Wednesday, November 21, 2012

အိုဘားမားနှင်. သူ၏လုံခြုံရေးများ





ရင်သပ်ရှုမောဖွယ် အိုဘားမားရဲ့ ၂၀၁၁ မေလ လန်ဒန် ဘုရင်မနန်းတော်ခရီး လုံခြုံရေး



ပြီးခဲ့တဲ့ ၂၀၁၁ မေလထဲကလဲ အိုဘားမား ဇနီးမောင်နှံနဲ့ အဖွဲ့ အင်္ဂလန်ကို လာလည်တော့လဲ လုံခြုံရေးစနစ် များလွန်းလို့ အင်္ဂလိပ်တွေတောင် ရင်သပ်ရှုမော ဖြစ်ကုန်ပါတယ်။
လူ ၅၀၀ ကျော်လောက် ပါတဲ့ အိုဘားမား အဖွဲ့ထဲမှာ အိမ်ဖြူတော် အရာရှိတွေ၊ သမ္မတကို အရေးပေါ်ကုသဖို့ ဆရာဝန် ၆ ဦးပါ ဆေးအဖွဲ့၊ သမ္မတအတွက် စားဖိုမှူးတွေ၊ လက်နက်ကိုင် ဆောင်ထားတဲ့ ၂၀၀ ကျော်ရှိတဲ့ သမ္မတ ကိုယ်ရံတော် စုံထောက်တွေ ပါဝင်ပါတယ်။

အင်္ဂလန်မှာ ခရီးလှည့်နေစဉ် အမေရိကန်ကနေ လေယာဉ်နဲ့ သယ်လာတဲ့ စီးတော်ယာဉ် The Beast ကို အိုဘားမား စီးနင်း ပါတယ်။ အိုဘားမားကားကို တခြားမော်တော်ယာဉ် အစီး ၂၀ ကခြံရံပီး ဒီကားတန်းကိုမှ ရှေ့ပြေးမော်တော်ယာဉ်တွေက ဦးဆောင်ပါတယ်။

                           
အိုးဘားမားရဲ့ အခြံအရံတွေ ထဲမှာ ညူကလီယာ ဒုံးပျံတွေ ပစ်လွှတ်ဖို့ လျို့ဝှက် ကုတ်နံပါတ်တွေပါတဲ့ လက်ဆွဲအိတ်ကိုင် အရာရှိ တဦးအပြင် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန လက်အောက်ခံ ဌာနကြီး ၆ ခုရဲ့ ကိုယ်စားလှယ်တွေလဲ ပါဝင်ပါ တယ်။ အိုဘားမား စီးတဲ့ Air Force One လေယာဉ်ကြီးဟာ အားကစားရုံတွေ ခွဲစိတ်ခန်းတွေ ပါဝင်တဲ့ ဧရာမ မိုးပျံဟော် တယ်ကြီးအသွင် ဆောင်နေပါတယ်။ ဒါ့ပြင် ညူကလီယာ ပေါက်ကွဲမြှုဖစ်ခဲ့ရင် ကာကွယ်ဖို့အတွက် ဓါတ်ရောင်ခြည် ကာကွယ်တဲ့စနစ်လဲ တပ်ဆင်ထားပါတယ်။

