Wednesday, November 21, 2012

အိုဘားမား၏ မြန်မာပြည် ခရီးစဉ်



အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ လေယာဉ်Air Force Oneသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို. နိုဝင်ဘာ ၁၉ ရက် မနက် ၉နာ၇ီမိနစ် ၄၀ တွင် ဆိုက်ရောက်လာပြိး နိုင်ငံခြားရေးဝန်ကြိး ဟီလာရီ ကလင်တန် နှင်.အတူ လေယာဉ်ပေါ်မှ ဆင်းသက် လာရာ မြန်မာအမျိုးသမီးငယ်တစ်ဦးက ပန်းစည်းဖြင်.ကြိုဆိုနှုတ်ဆက်ခဲ့ပါသည်။


သူ၏ The Beast ကားဖြင်.ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို.ထွက်ခွာလာရာ လေဆိပ်လမ်းတစ်လျှောက်တွင် ကျောင်းသားကျောင်းသူများ၊ ၈မိုင်လမ်းဆုံ..မြေနီကုန်းနှင်. လမ်းတစ်လျှောက်တွင် ပြည်သူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။


 ခရီးစဉ်ကို MNTV နှင်. Sky Net တို.ကတိုက်ရိုက်ထုတ်လွှင်.ပေးနေခဲ့သည်။



နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်ပြည်ထောင်စုသမ္မတ ဘားရက်အိုဘားမားတို့  နံနက် ၁၁ နာရီဝန်းကျင်အချိန်တွင် ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ကြ သည်။



နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံရာတွင် အမေရိကန်ပြည်ထောင်စုသမ္မတ ဘားရက်အိုဘားမားနှင့်အတူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့ ပါဝင်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အမေရိကန်သမ္မတကြီး အိုဘားမားသုံးစွဲခဲ့သည့် စကားအတိုင်း မိမိတို့သည် ရှေ့သို့ ဆက်လက်လျောက်လှမ်းသွားရမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားရာတွင် ''ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုဟာ လွှတ်လပ်ရေးမရခင် ၁၉၄၇ ခုနှစ် ကတည်းက သံတမာန် ဆက်သွယ်ခဲ့တဲ့ နိုင်ငံတွေဖြစ်ပါတယ်။ အစောဆုံး သံတမန်ဆက်ဆံခဲ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ဟိုးတုန်းကလည်း ရင်းနှီးချစ်ခင်စွာ ကျွန်တော်တို့ ဆက်ဆံလာခဲ့ကြတာတွေ ရှိပါတယ်။ ပြီးခဲ့တဲ့ နှစ် ၂၀ ကျော်ကာလမှာ ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ ဆက်ဆံရေးက အကြောင်းကြောင်းကြောင့် ကျွန်တော်တို့ကို အခက်အခဲတွေ ကြုံတွေ့ခဲ့ရပါတယ်။ သို့သော်လည်း မစ္စတာအိုဘားမား သမ္မတဖြစ်လာတဲ့နောက်ပိုင်းမှာ ဒီသမ္မတကြီးရဲ့ အမြော်အမြင်ကြီးမားမှု၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ သံအမတ်ကြီးတို့ရဲ့ ၀ိုင်းဝန်းကြိုးပမ်း အားထုတ်မှုကြောင့် ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ ဆက်ဆံရေးဟာ ထူးထူးခြားခြား ကောင်းမွန်လာပါတယ်။ ဒီလိုကောင်းမွန်တဲ့


ဆက်ဆံရေးကို ရေရှည်တည်တံခိုင်မြဲအောင် ကျွန်တော်တို့ ရှေ့ကိုဆက်ပြီး ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒီတော့ ရှေ့ကိုကျွန်တော်တို့ ဆက်ပြီးတော့ နိုင်ငံအချင်းချင်း တန်းတူညီတူ ရှိမှု၊ စာနာမှု၊ တန်ဖိုးထားမှု ဒါတွေနဲ့ ရှေ့ကိုဆက်ပြီး သွားရမှာပဲ ဖြစ်ပါတယ်။ နောက်တစ်ခုက အမေရိကန်နိုင်ငံနဲ့ ပတ်သက်ပြီး ဒီမိုကရေစီ ရှင်သန်ဖွံဖြိုးရေး၊ လူ့အခွင့်အရေး ဒါတွေကို ကမ္ဘာ့စံချိန်၊ စံညွန်းတွေနဲ့မီအောင် ဆောင်ရွက်နိုင်ဖို့အတွက် ကျွန်တော်တို့ လူမျိုးတွေရဲ့ အရည်အသွေးတွေ အဆင့်အတန်းတွေ


