သင့်တော်ပါ တယ်" လို့ သုံးသပ်ပြောပြခဲ့ပါတယ်။
 အဆိုတော် ခင်မောင်တိုးသည် ပြီးခဲ့သည့် ရက်များအတွင်းကပင် စင်ကာပူနိုင်ငံ သို့ ရောက်ရှိနေပြီး အသည်းကင်ဆာရောဂါ အတွက် ဆေးကုသမှု ခံယူနေခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ဆေးကုသမှု ခံယူနေရင်း နိုဝင်ဘာလ ၈ ရက်နေ့က သတိလစ်မှု ဖြစ်ပေါ်ခဲ့ကာ ကွယ်လွန်သွားကြောင်း သတင်းများ Facebook ပေါ်တွင် ပျံ့နှံ့ခဲ့သော်လည်း ယင်းသတင်းများမှာ ကောလာဟလ များသာ ဖြစ်ခဲ့သည်။ နိုဝင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး အဆိုတော် ခင်မောင်တိုး၏ ကျန်းမာရေး အခြေအနေမှာ တိုးတက်မှု ရှိခဲ့ကာ ပြန်လည် သတိရချိန်တွင် မိသားစုဝင်များအား စကား တစ်ခွန်းစ၊ နှစ်ခွန်းစ ပြောနိုင်ခဲ့သည့် အပြင် သူ့အနားတွင် ရှိနေသော သူများ အားလုံးကိုလည်း မှတ်မိသည့် အခြေအနေ ရှိခဲ့ သည်။ စင်ကာပူတွင် ရောက်ရှိနေသော တေးသံရှင် ဂျေမောင်မောင် မှ ရန်ကုန်မှ မိတ်ဆွေ များဆီသို့ ဖုန်းဆက် အကြောင်းကြားခဲ့ကြောင်း သိရသည်။ " စကား ပြောနိုင်ပြီ၊ ပုတီးတွေတောင် စိပ်နိုင်ပြီဟု" တေးသံရှင် ဂျေမောင်မောင်နှင့် ဖုန်းအဆက်အသွယ်ရရှိခဲ့သော မိတ်ဆွေများ ကပြောကြားခဲ့ကြသည်။ ဒါ.အပြင် စန္ဒယား အောင်ဝင်းကကိုတိုးနဲ့  တိုက်ရိုက် စကားပြောဖို့  သူ့ အိမ်မှာ ၃ ယောက် တပြိုင်တည်း ပြောနိုင်အောင် စီစဉ်ပေးတဲ့သူက၊ ခင်ဗျားတို့  မှား ကုန်ပြီ။ ကိုတိုး ကွယ်လွန်ပြီ ဆိုတာ လုံးဝ မဟုတ်ပါဘူး။ ယခု မနက်မှာဘဲ စင်္ကာပူ ဆရာတော်ကြီးအား သင်္ကန်းကိုယ်တိုင် ကပ်လှုပြီးတရားနာ သာဓုခေါ်နိုင်ကြောင်း ဖုန်းခေါ်လာပါတယ်။ ကျနော်တို့  အလွန် အံ့အားသင့်ရပါတယ်။ မြန်မြန်ပြန်ရေးပါလို့  ဖုန်းခေါ်လာပါတယ်။ အဲဒီတော့ ဒီထက်သေခြာတာ မရှိတော့ပါဘူး။ ဖုန်းချပြီးတာနှင့် ကျနော် ဒီစာရိုက်တင်လိုက်ပါတယ်ဟုဆိုကာ ၁၀ ရက် နေ.က သတင်းဖြန်.ဝေပေးခဲ့သော်လည်း
နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။
 ခင်မောင်တိုးသည် ပထမစီးရီး "ကျေးဇူးတင်ပါတယ် ကမ္ဘာကြီးရယ်" မထွက်ရှိမီ အချိန်ကပင် ဒေါ်ဝေေ၀ခိုင်နှင့် လက်ထပ်ခဲ့ပြီး သားကြီးမင်းမင်းဦး၊ သားလတ် အောင်ပန်းဦးနဲ့ သမီးငယ် ဝေနှင်းခိုင်ဆိုတဲ့ သားသမီးသုံးဦး  ရှိခဲ့ပါသည်။
   အဆိုတော် ဦးခင်မောင်တိုး၏ ကြွင်းကျန်သော ရုပ်ခန္ဓာ အား စင်ကာပူ စံတော်ချိန် ညနေ ၃ နာရီ မိနစ် ၄၅ အချိန်တွင်
 မွန်ဒိုင်းသုဿန၌် သဂြိုလ် ခဲ့ပါသည်။ကိုခင်မောင်တိုး ကွယ်လွန်သွားခဲ့တဲ့အတွက် အနုပညာရှင်များရဲ့ ဝမ်းနည်းစကာသံများကို ပေါ်ပြူလာဂျာနယ်တွင် အောက်ပါအတိုင်းဖ်ာပြပေး ခဲ့ပါသည်။
"ထွန်းအိန္ဒြာဗိုလ်"
မိသာစုနဲ့ ထပ်တူဝမ်းနည်းပါတယ်။အခုလိုကြွေလွင့် သွားတယ်ဆိုတာ ဂီတလောကအတွက်ဆုံးရှုံးမှုတစ်ရပ်ပါပဲ။
"ဓိရာမိုရ်"
ဦးတိုးကြီးကတကယ် အနုပညာရှင်တစ်ယောက်ပါ။သူက ကိုယ်ပိုင် သံတစ်ခုနဲ့ ရပ်တည်ခဲ့တဲ့သူပါ၊ အနုပညာရှင်တွေရဲ့ လေးစားမှုလည်းရခဲ့တဲ့သူပါ။အခုချိန်ထိ ရပ်တည်ခဲ့တဲ့သူ တစ်ယောက်အခုလို ဖြစ်သွားတဲ့အတွက် စိတ်မကောင်းပါ ဘူး။သူလို လူမျိုးကရှားပါတယ်။
"သျှီ"
ဦးတိုးက သမာသမတ်ကျတယ်။ အဲဒီသူရဲ့ သမာသမတ်က အင်မတန် အံ့သြဖို့ ကောင်းတယ်။ အခုလိုမျိုးဖြစ်သွားတဲ့ အတွက် ဂီတလောကအတွက် ဆုံးရှုံးမှုတစ်ရပ်ပါပဲ။
"ဆုန်သင်းပါရ်"
ကိုယ်လောကသား တစ်ယောက်လျော့သွားတဲ့ အတွက် ၀မ်းနည်းရပါတယ်။ သတင်းဆိုးကြားရတာ စိတ်မကောင်းပါဘူး မိသားစု၊ပရိသတ်တွေနဲ့ ထပ်တူ ကြေကွဲရပါတယ်။
"ပိုးအိစံ"
ဦးတိုးကွယ်လွန်သွားတဲ့အတွက်တကယ်ကိုစိတ်မကောင်းပါဘူး။
"ကော်နီ"
စိတ်ထားမြင့်မြတ်တဲ့ ဂီတလောကက အနုပညာရှင်တစ်ဦး မရှိတော့တာသိတော့ ၀မ်းနည်းမိတယ်။ ဂီတလောက မှာဒီလို လူမျိုး တစ်ဦးဆုံးရှုံးသွားတော့စိတ်မကောင်းဖြစ်မိတယ်
Ref; Eleven Media Group,ရွှေမြန်မာ Media Group,Popular News,Moethihaaung Blogspot
မြို.လေးရှိ နှစ်ပေါင်း ၁၅၀ ပြည်.တော.မည်. ရှေးဟောင်း ချစ်တီးဘုရားကျောင်း
ဝါးခယ်မ အနောက်ပိုင်း မင်းပိုင်းရပ်ကွက် မြူရုံး လမ်းမကြီး ဘေးတွင် ကပ်လျှက် တည်ရှိပါသည်... ကျောင်းကြီး တက်ဖူးသူတိုင်း အတွက်တော. ဖြတ်သွားနေကျ နေ.စဉ်မြင်နေကျ အဆောက်အဦး တစ်ခုပင်...ချစ်တီးဘုရား ပွဲ ရက်ဆိုလျှင်တော. ယောင်္ကျားလေး တော်တော်များများ လူငယ်ဘ၀က သတ်သတ်လွတ် ချစ်တီးထမင်း ၀င်စားဖူးကြသည်.. ဘုရားလှည်.ပွဲနေ. ကျောင်းထဲ ၀င်ကြည်.ဖူးကြသည်.... ခေါင်းလောင်းသံများ....ပြင်းရှရှ မွှေး ရနံ.များကတော. ဘုရားကျောင်း သင်္ကေတ တစ်ခုအလားပင်....တကယ်တော. ထိုဘုရားကျောင်းသည် ကျောင်းအတွင်းတွေ.ရသော ဆိုင်းဘုတ်အရ ၁၈၆၇ တွင် တည်ထောင်သည်ဆိုတော. အထက်မြန်မာပြည်တွင် သီပေါမင်းပင် ပါတော်မမူသေးပေ..ခုဆို နှစ် ၁၄၅ နှစ်...ကျောင်းအတွင်း ပန်းချီ ပန်းပု ကျောင်းအပြင် ပန်းပု လက်ရာ အဆောက်အဦး ပုံစံတို.ကအစ ရှေးလက်ရာအတိုင်းပင်...
.ကျောင်းအ၀င်ဝတွင်တော. ချစ်တီးဘုရားကျောင်းတို.ထုံးစံအတိုင်း ရုပ်ဆိုးဆိုး တင်းပုတ်ကိုင် အစောင်.ရုပ်တု ကြီးများရှိသည် (ငယ်စဉ်ကတော. ကြောက်မိသလိုပင်)..ထိုသံတံခါးကို ဖြတ်ဝင်ပြီးနောက် အေးမြ စိမ်းစိုသော သစ်ပင် အုပ်အောက်မှ ဘုရားကျောင်း....ကျောင်း ဘုံအထွဋ်ကတော. ရှေးအိန္ဒိယ ပညာရှင်တို.၏ လက်ရာအတိုင်း သို.သော် ကာလတာရှည်လာခြင်းကြောင်. အတန်ငယ်တော.ယိုယွင်း လာနေသော်လည်း ရှေးလက်ရာအစစ်ဆိုသော ဂုဏ်ပုဒ်နှင်. ခန်.ထည်နေသယောင်.... ကျောင်း၏ မူလဆိုင်းဘုတ်ဖြစ်ပုံရသော ဆိုင်းဘုတ်တစ်ခုက အတွင်းဆောင် ၏ အပြင်ဘက်နံရံထက်မှာ
 ..နာဂရသယ်န်ဒါယူသပါဏီ....ဟူသောကျောင်းနာမည် နှင်. ...ခုနှစ်က ၁၈၆၇ ခုနှစ်........ကျောင်းအ၀င်သစ်သားတံခါးကတော. သက်တမ်းရာချီနေတာတောင် သုံးလို.ရနေသေးသည်...ပတ္တာက ကြေး ...တံခါးဖွင်.၀င်လိုက်တော. အထဲမှာက အေးမြနေသည်..ဘုရားပွဲချိန်မဟုတ် မနက်ပိုင်းလည်းဖြစ် ဆိုတော. တိတ်ဆိတ် အေးချမ်းနေသည်...လှမ်းမြင်ရသည်က ဘယ်ဘက်ခြမ်းတွင် ကြေးခေါင်းလောင်းများ...သေချာကြည်.တော.ခေါင်းလောင်းတွဲချိတ်ထားသည်က ဆင်ရုပ်တုလေးများ ထင်သည်....