တည်ကြက် လေယာဉ် တစီးခြံရံထားပြီး ဇိမ်ခံဟော်တယ်ကြီးအသွင် အိုဘားမား စီးတော်မူတဲ့ Air Force One လေယာဉ် ကြီးဟာ တနာရီပျံသန်းတိုင်း ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၂ သိန်း နီးပါး ရှိပါသတဲ့။ အိုဘားမားစီးမဲ့ မရင်းဝမ်း ရဟတ်ယာဉ်ကလဲ ဒုံးကျည်ရန်ကို ရှောင်လွဲနိုင်တဲ့ မီးကျည်တွေ တပ်ဆင်ထားပါတယ်။အိုဘားမားစီးမဲ့ မရင်းဝမ်း ရဟတ်ယာဉ်နဲ့ တည်ကြက်ယာဉ်တွေ အပါအ၀င် ယာဉ်မျိုးစုံ ၄၅ စီးကို အိုဘားမားသွားမဲ့ ခရီးစဉ် မတိုင်ခင် C-17 ဂျက်လေယာဉ်ကြိးနဲ့ ကြိုတင် ပို့ထားရပါတယ်။ အရင်ကဆိုရင် သတင်းစာသမားတွေ တီဗီံ သမားတွေ အတွက် ဘတ်စကား ၂ စီး၊ ရေဒါဖျက်တဲ့ ယာဉ်တစီးနဲ့ SWAT ကွန်မင်ဒိုတွေအတွက် ကားတစီး ပါလေ့ ရှိပါတယ်။ သမ္မတ အို ဘားမားရဲ့ လန်ဒန် ခရီးစဉ်အတွင်း သမ္မတ မိန့်ခွန်းရေးပေးသူ ၄ ဦး ပါလာပါတယ်။

                            
အိုင်ယာလန်က အပြန် လန်ဒန် ဘာကင်ကမ် ဘုရင်မနန်းတော်ကို အိုဘားမား ညအိပ်လာရောက် လည်ပတ်ခဲ့ပါတယ်။ ဘာကင်ကမ် နန်းတော်ဆိုတာ အင်္ဂလန် ပြည့်ရှင် အင်မတန် ချမ်းသာတဲ့
ဘုရင်မနန်းတော်မို့ အစစ ဘယ်လောက် ပြည့်စုံ မလဲ ဧည့်ဝတ်ကျေမလဲ မှန်းကြည့်နိုင်ပါတယ်။ အိုဘားမား ဇနီးမောင်နှံထားမဲ့ နန်းတော် အခန်း ဆိုတာကလဲ နယ်လဆင်မန် ဒဲလားတို့ အမေရိကန်သမတ ကနေဒီတို့ လာတုံးက တည်းခိုခဲ့တဲ့ သမိုင်းဝင် အခန်းဖြစ်ပါတယ်။
ဘယ်လောက်ဘဲ ဘုရင်မနန်းတော် အရာရှိတွေဘက်က ပြည့်စုံအောင် လုပ်ထားပါစေ…အမေရိကန် သမ္မတရဲ့ လုံခြုံရေး အရာရှိတွေအတွက်တော့ မပြည့်စုံဘူးလို့ ယူဆပါတယ်။ ဒီမှာတင် အမေရိကန်ကနေ သမ္မတ ကိုယ်ရံတော် လုံခြုံရေး စုံထောက်တွေ ယူလာတဲ့ ဗုံးဒဏ် ကာကွယ်နိုင်တဲ့ မှန်နှစ်ထပ်ပုံစံ အလွှာတခုကို အိုဘားမားအိပ်မဲ့ အခန်းပြတင်း ပေါက် တွေမှာ အပြင်က ထပ်တပ်ခွင့်ပေးရမယ်လို့ တောင်းဆိုလာလို့ နန်းတော်အရာရှိ အံ့အားတသင့် ဖြစ်ကုန်ပါသတဲ့။ ဒီကြားထဲ သမ္မတ အိုဘားမားရဲ့ ကိုယ်ရံတော် ထောက်လှမ်းရေး တပ်ဖွဲ့က နန်းတော် မြေအောက်ခန်းမှာ စစ်တပ်ပုံစံ အိပ်စင်တွေနဲ့နေရာ ယူ…ကိုယ်ပိုင် ဆက်သွယ်ရေး စက်ကိရိယာတွေ တပ်ထားပါတယ်။


