Tuesday, November 20, 2012

နံပါတ်၁ လူ နံပါတ်၁ လေယာဉ် နံပါတ်၁ ကား




OBAMA

မစ္စတာ ဘား၇က်အိုဘားမားကို ၁၉၆၁ ခုနှစ် သြဂုတ်လ ၄ ရက်နေ.တွင် အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီပြည်နယ် ဟိုနိုလူလူ မြို.တွင်မွေးဖွားခဲ့သည်။

    ၁၉၈၃ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု ရှိ ကိုလံဘီယာ တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံဘွဲ. ရရှိခဲ့သည်၊၁၉၉၁ခုနှစ်တွင် ဟားဗတ်ဥပဒေ ကျောင်းမှ ဥပဒေ ပညာဖြင်. ဒေါက်တာဘွဲ. ရရှိခဲ့ပြီး ဟားဗတ် ဥပဒေစာစောင်တွင် ဥက္ကဌ အဖြစ်ဆောင်ရွက်ခဲ့သည်။
     ၁၉၈၅ မှ ၁၉၈၈ ထိ အမေရိကန်ပြည်ထောင်စု ချီကာဂိုမြို.တွင် Community Organizer အဖြစ်ဆောင်ရွက်ခဲ့သည်၊ထို.နောက် ယင်းမြို.တွင်ပင် Civil Right Attorney အဖြစ် သက်မွေးဝမ်းကျောင်းပြုခဲ့ပြီး ၁၉၉၂ မှ ၂၀၀၄ အထိ ချီကာဂို တက္ကသိုလ် ဥပဒေကျောင်းတွင် ဖွဲ.စည်းပုံ အခြေခံဥပဒေ နှင်.ပတ်သက်၍ သင်ကြားပို.ချခဲ့သည်။
    ၁၉၉၆ တွင် အီလီနွိုက် ပြည်နယ် ဆီးနိတ် လွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရပြီး ၂၀၀၄ ခုနှစ်အထိ သုံးကြိမ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့ပါသည်၊၂၀၀၀ပြည်.နှစ်တွင် အမေရိကန် ပြည်ထောင်စု အောက်လွှတ်တော်တွင် ဒီမိုကရက်တစ် ပါတီ ကိုယ်စားပြု 

ဝင်ရောက်အရွေးခံခဲ့ရာ မအောင်မြင်သောကြောင်. ၂၀၀၄ ခုနှစ် နိုဝင်ဘာလတွင် အထက်လွှတ်တော်၌ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပါသည်၊၂၀၀၅ ခုနှစ်ဇန်န၀ါရီ ၃ ရက်နေ. တွင်  ကွန်ဂရက်၌အထက်လွှတ်တော် အမတ်အဖြစ် ကျမ်းသစ္စာကျိန်ဆို ခဲ့ပါသည်။
     ၂၀၀၈ ခုနှစ် ဒီမိုကရက်တစ် ပါတီ ကိုယ်စားပြု သမ္မတလောင်း နေရာအတွက် ယှဉ်ပြိုင်ရာတွင် မစ္စဟီလာရီ ကလင်တန် နှင်. အကြိတ်အနယ် ယှဉ်ပြိုင်ပြီးနောက် အနိုင်ရရှိလာခဲ့သည်၊၂၀၀၈ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲ တွင်ပြိုင်ဘက်ဖြစ်သည်. ရီပတ်ဘလစ်ကန် သမ္မတ လောင်း  ဂျွန်မက်ကိန်း ကို အနိုင်ရရှိခဲ့ပြီး ၂၀-၁-၂၀၀၉ တွင် အမေရိကန် နိုင်ငံ၏ ၄၄ ဦးမြောက် သမ္မတ အဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့သည်။

