Thursday, November 29, 2012

သကျမဟာသီရိ ဘုရားကြီး စောင်းတန်း ( နတ်လမ်း )


မြို.လေး၏ ဘုရားကြီး ဟုခေါ်ကြသော သကျမဟာသီရိ ဘုရားကြီးသို.သွားလျှင်ခံ.ထည်သော တိုင်လုံးကြီးများနှင်. ၀န်းရံထားသော ချောင်းကူး တံတား ကိုကျော်လိုက်ပြီးသည်နှင်. မျက်နှာချင်းဆိုင် ရမည်က ဖြောင်.တန်းနေသော န
တ်လမ်း ဖြစ်ပါသည်...မြင်နေကျ မြန်မာနိုင်ငံတွင်း ရှိ ဘုရားအတော်များများကဲ့သို.ပင် ထိုနတ်လမ်းအဆုံးတွင်တော. ဆင်းတုတော် သိတင်းသုံးရာ ဂန္ဓကုဋီ တိုက်ရှိနေပြီး ဆင်းတုတော်၏ မျက်နှာတော်မှာ နတ်လမ်းဘက်သို. မျက်နှာမူ သီတင်းသုံးလျှက်ရှိပါသည်...(အချို.သောဆင်းတုတော်တို.မှာ နတ်လမ်းကို ဘေးတိုက်အနေအထားသိတင်းသုံးနေတော်မူလေ.ရှိသည်..ဥပမာ ပြင်ဦးလွင်..ပြည်ချစ်ဘုရား...ဇလွန်ပြည်တော်ပြန်...ကျိုက်ထို မဟာမုနိ)
 

ထိုစောင်းတန်းသည် အလျှား ၂၄၀ ပေ အရှည် ရှိပြီး ဖြောင်.တန်းသော မှန်စီရွှေချ ကျွန်းတိုင်များဖြင်. ထောက်မထားသော နတ်လမ်းဖြစ်ပါသည်...ဘေး ၀ဲယာ နှစ်ဖက်တွင် ဘုရားဖူးခရီးသည်များ အေးချမ်းစွာ သက်တောင်.သက်သာ နားနေနိုင်ရန် အုတ်ခုံများကို စောင်းတန်းအလျှား၏ ၄ ပုံ ၃ ပုံ ခန်.ထည်.သွင်း တည်ဆောက်ထားပါသည်.....ဘုရားရိပ် တရားရိပ်သည် အေး ချမ်းသည်ဆိုသော စကား၏ မူရင်းအဓိပ္ပါယ်မှာ ဘုရား..တရား ၏ အဆုံးအမ အကျင်.အကြံ ရိပ်အောက်ခိုလှုံ
လိုက်နာကျင်.သုံး ခြင်.ဖြင်. ဘ၀ဟာ အေးချမ်းတယ် ပူပင်ကြောင်.ကြ ကိုအလွန်အကျုး မခံစားရဘူးဆို သောအဓိပ္ပါယ် ဖြစ်သော်လည်း ဘုရား..ကျောင်း..ကန်စ သည်တို.သို. ရောက်သွား လျှင်စိတ်ရော..လူပါ ထိုက်သင်.သလောက် အေးချမ်းမှုလည်း ရတတ် သည်ကတော. အသေအချာ ဖြစ်သည်...ထိုစောင်းတန်း ကျောက်ခုံလေးများသည်တကယ်ကို အေးမြမှန်း ထိုင်ဖူးသူများသိကြပါသည်..လေ၀င်လေထွက်..အလင်းရောင် စသည်တို.က ပြည်.စံကောင်းမွန်သောကြောင်. အထူးသဖြင်. ပူအိုက်သောရာသိတွင် ထိုအုတ်ခုံလေးများ၏ အေးမြမှုကား အထူးသိသာလှသည်....တောရွာလေးများမှ နံနက်ပိုင်း ဈေးလာဝယ်ကြသူများ ကလည်း ဘုရားဖူးပြီးအချိန်ပိုလျှင် ထိုစောင်းတန်းလေးများတွင် နားနေလေ.ရှိပြီး ရွာသင်္ဘောလေးများထွက်ချိန်မှသာ ကမ်းနားသို.ဆင်းကြသည်..ခရီးဝေးမှ လာကြသူများကလည်း ကားဂိတ်မသွားခင်..သင်္ဘောဆိပ်မဆင်းခင် နားကြလေ.ရှိသော နေရာ တစ်ခုဖြစ်သည်....
 

ဤစောင်းတန်းလေးများ၏ လူအပြည်.ဆုံးအချိန် မှာ နှစ်ဆန်း တစ်ရက်နေ. ဘုရားကြီး ရေသပ္ပါယ်ချိန် ဖြစ်ပြီး ထိုအချိန်တွင်တော. စောင်းတန်းတစ်လျှောက် ရေသယ်ကုသိုလ်ယူကြသူများ ပြည်.နေတတ်ပြီး ဘေးအုတ်ခုံများတွင်တော. လာရောက်ကြည်.ရှုကြသူများမှာ ထိုင်ခုံများနှင်.ပင် မလောက်ပေ...
 