အပေါ်နံရံထက် ပတ်လည်တွင်တော. ယုံကြည်ကိုးကွယ်မှု ဆိုင်ရာပန်းချီကားချပ်များ.....ရှေးဂေါပက ဖြစ်ပုံရသော ဓါတ်ပုံအချို.လည်းတွေ.ရသည်.... ၀င်ပေါက်နှင်.တည်.တည်. တွင်တော. ဆင်းတု တည်ရှိသော ဂန္ဓကုဋီတိုက် လုံခြုံမှု အခိုင်အမာပြုလုပ်ထားသည် ကပ်လျှက် အပြင်ဘက်တွင်တော. ကျောင်းဆောင် နှစ်ခု ဘယ်ဘက်ကျောင်းဆောင်အတွင်းတွင်တော. ဂေါတမ မြတ်စွာဘုရား ဆင်းတုတော်.........ကျောင်းဆောင် နှစ်ခုလုံး၏ အပေါ်တွင်တော. ဥဒေါင်းပုံ မျောက်မင်းပုံတို.အပြင် အခြား အိန္ဒိယ လက်ရာများ............
အတွင်း ဂန္ဓကုဋီတိုက် ထောင်.ချိုးပုံတို.ကလည်း စိတ်ဝင်စားဖွယ် ဗိသုကာဟန်များနှင်. ...ထို.ပြင် အထွဋ်မှ ကျဆင်းလာသော ရေများဆင်းရန် ရေဆင်းမြောင်း တစ်ခုကိုလည်းတွေ.ရသည်...ယိုယွင်းမှုအချို. ရှိနေပြီး ပြင်ဆင်ရန်ညှိုနှိုင်း နေသည်ဟုသိရ ပါ သည်
တကယ်တော.ဒီနေရာဟာ အရင်ကတော. လည်ကွင်းတွေပါတဲ့...ဒါကိုအဲဒီအချိန်က မြန်မာပြည်အောက်ပိုင်းကို ၀င်ရောက် ပြီးစီးပွားရှာနေကြတဲ. ချစ်တီး ၄၀ ခန်.ဟာ ဘုရားကျောင်းဆောက်မယ်ဆိုပြီး အဲဒီလယ်ပိုင်ရှင် ချစ်တီး ဆီကနေ ၀ယ်ယူတာပါ...အဲဒီဝယ်ယူသူတွေက သူတို.အစဉ်အလာအရ ဘုရားပွဲ လုပ်လေ.မရှိပေမယ်. လယ်ပိုင်ရှင် ရဲ.ဆန္ဒအရ ဂတိပြုခဲ့မှ ၀ယ်ယူခွင်.ရခဲ့တာလို.သိရပါတယ်...အဲဒီကျောင်းကိုဆောက်တော.လည်း အိန္ဒိယ ကပညာရှင်တွေခေါ်ဆောက်ခဲ့တာပါ...ဒါနဲ.ပတ်သက်လို. သိပ်မကြာခင်မှာပဲတွေ.ရပါတယ်.ကျောင်းတိုင်တစ်ခုရဲ.ထိပ်ဘက်နားကိုကြည်.လိုက်တော.ပန်းချီတစ်ခု (ဆီဆေးလို.ထင်ပါတယ် ) တွေ.ရပါတယ် ...ကိုးကွယ်မှုဆိုင်ရာ မယ်တော် ရုပ်တုတစ်ခုပါ...နောက်တစ်တိုင်မှာတော. ချန်ဒရာ ဘို.စ် ရဲ.ပုံကိုတွေ.ရပါတယ်...နောက်တစ်တိုင်မှာတော. အိန္ဒိယရဲ. အမျိုးသားခေါင်းဆောင် တစ်ဦးဖြစ်တဲ. မဟတ္တမဂန္ဓီ ရဲ.ပုံကို သူ.ရဲ.နာမည်ကျော် ရိုးရာဝတ်စုံနဲ.အတူတွေ.ရပါတယ်...လက်ရာအရလည်း သက်တမ်းရာကျော်ပန်းချီ တစ်ခုဖြစ်သလို နိုင်ငံရေးအရလည်း လေးစားဖို.ကောင်းသူတစ်ဦးပါ
ကျောင်းရဲ.မျက်နှာကြက်မှာတော. ဗြဟ္မဏ ၀ါဒီတွေရဲ. မျိုးဆက် ဖြစ်တာနဲ.အညီ နက္ခတ်တာရာတို.ရဲ. ပုံတွေကိုတွေ.ရပါတယ် ပြီးတော. ကြမ်းပြင်တစ်နေရာမှာတော. ဟိုးတုန်းထဲက တပ်ဆင်ထားတာဆိုတဲ.ကြွေပြားခင်းလေးတစ်ခုတွေ.ရပါတယ် အုန်းသီးခွဲတာ..မီးဖိုတာတွေသုံးပေမယ်. မပျက်မစီး၇ှိနေတာလို.ပြောပါတယ် အရောင်စုံနဲ.အတော်လှတဲ့ ကျောက်ပြားလေးတွေပါပဲ.ဒါလဲအိန္ဒိယ ကသွင်းတာလို.သိရပါတယ်...
ဒီပင်မကျောင်းဆောင်ကြီးရဲ. ဘယ်ဘက်မှာတော. ချက်ပြုတ်တဲ. အိုးကြီးတွေ ကြေးအိုးကြေးတွေ ထားတဲ.အခန်းပါ...ချက်ပြုတ်တဲ့နေရာမှာလည်း သုံးပုံရပါတယ်...ဒါ.အပြင် ပင်မကျောင်းဆောင်၇ဲ. မျက်နှာကြက်အတွင်းပိုင်းမှာလည်း ပစ္စည်းတွေသိမ်းဖို.စနစ်တကျ ပြုလုပ်ထားပါတယ်တဲ့....ညာဘက်မှာတော. ခန်းမကျယ်ကြီးရှိပြီး ဘုရားပွဲကျမှ အသုံးပြုတာပါတဲ...ကျောင်းအရှေ.ဘက်မှာတော. ဘုရားပွဲလှည်.ရင်သုံးတဲ. လှည်းထားတဲ့အဆောင်ရှိပြီး ကျောင်းနောက်ဘက်မှာတော. ရေကန်တစ်ခု၇ှိပါတယ် 
ကျောင်းထဲကပြန်ထွက်အလာမှာတော. စိတ်ဝင်စားစရာ အကောင်းဆုံးဓါတ်ပုံတစ်ခုတွေ.ရပါတယ်... ပန်ဒစ် ဂျဟာ ၀ါလာနေရူး သမီးမစ္စ အင်ဒရာဂန္ဒီ မိသားစုပုံ ပါတဲ. ၀ါးခယ်မကို ၁၉၃၇ ဧပြီလ ရောက်ခိုက်ရိုက်ထားတာပါ နာဂစ်မှာ မူရင်းပုံ ပျက်စီးသွားလို. ပြန်ပြင်ထားတဲ့ပုံပါတဲ. သမိုင်းဝင်ဓါတ်ပုံတစ်ပုံ အဖြစ်ရှိနေတာ ဂုဏ်ယူစရာပါပဲ လို.တွေးရင်း ချစ်တီးဘုရားကျောင်းဝင်းထဲက ပြန်ထွက်လာခဲ.ဖြစ်ပါတယ်
သကျမဟာသီရိ ဘုရားကြီး စောင်းတန်း ( နတ်လမ်း )
မြို.လေး၏ ဘုရားကြီး ဟုခေါ်ကြသော သကျမဟာသီရိ ဘုရားကြီးသို.သွားလျှင်ခံ.ထည်သော တိုင်လုံးကြီးများနှင်. ၀န်းရံထားသော ချောင်းကူး တံတား ကိုကျော်လိုက်ပြီးသည်နှင်. မျက်နှာချင်းဆိုင် ရမည်က ဖြောင်.တန်းနေသော န
တ်လမ်း ဖြစ်ပါသည်...မြင်နေကျ မြန်မာနိုင်ငံတွင်း ရှိ ဘုရားအတော်များများကဲ့သို.ပင် ထိုနတ်လမ်းအဆုံးတွင်တော. ဆင်းတုတော် သိတင်းသုံးရာ ဂန္ဓကုဋီ တိုက်ရှိနေပြီး ဆင်းတုတော်၏ မျက်နှာတော်မှာ နတ်လမ်းဘက်သို. မျက်နှာမူ သီတင်းသုံးလျှက်ရှိပါသည်...(အချို.သောဆင်းတုတော်တို.မှာ နတ်လမ်းကို ဘေးတိုက်အနေအထားသိတင်းသုံးနေတော်မူလေ.ရှိသည်..ဥပမာ ပြင်ဦးလွင်..ပြည်ချစ်ဘုရား...ဇလွန်ပြည်တော်ပြန်...ကျိုက်ထို မဟာမုနိ)
ထိုစောင်းတန်းသည် အလျှား ၂၄၀ ပေ အရှည် ရှိပြီး ဖြောင်.တန်းသော မှန်စီရွှေချ ကျွန်းတိုင်များဖြင်. ထောက်မထားသော နတ်လမ်းဖြစ်ပါသည်...ဘေး ၀ဲယာ နှစ်ဖက်တွင် ဘုရားဖူးခရီးသည်များ အေးချမ်းစွာ သက်တောင်.သက်သာ နားနေနိုင်ရန် အုတ်ခုံများကို စောင်းတန်းအလျှား၏ ၄ ပုံ ၃ ပုံ ခန်.ထည်.သွင်း တည်ဆောက်ထားပါသည်.....ဘုရားရိပ် တရားရိပ်သည် အေး ချမ်းသည်ဆိုသော စကား၏ မူရင်းအဓိပ္ပါယ်မှာ ဘုရား..တရား ၏ အဆုံးအမ အကျင်.အကြံ ရိပ်အောက်ခိုလှုံ
လိုက်နာကျင်.သုံး ခြင်.ဖြင်. ဘ၀ဟာ အေးချမ်းတယ် ပူပင်ကြောင်.ကြ ကိုအလွန်အကျုး မခံစားရဘူးဆို သောအဓိပ္ပါယ် ဖြစ်သော်လည်း ဘုရား..ကျောင်း..ကန်စ သည်တို.သို. ရောက်သွား လျှင်စိတ်ရော..လူပါ ထိုက်သင်.သလောက် အေးချမ်းမှုလည်း ရတတ် သည်ကတော. အသေအချာ ဖြစ်သည်...ထိုစောင်းတန်း ကျောက်ခုံလေးများသည်တကယ်ကို အေးမြမှန်း ထိုင်ဖူးသူများသိကြပါသည်..လေ၀င်လေထွက်..အလင်းရောင် စသည်တို.က ပြည်.စံကောင်းမွန်သောကြောင်. အထူးသဖြင်. ပူအိုက်သောရာသိတွင် ထိုအုတ်ခုံလေးများ၏ အေးမြမှုကား အထူးသိသာလှသည်....တောရွာလေးများမှ နံနက်ပိုင်း ဈေးလာဝယ်ကြသူများ ကလည်း ဘုရားဖူးပြီးအချိန်ပိုလျှင် ထိုစောင်းတန်းလေးများတွင် နားနေလေ.ရှိပြီး ရွာသင်္ဘောလေးများထွက်ချိန်မှသာ ကမ်းနားသို.ဆင်းကြသည်..ခရီးဝေးမှ လာကြသူများကလည်း ကားဂိတ်မသွားခင်..သင်္ဘောဆိပ်မဆင်းခင် နားကြလေ.ရှိသော နေရာ တစ်ခုဖြစ်သည်....