အိုဘားမား လုံခြုံရေး စုံထောက်တွေ သေနတ်တွေ တကားကားနဲ့ အင်္ဂလန်ဘုရင်မ နန်းတော်ထဲမှာ သူတို့ကိုယ်ပိုင်နန်း တော်အလား ပြေးလွှားနေလိုက်ကြတာ ၂၄ ဆိုတဲ့ တီဗွီ ဇာတ်လမ်း ကြည့်နေရသလား ထင်ရတယ်လို့ မျက်မြင်သက် သေတွေက ပြောပါတယ်။ အိုဘားမား ကိုယ်ရံတော်တွေဟာ သမ္မတကို အရေးပေါ် သွေးသွင်းနိုင်ဖို့ ပစ္စည်းတွေ အပါအ၀င် ဆေးခန်း အသေးစား လေးတခုကို ဆေးရုံးသုံး စက်ကရိယာတွေနဲ့ နန်းတော်ထဲမှာ တပ်ဆင်ထားပါတယ်။

နောက်ဆုံး အိုဘားမားကို အင်္ဂလန်ဘုရင်မအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ သောက်ရေသန့်ကိုတောင် တိုက်ခွင့် မပေး နိုင်၊ သူတို့အမေရိကန်က သယ်လာတဲ့ သမ္မတအိုဘားမား သောက်နေကျ သောက်ရေသန့်ကိုသာ တိုက်မယ်လို့ အိုဘားမား ကိုယ်ရံတော် ထောက်လှမ်းရေး အရာရှိတွေပြောတော့ နန်းတွင်းအရာရှိတွေ အံ့သြသွားပါတယ်။

ဘာကြောင့်လဲလို့မေးတော့ “ ကျွန်တော်တို့သမ္မတ ရေပြောင်းရေလွဲမှာ ဗိုက်နာတာမျိုး အဖြစ်မခံနိုင်လို့ပါ” လို့ သမ္မတ ကိုယ်ရံတော်တွေက ဖြေပါသတဲ့….။ ဘာပြောကောင်းမလဲ။ အင်္ဂလိပ် သတင်းစာတွေ ဆိုတာ ဆွေ့ဆွေ့ခုန်သွားတာဘဲ။ အိုဘားမားတို့ ဘုန်းကြီးလိုက်ပုံများ အင်္ဂလန်ဘုရင်မတောင် အရှုံးပေးရတယ်။ အင်္ဂလန်ဘုရင်မ သောက်တဲ့ရေတောင် အိုဘားမားကို မတိုက်နိုင်ဘူး...တဲ့။
ဒါကတော. ကိုစိုင်းနေမင်း ရေးသားတဲ. အင်္ဂလန် က အိုဘားမားလုံခြုံရေးပါ။


မြန်မာ ခရီးစဉ် လုံခြုံရေး

မြန်မာနိုင်ငံခရီးစဉ်ဘက်လည်း တစ်ချက်ကြည်.ရအောင်ပါ။ ဒီခရီးစဉ်မှာလည်း  လုံခြုံရေးကို အထူးတင်းကြပ်ခဲ့ပါတယ်။
အမေရိကန် သမ္မတ အိုဘားမား ရဲ.မြန်မာနိုင်ငံ ခရီးစဉ်နှင့် ပတ်သက်၍ လုံခြုံရေးစိုးရိမ်မှု မှာ မြောက်ကိုရီးယား ဖြစ်ကြောင်း သံတမန် သတင်းရပ်ကွက်တခုက ပြောပါတယ်။
မြောက်ကိုရီးယား ပညာရှင်အချို့ မြန်မာနိုင်ငံထဲတွင် ရှိနေဆဲဖြစ်သည်ဟု အကဲခတ်များက ထင်မြင်ချက် ပေးထား ကြပါတယ်။
သမ္မတ အိုဘားမား၏ အတွက် လုံခြုံရေးကို အမေရိကန် Secret Service များက ၎င်းတို့ဘာသာ လုပ်ဆောင်ခွင့်မြန်မာဘက်က ပေးထားပြီး လက်နက်များပါ မိမိအစီအစဉ်ဖြင့် သယ်ယူတင်သွင်းခွင့် ပြုထားကြောင်းလည်း
နေပြည်တော် သတင်းရပ်ကွက်တခုက ဆိုပါတယ်။