      ၂၀၀၉ ခုနှစ် အောက်တိုဘာလတွင် ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင်.ခြင်း ခံခဲ့ရသည်။
      အမေရိကန်နိုင်ငံစီးပွားရေးအတွက် အထောက်အပံ.ဖြစ်စေရန် အမေရိကန်နိုင်ငံ ပြန်လည်ထူထောင်ရေး နှင်. ပြန်လည်ရင်းနှီးမြှပ်နှံခြင်းဆိုင်ရာ ဥပဒေ ( American Recovery and Reinvestment Act )ကို ၂၀၀၉ ခုနှစ် ဖေဖ၀ါရီလတွင် လက်မှတ်ရေးထိုးခဲ့သည်၊ထို.အပြင် အခါန်လျှော.ပေါ.ရေး ..အလုပ်လက်မဲ့အာမခံများ ပြန်လည်ခွင်.ပြုခြင်း နှင်. အလုပ်အကိုင်ဖန်တီးရေး ဥပဒေ  (Tax Relief,Unemployment Insurance Reauthorization ,and Job Creation Act ) တို.ကို ၂၀၁၀ ဒီဇင်ဘာတွင် လက်မှတ်ရေးထိုးခဲ့သည်။

     သမ္မတ အိုဘားမားသည် အခြားပြည်တွင်း မူဝါဒများဖြစ်သည်. Patient Protection and Dodd-Frank Wall Street Reform and Consumer Protection Act , Don't Ask,Don't Tell Repeal Act နှင်. Budget Control Act of 2011 တို.ကိုလည်း အစပြုခဲ့သည်၊နိုင်ငံခြားရေး မူဝါဒတွင် အီရတ်မှ အမေရိကန် တပ်များ ပြန်လည်ဆုတ်ခွာရေး ၊အာဖဂန် နစ္စတန် နိုင်ငံသို. တပ်ဖွဲ.၀င်အင်အားတိုးမြှင်. ချထားရေး ၊ရုရှားနိုင်ငံနှင်. START လက်နက် ထိန်းချုပ်ရေး စာချုပ်အသစ် လက်မှတ်ရေးထိုးခြင်း ၊လစ်ဗျားနိုင်ငံအပေါ် လေယာဉ်မပျံသန်း ရ ဇုံ (No Fly zone on Libya) သတ်မှတ်ရေး နှင်. ပါကစ္စတန် နိုင်ငံ ရှိ အယ်လ်ကိုင်ဒါ အကြမ်းဖက်ခေါင်းဆောင် အိုစမာ ဘင်လာဒင်အား ဖမ်းဆီးနိုင်ရေးအတွက် စစ်ဆင်ရေး စသည်တို.ကို ဆောင်ရွက်စေခဲ့သည်။

      ၂၀၁၂ ခုနှစ်တွင် အမေရိကန် သမ္မတ ရွေးကောက်ပွဲ၌ ပြိုင်ဘက်ဖြစ်သူ ရီပတ်ဘလစ်ကင် ပါတီ မှ မစ္စတာ မစ်ရွမ်နီ အပေါ် သမ္မတ ရွေးချယ်ရေးကိုယ်စားလှယ်မဲ (၃၀၃-၂၀၆) ဖြင်. အနိုင်ရခဲ့ပြီး အမေရိကန် သမ္မတ အဖြစ် ဒုတိယသက်တမ်း ဆက်လက်တာဝန်ထမ်းဆောင်ခွင်.ရခဲ့သည်။

      သမ္မတ အိုဘားမားသည် ၁၉၉၂ တွင် မီရှယ်လ် ရော်ဘင်ဆင် နှင်. လက်ထပ်ခဲ့ပြီး သမီးနှစ်ဦးဖြစ်သော မာလီယာ (၁၉၉၈) ဆာရှာ (၂၀၀၁) တို.မွေးဖွားခဲ့သည်။ 