ဤစောင်းတန်းလေးများ၏ လူအပြည်.ဆုံးအချိန် မှာ နှစ်ဆန်း တစ်ရက်နေ. ဘုရားကြီး ရေသပ္ပါယ်ချိန် ဖြစ်ပြီး ထိုအချိန်တွင်တော. စောင်းတန်းတစ်လျှောက် ရေသယ်ကုသိုလ်ယူကြသူများ ပြည်.နေတတ်ပြီး ဘေးအုတ်ခုံများတွင်တော. လာရောက်ကြည်.ရှုကြသူများမှာ ထိုင်ခုံများနှင်.ပင် မလောက်ပေ...
  စောင်းတန်း၏ အပေါ်ဘက် ဘယ်ညာ နှစ်ဖက်တွင်တော. ပန်းချီကားများရှိနေပါသည်....တကယ်တော.ထိုပန်ချီကားတို.၏ တန်ဖိုးကားမသေးလှ...ငွေကြေးတန်ဖိုးကိုရည်ရွယ်ခြင်းမဟုတ်ပဲ ထိုပန်ချီကားတို.ကြောင်. ရလာနိုင်သော အသိတရားတို.ကို ရည်ရွယ်ရင်းဖြစ်သည်...မြို.လေးရှိ လူ(ဗုဒ္ဓဘာသာဝင်)အားလုံးနီးပါး တို.၏ ငယ်ဘ၀ တခုတ်တရ မော.ကြည်.ကြလေ.ရှိသော.........................
အဘိုးအဘွား မိဘ သက်ကြီးရွယ်အိုတို.က ကိုယ်.သား..မြေး..မြစ် .ကလေးငယ်တို.ကို တကူးတက ပြသ ရှင်းလင်း ပြောဆိုခဲ့ကြသာ..........
ပန်းချီကား ဆိုသောအရာကို ကလေးဘ၀တွင်ပထမဆုံး မြင်တွေ.ခွင်.ရစေခဲ့သော.................
ကလေးဘ၀ကမိဘများကို အဲဒါဘာလဲဟင် လို. မေးမြန်းခွင်.ရစေခဲ့သော............
ပန်ချီကားများဖြစ်သည်..
ဝင်ဝင်ချင်း ဘယ်ဘက်ခြမ်းရှိ ပန်ချီကားများကတော. 
သာမာန်စိတ်ဝင်စားမှုမျိုးကိုသာ ပေးစွမ်းနိုင်ပြီး ညာဘက်ခြမ်းပန်ချီကားများကတော. စိတ်ဝင်စားအခံ၇ဆုံးဖြစ်သည်....ဗုဒ္ဓဘာသာဝင်တို.၏ သေလွန်ပြီး နောက် ယမမင်းထံ အစစ်ခံ၇သော ပုံနှင်. စတင်ထားပြီး ကံငါးပါး ကျုးလွန်လျှင် မည်သို.ငရဲတွင် ခံစားရမည်ကို ကံတစ်ပါးလျှင် ငရဲ တစ်ခုစီဖြင်. သရုပ်ဖော်ယှဉ်တွဲရေးဆွဲထားပြီး ငရဲကြီး ၈ ထပ်လုံး၏ ပုံကို မြင်သာအောင် ရှင်းလင်းစွာ ရေးဆွဲထားသည်.....ထိုပုံကိုကြည်.၍ မိဘတို.က သားသမီးများကို ဒီလိုလုပ်ရင် ဒီလိုခံရမယ်နော်ဟု အလွယ်တကူ ဘာသာတရား အဆုံးအမအောက် ရောက်ရှိစေ၇န် ပြသဆုံးမ နိုင်သော နေရာတစ်ခုလည်းဖြစ်သည်....
စောင်းတန်း၏ အဆုံးနား မျက်နှာကြက်တွင်တော. ခြူးပန်းခက်နွယ်တို.ဖြင်.ေ ဘာင်ခတ်ထုလုပ်ထားသော ပန်းပုရုပ် ၅ခုရှိသည်...၄ ရုပ်မှာ သာမာန် နတ်ရုပ်..လူပျံတော်..ဇော်ဂျီ စသည်တို.ဖြစ်သော်လည်း နတ်ရုပ်တစ်ခုကတော. ပြုံးချင်စရာဖြစ်သည်...ကျောင်းသားဘ၀ ကောင်လေး..ကောင်မလေးများ အဖွဲ.လိုက် ဘုရားသွားကြလျှင် ထိုအရုပ်သည် မိန်းကလေးများကို စလို.ကောင်းသောအရုပ်တစ်ရုပ်ဖြစ်ခဲ့သည်...ဂရိယဉ်ကျေးမှု ...ပြင်သစ် အနုပညာလောက စသည်တို.တွင်တော. ထိုဟန်များက ခောတ်စားလှသည်...ထိုပန်းပုရုပ်များ၏ လက်ရာရှင်ကိုတော. မသိရပါ.......
ထိုနတ်လမ်းစောင်းတန်းကြီးသည် ဘုရားကြီး၏ မူလတန်ဆောင်းတော်ကြီးနှင်.အတူ ၁၂၅၂ ခုနှစ်ခန်. (၁၈၉၀ ခန်.) ကပင် တည်ဆာက်ခဲ့ခြင်းဖြစ်ပြီး လူစင်္ကြန်..နတ်စင်္ကြန်.ဘုရားစင်္ကြန် ဟူသော ဘုံအဆင်.ဆင်.ဖြင်. တည်ဆောက်ခဲ့ခြင်းဖြစ်သည်....နှစ်ပေါင်း အတန်အကြာဝယ် ပျက်စီးမှုများ ကြုံတွေ.လာရသဖြင်.{ ၁၂၇၁ (သို.)၁၂၈၁ ...၁၉၀၉ (သို.) ၁၉၁၉ ခန်.တွင်} ဦးဖိုးမောင်..ဒေါ်သာလိတို.က စောင်းတန်းတစ်ဆောင် ဆောက်လုပ်လှုဒါန်းခဲ့ပါသည်...ဆောက်လုပ်သော ဗိသုကာမှာ ဆရာသက်ကြီးနှင်. သား ဦးစစ်ရွှေတို.ဖြစ်ပါသည်...ယခုလက်ရှိတန်ဆောင်းဖြစ်ပါသည်...ယခင် ခင်းထားသော ကျောက်သားကွက်ဖော် ကြမ်းခင်းများကို ယခုအခါ လှပသော ကျောက်ပြားများဖြင်. အစားထိုး ပြောင်းလဲ ခဲ့ရာ ပိုမိုလှပ တင်.တယ်လာပါသည်...
Friday, November 23, 2012
မြန်မာပြည်က ကမ္ဘာ.အမြင်.ဆုံး တံတား
မြန်မာပြည်မှ ကမ္ဘာ့အမြင့်ဆုံး မြင်းခုံတံတား (ဂုတ်ထိပ်တံတား)
ဂုတ်ထိပ်တံတား (Goteik viaduct) အမည်ရ တောင်ကြားဖြတ် မီးရထား သံလမ်း တံတား ရဲ့ တည်နေရာကတော့ ရှမ်းပြည်နယ် အနောက်ပိုင်း နောင်ချိုမြို့အနီးမှာ ဖြစ်ပါတယ်။
အတိအကျအားဖြင့် မန္တလေး-လားရှိုးလမ်း၊ နောင်ချိုဘူတာအလွန် ၇မိုင်အကွာတွင် တည်ရှိပါတယ်။ ပြင်ဦးလွင် နဲ့ လားရှိုး မြို့နှစ်ခုကြားက တံတားလို့လည်း နိုင်ငံခြားသားများက အလွယ်မှတ်ထားပါတယ်။
မြင်းခုံတံတားဆိုလို မြင်းတွေခုံတယ်လို့ ဘာသာပြန်ရန်မဟုတ်ပါ။ The world largest trestle လို့ အသိမှတ်ပြုထားတဲ့ တံတာဖြစ်ပြီး Trestle ဆိုတာ စတီး၊ သံမဏိ၊ သံချောင်းများဖြင့် ထောက်ခံထားသော တံတားလို့ လွယ်လွယ်ကူကူ ဘာသာပြန်နိုင်ပါတယ်။ မြန်မာအခေါ် ကတော့ မြင်းခုံ ဖြစ်ပါတယ်။
၁၈၉၉ ခုနှစ်က တည်ဆောက်ပြီး ၁၉၀၀ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။ အသုံးပြုတာကတော့ ၁၉၀၃ ခုနှစ်ရောက်မှ စတင်တယ်လို့ မြန်မာ့စွယ်စုံကျမ်းမှာ ဖော်ပြထားပါတယ်။ ဗြိတိသျှ ကိုလိုနီတို့ တည်ဆောက်ပေးခဲ့တယ်လို့ အကျမ်းဖျင်းမှတ်ယူပေမယ့် တာဝန်ယူတည်ဆောက်တာကတော့ ဗမာ့မီးရထားလမ်းကုမ္မဏီ (Burma Railroad Company) ဖြစ်ပါတယ်။ ယင်းကုမ္မဏီမှာ ဗြတိသျှ၊ မြန်မာ အင်ဂျင်နေယာများ ပါဝင်ပါတယ်။ ဦးဆောင်တည်ဆောက်သူကတော့ Sir Arthur Rendel ဖြစ်ပါတယ်။ အသုံးပြုတဲ့ အစိတ်အပိုင်းများကိုတော့ အမေရိကန်မှ တိုက်ရိုက် မှာယူထားခြင်း ဖြစ်ပါတယ်။
တံတားအရှည် ၂၂၆၀ပေ၊ တံတားအောက်ခြေမှ အမြင့် ပေ ၁၁၀၀ ရှိပြီး ပေ ၃၀၀ ကျော်မတ်စောက်သော လျှိုကြီးနှစ်ဖက်ကို ဖြတ်ကျော်တည်ဆောက် ထားခြင်း ဖြစ်ပါတယ်။ ရှမ်းဘာသာအခေါ် ငုပ်ထိပ်တံတားမှ ဂုတ်ထိပ်ဟူ၍ အမည်တွင်လာခဲ့သော တံတားဖြစ်သည်။
ယင်းတံတားကို တည်ဆောက်သည့် နည်းပညာ အဆင့်မြင့်မှုနှင့် သဘာဝပတ်ဝန်းကျင်လှပမှုတို့ကြောင့် ခေတ်အဆက်ဆက် ထင်ရှားကျော်ကြားလာသော တံတားဖြစ်ပြီး ကမ္ဘာ့အံ့ဖွယ်စာရင်းများတွင် ပါဝင်ခဲ့သည်။
ယနေ့တိုင်ထိလည်း မြန်မာပြည်၏ အမြင့်ဆုံး တံတား၊ ကမ္ဘာ့အကြီးဆုံး မီးရထားသံလမ်း တံတား (မြင်းခုံတံတား) ဟု မှတ်ကျောက်တင် ဆဲ ဖြစ်ကြောင်း သိရပါတယ်။
ခေတ်အဆက်ဆက် ပျက်ဆီးယိုယွင်းမှုများကို ထိန်းသိမ်းလာခဲ့ခြင်းကြောင့် ယနေ့တိုင် တည်ရှိနေဆဲဖြစ်သည့် Goteick viaduct သည် ကမ္ဘာလှည့်ခရီးသည်များ၏ စိတ်ဝင်စားဖွယ်၊ သွားရောက်လေ့လာဖွယ် နေရာတစ်ခု ဖြစ်ကြောင်း သိရပါတယ်။
@ Myanmar News Now
အသေးစိတ်လေ့လာရန်-
http://en.wikipedia.org/wiki/Goteik_viaduct#cite_note-1
Thursday, November 22, 2012
သမိုင်းဝင် မဟာပုည တန်ဆောင်း
လူမသိ..သူမသိ. သမိုင်းထဲကနေရာလေးတစ်ခု @ မဟာပုည တန်ဆောင်း
ဝါးခယ်မမြို.လေးရှိ ဘုရားကြီးဟုခေါ်သော သကျမဟာသီရိ ဘုရားကြီးအတွင်းသို. နတ်လမ်းတစ်လျှောက် ၀င်လာလျှင် ဘယ်ဘက်တွင် ဘုံအထွဋ် တို.ဖြင်.ဆောက်ထားသော တန်ဆောင်းတစ်ခု ရှိနေပါသည်....လှမ်းကြည်.လိုက်လ
သို.သော်ထိုအရာအားလုံးထက်စိတ်ဝင်စားစရာကိစ္စတို.က ဤ တန်ဆောင်းအတွင်းဖြစ်ခဲ့ဖူးသေးသည်....၁၉၃၅ ခုနှစ်မြို.လေးတွင် သခင်အုံးဖေ..သခင်ဟန် (ရှေ.နေ)..သခင်မဒေါ်စောစော (သခင်ဟန်.ဇနီး) တို.ကဦးဆောင်၍ လူ အနည်းငယ်ဖြင်. ၀ါးခယ်မ တို.ဗမာ အစည်းအရုံးကို စတင်တည်ထောင်ချိန်က မြို.မှလူများက စိတ်ဝင်စားရကောင်းမှန်းမသိကြသေး.....သို.သော်နောက်ပိုင်း တက်ကြွလှုပ်ရှားမှုများက မြောင်းမြခရိုင် တို.ဗမာ အစည်းအရုံးကိုပင် ၀ါးခယ်မသို.ပြောင်းရွှေ.ဖွင်.လှစ်လာရသည်အထိဖြစ်ခဲ့သည်..(မြောင်းမြမြို.သည် ထိုစဉ်က အစိုးရလခစားများ နှင်. ခရစ်ယာန် ဘာသာဝင်များသာ များပြားသောကြောင်. လယ်ပိုင်ရှင်..ကုန်သည်များသာများသော မြို.လေးသို. ရွေးချယ်ခြင်းကလည်းတစ်ချက်ဖြစ်ပါသည်)........ထိုစဉ်က နိုင်ငံရေး အထိမ်းအမှတ် တစ်ခုခုလုပ်လျှင် ဤ ပုညတန်ဆောင်းတွင်သာ
တကောင်းအဘိရာဇာ
တို.ဗမာ သာကီမျိုးဟာမို.