မြင့်မားအောင် ပညာရေး၊ ကျန်းမာရေး နောက်တစ်ခုက ၀န်ထမ်းတွေရဲ့ အရည်အသွေး မြှင့်တင်ရေးတို့ ဒီကိစ္စတွေနဲ့ ပတ်သပ်ပြီးတော့လည်း အမေရိကန်နိုင်ငံနဲ့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်သွားဖို့အတွက် သမ္မတကြီးဆီက သဘောတူညီချက်ကို ကျွန်တော်တို့ ရရှိလိုပါတယ်။ ဒီကနေ့ ကျွန်တော်တို့နှစ်ဦး တွေ့ဆုံဆွေးနွေးမှုရဲ့ အကျိုးရလာဒ်တွေကို မြန်မာပြည်သူတွေ ထိုက်ထိုက်တန်တန်နဲ့ ခံစားနိုင်အောင် ကျွန်တော်တို့ ကြိုးပမ်းပြီးတော့ ဆောင်ရွက်သွားပါမယ်။ အခုလိုဆက်ဆံရေး တိုးတက်ကောင်းမွန်လာဖို့က အမေရိကန်သမ္မတကြီးရဲ့ အမျော်အမြင်ကြီးမားမှု၊ နောက်တစ်ခါ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ရဲ့ ကြိုးပမ်းဆောင်ရွက်ပေးမှု၊ သံအမတ်ကြီးနဲ့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကြောင့် ကျွန်တော်တို့ ဒီလို တိုးတက်ကောင်းမွန်လာတာ ဖြစ်ပါတယ်။ ဒီအတွက်လည်း အားလုံးကို ကျွန်တော်ကျေးဇူးတင်ပါတယ်။ သမ္မတကြီး သုံးစွဲခဲ့တဲ့ စကားအတိုင်းပါဘဲ။ ကျွန်တော်တို့လည်း move forward ဆိုပြီး သွားရမှာ ဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ အိုဘားမားက ''နိုင်ငံတော်သမ္မတကြီးနဲ့တကွ ကျန်တဲ့ ပုဂ္ဂိုလ်တွေအားလုံး ကျွန်တော်ကို ပျူပျူဌာဌာ ကြိုဆိုတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ကျွန်တော်အနေနဲ့ နည်းနည်း အချိန်တိုတိုပဲရတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိန့်ခွန်းတစ်ခု ပြောဦးမှာဆိုတော့ မြန်မာပြည်သူတွေအတွက် သူတို့သိသင့်တဲ့ဟာတွေ ကျွန်တော်အဲဒီကျတော့ ပြောမှာပါ။ ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ နှစ်ဦးဆွေးနွေးတဲ့အခါမှာ သမ္မတကြီးနဲ့ ဆွေးနွေးတဲ့အခါမှာ အပြုသဘောဆောင်တဲ့ဟာတွေ အများကြီး ကျွန်တော်တို့ လုပ်ခဲ့ပါတယ်။ ကျွန်တော် သမ္မတကြီးကို တစ်ကယ်ပြောခဲ့တဲ့ ကိစ္စကတော့ သူလုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေဟာ တစ်ကယ်ပဲ ဒီတိုင်းပြည် ရှေ့ကို တိုးတက်ဖို့အတွက် အထောက်အကူပြုမယ်ဆိုတဲ့ အကြောင်းပါပဲ။ သမ္မတကြီး ခြေလှမ်းဆန့်ခဲ့တဲ့ လူ့အခွင့်အရေး ကိစ္စတွေ၊ ကလေးစစ်သား ကိစ္စတွေ အဲဒီကိစ္စတွေအားလုံးဟာ ကျွန်တော်တို့ လူ့အခွင့်အရေး ဆွေးနွေးပွဲမှာလည်း ဒါတွေက ဆွေးနွေးပြီးသား ဖြစ်တဲ့အတွက် ဒါတွေက တစ်ကယ်ပဲ တိုင်းပြည်ကြီးကို ရှေ့ကိုတိုးတက်အောင် အကျိုးပြုနိုင်မယ့် သဘောရှိပါတယ်။ ဒါဟာလည်း နောင်အရှည်သဖြင့် ဆက်ဆံရေး၊ အရှည်သဖြင့် သွားရမယ့် ခရီးအတွက် ပထမဆုံး ခြေလှမ်းလို့ ကျွန်တော်ထင်မြင်ပါတယ်။ သမ္မတကြီး ဆောင်ရွက်ခဲ့တဲ့