Air Force One


အမျိုးအစား အတိအကျကတော့ Boeing VC-25 ဖြစ်ပါတယ်။ သူက နယ်နယ်ရရ လေယာဉ် တော့ မဟုတ်ပါဘူး။ ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၂၅ သန်း အကုန်ကျခံလို့ တည်ဆောက်ထားတဲ့ လေ ယာဉ် ဖြစ်ပါတယ်။ ၁၉၈၆ ခုနှစ်က တည်ဆောက်ပြီး ပုံတူ နှစ်စီး ဖန်တီးထားခြင်း ဖြစ်ပါတယ်။



အမှန်တော့ အမေရိကန် Boeing လေယာဉ် ကုမ္မဏီက သ
မ္မတစီးဖို့ပါဆိုပြီး လေယာဉ်ပျံ သပ်သပ် ထုတ်မထားပါဘူး။ Boeing 747 လေယာဉ်ကို အခြေခံပြီး ပြန်လည် Modify လုပ်ထားခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် ကုန်ကျစရိတ်က အဆပေါင်းများစွာ တက်သွားပါတယ်။
သုံးထပ်လေယာဉ် ဖြစ်ပြီး အပေါ်ဆုံးထပ် (Main Deck) က ခရီးသည်များအတွက် ဖြစ်ပါတယ်။ စုစုပေါင်း ၇၆ ဦး ဆံ့တဲ့ လေယာဉ် ဖြစ် ပါတယ်။ သမ္မတအတွက် ရုံးခန်း၊ အိပ်ခန်း၊ နားနေခန်း၊ ထမင်းစားခန်း၊ ဧည့်ခန်း၊ အခြား အရာရှိ ဧည့်သည်များအတွက် အိပ်ခန်း၊ နားနေခန်း၊ ထမင်းစားခန်း၊ နားနေခန်း၊ အစည်းအဝေးခန်းမ အစုံအလင် ပါရှိပါတယ်။ သမ္မတအခန်းရှေ့ က ကော်ရီဒါမှာလည်း လုံခြုံရေး သုံးယောက်လောက် ထားရှိနိုင်ပါတယ်။


အင်ဂျင် လေးလုံး တပ်ထားပါတယ်။ ရည်ရွယ်ချက်ကတော့ မိုင်ပေါင် ၇၈၀၀ ကျော်ကို မနားတန်း မောင်းနှင်နိုင်ဖို့ အတွက် ဖြစ်ပါတယ်။ ဒီအတွကလည်း ဆီအလုံအလောက် ပါပါတယ်။ ယင်းခရီးအကွာအဝေးက ကမ္ဘာရဲ့ သုံးပုံတစ်ပုံမျှ ခရီးနှင်နိုင်မှု ဖြစ်ပါတယ်။ အထဲမှာလည်း အစားအသောက် အပြည့်အဝပါရှိပြီး လူ အယောက် ၁၀၀ တစ်ထိုင်တည်း စားလို့လောက်ရအောင် မီးဖိုချောင် ၂ ခုနဲ့ သိုလောင်ထားပါတယ်။


၁၉၈၆ ခုနှစ်က တည်ဆောက်ပြီး ၁၉၉၀ ခုနှစ်နောက်ပိုင်းမှ အမေရိကန် သမ္မတများအတွက် တရားဝင် အသုံးပြုစေခဲ့ပါတယ်။ အိမ်ဖြူတော် ပိုင် လေယာဉ် ဖြစ်ပါတယ်။ သမ္မတ တစ်ဦးချင်းစီ ပိုင်တဲ့ လေယာဉ် မဟုတ်ပဲ အမေရိကန် သမ္မတ ဖြစ်လာသူတိုင်း စီးဖို့အတွက် ဖြစ်ပါတယ်။


Boeing VC-25 က အတော်လေးကြာမြင့်နေပါပြီ။ လေယာဉ်ကနေ တိုက်ရိုက် မိန့်ခွန်းပြောလို့ရအောင် သမ္မတ ဘွတ်ရှ်ခေတ်ကတည်းက ပြုလုပ်ခဲ့ပေမယ့် Boeing VC-25 ကို အစားထိုးတော့မှာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်နောင်းပိုင်းဆိုရင် ယင်း လေယာဉ် နှစ်စီးအား အသုံးပြုမှု ရပ်နားပြီး နှစ်တိုစီမံကိန်းနဲ့ သမ္မတသုံး လေးယာဉ် အသစ် လေးစီးနဲ့ အစားထိုးမှာ ဖြစ်တယ်လို့ သိရပါတယ်။