မညှိုးဂုဏ်တေဇာ
နောင်ဥဒါန်း ဘယ်မကျေစရာ
ကမ္ဘာတစ်ခွင်မှာဖြင်. ဗမာအထင်အရှား
တို.ခောတ်တွင်မှ ညံ.ကြတော.မှာလား
တို.ဗမာ
တို.ဗမာ မဟုတ်လေသလား တို.ဗမာ
ငါတို.ဗမာ ဒါငါတို.ဗမာ ရဲရဲဗမာပီပီ
ဗမာပြည် တို.ဗမာမို.ပါ......
...ဟူသော တို.ဗမာ သီချင်း ကိုသံပြိုင်ဟစ်ကြွေးဖွင်.လှစ်ရင်း ရှိသမျှ သခင်များစု၍ ကျင်းပကြမြဲဖြစ်သည်....
                  မဟာပုည အသင်း၏     အစောပိုင်းတည်ထောင်ကြသူများနှင်.အသင်းသားများ
ဗိုလ်အောင်ကျော် အရေးတော်ပုံကာလကလည်း ၀ါးခယ်မ အစိုးရ အနောက်ပိုင်း အထက်တန်းကျောင်း..ဦးဘိုးထင် မြန်မာစာ အလယ်တန်းကျောင်း..တို.မှကျောင်းသူ..ကျောင်းသားများခေါင်းဆောင်ကာ ကျောင်းသားသမဂ္ဂဖွဲ.စည်းပြီး (ဥက္ကဌ ..အနောက်ပိုင်းကျောင်းမှ မောင်ကိုကို က ဥက္ကဌ...ကိုလှမောင်က အတွင်းရေးမှုး)..သပိတ်စခန်းကို ထိုတန်ဆောင်းအတွင်းမှာပင် ဖွင်.လှစ် ကာသခင်ကြီး..သခင်မကြီး..လက်ရုံးတပ်သားများက မြို.တွင်းမှ ထမင်းထုပ်ကောက်ပြီး ၀ိုင်းဝန်းစောင်.ေ၇ှာက်၍ နယ်ချဲ.အင်္ဂလိပ်တို.ကိုမျိုးချစ်စိတ်အပြည်.နှင်. အံတုခဲ့ရာ နေရာလည်းဖြစ်ခဲ့ပါသည်..
သမိုင်းဆိုင်ရာအချက်အလက်တို.ကို ဆရာမကြီး ခင်နှင်းယု ရေးသားသော ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေ ၀တ္ထုတို (ရွှေရတုမဂ္ဂဇင်း) မှ အဓိက မှီငြမ်းပါသည်....
သကျမဟာသီ၇ိ ဘုရားကြီး တွင်းမှ မဟာပုည
မဟာပုညကောသလ္လတန်ဆောင်း..မဟာပုည ၀တ်အသင်း..နှင်.မဟာပုည ကျောင်း
...ထိုတန်ဆောင်းအတွင်း ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းနှင်.အတူ မဟာပုည ၀တ်အသင်းလည်း တည်ရှိပါသည်....
မဟာပုည ၀တ်အသင်းကို မည်သည်.ခုနှစ်တွင် စတင်တည်ထောင် ခဲ့ကြောင်းမသိရသော်လည်း မြန်မာနိုင်ငံလွတ်လပ်ရေး မရမှီကပင် ထိုအသင်းတည်ရှိနေခဲ့သည်ဟု ခန်.မှန်းရပါသည်...ထိုစဉ်ကပင် ၀ါတွင်းအဖိတ်နေ. ညနေတိုင်း မြို.တွင်းသို. လှည်.လည် အလှုခံပြီး ဥပုသ်နေ. နံနက်တွင် သံဃာတော်များအား အာရုဏ် ဆွမ်း ဆက်ကပ်သည်. ဓလေ. ရှိခဲ့ပါသည်....မြို.အတွင်း လှည်.လည် အလှုခံရာတွင် ရှေ.မှ နှိုးဆော် အသံချဲ့စက်...ထို.နောက်မှ အလံကိုင်အဖွဲ. ..ထို.နောက်တွင် ပန်းဗြတ်...ဆန်အလှုခံတောင်း...ချိုချဉ်ခဲဘွယ်ဘောဇဉ် နှင်. အမွေးတိုင်ဖယောင်းတိုင် များလှုဒါန်းနိုင်ရန် ဆိုင်းထမ်းများ..ကြေးစည်..ကြေးနောင် တို.ကို အစဉ်လိုက် ထမ်းပိုးသယ်ဆောင်ကာ နောက်ဆုံးတွင် ဆိုင်းအဖွဲ.ဖြင်. အလှုခံလေ.ရှိပါသည်....မြို.လေးတွင် ၀ါတွင်းကာလ အလှုခံလှည်.လည်သော အခြားအဖွဲ.များလည်း ရှိပြီး မဟာပုည အသင်း မှန်းသိသာစေသော အချက်မှာ ပါလာသော ဆိုင်းဝိုင်းမှတီးလေ.ရှိသည်. တီးလိုက်ပါတဲ.ဗုံကြီးသံ ဆိုသောသီချင်း....ခရီးပန်းတိုင်မရောက်မချင်း တစ်ယောက်ဆင်း..တစ်ယောက်တက်...ဆက်လက်ထွက်ခွာလာဆိုသော ဘ၀သံသရာ သီချင်းများ ဖြစ်သည်...နောက်ပိုင်းတွင် သဒ္ဓါ အဟုန်ကြွ..မဟာပုည ဆိုသော မဟာပုညအသင်း သီးသန်.သီချင်းလည်း အမြဲတီးခတ်သီဆိုလေ.ရှိသည်....ထို.အပြင် ကလေးငယ်များ သဘောကျလေ.ရှိသည်က မဟာပုည အသင်းလှည်.လျှင် ပါလာလေ.ရှိသော အလှုခံ နတ်ရုပ်ဖြစ်သည်...လက်ဖြင်.ပွေ.သယ်ရပြီး တစ်တောင်ခန်.ရှိထိုနတ်ရုပ်လေးများမှာ ပါးစပ်မှ ပိုက်ဆံထည်.ရခြင်းဖြစ်ပြီး 
ကလေးငယ်များအထူးသဘောကျသလို ကြောက်ရွံ.တတ်သော အရုပ်ကလေးများလည်းဖြစ်သည်.....နှစ်စဉ်မပြတ် ၀ါတွင်းကာလတိုင်းလှည်.လည်ပြီး ၁၉၈၈ ခုနှစ်လို ကာလမျိုးတွင်ပင် (ထိုစဉ်က အသင်းဥက္ကဌ ရွှေပန်းတိမ် ဦးသိန်း 
ကတာဝန်ခံလက်မှတ်ထိုးကာ)အစဉ်လာမပျက်အောင် ကြိုးပမ်းခဲ့ကြသည်.ယခင်က လူငယ်များ လူလတ်ပိုင်းများဖြင်.စည်စည်ကားကားလှည်.လည်ပွဲများပြုလုပ်နိုင်ခဲ့သော်လည်း နောက်ပိုင်းကာလများတွင် ကလေးငယ်များကိုသာ.အဓိကအားပြု၍ လူငယ်အချို.အားကိုဝန်းရံအသုံးပြုခဲ့ကြရသည်..အသင်းလှည်.ရာတွင် ယခင်က မိမိနှစ်သက်ရာအ၀တ်အစားဖြင်.ခွင်ပြုထားခဲ့ပြီးနောက်ပိုင်းတွင်ယောဂိရောင်စလွယ်တွင် မဟာပုည ၀တ်အသင်းစာသားရိုက်ထားသော စလွယ်များ ၀တ်ဆင်အသုံးပြုခဲ့သည်..ထို.နောက်လှည်.လည်ရာတွင်ပါဝင်သူအားလုံးအတွက်ယောဂီပုဆိုးကို အသင်းမှစီစဉ်ထားပေးပြီး အကျီင်္အဖြူကိုသာ အသင်းလှည်.ရာသို. ၀တ်ဆင်ခွင်.ပြုခဲ့သည်...ပုံမှန်အားဖြင်. သံဃာတော်များ..အလှုရှင်များ..အသင်းသားများအား မုန်.ဟင်းခါးဖြင်. လှုဒါန်း ဧည်.ခံကျွေးမွေးလေ.ရှိပြီး ထိုစဉ်ကာလ(၁၉၈၈ ခုနှစ်ဝန်းကျင်)က အစစရှားပါးချိန် ဖြစ်သောကြောင်. ဘဲသားဆန်ပြုတ်မျှဖြင်. လှုဒါန်းကျွေးမွေးနိုင်ခဲ့သော်လည်း ပုံမှန်လှုဒါန်းနိုင်ရန်တော. ကြိုးပမ်းခဲ့ကြသည်...သို.သော် ၂၀၁၀ ၀ါတွင်းကာလက နောက်ဆုံးလှည်.လည်နိုင်ခဲ့ပြီး ထိုအသင်း၏ တာဝန်ခံတစ်ဦး ဆုံးပါးသွားချိန်မှ စကာ ၀တ်အသင်းလှည်.ခြင်းများ ရပ်တန်.နေခဲ့ရပြီး မြို.လေးရှိ လူလတ်ပိုင်းတို.မှ ဦးစီးကာ ပြန်လည် အသက်သွင်းနိုင်ရန် ကြိုးပမ်းလျှက်ရှိနေပါသည်.....