နိုင်ငံရေးအရ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခဲ့တဲ့ ကိစ္စတွေ၊ ပြုပြင်ပြောင်းလဲမှုတွေ၊ စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုတွေသာ တစ်ကယ်ပဲ ဒီနိုင်ငံကို တိုးတက်ရာ တိုးတက်ကြောင်းတွေ ဖြစ်စေမယ့် အကြောင်းရှိပါတယ်။ ကျွန်တော်တို့ ဒီနေ့ နှစ်ဖက်ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးတက်အောင် လုပ်တာဟာ တစ်ကယ်ပဲ ဒီနိုင်ငံတင်သာမက ဒေသတွင်း တိုးတက်မှုတွေရော၊ တစ်ကမ္ဘာလုံး တိုးတက်မှုတွေအတွက်ပါ အကျိုးပြုပါလိမ့်မယ်။ နောက်တစ်ခုက သမ္မတကြီးတို့အနေနဲ့ စုပ်စုပ် ပိုင်ပိုင် လုပ်နိုင်ခဲ့တဲ့ ကိစ္စတစ်ခုကတော့ လူအများကို သေကြေပျက်စီးစေနိုင်တဲ့ လက်နက်ကြီးတွေကို ပပျောက်အောင် လုပ်တဲ့အတွက်၊ မပြန့်ပွားအောင်လုပ်တဲ့ ကိစ္စမှာ ဒါတွေက အရေးကြီးပါတယ်။ ဒါတွေ ကို လုပ်နိုင်တဲ့အတွက်ကြောင့် ကောင်းပါတယ်။ သမ္မတကြီး ကျွန်တော်တို့ကို အခုလို ကြိုဆိုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီတစ်ခေါက် တင်မကဘူး။ နောက်တစ်ခေါက်လည်း လာနိုင်လိမ့်မယ်လို့ ကျွန်တော် မျော်လင့်ပါတယ်'' ဟု ပြောကြားခဲ့သည်။
တွေ.ဆုံပွဲမှာ ၁၁နာရီ ၂၀ မိနစ်တွင်ပြီးဆုံးခဲ့ပါသည်။
ထို.အပြင် လွှတ်တော်အဆောက်အအုံတွင်ပင် ပြည်သူ.လွှတ်တော်ဥက္ကဌ နှင်. အမျိုးသားလွှတ်တော်ဥက္ကဌ တို.ကိုလည်း တွေ.ဆုံခဲ့သည်။

 ထို.နောက်အိုဘားမားသည် မူလကဖျက်သိမ်းသည်ဟုကြေငြာထားသော ရွှေတိဂုံ ဘုရားဖူးမျှော်ခြင်း အစီစဉ်ကို ဆက်လက်လုပ်ဆောင်ခဲ့ပါသည်။


ရွှေတိဂုံဘုရားကို ၁၁နာရိ မိနစ်၄၀တွင်မြောက်ဘက်မုခ် မှတက်ရောက်ပြီး ဘုရားပန်းလှုဒါန်းခြင်း ..ဘုရားရေသပ္ပါယ်ခြင်းတို.ကိုပြုလုပ်ပြီး  စေတီတော်အားလှည်.လည်ကြည်ညိုသည်။