  စောင်းတန်း၏ အပေါ်ဘက် ဘယ်ညာ နှစ်ဖက်တွင်တော. ပန်းချီကားများရှိနေပါသည်....တကယ်တော.ထိုပန်ချီကားတို.၏ တန်ဖိုးကားမသေးလှ...ငွေကြေးတန်ဖိုးကိုရည်ရွယ်ခြင်းမဟုတ်ပဲ ထိုပန်ချီကားတို.ကြောင်. ရလာနိုင်သော အသိတရားတို.ကို ရည်ရွယ်ရင်းဖြစ်သည်...မြို.လေးရှိ လူ(ဗုဒ္ဓဘာသာဝင်)အားလုံးနီးပါး တို.၏ ငယ်ဘ၀ တခုတ်တရ မော.ကြည်.ကြလေ.ရှိသော.........................
အဘိုးအဘွား မိဘ သက်ကြီးရွယ်အိုတို.က ကိုယ်.သား..မြေး..မြစ် .ကလေးငယ်တို.ကို တကူးတက ပြသ ရှင်းလင်း ပြောဆိုခဲ့ကြသာ..........
ပန်းချီကား ဆိုသောအရာကို ကလေးဘ၀တွင်ပထမဆုံး မြင်တွေ.ခွင်.ရစေခဲ့သော.................
ကလေးဘ၀ကမိဘများကို အဲဒါဘာလဲဟင် လို. မေးမြန်းခွင်.ရစေခဲ့သော............
ပန်ချီကားများဖြစ်သည်..
 
 
ဝင်ဝင်ချင်း ဘယ်ဘက်ခြမ်းရှိ ပန်ချီကားများကတော. 
သာမာန်စိတ်ဝင်စားမှုမျိုးကိုသာ ပေးစွမ်းနိုင်ပြီး ညာဘက်ခြမ်းပန်ချီကားများကတော. စိတ်ဝင်စားအခံ၇ဆုံးဖြစ်သည်....ဗုဒ္ဓဘာသာဝင်တို.၏ သေလွန်ပြီး နောက် ယမမင်းထံ အစစ်ခံ၇သော ပုံနှင်. စတင်ထားပြီး ကံငါးပါး ကျုးလွန်လျှင် မည်သို.ငရဲတွင် ခံစားရမည်ကို ကံတစ်ပါးလျှင် ငရဲ တစ်ခုစီဖြင်. သရုပ်ဖော်ယှဉ်တွဲရေးဆွဲထားပြီး ငရဲကြီး ၈ ထပ်လုံး၏ ပုံကို မြင်သာအောင် ရှင်းလင်းစွာ ရေးဆွဲထားသည်.....ထိုပုံကိုကြည်.၍ မိဘတို.က သားသမီးများကို ဒီလိုလုပ်ရင် ဒီလိုခံရမယ်နော်ဟု အလွယ်တကူ ဘာသာတရား အဆုံးအမအောက် ရောက်ရှိစေ၇န် ပြသဆုံးမ နိုင်သော နေရာတစ်ခုလည်းဖြစ်သည်....
 

စောင်းတန်း၏ အဆုံးနား မျက်နှာကြက်တွင်တော. ခြူးပန်းခက်နွယ်တို.ဖြင်.ေ ဘာင်ခတ်ထုလုပ်ထားသော ပန်းပုရုပ် ၅ခုရှိသည်...၄ ရုပ်မှာ သာမာန် နတ်ရုပ်..လူပျံတော်..ဇော်ဂျီ စသည်တို.ဖြစ်သော်လည်း နတ်ရုပ်တစ်ခုကတော. ပြုံးချင်စရာဖြစ်သည်...ကျောင်းသားဘ၀ ကောင်လေး..ကောင်မလေးများ အဖွဲ.လိုက် ဘုရားသွားကြလျှင် ထိုအရုပ်သည် မိန်းကလေးများကို စလို.ကောင်းသောအရုပ်တစ်ရုပ်ဖြစ်ခဲ့သည်...ဂရိယဉ်ကျေးမှု ...ပြင်သစ် အနုပညာလောက စသည်တို.တွင်တော. ထိုဟန်များက ခောတ်စားလှသည်...ထိုပန်းပုရုပ်များ၏ လက်ရာရှင်ကိုတော. မသိရပါ.......

ထိုနတ်လမ်းစောင်းတန်းကြီးသည် ဘုရားကြီး၏ မူလတန်ဆောင်းတော်ကြီးနှင်.အတူ ၁၂၅၂ ခုနှစ်ခန်. (၁၈၉၀ ခန်.) ကပင် တည်ဆာက်ခဲ့ခြင်းဖြစ်ပြီး လူစင်္ကြန်..နတ်စင်္ကြန်.ဘုရားစင်္ကြန် ဟူသော ဘုံအဆင်.ဆင်.ဖြင်. တည်ဆောက်ခဲ့ခြင်းဖြစ်သည်....နှစ်ပေါင်း အတန်အကြာဝယ် ပျက်စီးမှုများ ကြုံတွေ.လာရသဖြင်.{ ၁၂၇၁ (သို.)၁၂၈၁ ...၁၉၀၉ (သို.) ၁၉၁၉ ခန်.တွင်} ဦးဖိုးမောင်..ဒေါ်သာလိတို.က စောင်းတန်းတစ်ဆောင် ဆောက်လုပ်လှုဒါန်းခဲ့ပါသည်...ဆောက်လုပ်သော ဗိသုကာမှာ ဆရာသက်ကြီးနှင်. သား ဦးစစ်ရွှေတို.ဖြစ်ပါသည်...ယခုလက်ရှိတန်ဆောင်းဖြစ်ပါသည်...ယခင် ခင်းထားသော ကျောက်သားကွက်ဖော် ကြမ်းခင်းများကို ယခုအခါ လှပသော ကျောက်ပြားများဖြင်. အစားထိုး ပြောင်းလဲ ခဲ့ရာ ပိုမိုလှပ တင်.တယ်လာပါသည်...

No comments:

Post a Comment