Sunday, November 30, 2014

MWRN ၏ Promote for Migration Workshop





၂၀၁၄ နိုဝင်ဘာ ၂၆ ရက်နေ. က MWRN မှ စီစဉ်သော Promote for Migration Workshop တစ်ခုကို Diamond Plaza ရှိ Sagawa Hall တွင်ပြုလုပ်ခဲ့ပါသည် ။

ထိုအခမ်းအနားသို. INGO များ , NGO များ ၊CBO များ ၊ အလုပ်သမား အခွင်.အရေး လှုပ်ရှားသူများ ၊ ပြည်ပအလုပ်သမား စေလွှတ်သော အေဂျင်စီအချို. ၊ အေဂျင်စီ အဖွဲ.ချုပ် စုစုပေါင်း အဖွဲ. ၁၂ ခုခန်.မှ ကိုယ်စားလှယ်များ ၊ တာဝန်ရှိသူများ နှင်. Media  ၁၀ ခုခန်. တက်ရောက်ခဲ့ကြပါသည် ။ အလုပ်သမားဝန်ကြီး ဋ္ဌာန မှ တာဝန်ရှိ သူအနေဖြင်. မူ အရေးပေါ် အစီအစဉ် တစ်ခုကြောင်. တက်ရောက်လာနိုင်ခဲ့ခြင်း မရှိဟု သိရပါသည် ။



ရှေးဦးစွာ MWRN ၏ နိုင်ငံခြားရေး အတိုင်ပင်ခံ Mr Andy Hall မှ ရွှေ.ပြောင်း အလုပ်သမားရေးရာ လက်ရှိ အခြေအနေများကို မိတ်ဆက်ရှင်းလင်း ပြောကြားခဲ.ပြီး တက်ရောက်လာကြသူများ အချင်းချင်း မိမိတို.အဖွဲ.အမည် ၊ လုပ်ဆောင်မှု တို.ကို မိတ်ဆက်ကြပါသည် ။


ထို.နောက် MOEAFတွဲဖက် အတွင်းရေးမှုး   မှ အေဂျင်စီ အဖွဲ.ချုပ် စတင်တည်ထောင် မှု နှင်. ဖွဲ.စည်းထားပုံ ၊ အစိုး နှင်. G to G MoU ထိုးထားသော နိုင်ငံများ - MOEAF နှင်. MoU ထိုးထားသော နိုင်ငံများ သို. အလုပ်သမားစေလွှတ်မှု နှင်. ညှို နှိုင်းဆောင်ရွက်နေမှု အခြေအနေ များကို ရှင်းလင်းပြောကြားပါသည် ။


ပြည်ပအလုပ်သမားစေလွှတ်ရေး အေဂျင်စီ တစ်ခုမှ MD တစ်ဦး ဖြစ်သူ ကိုသောင်းထူး က အိမ်အကူ အလုပ်သမား ဆိုင်ရာ အယူအဆ နှင်. ပြည်ပ အိမ်အကူလုပ်သား အခြေအနေ များကို ဆက်လက်ရှင်းလင်းပြောကြားပါသည် ။



Humanitarian Organization for Migration Economics ( HOME ) S’ Pore မှ ဒေါက်တာသိန်းသန်းဝင်း မှ အိမ်အကူလုပ်သားဆိုင်ရာ စင်္ကာပူ ဥပဒေများ ၊ စင်္ကာပူ ရောက် မြန်မာ အိမ်အကူ လုပ်သား ဦးရေ - အသက် ကိုးကွယ်မှု - ပညာအရည်အချင်း  ဆိုင်ရာ စစ်တမ်း ၊ စင်္ကာပူ တွင် လက်ရှိ လုပ်ကိုင်နေရမှု အခြေအနေ ၊ HOME အဖွဲ. အနေဖြင်. လိုအပ်သော ကူညီ - စောင်.ရှောက် - ကာကွယ်ပေးမှုဆိုင်ရာများ ၊ MOEAF နှင်. AEA ( S ) တို.ကြား သဘောတူစာချုပ် တွင် ထည်.သွင်းချုပ်ဆိုရန် အချက်အလက်များ ဆွေးနွေးပြုစုခဲ့မှုများ ၊ ၂၀၁၀ မှ ၂၀၁၄ အတွင်း စင်္ကာပူ နိုင်ငံ တွင် အိမ်အကူဆိုင်ရာ အမှုအခင်းများ ဆန်းစစ်လေ.လာမှု အခြေအနေ စသည်တို.ကို အသေးစိပ်ရှင်းလင်းပြောကြားခဲ့ပါသည် ။