ထို.အပြင် မဟာပုည အသင်း၏ အလှုဒါန များတွင် ဆွမ်းတော်ကြိးကပ်ပွဲသည်လည်း ထင်ရှားသော ပွဲတစ်ပွဲ ဖြစ်ခဲ့သည်...နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်း လဆန်း ၁၄ ရက်နေ.တွင် မြို.တွင်းမှ အလှုရှင်များ လှုဒါန်းသော သစ်သီး ခဲဘွယ်ချိုချဉ် ဘောဇဉ်တို.ကို မဟာပုည အသင်းသားများက လိုက်လံသိမ်းဆည်းပြီး တန်ဆောင်မုန်းလပြည်.နေ. မနက်တွင် တန်ဆောင်းတော်ကြီးအတွင်းရှိ မြတ်စွာဘုရား ကိုယ်ပွားဆင်းတုတော်ကြီးထံ ဆက်ကပ်လှုဒါန်းကြပါသည်...ဟိုးးးး ယခင်ကဆိုလျှင် တန်ဆောင်းတော်အတွင်း ဆွမ်းတော်ကြီးကပ်အတွက် လှုဒါန်းဖွယ်ရာများ လာရောက်ပို.ဆောင်ပေးသူတို.ကို အသင်းက မုန်.ဆန်းပြန်ပေါင်းနှင်. ပြန်လည်ဧည်.ခံလေ.ရှိသည်.....
၁၉၇၀ ၀န်းကျင်ပိုင်းတွင် တန်ဆောင်းတော်ကြီးအတွင်း၌ တန်ဆောင်တိုင်ပွဲတော်ကာလတွင် တရားပွဲ ပုံမှန် ကျင်းပလေ.ရှိပြီး ထိုစဉ်က သိမ်ကြီးဆရာတော် (ရန်ကုန်) မှ ၅ရက်တိုင် တရားဟောကြားလေ.ရှိပါသည်...ဆရာတော်က တရားဟောကြားရာတွင် နာယူကောင်းစေရန် ပုံတို.ပတ်စ .ရီမောစရာများဖြင်. ဟောကြားလေ.ရှိသဖြင်. ၁၂ နာရီခန်.မှ တရားပွဲပြီးလေ.ရှိသော်လည်း လူပြည်.စည်ကားစွာ နာယူကြပါသည်...ထိုစဉ်က လာရောက်တရားနာယူသူများကို ဆွမ်းတော်ကြီးကပ်မှ စွန်.သော အသီးအနှံများကိုအသင်းသားများက ဖျော်ရည်ပြုလုပ် လှုဒါန်းတိုက်ကျွေး လေ.ရှိပါသည်...ဆရာတော်ကိုဆွမ်းဆက်ကပ်ရန် မနက်ပိုင်းများတွင် ဘုရားကြီးအနီးတစ်ဝိုက်ရပ်ကွက်များသို.အသင်းသားများကဆွမ်းအလှုခံ ထွက်လေ.ရှိပြီး ဆက်ကပ်ခြင်းကို ..သီရိမင်္ဂလာဝတ်ရွတ်အသင်းတန်ဆောင်းအတွင်း ပြုလုပ်လေ.ရှိပါသည်...သို.သော် ထိုဆရာတော် ပျံလွန်တော်မူပြီး နောက်ပိုင်း မှစ၍ တရားပွဲများ ပြုလုပ်လေ.မရှိတော.ပါ
တန်ဆောင်းအတွင်းရှိ မဟာပုည ကျောင်းကထိန်သည်လည်း ယခင်ကဆိုလျှင် အထူးစည်ကားသော ကထိန်တစ်ခုဖြစ်သည်...၁၉၅၀ ၀န်းကျင်ခန်.ကဆိုလျှင် .မဟာပုညအသင်းသားများ...ဈေးသူဈေးသားများ..မြို.လေးရှိ ဆေးလိပ်ခုံများ..စက်ခုံများမှအမျိုးသမီးငယ်များပါ ပါဝင်လှည်.လည်လေ.ရှိသော ကထိန်ဖြစ်သည်....နောက်ပိုင်းတွင်တော. ထိုလှည်လည်ခြင်းမျိုး မရှိတော.ပဲ သာမာန်ကထိန်ပွဲ တစ်ခုအသွင်သာ ကျင်းပလေ.ရှိသည်....ကထိန်မတိုင်မှီ ဈေးအတွင်း..ရပ်ကွက်အတွင်း သင်္ဃန်းဘိုး တာဝန်ခံစုသော စနစ်ရှိခဲ့ပြီး ကထိန်နီးလာလျှင် အသင်းသားများက ဈေးအတွင်း..မြို.ရှိ လမ်းဆုံအချို.တို.တွင် ပဒေသာပင်များ လိုက်ချကာ ကထိန်ပြုလုပ်မည်.နေ.မတိုင်မှီ တစ်ရက်တွင်မှ လိုက်လံသိမ်းဆည်းကြပါသည်...ကထိန်ကိုပုံမှန် တန်ဆောင်မုန်း လပြည်.နေ.တွင်ပြုလုပ်လေ.ရှိပြီး ယခုတော. ရက်အနည်းငယ်နောက်ဆုတ် ကျင်းပပါသည်...
ဓါတ်ပုံများကို က၀ိသိပ္ပံကျောင်းဆရာတော် အရှင် ဇ၀န နှင်.zawminlwin တို.ရိုက်ကူးပူဇော်ပါသည်
ကျောင်းကြိးဆရာကန်တော.ပွဲတတိယအကြိမ် အစည်းအဝေး (ရန်ကုန်)
ဝါးခယ်မ အနောက်ပိုင်းကျောင်းကြီး @ အ-ထ-က ၁ ၀ါးခယ်မဆရာကန်တော.ပွဲ တတိယအကြိမ်ဆွေးနွေးမှု (ရန်ကုန်) 
ကျောင်းကြီးဆရာကန်တော.ပွဲအတွက် ရန်ကုန်တွင်တတိယအကြိမ်မြောက်ကျင်းပသောအစည်းအဝေးကို ၁၈ ရက် ၁၁ လ ၂၀၁၂ နေ.လည် ၂နာရီတွင်ဒုတိယအကြိမ်ကျင်းပခဲ့သော AK ဆေးဆိုင် ..ကမ်းနားလမ်း..လသာ မြို.နယ်တွင်
ကျင်းပခဲ့ပါသည်။
ထို အစည်းဝေးတွင် အစည်းအဝေးပုံစံထက် လိုအပ်တာများညှိုနှိုင်း ပြောဆို ခြင်း.. ကောက်ခံရရှိငွေများ အပ် နှံခြင်းများကိုသာအဓိက လုပ်ဖြစ် ကြသည်။..ပထမပိုင်း တွင်အလှုခံစာအုပ် ယူထားသူများမှ သူတို.လက်ဝယ်ရရှိငွေများကို ငွေကြေး တာဝန်ခံထံ အပ်နှံကြခြင်းဖြစ် သည်။. ထိုအချိန်တွင် သက်ဆိုင်ရာ အစုလိုက် ကိစ္စတစ်ချို.ကို သီးခြားစီ ဆွေးနွေးဖြစ်ကြသည်။
ထို.နောက်ကို အောင်ကြီး မှ စတင်ပြီး ဆရာ..ဆရာမ များအတွက် လိပ်စာစာအုပ် နမူနာ လုပ်ပြီးသား တစ်အုပ်ပြ သည်။.. ထိုစာအုပ်တွင် ကျောင်း မှ၂၀၁၀ ပြည်.နှစ်လောက်က ထုတ်ထား သောPamphlet 
 တွင် ထည်.ထား သည်. ကျောင်းသမိုင်းကြောင်းကို ယခုစာအုပ်တွင် ထည်. ..မထည်. ကိစ္စ...အစဉ်အဆက် ကျောင်းအုပ်ကြီးများ နာမည် ထည်...မထည်.ကိစ္စ များအပြင် အုပ်ရေ မည်မျှ ရိုက်မည်..Color သုံး..မသုံး...အဖုံးဒီဇိုင်း ...ဆရာတွေအပြင် ကျောင်းသားများကိုပါပေး..မပေး အသေးစိပ်ကိုအချိန်ယူဆွေးနွေးကြ သည်။..ကိုစိုးလင်းထွန်းမှ အုပ်ရေ ၂၀၀ ရိုက် မည်ဆိုလျှင်အားလုံး (ကုန်ကျစရိတ်မှအစ) သူတာဝန်ယူရိုက်ပေးမယ် ဟု တာဝန်ခံ ပါသည်... သို.သော် Black & White သို.မဟုတ်Color တစ်မျိုးတည်းရိုက်တာကသာ အဆင်ပြေမှာဖြစ်ကြောင်းတော.ပြော သည်.