မြန်မာနိုင်ငံခရီးစဉ်တွင် အသုံးပြုမည့် အထောက်အကူပြုပစ္စည်းများ ကြိုတင်ပေးပို့ရန် အမေရိကန်လေတပ်မှ စစ်လေယာဉ်များသည် နိုဝင်ဘာလ ၈ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာကြောင်း Eleven Media Group ကသတင်း ရေးသားခဲ့ပါတယ်။အဆိုပါလေယာဉ်များမှာ နိုဝင်ဘာလ ၈ ရက်နေ့မှ ၁၃ရက်နေ့အထိ အမေရိကန်လေတပ်မှ C 17  လေယာဉ်ဖြင့် ငါးခေါက်၊ အခြားလေယာဉ်ဖြင့် ၂ခေါက်၊ စုစုပေါင်း ၇ခေါက်အထိ  ရှိခဲ့သည်ဟု သိရသည်။
ခရီးစဉ်အတွက် ကြိုတင်ညှိနှိုင်းမှုများပြုလုပ်ရန် နိုဝင်ဘာလ ၈ရက်နေ့တွင် အမေရိကန်နိုင်ငံမှ

တာဝန်ရှိသူများလိုက်ပါလာသည့် ခရီးသည်တင်လေယာဉ်တစ်စီး၊ နိုဝင်ဘာလ ၁၁ရက်နေ့တွင် တာဝန်ရှိသူ ၉ဦးနှင့် စက်ပစ္စည်းများ၊ နိုဝင်ဘာလ ၁၂ရက်နေ့တွင် အမေရိကန်လေ တပ်မှ C 17 လေယာဉ် ၂စီးနှင့် နိုဝင်ဘာလ၁၃ရက်နေ့တွင် C17 လေယာဉ် ၃စီးတို့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ ကြောင်း သိရသည်။
''ခုရောက်လာတဲ့ အမေရိကန်လေတပ်က စစ်လေယာဉ်တွေမှာ သမ္မတအိုဘားမား မြန်မာနိုင်ငံခရီးစဉ်မှာ အသုံးပြုမယ့် ရဟတ်ယာဉ်တို့ မော်တော်ယာဉ်တို့ စတဲ့ အသုံးဆောင်ပစ္စည်းတွေ၊ နောက်လုံခြုံရေး နဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေပါလာတာဖြစ်ပါတယ်'' ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
ထပ်မံ၍ နိုဝင်ဘာလ ၁၅ရက်နေ့နှင့် ၁၇ရက်နေ့များတွင်လည်း  အမေရိကန်လေတပ်မှ စစ်လေယာဉ် များသည် မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထပ်မံရောက်ရှိမည်ဟုလည်း သတင်းရေးသားခဲ့ပါသည်။
 