MWRN ၏ ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူ ကိုအောင်ကျော် မှ ယိုးဒယားနိုင်ငံ တွင် မြန်မာရွှေ.ပြောင်း လုပ်သားများ လက်ရှိ ကြုံတွေ.နေရသော ယာယီပတ်စပို. ၊ အလုပ်လုပ်ခွင်. ကဒ် ဆိုင်ရာ ကိစ္စရပ်များ နှင်. ယိုးဒယား လ၀က ဥပဒေဆိုင်ရာ လက်ငင်း အခြေအနေများ ၊ Dec 8 မှ 11 တွင် ၂နိုင်ငံ ဆွေးနွေးကြမည်. အလုပ်သမားဆိုင်ရာ ခေါင်းစဉ်များ ၊ ယိုးဒယားသို. လူပို.ပေးနေသော အေဂျင်စီိများ အခြေအနေတို.ကို ရှင်းလင်းပြောကြားခဲ့ပါသည် ။


ထို.နောက် MWRN ၏ ဥက္ကဋ္ဌ ဖြစ်သူ ကိုစိန်ဋ္ဌေး မှ တရုတ်နယ်စပ်သို. သွားရောက်၍ တရုတ်နိုင်ငံ တွင်း မြန်မာရွှေ.ပြောင်း အလုပ်သမား ရေးရာ အခြေအနေများ လေ.လာခဲ. မှု ကို ရှင်းလင်းပြောကြားခဲ့ကြပါသည် ။


ရှင်းလင်း တင်ပြမှု အားလုံးတွင် သိလိုသည်များ ကိုတက်ရောက်ကြသူများမှ မေးမြန်းဆွေးနွေးမှုများ ပြု လုပ်ခဲ့ကြပါသည် ။ထို.အပြင် MWRN နိုင်ငံခြားရေး အတိုင်ပင်ခံ ၊ ဥက္ကဋ္ဌ ၊ ဒုဥက္ကဋ္ဌ နှင်. အေဂျင်စီအသင်းချုပ် တွဲဘက် အတွင်းရေးမှုး ၂ တို.အား သတင်းဋ္ဌာန အသီးသီးတို.မှ သီးခြားစီတွေ.ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ပါသည် ။




ရှင်းလင်းဆွေးနွေး မှုများအပြီး အဖွဲ. ၂ဖွဲ. ခွဲ၍  မြန်မာ ရွှေ.ပြောင်း အလုပ်သမားများ လုံခြုံစိတ်ချစွာ သွားရောက်လုပ်ကိုင်နိုင်ရေး မည်သို.အရှိန်အဟုန်မြှင်. လုပ်ဆောင်သင်.ကြောင်း ၊ ထိရောက်သော ကွန်ယက်များဖြင်. မည်သို.ပံ.ပိုးလုပ်ဆောင်သင်.ကြောင်းများကို ဆွေးနွေးကြပြီး မိမိတို.အဖွဲ.လိုက်တွေ.ရှိ အကြံပြု ချက်များ ပြန်လည်ရှင်းလင်းတင်ပြကာ အလုပ်ရုံဆွေးနွေးပွဲကို ညနေပိုင်းတွင် အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပါသည် ။

Saturday, November 29, 2014

ဝါးခယ်မ အထက ၁ ရွှေရတု ကထိန် - ၂၀၁၄




ဝါးခယ်မမြို. အထက ၁ ၏ ရုပ်စုံ မဟာဘုံကထိန် အကြိမ် ၅၀မြောက် ရွှေ၇တု ကထိန်ကို ယခုနှစ်တွင် အခြားနှစ်များနှင်. မတူပဲ ၂၀၁၄ နိုဝင်ဘာ ၂ ရက်နေ.က ထူးခြားစည်ကားစွာ ကျင်းပနိုင်ခဲ့ပါသည် ။