နောက်ထပ်ဆွေးနွေးဖြစ် သည်များမှာ. အခြားကျောင်းများလို ကန်တော.ခံ ဆရာ..ဆရာမများ အတွက် အသက်ကန်.သတ်ချက်..ကျောင်းတွင်းလုပ်သက်...ပင်စင် စ သောအချက်ေ များပေါ် မူတည်ပြီး စည်းမျဉ်း သတ်မှတ်သင်. ..မသတ်မှတ်သင်. ..သတ်မှတ် မည်ဆိုလျှင် မည်သို.သတ်မှတ်မ ည်ဆို သောကိစ္စများကိုဆွေးနွေးကြသည်။
ဒေါက်တာအောင်နိုင်မှဖိတ်စာရိုက်ရန်ကိစ္စ...ရိုက်ပြီးသားဖိတ်စာများပို.ရန်ကိစ္စများဆွေးနွေးရင်း ကြိုဆိုရေးအဖွဲ.ဖွဲ. ရန်ကိစ္စဆိရောက်သွားပါ သည်။...ထိုကိစ္စတွင် ဆရာ..ဆရာ မများကို 
အိမ်ထိကြို..မကြို...စုရပ်ဖြစ် သောယခုအစည်းဝေးနေရာ သို.မိမိအစီအစဉ်နဲ. လာခိုင်းဖို.သင်. မသင်. များဆွေးနွေးရင်း ဒေါက်တာဒေါ်အေးအေးမြင်.က တာဝန်ယူရ သောအပိုင်းကျဉ်းသွားရန် ဆရာ..ဆရာမများကို amount တစ်ခုလှုဒါန်းပြီး စုရပ်သို.မိမိအစီစဉ်ဖြင်.လာခိုင်းရန်အကြံပြုပါသည်။..နောက်ပြည်နယ်တစ်ခုရောက်သော.လေယာဉ်ပျံနဲ. မှလာလို.ရမ ည်. ဆရာမတစ်ယောက်အတွက် စရိတ်အားလုံးခံသင်. ..မသင်. ..သက်ကြီးပိုင်းဆရာများ ကို မည်သို.ကြိုသင်. သည်တို.ကို အားလုံးဝိုင်းဆွေးနွေးကြပါ သည်။
ကြိုဆိုရေးအဖွဲ. တွင်. ဒေါက်တာဒေါ်အေးအေးမြင်. ...ကိုအောင်ကြိး..ကိုမြင်.ဆွေ..စိုးစိုးမူ..ကိုမိုးဇော်...ဆွေဆွေသင်း...ကြူကြူခိုင်..ကိုစိုးလင်းထွန်း..လဲ့လဲ့ကြည်...ကိုစိုးအောင်..မအေးမြင်. ...ကိုနေ၀င်း...ကိုမင်းထွဋ်အောင်..ကိုကျော်နိုင်ဦး..ဇော်မင်းလွင်တို. (အချို.နာမည်များကျန်ပါသေးသည်)ပါဝင်ပြီး အင်အားအများဆုံး ဖွဲ.စည်းထား ခြင်းဖြစ်သည်။
သွားမည်..နေ. ထွက်မည်..အချိန်များ..ဆွေးနွေးကြရာ ရန်ကုန်စုရပ်မှ ၂၉ ရက်ဒီဇင်ဘာ မနက် ၁၀ နာရီတွင် စထွက်ခွာမည်ဖြစ်ပြိး ဆရာ..ဆရာမများအား လမ်းတွင် နေ.လည်စာကျွေးရန်.....ဆုံရပ်သို.အားလုံး မနက်၉နာရီအတိမှာရောက်နေပြီး ဖြစ်ရန် ..လက်ရှိရန်ကုန်ဆရာ..ဆရာမ ၃၇ ယောက်ခန်.ရှိနေပြီး ကျောင်းသားများလိုက်မည်ဆိုလျှင်ကြိုတင်စာရင်းပေးရန် ..ပြန်မည်. ရက်ကို ၃၁ ရက်မနက်မှာပြန်ရန် ကိစ္စများအသေးစိပ်ထပ်ညှိကြပါသည်။..ကိုအောင်ဆွေမြင်.မှ ပြန်ရန်ကိစ္စကို သူအရင်အတွေ.အကြုံများအရ နောက်ကျလျှင်၇န်ကုန်မှဆရာ..ဆရာမများ..အိမ်ပြန်ရန်.အခက်အခဲရှိသောကြာင်. စောစောပြန်ရောက်ရန်စ သည်များဆွေးနွေးကြပါသည်။.
ဒေါက်တာအောင်နိုင်နှင်. ဒေါက်တာဒေါ်အေးအေးမြင်.တို.ကိုသီးခြားမေးမြန်းရာတွင် လက်ရှိငွေသားလက်ခံရရှိမှုအနေဖြင်.ရန်ကုန်ဘက်ခြမ်းတွင် ၁၆၃ သိန်း ရှိနေပြီး မူလဂတိခံထားသူတော်တော်များများထံမှာ ငွေကြေးကောက်ခံရန်ကျန်သေးကြောင်း. ထိုငွေပမာဏ ၇၂ သိန်းခန်. ရှိနေပြီး.၀ါးခယ်မဘက်ခြမ်းတွင်တော. သိန်း၁၅၀ ခန်.ရနေ သည်ဟုသိရပါသည်။...ကျောင်းအထိမ်းအမှတ် T-Shirt ကို ၂၀၀၀ Sport Shirt ကို ၃၀၀၀ နဲ.ရောင်းမည်.အကြောင်း...ဆရာကန်တော.ပွဲကို လက်ရှိအစီအစဉ်အရ ၃၀ ရက် ၁၂ လ ၂၀၁၂ မနက် ၉ နာရီမှာ ကျောင်းခန်းမအတွင်းကျင်းပမည်.အကြောင်း....ညစာစားပွဲကိုတော. West Dinner ပုံစံမျိုးထက် ကျောင်းသားများနှင်. ဆရာ..ဆရာမများမိသားစုပုံစံလက်ဆုံစားပွဲ သဘောမျိုး ကျောင်းဝင်းမြက်ခင်းပြင်မှာ အဲဒီနေ.ညနေ ၆နာရီမှာကျင်းပမည်.အကြောင်း...အဲဒီအတွက် လောလောဆယ် ငွေကြေးသီးခြား ကောက်ခံရန် အစီစဉ်မရှိသေးကြောင်း စသည်များသိရှိရပါသည်။
ညနေ၄နာရီခွဲခန်.မှာ အစည်းအဝေးပြီးဆုံးခဲ့သည်။
သူရဿတီ နတ်သမီး
ပိဋိကတ် သုံပုံ စောင်.သည်ဆိုကြသော သူရဿတီ နတ်သမီး
 သူရဿတီနတ်သမီးကိုးကွယ်မှု၊ သူရဿဂါထာရွတ်ဆိုမှု၊ သူရဿသည် ပိဋကတ်သုံးပုံကို စောင့်သည်ဟူသော ယုံကြည်မှု၊ ယင်းတို့ကို အစဉ်အလာအရ လက်ခံဆောင်ရွက်နေကြခြင်းမှာ ထေရဝါဒ ပိဋကတ်တော်များနှင့် လျော်ညီခြင်းမရှိပါ။ ပိဋကတ်သုံးပုံကို သူရဿတီနတ်သမီး စောင့်သည်မှာလည်း လုံးဝမမှန်ပါ။ ထေရဝါဒပိဋကတ်တော်နှင့် သူရဿတီနတ်သမီးသည် ဘာမျှ မပတ်သက်ပါ။ သို့စင် လျက် ထေရဝါဒ ဗုဒ္ဓသာသနာတော်မြတ် ထွန်းလင်းတောက်ပရာ မြန်မာ့ရေမြေ
တောတောင်တွင် သူရဿတီကိုးကွယ်မှု၊ သူရဿတီဂါထာ ရွတ်ဆိုမှုများကို ကိုယ်တိုင်ပြုခြင်း၊ သူတစ်ပါးအား ပြုမှုစေရန် ဖြားယောင်းသွေးဆောင်လျက် ဟောပြောခြင်း၊ ရေးသားခြင်းများ ရှိနေဆဲဖြစ်သည်မှာ အံ့ဩဖွယ်ရာလည်းဖြစ်၊ ဝမ်းနည်းဖွယ်ရာလည်း ဖြစ်ပါ၏ ။
သူရဿတီနတ်သမီးပုံတော်ကို ရေးစား၊ ရိုက်စား၊ ရောင်းစားခြင်းဖြင့် စီးပွါးရှာနေကြသူများသည်လည်း မိမိတို့၏ စီးပွါးရှာမှုသည် သာသနာတော်ကို ပြုရာရောက်သလော၊ ဖျက်ရာရောက်သလောဟု ဆန်းစစ်သင့်ကြပေပြီ။ လွဲမှားသော ကိုးကွယ်ရာဖြစ်သည့် "သူရဿတီနတ်သမီး ကိုးကွယ်မှု" ကို မြန်မာ့ရေမြေတောတောင်တွင် လုံးဝချုပ်ငြိမ်းပပျောက်စေရန် ဗုဒ္ဓဘာသာဝင်တိုင်းတွင် တာဝန်ရှိပါသည်။ သူရဿတီနတ်သမီးနှင့် ပတ်သက်၍ ဘဒ္ဒန္တ တိလောကသာရ ဆရာတော်ဘုရား (ရဝေထွန်း) က အောက်ပါအတိုင်း ရှင်းလင်းပြတ်သားစွာ ဟောကြားတော်မှုချက်ကို အလေးအနက် ဂရုဓမ္မပြုအပ်လှပါ၏။
                           Laxmi,Ganesh & Saraswati (လတ်ရှ်မီး..ဂျနတ် နှင်.သူရဿတီ )
"သူရဿတီဟူသည်မှာ အိန္ဒိယမြောက်ပိုင်း၊ ပန်ဂျပ်ပြည်နယ်အတွင်းရှိ မြစ်တစ်ခု၏ နာမည်ဖြစ်သည်။ ထိုမြစ်ကို ရှေးဟိန္ဒူအာရိယန်များ အထွတ်အမြတ်ထားရာမှ မြစ်ကို နတ်တစ်ပါးအနေဖြင့် ကိုးကွယ်လာကြကြောင်း၊ က္ကတ္တိလိင် (သဒ္ဒါ)၊ မြစ်နဒီမှ နတ်သမီးဖြစ်လာကာ သူရဿတီမြစ်သည် သူရဿတီနတ်သမီး မဟုတ်တော့ဘဲ ဗြဟ္မာကြီး၏ဇနီး နတ်ဘုရားမတစ်ပါးဖြစ်လာပြီး ဝါစာ=စကားကို အစိုးရသည်၊ ကဗျာ၊ လင်္ကာ၊ စာပေ၊ ပညာတို့ကို ပေးစွမ်းနိုင်သည်ဟု ယူဆလာကြလျက် ယင်းတို့အတွက် ဗြဟ္မာဏဝါဒီတို့က ပိုမိုကိုးကွယ်လာခဲ့ကြောင်းဖြင့် မှတ်သားရပါသည်။
ထို့ကြောင့် သူရဿတီမှာ ဗုဒ္ဓဘာသာနှင့် လုံးဝမသက်ဆိုင်၊ ဗြဟ္မာဏဝါဒီတို့ဆိုင်ရာ နတ်သာ ဖြစ်သည်။ ဗြဟ္မာဏတို့၏ တန္တရ၊ မန္တရတို့ကိုလက်ခံသော မဟာယာနဗုဒ္ဓဘာသာတို့ကလည်း သူရဿတီကို လက်ခံခဲ့သဖြင့် မြောက်ပိုင်းဗုဒ္ဓဘာသာတွင် အတန်ကြာကပင် သူရဿတီကိုးကွယ်မှု ရှိလာသည်။ နီပေါပြည်တွင် ယခုအထိ ဟိန္ဒူဘာသာဝင်များနှင့်အတူ မဟာယာနဗုဒ္ဓဘာသာဝင်များလည်း သူရဿတီကို ကိုးကွယ်မှုပြုခဲ့ကြောင်း သိရသည်။ 
                                     အိန္ဒိယ ရှိ သူရဿတီ နတ်သမီး၏ မူလ ရုပ်တု
မြန်မာဗုဒ္ဓဘာသာဝင်တို့အနေဖြင့် ပိဋကတ်သုံးပုံစောင့်မယ်တော်ကြီးဟု ဖြစ်လာရသည်မှာ ဤသို့ဖြစ်ပါသည်။ သက္ကတ အလင်္ကာကျမ်းကို အမှီပြု၍ သီဟို၌ကျွန်း၊ အရှင်မဟာသံဃရက္ခိမထေရ်သည် သုဗောဓာ (ပါဠိအလင်္ကာ) ကျမ်းကို စီရင်ရာတွင် သက္ကတအလင်္ကာကျမ်းက ဝါဏီ-ဗေဒင်သုံးပုံစောင့် သူရဿတီနတ်သမီးကို ရှိခိုးပဏာမပြုသကဲ့သို့ "သရဏံ ပါဏိနံ ဝါဏီ မယှံပိဏယတံမနံ" ဟုဘုရားစကားတော် ပိဋကတ်တော်တည်းဟူသော သူရဿတီနတ်သမီးသည် အကျွန်ုပ်၏ စိတ်နှလုံးကို နှစ်သိမ့်ပါစေဟု တင်စားသုံးလိုက်သည်။ ထိုစကားအမြွက်ဖြင့်ပင် သူရဿတီသည် ထေရဝါဒဗုဒ္ဓဘာသာနယ်ပယ်သို့ ရောက်လာပြီးလျှင် ပိဋကတ်သုံးပုံကို စောင့်ကြပ်သော သူရဿတီမယ်တော်ဟူ၍ ဖြစ်လာရတော့သည်။ အမှန်အားဖြင့် ပိဋကတ်သုံးပုံကို မည်သည့်နတ်သား၊ နတ်သမီး၊ နတ်ဗြဟ္မာများမှ မစောင့်။ ပိဋကတ်အာဇာနည် ဗုဒ္ဓသားကျော် ရဟန်းတော်၊ သံဃာတော်များသာ စောင့်ကြပ်နေပါသည်။ ထေရဝါဒဗုဒ္ဓဘာသာဝင်တို့ အနေဖြင့် သူရဿတီဂါထာတို့ကိုလည်း ရွတ်ဆိုနေရန်မလို။ သူရဿတီဂါသာအစစ်ဟူ၍လည်း ဗုဒ္ဓစာပေ၌ မရှိ။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးမှတစ်ပါး အခြားကိုးကွယ်ရာ မရှိပါ။"