မြန်မာနိုင်ငံသို. အမေရိကန်သမ္မတ မလာရောက်မှီမှာပင်
အမေရိကန် ရဟတ်ယာဉ်တင်သင်္ဘောတစ်စီးကို မြန်မာ့ရေပြင်ပိုင်နက်တွင် တွေ့မြင်ရသည့် သတင်းတစ်ရပ်လည်း ငါးဖမ်းစက်လှေများ သတင်းရပ်ကွက်တွင် ထွက်ပေါ်လာခဲ့
ပါသည်။သတင်း၏ အဆိုအရ နိုဝင်ဘာ ၁၇ ရက်နေ့ နံနက် ၉နာရီခန့်တွင် အမေရိကန်အလံလွင့်ထူထားပြီး ရေယာဉ်ကိုယ်ထည်တွင် အင်္ဂလိပ်ဂဏန်း 6 ဟုရေးသားထားသည့် ရဟတ်ယာဉ်များ တင်ဆောင်ထားသော စစ်ရေယာဉ်တစ်စီး နှင့် မြန်မာ့တပ်မတော်(ရေ)မှ စစ်ရေယာဉ်များကို ရန်ကုန် ပင်လယ်ဝမှ တောင်ဘက်မိုင်ရေမိုင် ၈၀ ခန့်နေရာ၌ တွေ့ရှိရသည်ဟု ဆိုပါသည်။
စစ်ရေယာဉ်ကို လေ့လာရာတွင် ရဟတ်ယာဉ်များတင်ဆောင်ထားပြီး ကိုယ်ထည်တွင် 6 ဟု ရေးသားထားသည့်အတွက် ကမ်းတက်စစ်ဆင်ရေးသုံး စစ်ရေယာဉ် USS Bonhomme Richard (Landing Helicopter Deck - LHD 6) ဖြစ်နိုင်ကြောင်း ယူဆရပါသည်။၎င်းစစ်ရေယာဉ် အမျိုးအစားသည် အလျား ၈၄၄ ပေ၊အနံ ၁၀၆ ပေ ရှိကာ တန်ချိန် ၄၀၅၀၀ ရှိပြီး ကမ်းတက်စစ်ဆင်ရေးသုံး CH-46 Sea Knight ရဟတ်ယာဉ် ၄၂ စီး၊ဒေါင်လိုက်တက်ဆင်းနိုင်သော AV-8B Harrier II တိုက်ခိုက်ရေးလေယာဉ် ၅ စီး၊ ရေငုပ်သင်္ဘော ရှာဖွေတိုက်ခိုက်ရေး ရဟတ်ယာဉ် ၅စီး၊ကမ်းတက်ရှပ်ပြေးယာဉ်များ၊ ကုန်း/ရေ နှစ်သွယ်သုံးတင့်များ နှင့် ကမ်းတက်တပ်ဖွဲ့ဝင်များ အပါအ၀င် တပ်ဖွဲ့ဝင် ၁၈၀၀ ကျော် သယ်ဆောင်နိုင်ကြောင်း သိရှိရသည်။
သို.ရာတွင် ထိုသင်္ဘောအနီး မြန်မာ့တပ်မတော်(ရေ)၏Frigate စစ်ရေယာဉ်များဖြစ်သော F-21 နှင့် F23 တို.ပါ နောက်ပိုင်းတွင်တွေ.ရှိရသောကြောင်. တရားဝင် လာရောက်ခြင်းဖြစ်သည်ဟု သတ်မှတ်ရသည်.အပြင်ထိုသင်္ဘော နှစ်စင်းမှ အရာရှိ၊စစ်သည်များသည် နိုဝင်ဘာ၁၈ ရက်နေ. နေ့လည်ပိုင်းတွင် ထို  အမေရိကန် စစ်ရေယာဉ် USS Bonhomme Richard (LHD-6) ပေါ်သို့ Ship Visit သွားရောက်လည်ပတ် လေ့လာခဲ့ကြရာ  Captain CAPT David Fluker ကရောက်ရှိသွားသော မြန်မာတပ်မတော်ရေမှ လာရောက်လည်ပတ်သူများကို ကြိုဆိုကာ သင်္ဘောပေါ် လိုက်လံပြသခဲ့ပြီး ချစ်ကြည်ရေး နေ့လည်စာ အတူတကွသုံးဆောင်ခဲ့ကြကြောင်း ကြားသိရပါသည်။ထိုသို့ လာရောက်လည်ပတ်နိုင်ရန်အတွက် အမေရိကန် စစ်သင်္ဘော Captain CAPT David Fluker မှမြန်မာစစ်ရေယာဉ်များ မှအရာရှိ၊စစ်သည်များ ကိုဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
 