ထို.နောက်အမေရိကန်သမ္မတသည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို. ၁၂ နာရိ၂၀ မိနစ်တွင်သွားရောက်တွေ.ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ဆက်ဆံရေး၊ မြန်မာနိုင်ငံတွင် ဖေါ်ဆောင်နေသော ဒီမိုကရေစီရေး ဆောင်ရွက်မှုများ နှင့် စပ်လျဉ်း၍ နာရီဝက်ခန့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အဆိုပါ တွေ့ဆုံမှုတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်လည်း ပါဝင်ကြောင်း သိရသည်။



  ထိုသို.တွေ.ဆုံပြီးနောက် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်း  ပြည်တွင်းပြည်ပ မီဒီယာများအား   မှတ်ချက် စကားများ ပြောကြားခဲ့ပါသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဦးစွာ ပြောကြားခဲ့ပြီး အမေရိကန်သမ္မတ အိုဘားမားက ဆက်လက် ပြောကြားခဲ့ပါသည်။

"ကျွန်မ အမေရိကန်သမ္မတ အိုဘားမားကို ကျွန်မတို့နိုင်ငံ ကျွန်မရဲ့ အိမ်မှာ ကြိုဆိုရတာ အရမ်းဝမ်းသာပါတယ်။ ကျွန်မတို့ နှစ်နိုင်ငံအကြား ဆက်ဆံရေးဟာ သမိုင်းရှည်ကြာစွာ ကတည်းက တည်ရှိခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ကြိုးပမ်းမှုမှာ ထောက်ခံခဲ့ပါတယ်။ ရှေ့မှာရှိနေတဲ့ ခက်ခဲတဲ့ နှစ်များတစ်လျှောက်လုံးမှာလည်း ဒီထောက်ခံမှုမျိုး

 ဆက်လက်ရှိနေလိမ့်မယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ မည်သည့် အကူးအပြောင်းတွင်မဆို အခက်ခဲဆုံး အချိန်ကာလမှာ အောင်မြင်မှုကို မြင်တွေ့ရပြီလို့ထင်တဲ့ အချိန်ပါပဲ။ ကျွန်မတို့ အနေနဲ့


အောင်မြင်မှု တံလျှပ်ရဲ့ ဖျားယောင်မှု မခံရဖို့ အထူးဂရုစိုက်ဖို့ လိုပါတယ်။ စစ်မှန်သော အောင်မြင်မှုတွေ ရဖို့အတွက် ကျွန်မတို့ နှစ်နိုင်ငံ အကြားနှင့် ပြည်သူနှစ်ရပ် အကြား ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ကျွန်မတို့ဟာ လုပ်ရမယ့် ကိစ္စတွေကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးပြီး လုပ်ဆောင်ရပါမယ်။ သမ္မတ အိုဘားမားရဲ့ မြန်မာနိုင်ငံ အလည်အပတ် ခရီးစဉ်ဟာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုကို တိုးတက်ဖြစ်ထွန်းစေပြီး မြန်မာနိုင်ငံရဲ့ ဦးတည်ရာကိုလည်း မှန်ကန်စေလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်မအနေနဲ့ အမေရိကန်ပြည်ထောင်စု အစိုရနဲ့ တတ်နိုင်သမျှ ဆက်သွယ်ဆောင်ရွက်သွားပါမယ်။" ဟု မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။

"မြန်မာနိုင်ငံ ခရီးစဉ် ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် ဖေါ်ဆောင်နေသော ဒီမိုကရေစီရေး အရှိန်အဟုန် ကို ထိန်းနိုင်ဖို့ ဖြစ်ပါတယ်။ ဒီထဲမှာ ယုံကြည်စိတ်ချရသည့် အစိုးရ အဖွဲ့အစည်းများ တည်ထောင်ခြင်း တရားဥပဒေစိုးမိုးရေး ဖေါ်ဆောင်ခြင်း၊ တိုင်းရင်းသား ပဋိပက္ခများ ချုပ်ငြိမ်းခြင်း၊ မြန်မာပြည်သူများ ပညာရေး၊ ကျွန်န်းမာရေး စောင့်ရှောက်မှုနဲ့ စီးပွားရေး အခွင့်အလမ်းများ ပိုမိုရရှိစေရေး သေချာစေခြင်းတို့ ပါဝင်ပါတယ်။ ကျွန်တော်အနေနဲ့ ဒီနိုင်ငံက ပြည်သူတွေကို ကတိ ပေးချင်ပါတယ်။ ဒီကတိကို ကျွန်တော်တို့အနေနဲ့ ထိန်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အဲ့ဒါက ဘာလဲ ဆိုတော့ တစ်ကယ်လို့များ