the eXistence မှ မင်းနန် (မော်ကျွန်း) ရေးသားပြုစုထားသော - "ဆရာတော်ကြီးများ၏ ဩဝါဒတော်များ" စာအုပ် (စာမျက်နှာ- ၂၅၈) မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
http://buddhismbeams.blogspot.com/2012/11/blog-post_20.html
Wednesday, November 21, 2012
အိုဘားမား၏ မြန်မာပြည် ခရီးစဉ်
အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ လေယာဉ်Air Force Oneသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို. နိုဝင်ဘာ ၁၉ ရက် မနက် ၉နာ၇ီမိနစ် ၄၀ တွင် ဆိုက်ရောက်လာပြိး နိုင်ငံခြားရေးဝန်ကြိး ဟီလာရီ ကလင်တန် နှင်.အတူ လေယာဉ်ပေါ်မှ ဆင်းသက် လာရာ မြန်မာအမျိုးသမီးငယ်တစ်ဦးက ပန်းစည်းဖြင်.ကြိုဆိုနှုတ်ဆက်ခဲ့ပါသည်။
သူ၏ The Beast ကားဖြင်.ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို.ထွက်ခွာလာရာ လေဆိပ်လမ်းတစ်လျှောက်တွင် ကျောင်းသားကျောင်းသူများ၊ ၈မိုင်လမ်းဆုံ..မြေနီကုန်းနှင်. လမ်းတစ်လျှောက်တွင် ပြည်သူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
 ခရီးစဉ်ကို MNTV နှင်. Sky Net တို.ကတိုက်ရိုက်ထုတ်လွှင်.ပေးနေခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်ပြည်ထောင်စုသမ္မတ ဘားရက်အိုဘားမားတို့  နံနက် ၁၁ နာရီဝန်းကျင်အချိန်တွင် ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ကြ သည်။
နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံရာတွင် အမေရိကန်ပြည်ထောင်စုသမ္မတ ဘားရက်အိုဘားမားနှင့်အတူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့ ပါဝင်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အမေရိကန်သမ္မတကြီး အိုဘားမားသုံးစွဲခဲ့သည့် စကားအတိုင်း မိမိတို့သည် ရှေ့သို့ ဆက်လက်လျောက်လှမ်းသွားရမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားရာတွင် ''ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုဟာ လွှတ်လပ်ရေးမရခင် ၁၉၄၇ ခုနှစ် ကတည်းက သံတမာန် ဆက်သွယ်ခဲ့တဲ့ နိုင်ငံတွေဖြစ်ပါတယ်။ အစောဆုံး သံတမန်ဆက်ဆံခဲ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ဟိုးတုန်းကလည်း ရင်းနှီးချစ်ခင်စွာ ကျွန်တော်တို့ ဆက်ဆံလာခဲ့ကြတာတွေ ရှိပါတယ်။ ပြီးခဲ့တဲ့ နှစ် ၂၀ ကျော်ကာလမှာ ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ ဆက်ဆံရေးက အကြောင်းကြောင်းကြောင့် ကျွန်တော်တို့ကို အခက်အခဲတွေ ကြုံတွေ့ခဲ့ရပါတယ်။ သို့သော်လည်း မစ္စတာအိုဘားမား သမ္မတဖြစ်လာတဲ့နောက်ပိုင်းမှာ ဒီသမ္မတကြီးရဲ့ အမြော်အမြင်ကြီးမားမှု၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ သံအမတ်ကြီးတို့ရဲ့ ၀ိုင်းဝန်းကြိုးပမ်း အားထုတ်မှုကြောင့် ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ ဆက်ဆံရေးဟာ ထူးထူးခြားခြား ကောင်းမွန်လာပါတယ်။ ဒီလိုကောင်းမွန်တဲ့
ဆက်ဆံရေးကို ရေရှည်တည်တံခိုင်မြဲအောင် ကျွန်တော်တို့ ရှေ့ကိုဆက်ပြီး ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒီတော့ ရှေ့ကိုကျွန်တော်တို့ ဆက်ပြီးတော့ နိုင်ငံအချင်းချင်း တန်းတူညီတူ ရှိမှု၊ စာနာမှု၊ တန်ဖိုးထားမှု ဒါတွေနဲ့ ရှေ့ကိုဆက်ပြီး သွားရမှာပဲ ဖြစ်ပါတယ်။ နောက်တစ်ခုက အမေရိကန်နိုင်ငံနဲ့ ပတ်သက်ပြီး ဒီမိုကရေစီ ရှင်သန်ဖွံဖြိုးရေး၊ လူ့အခွင့်အရေး ဒါတွေကို ကမ္ဘာ့စံချိန်၊ စံညွန်းတွေနဲ့မီအောင် ဆောင်ရွက်နိုင်ဖို့အတွက် ကျွန်တော်တို့ လူမျိုးတွေရဲ့ အရည်အသွေးတွေ အဆင့်အတန်းတွေ
မြင့်မားအောင် ပညာရေး၊ ကျန်းမာရေး နောက်တစ်ခုက ၀န်ထမ်းတွေရဲ့ အရည်အသွေး မြှင့်တင်ရေးတို့ ဒီကိစ္စတွေနဲ့ ပတ်သပ်ပြီးတော့လည်း အမေရိကန်နိုင်ငံနဲ့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်သွားဖို့အတွက် သမ္မတကြီးဆီက သဘောတူညီချက်ကို ကျွန်တော်တို့ ရရှိလိုပါတယ်။ ဒီကနေ့ ကျွန်တော်တို့နှစ်ဦး တွေ့ဆုံဆွေးနွေးမှုရဲ့ အကျိုးရလာဒ်တွေကို မြန်မာပြည်သူတွေ ထိုက်ထိုက်တန်တန်နဲ့ ခံစားနိုင်အောင် ကျွန်တော်တို့ ကြိုးပမ်းပြီးတော့ ဆောင်ရွက်သွားပါမယ်။ အခုလိုဆက်ဆံရေး တိုးတက်ကောင်းမွန်လာဖို့က အမေရိကန်သမ္မတကြီးရဲ့ အမျော်အမြင်ကြီးမားမှု၊ နောက်တစ်ခါ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ရဲ့ ကြိုးပမ်းဆောင်ရွက်ပေးမှု၊ သံအမတ်ကြီးနဲ့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကြောင့် ကျွန်တော်တို့ ဒီလို တိုးတက်ကောင်းမွန်လာတာ ဖြစ်ပါတယ်။ ဒီအတွက်လည်း အားလုံးကို ကျွန်တော်ကျေးဇူးတင်ပါတယ်။ သမ္မတကြီး သုံးစွဲခဲ့တဲ့ စကားအတိုင်းပါဘဲ။ ကျွန်တော်တို့လည်း move forward ဆိုပြီး သွားရမှာ ဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ အိုဘားမားက ''နိုင်ငံတော်သမ္မတကြီးနဲ့တကွ ကျန်တဲ့ ပုဂ္ဂိုလ်တွေအားလုံး ကျွန်တော်ကို ပျူပျူဌာဌာ ကြိုဆိုတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ကျွန်တော်အနေနဲ့ နည်းနည်း အချိန်တိုတိုပဲရတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိန့်ခွန်းတစ်ခု ပြောဦးမှာဆိုတော့ မြန်မာပြည်သူတွေအတွက် သူတို့သိသင့်တဲ့ဟာတွေ ကျွန်တော်အဲဒီကျတော့ ပြောမှာပါ။ ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ နှစ်ဦးဆွေးနွေးတဲ့အခါမှာ သမ္မတကြီးနဲ့ ဆွေးနွေးတဲ့အခါမှာ အပြုသဘောဆောင်တဲ့ဟာတွေ အများကြီး ကျွန်တော်တို့ လုပ်ခဲ့ပါတယ်။ ကျွန်တော် သမ္မတကြီးကို တစ်ကယ်ပြောခဲ့တဲ့ ကိစ္စကတော့ သူလုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေဟာ တစ်ကယ်ပဲ ဒီတိုင်းပြည် ရှေ့ကို တိုးတက်ဖို့အတွက် အထောက်အကူပြုမယ်ဆိုတဲ့ အကြောင်းပါပဲ။ သမ္မတကြီး ခြေလှမ်းဆန့်ခဲ့တဲ့ လူ့အခွင့်အရေး ကိစ္စတွေ၊ ကလေးစစ်သား ကိစ္စတွေ အဲဒီကိစ္စတွေအားလုံးဟာ ကျွန်တော်တို့ လူ့အခွင့်အရေး ဆွေးနွေးပွဲမှာလည်း ဒါတွေက ဆွေးနွေးပြီးသား ဖြစ်တဲ့အတွက် ဒါတွေက တစ်ကယ်ပဲ တိုင်းပြည်ကြီးကို ရှေ့ကိုတိုးတက်အောင် အကျိုးပြုနိုင်မယ့် သဘောရှိပါတယ်။ ဒါဟာလည်း နောင်အရှည်သဖြင့် ဆက်ဆံရေး၊ အရှည်သဖြင့် သွားရမယ့် ခရီးအတွက် ပထမဆုံး ခြေလှမ်းလို့ ကျွန်တော်ထင်မြင်ပါတယ်။ သမ္မတကြီး ဆောင်ရွက်ခဲ့တဲ့