တရားဝင်ပြောကြားမှုတစ်ရပ်အနေဖြင်.အမေရိကန် သမ္မတ ၏ မြန်မာနိုင်ငံ ခရီးစဉ်အတွက် 
် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်အင်အား ရဲတပ်ရင်း ၁၀ရင်းစာနှင့် ရဲတပ်ဖွဲ့မော်တော်ကားနှင့် မော်တော်ဆိုင်ကယ် အစီး ၈၀ ကျော် လုံခြုံရေးအတွက် အသုံးပြုထားကြောင်း
ရန်ကုန်အပြည်ပြည်ဆိုင်ဆိုင်ရာလေဆိပ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ ရဲချုပ် ကျော်ကျော်ထွန်းက Eleven Media Group သို့ပြောကြားခဲ့သည်။ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ RFA သို.ပြောကြားချက်အရ မြန်မာ.တပ်မတော်..မြန်မာနိုင်ငံရဲတပ်ဖွဲ. ..လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ.အပါအ၀င် အင်အား၁၀၀၀၀ ကျော်အသုံးပြုခဲ့ကြောင်းသိရသည်။



အမေရိကန်သမ္မတအိုဘားမားခရီးစဉ်တွင် အသုံးပြု ဖို.ရဲအထူးလုံခြုံရေးကားသစ်များ ကိုနေပြည်တော် မှရန်ကုန်မြို့သို့သယ်ဆောင် အသုံးပြု ခဲ့ပါတယ်..



မူလက စီစဉ်ထားသော ရွှေတိဂုံ ဘုရား တက်ရောက်ဖူးမျှော်ရန်အစီအစဉ် ဖျက်သိမ်းကြောင်း သတင်းပေါ်ထွက်လာခဲ့ပြီးမှ တက်ရောက်ဖူးမြှော်သွားခဲ့ပါတယ်၊

ရွှေတိဂုံစေတီ ဆိုသည်မှာကား ပရဝုဏ်ကျယ်ဝန်းလှသလို ခိုအောင်းစရာ နေရာ
ပေါများမှုကြောင့် လုံခြုံရေးအရ ကြည့်လျှင် အားနည်းနေသည်မှာ ဧကန်ဖြစ်သောကြောင့် ဖြစ်ပေ
သည် ။ ထို့ကြောင့် အိုဘားမား မလာခင် ကြိုတင်၍ လုံခြုံရေးအရ အထူးလေ့ကျင့်ထားသော ၊
စစ်ခွေးကို မသင်္ကာဖွယ်နေရာများသို့ ခေါ်ယူပြီး စစ်ဆေးစေခဲ့ပါသည်။



 ခေတ်မှီကိရိယာတွေ ပြည့်စုံ
သော်ငြားလည်း အချို့သော ဇီဝလက်နက်များ ၊ ဓါတုလက်နက်များအား တိရိစ္ဆာန်တို့၏ အာရုံခံစွမ်း
နှင့်သာ ရှာဖွေတွေ့ရှိရသည်ဖြစ်သောကြောင့် ကမ္ဘာ့စစ်ဖက်ဆိုင်ရာများတွင်က အစ ထိုခွေးများကို အထူးလေ့ကျင့် မွေးမြူထားရပါပေသည် ။  



 ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်တွင်လည်း အိုဘားမားရောက်မလာမှီတွင် သတင်းသမားများ၏ အသုံးအဆောင်များအားလုံခြုံရေးစစ်ဆေးမှုများပြုလုပ်ခဲ့သည်။ 


 ထို.အပြင် ၇န်ကုန်တက္ကသိုလ် ဘွဲ.နှင်း သဘင်ခန်းမ၏ လုံခြုံရေး စစ်ဆေးမှုများကိုလည်း သူ၏ တပ်ဖွဲ.၀င်များကသာ အဓိက တာဝန်ယူကိုင်တွယ်ထားခဲ့သည်။

                                
သတင်းအချက်အလက်များ ဓါတ်ပုံများကို အွန်လိုင်း မီဒီယာများဖြစ်သော Mizzima,Eleven Media,Myanmar Navy @facebook ,Myanmar Express,Popular News တို.မှ စုဆောင်းရယူပါသည်။

No comments:

Post a Comment