 ပြုပြင်ပြောင်းလဲရေးကို ဦးတည်တဲ့ တိုးတက်မှုများ ဆက်တိုက် မြင်တွေ့ရမယ်ဆိုပါက ကျွန်တော်တို့ရဲ့ နှစ်နိုင်ငံ ဆက်ဆံရေးမှုတွေဟာလည်း ပိုမိုအားကောင်းလာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အောင်မြင်မှု ရဖို့အတွက် ကျွန်တော်တို့ အနေနဲ့ တတ်နိုင်သမျှ အားလုံးကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။" ဟု အမေရိကန် သမ္မတ အိုဘားမားက ပြောကြားခဲ့ပါသည်။
ထိုအစီစဉ်တွင်၎င်းတို့၏ တွေ့ဆုံမှုနှင့် ပတ်သတ်၍ မှတ်ချက်စကားပြောကြားမည် ဖြစ်သော်လည်း မီဒီယာများမှ မေးမြန်းခွင့်မရှိကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော် သတင်းထုတ်ပြန်ရေး ဌာနမှ တာဝန်ရှိသူတစ်ဦးက မီဒီယာများသို့ မူလကပင်ပြောကြားထားခဲ့ပါသည်။သမ္မတသည် ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်မှ ၁နာရိ ၁၅ မိနစ်ခန်.တွင် ပြန်လည် ထွက်ခွာခဲ့ပါသည်။ဘွဲ.နှင်းသဘင် သို.မသွားရောက်မှိ အမေရိကန် သမ္မတသည်အမေရိကန်သံရုံးသို. အရင်ဝင်ရောက်ခဲ့ပါသည်။

 မွန်းလွဲ ၂နာရီမိနစ်၄၀တွင် အမေရိကန်သမ္မတသည် မိန်.ခွန်းပြောကြားမည်. ရန်ကုန်တက္ကသိုလ် ဘွဲ. နှင်းသဘင်ခန်းမသို.ရောက်ရှိပြိး မိနစ် ၄၀ ၀န်းကျင် ခန်.မိန်.ခွန်းပြောကြားခဲ့ပါသည်။ထိုအခမ်းအနားသို.
နိုင်ငံရေးပါတီများမှ အကြီးအကဲများ၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ၊ ဦခွန်ထွန်းဦး အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်အချို့နှင့် NGO 


အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ ဖိတ်ကြားခြင်းခံရသော အများပြည်သူများ တက္ကသိုလ် ဆရာဆရာမများအပြင် သိတဂူဆရာတော်လည်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ထို.အပြင် ကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီမှ ဦးဌေးဦး တက်ရောက်လာသလို NLD ပါတီမှ ဒေါ်အောင်ဆန်းစုကြည်လည်းတက်ရောက်ပါသည်။ဦးကျော်သူ..ဇာဂနာစသော လုမှုရေး လုပ်ငန်းများ အနုပညာရျင်များလည်း တက်ရောက်ခဲ့ပါသည်။



ထို.အပြင် အမေရိကန် သမ္မတ ပုံကို Graffiti ဖြင်.ရေးဆွဲကြိုဆိုခဲ့သော ၁၉ နှစ်အရွယ် အာကာကျော်လည်း အမေရိကန် သံရုံး၏ဖိတ်ကြားမှုဖြင်. ထိုအခမ်းအနား တက်ရောက်ခွင်.ရခဲ့သည်။


 ထို.နောက် ညနေ ၃နာရီ ၂၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို. ရောက်ရှိပြီး ဂုဏ်ပြုတပ်ဖွဲ့က သေနတ်မြှောက် အလေးပြု နှုတ်ဆက်ကာ


 ညနေ ၃နာရီ ၃၅ မိနစ်တွင် ရန်ကုန်မြို.မှ ပြန်လည်ထွက်ခွာသွားခဲ့သည်။

No comments:

Post a Comment