နိုင်ငံရေးအရ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခဲ့တဲ့ ကိစ္စတွေ၊ ပြုပြင်ပြောင်းလဲမှုတွေ၊ စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုတွေသာ တစ်ကယ်ပဲ ဒီနိုင်ငံကို တိုးတက်ရာ တိုးတက်ကြောင်းတွေ ဖြစ်စေမယ့် အကြောင်းရှိပါတယ်။ ကျွန်တော်တို့ ဒီနေ့ နှစ်ဖက်ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးတက်အောင် လုပ်တာဟာ တစ်ကယ်ပဲ ဒီနိုင်ငံတင်သာမက ဒေသတွင်း တိုးတက်မှုတွေရော၊ တစ်ကမ္ဘာလုံး တိုးတက်မှုတွေအတွက်ပါ အကျိုးပြုပါလိမ့်မယ်။ နောက်တစ်ခုက သမ္မတကြီးတို့အနေနဲ့ စုပ်စုပ် ပိုင်ပိုင် လုပ်နိုင်ခဲ့တဲ့ ကိစ္စတစ်ခုကတော့ လူအများကို သေကြေပျက်စီးစေနိုင်တဲ့ လက်နက်ကြီးတွေကို ပပျောက်အောင် လုပ်တဲ့အတွက်၊ မပြန့်ပွားအောင်လုပ်တဲ့ ကိစ္စမှာ ဒါတွေက အရေးကြီးပါတယ်။ ဒါတွေ ကို လုပ်နိုင်တဲ့အတွက်ကြောင့် ကောင်းပါတယ်။ သမ္မတကြီး ကျွန်တော်တို့ကို အခုလို ကြိုဆိုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီတစ်ခေါက် တင်မကဘူး။ နောက်တစ်ခေါက်လည်း လာနိုင်လိမ့်မယ်လို့ ကျွန်တော် မျော်လင့်ပါတယ်'' ဟု ပြောကြားခဲ့သည်။
တွေ.ဆုံပွဲမှာ ၁၁နာရီ ၂၀ မိနစ်တွင်ပြီးဆုံးခဲ့ပါသည်။
ထို.အပြင် လွှတ်တော်အဆောက်အအုံတွင်ပင် ပြည်သူ.လွှတ်တော်ဥက္ကဌ နှင်. အမျိုးသားလွှတ်တော်ဥက္ကဌ တို.ကိုလည်း တွေ.ဆုံခဲ့သည်။
 ထို.နောက်အိုဘားမားသည် မူလကဖျက်သိမ်းသည်ဟုကြေငြာထားသော ရွှေတိဂုံ ဘုရားဖူးမျှော်ခြင်း အစီစဉ်ကို ဆက်လက်လုပ်ဆောင်ခဲ့ပါသည်။
ရွှေတိဂုံဘုရားကို ၁၁နာရိ မိနစ်၄၀တွင်မြောက်ဘက်မုခ် မှတက်ရောက်ပြီး ဘုရားပန်းလှုဒါန်းခြင်း ..ဘုရားရေသပ္ပါယ်ခြင်းတို.ကိုပြုလုပ်ပြီး  စေတီတော်အားလှည်.လည်ကြည်ညိုသည်။
ထို.နောက်အမေရိကန်သမ္မတသည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို. ၁၂ နာရိ၂၀ မိနစ်တွင်သွားရောက်တွေ.ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ဆက်ဆံရေး၊ မြန်မာနိုင်ငံတွင် ဖေါ်ဆောင်နေသော ဒီမိုကရေစီရေး ဆောင်ရွက်မှုများ နှင့် စပ်လျဉ်း၍ နာရီဝက်ခန့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အဆိုပါ တွေ့ဆုံမှုတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်လည်း ပါဝင်ကြောင်း သိရသည်။
  ထိုသို.တွေ.ဆုံပြီးနောက် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်း  ပြည်တွင်းပြည်ပ မီဒီယာများအား   မှတ်ချက် စကားများ ပြောကြားခဲ့ပါသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဦးစွာ ပြောကြားခဲ့ပြီး အမေရိကန်သမ္မတ အိုဘားမားက ဆက်လက် ပြောကြားခဲ့ပါသည်။
"ကျွန်မ အမေရိကန်သမ္မတ အိုဘားမားကို ကျွန်မတို့နိုင်ငံ ကျွန်မရဲ့ အိမ်မှာ ကြိုဆိုရတာ အရမ်းဝမ်းသာပါတယ်။ ကျွန်မတို့ နှစ်နိုင်ငံအကြား ဆက်ဆံရေးဟာ သမိုင်းရှည်ကြာစွာ ကတည်းက တည်ရှိခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ကြိုးပမ်းမှုမှာ ထောက်ခံခဲ့ပါတယ်။ ရှေ့မှာရှိနေတဲ့ ခက်ခဲတဲ့ နှစ်များတစ်လျှောက်လုံးမှာလည်း ဒီထောက်ခံမှုမျိုး
 ဆက်လက်ရှိနေလိမ့်မယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ မည်သည့် အကူးအပြောင်းတွင်မဆို အခက်ခဲဆုံး အချိန်ကာလမှာ အောင်မြင်မှုကို မြင်တွေ့ရပြီလို့ထင်တဲ့ အချိန်ပါပဲ။ ကျွန်မတို့ အနေနဲ့
အောင်မြင်မှု တံလျှပ်ရဲ့ ဖျားယောင်မှု မခံရဖို့ အထူးဂရုစိုက်ဖို့ လိုပါတယ်။ စစ်မှန်သော အောင်မြင်မှုတွေ ရဖို့အတွက် ကျွန်မတို့ နှစ်နိုင်ငံ အကြားနှင့် ပြည်သူနှစ်ရပ် အကြား ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ကျွန်မတို့ဟာ လုပ်ရမယ့် ကိစ္စတွေကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးပြီး လုပ်ဆောင်ရပါမယ်။ သမ္မတ အိုဘားမားရဲ့ မြန်မာနိုင်ငံ အလည်အပတ် ခရီးစဉ်ဟာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုကို တိုးတက်ဖြစ်ထွန်းစေပြီး မြန်မာနိုင်ငံရဲ့ ဦးတည်ရာကိုလည်း မှန်ကန်စေလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်မအနေနဲ့ အမေရိကန်ပြည်ထောင်စု အစိုရနဲ့ တတ်နိုင်သမျှ ဆက်သွယ်ဆောင်ရွက်သွားပါမယ်။" ဟု မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။
"မြန်မာနိုင်ငံ ခရီးစဉ် ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် ဖေါ်ဆောင်နေသော ဒီမိုကရေစီရေး အရှိန်အဟုန် ကို ထိန်းနိုင်ဖို့ ဖြစ်ပါတယ်။ ဒီထဲမှာ ယုံကြည်စိတ်ချရသည့် အစိုးရ အဖွဲ့အစည်းများ တည်ထောင်ခြင်း တရားဥပဒေစိုးမိုးရေး ဖေါ်ဆောင်ခြင်း၊ တိုင်းရင်းသား ပဋိပက္ခများ ချုပ်ငြိမ်းခြင်း၊ မြန်မာပြည်သူများ ပညာရေး၊ ကျွန်န်းမာရေး စောင့်ရှောက်မှုနဲ့ စီးပွားရေး အခွင့်အလမ်းများ ပိုမိုရရှိစေရေး သေချာစေခြင်းတို့ ပါဝင်ပါတယ်။ ကျွန်တော်အနေနဲ့ ဒီနိုင်ငံက ပြည်သူတွေကို ကတိ ပေးချင်ပါတယ်။ ဒီကတိကို ကျွန်တော်တို့အနေနဲ့ ထိန်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အဲ့ဒါက ဘာလဲ ဆိုတော့ တစ်ကယ်လို့များ
 ပြုပြင်ပြောင်းလဲရေးကို ဦးတည်တဲ့ တိုးတက်မှုများ ဆက်တိုက် မြင်တွေ့ရမယ်ဆိုပါက ကျွန်တော်တို့ရဲ့ နှစ်နိုင်ငံ ဆက်ဆံရေးမှုတွေဟာလည်း ပိုမိုအားကောင်းလာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အောင်မြင်မှု ရဖို့အတွက် ကျွန်တော်တို့ အနေနဲ့ တတ်နိုင်သမျှ အားလုံးကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။" ဟု အမေရိကန် သမ္မတ အိုဘားမားက ပြောကြားခဲ့ပါသည်။
ထိုအစီစဉ်တွင်၎င်းတို့၏ တွေ့ဆုံမှုနှင့် ပတ်သတ်၍ မှတ်ချက်စကားပြောကြားမည် ဖြစ်သော်လည်း မီဒီယာများမှ မေးမြန်းခွင့်မရှိကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော် သတင်းထုတ်ပြန်ရေး ဌာနမှ တာဝန်ရှိသူတစ်ဦးက မီဒီယာများသို့ မူလကပင်ပြောကြားထားခဲ့ပါသည်။သမ္မတသည် ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်မှ ၁နာရိ ၁၅ မိနစ်ခန်.တွင် ပြန်လည် ထွက်ခွာခဲ့ပါသည်။ဘွဲ.နှင်းသဘင် သို.မသွားရောက်မှိ အမေရိကန် သမ္မတသည်အမေရိကန်သံရုံးသို. အရင်ဝင်ရောက်ခဲ့ပါသည်။
 မွန်းလွဲ ၂နာရီမိနစ်၄၀တွင် အမေရိကန်သမ္မတသည် မိန်.ခွန်းပြောကြားမည်. ရန်ကုန်တက္ကသိုလ် ဘွဲ. နှင်းသဘင်ခန်းမသို.ရောက်ရှိပြိး မိနစ် ၄၀ ၀န်းကျင် ခန်.မိန်.ခွန်းပြောကြားခဲ့ပါသည်။ထိုအခမ်းအနားသို.
နိုင်ငံရေးပါတီများမှ အကြီးအကဲများ၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ၊ ဦခွန်ထွန်းဦး အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်အချို့နှင့် NGO 
အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ ဖိတ်ကြားခြင်းခံရသော အများပြည်သူများ တက္ကသိုလ် ဆရာဆရာမများအပြင် သိတဂူဆရာတော်လည်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ထို.အပြင် ကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီမှ ဦးဌေးဦး တက်ရောက်လာသလို NLD ပါတီမှ ဒေါ်အောင်ဆန်းစုကြည်လည်းတက်ရောက်ပါသည်။ဦးကျော်သူ..ဇာဂနာစသော လုမှုရေး လုပ်ငန်းများ အနုပညာရျင်များလည်း တက်ရောက်ခဲ့ပါသည်။
ထို.အပြင် အမေရိကန် သမ္မတ ပုံကို Graffiti ဖြင်.ရေးဆွဲကြိုဆိုခဲ့သော ၁၉ နှစ်အရွယ် အာကာကျော်လည်း အမေရိကန် သံရုံး၏ဖိတ်ကြားမှုဖြင်. ထိုအခမ်းအနား တက်ရောက်ခွင်.ရခဲ့သည်။
 ထို.နောက် ညနေ ၃နာရီ ၂၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို. ရောက်ရှိပြီး ဂုဏ်ပြုတပ်ဖွဲ့က သေနတ်မြှောက် အလေးပြု နှုတ်ဆက်ကာ
 ညနေ ၃နာရီ ၃၅ မိနစ်တွင် ရန်ကုန်မြို.မှ ပြန်လည်ထွက်ခွာသွားခဲ့သည်။