General characteristics

လေယာဉ် အရှည် - ၂၃၁ပေ ၅ လက်
တောင်ပံအပါ ဗျက်အကျယ် - ၁၉၅ ပေ ၅ လက်မ
အမြင့် - ၆၃.၅ ပေ
အများဆုံး ခံနိုင်ဝန် - ပေါင် ၈သိန်း ၃သောင်း ၃ထောင် (၈၃၃၀၀၀ ပေါင်)
အင်ဂျင် - အထွေထွေ လျှပ်စစ်တာဘို ပန်ကာ ၄ လုံး
အမြန်ဆုံး မောင်းနှင်နိုင်မှု - တစ်နာရီ မိုင် ၆၃၀ ( လေအမြင့်ပေ ၃သောင်းခွဲတွင်)
--

The Beast

 

အမေရိကန် သမ္မတ အတွက် အထူးစီစဉ်ပေးထားတဲ.'The Beast' ရဲ့ အရှည်ဟာ 18 ft ရှိပါတယ်..။ အမြင့်ကတော့ 5ft 10 inch ရှိပြီး အင်ဂျင်ကတော့ 6.5 litre diesel en gine ဖြစ်ပါတယ်..။ အမြန်ဆုံးမောင်းနှင်နိုင်တဲ့ မြန်နှုန်းကတော့ 60MPH and 0-6mph – 15secs ဖြစ်ပြီး ဆီစားနှုန်းအနေနဲ့ ၈ မိုင် ကို တစ်ဂါလံဖြစ်ပါသတဲ့..။ ထုတ်လုပ်ပေးတဲ့ ကုပ္မဏီကတော့ GM ဖြစ်ပါတယ်..။ သမ္မတ အပါအ၀င် ၇ ယောက်စီးနင်းလိုက်ပါ နိုင်ပါတယ်..။ ကားရဲ့တန်ဖိုးကိုတော့ £ 300,000 လို့ရေးထားပါတယ်..။


 ကားကိုမောင်းနှင်တဲ့ ယာဉ်မောင်းကို အမေရိကန် စီအိုင်အေ ထောက်လှမ်းရေးအဖွဲ့က အထူး လေ့ကျင့်ပေးထားပါတယ်..။ ၅ လက်မ အထူရှိတဲ့ တိုက်တေနီယမ် ဘော်ဒီ နဲ့ ကျည်ကာမှန်တွေဟာ သေနတ် ပစ်ခတ်မှုကို ခံနိုင်ရည်ရှိတဲ့ အပြင် စီးနင်းလိုက်ပါလာသူတွေကို ရိုင်ဖယ်သေနတ်၊ ပစ္စတိုသေနတ် စတဲ့ စစ်သုံးအသေးစား လ က်နက်မျိုးစုံ ပစ်ခတ်မှုကို ကာကွယ်ပေးနိုင်ပါတယ်..။ ဒါ့အပြင် ကားထဲက စီးနင်းသူများကို လက်ပစ်ဗုံးဆန်များ လောင်ချာများ ထိမှန်ခြင်းကနေလည်း ကာကွယ်ပေးနိုင်ပါတယ်..။ ကားတာယာများဟာလည်း ပေါက်နေသည့်တိုင် မောင်းလို့ရတဲ့ တာယာတွေဖြစ်တဲ့အတွက် တိုက်ခိုက်ခံရတဲ့ နေရာကနေ ကားကို အမြန်မောင်းထွက်နိုင်ပါသတဲ့...။ ကားတွင်းမှာ တပ်ဆင်ထားတဲ့ နောက်ဆုံးပေါ် ဆက်သွယ်ရေးအချက်အလက်တွေ ကွန်ပြူတာပိုင်းဆိုင်ရာ တွေအနေနဲ့တော့ အထူးပြောစရာမလိုလောက်အောင် ကို ပြည့်စုံပြီးဖြစ်မယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာမို့ မပြောတော့ပါဘူး..။ အထူးကိရိယာ တွေထဲမှာ အရေးပေါ် လေသန့်ထုတ်ပေးတဲ့စနစ် ပါဝင်ပါတယ်..။

 ဓာတုလက်နက် နဲ့ တိုက်ခိုက်ခြင်းခံရပါက ကားတွင်းမှာ အရေးပေါ် လေသန့်ထုတ်ပေးနိုင်တဲ့ စနစ်ပါဝင် ပါတယ်..။ အပြင်ကနေ မျက်ရည်ယိုဗုံး အဆိပ်ဓာတ်ငွေ့ စတာတွေကို ကားတွင်းမှာတပ်ဆင်ထားတဲ့ ဆင်ဆာက အာရုံခံမိတာနဲ့ ကားထဲရှိ လေအေးပေး စနစ်ဟာ ပြင်ပက လေ၀င်ရောက်မှုကို အလိုအလျောက် ပိတ်လိုက်မှာဖြစ်ပါတယ်..။ အရေးပေါ်အခြေအနေမှာ ကားတွင်းက ပုဂ္ဂိုလ်များ ကားနောက်ဘက် (အံဖုံးနောက်တံခါး)က ထွက်လိုပါက ကားတွင်းရှိ ခလုတ်တစ်ခုကို ဆွဲလိုက်တာနဲ့ ထွက်နိုင်အောင်လည်း စီမံထားပါတယ်..။ ကားရဲ့ ဆီတိုင်ကီဟာလည်း တစ်စုံတစ်ရာကြောင့် ပေါက်သွားပါက အလိုအလျောက် ပြန်ပိတ်နိုင်တဲ့အထိ စီမံထားပါတယ်..။ ကားနောက်မှာတပ်ထားတဲ့ ကင်မရာက ကားနောက်ပိုင်း အခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်နေပါတယ်..။ ညပိုင်းမောင်းနှင်တဲ့ အခါ ထိခိုက်မှုနည်းပါးစေဖို့ ရှေ့မြင်ကွင်းကို 'အင်ဖရာရက်' ရောင်ခြည်သုံး မီးလုံးများနဲ့ ထိုးထားပါတယ်..။ ကားလေကာမှန်ဘေးမှာ တပ်ဆင်ထားတဲ့ 'အင်ဖရာရက် ကင်မရာ' က လမ်းပေါ်မှ ထင်လာတဲ့ ပုံရိပ်များကို ကားတွင်းရှိ ထိန်းချုပ်ဖန်သားပြင်ကို ပို့ပေးပါတယ်..။ 


ကားရဲ့ ဘရိတ်စနစ်ဟာ ရေဒါသုံး ဘရိတ်စနစ် နဲ့ ဖွဲ့စည်းထားပါတယ်..။ ရှေ့ကား နဲ့ နီးလာပြီဆိုရင် အလိုအလျောက် သတိပေးတယ်.. ကားချင်းတိုက်တော့မယ့် အခြေအနေရောက်ပြီဆိုရင် ဘရိတ်ကို ဘယ်လောက်အတိုင်းအတာ ထိ အုပ်ရမယ်ဆိုတာကို အလိုအလျောက်တွက်ချက် ထိန်းပေးနိုင်တဲ့အတွက် ကားမောင်းသူက လိုသလောက် ဘရိတ် မအုပ်မိ ခဲ့ရင်လည်း ဒီရေဒါသုံး ဘရိတ်စနစ်က လိုသလောက် အလိုလို ဘရိတ်အုပ်ပေးနိုင်တယ်လို့ ဆိုထားပါတယ်...။

 

No comments:

Post a Comment