ကထိန်လှည်.လည်ရာတွင်ရှေ.ဆုံးတွင် ပန်းဖလားကိုင်အဖွဲ. ၊ ကျောင်းအုပ်ကြီး နှင်. အဖွဲ. ၊ သာသနာ.အလံကိုင်အဖွဲ. ၊ ထိုနောက်မှ စည်တော် အက ၊ ထို.နောက်မှ ပုဂံ ၀န်း ၊ ထို.နောက်တွင်မူ နဂါးခံထားသောကလပ်ဖြင်. ပင်မကထိန်သင်္ကန်းကိုင် ကျောင်းသား/ကျောင်းသူများအဖွဲ. ၊ ထို.နောက် သင်္ကန်းကိုင် တူညီဝတ်စုံဝတ် ကျောင်းသူလေးများ ၊ ထို.နောက်တွင် အငြိမ်းစား ဆရာကြီး /ဆရာမကြီးများ ၏ ပဒေသာပင်နှင်. အငြိမ်းစား / ဆရာကြီး / ဆရာမကြီးများ ၊ ထို.နောက်တွင် ပဉ္စမ တန်း ( က ) မှစ၍ ဒသမတန်း အထိ အစဉ်လိုက် မိမိတို.အခန်းမှပြုလုပ်သော အရုပ် ၊ မိမိတို.အတန်းသူ/အတန်းသား များ ၊ မိမိတို.အခန်းမှစီစဉ်သောဖျော်ဖြေရေး အစီအစဉ်များ ကို တစ်ခန်းချင်းစီ စီစဉ်ပြီးထို.နောက်မှ နှစ်အလိုက် ကျောင်းသား/သူဟောင်များ ၏ ပဒေသာပင်များနှင်. ကျောင်းသား/ကျောင်းသူဟောင်းများ အစဉ်လိုက်လှည်.လည်ကြပါသည် ။

လှည်.လည်ရာတွင် ကျောင်းမှနေ၍မြူရုံးလမ်း ၊ထို.နောက်ခန်းမဘေးမှကမ်းနားလမ်းသို.ဆင်းပြီး ကမ်းနားလမ်းအတိုင်း ဆက်လက်ထွက်ခွာကာ BOC ထောင်.မှ အကင်စုလမ်းအတိုင်းဈေးဘက်တက်ပြီး ဈေးလမ်းအတိုင်း ဈေးဂုံးတံတား ၊ ထိုမှကမ်းနားဘက်ဆင်းကာ ဦးမောင်ကြီးလမ်းမှမြသိန်းတန်ဘုရားလမ်းသို.၀င်ပြီး မြသိန်းတန်ဘုရားပြီးနောက်မြူရုံးလမ်း ဘက်ပြန်တက်ကာ မြူရုံးလမ်းအတိုင်း ဘုရားကြီးရှေ.အထိ ၊ ထိုမှဘုရားကြီးလမ်းအတိုင်း မင်္ဂလာဝင်းထောင်. ၊ ထိုမှပတ္တမြားရုံလမ်း ၊ ထိုမှခန်းမဘေးအထိသွားပြီး ကမ်းနားဘက်ပြန်ဆင်းကာ ကမ်းနားလမ်းအတိုင်း သံကြိုးတိုင် ၊ ထိုမှပြည်.ဖြိုးဝေထောင်. ၊ ထိုမှမြူရုံးလမ်းအတိုင်း ကျောင်းဆီပြန်အရောက် လှည်.လည်ခဲ့ကြခြင်းဖြစ်သည် ။

လှည်.လည်သော လမ်းတစ်လျှောက် အုန်းကောက်ညှင်း ၊ ရေခဲချောင်း ၊ အအေး ၊ ရေဘူး အပါအ၀င်မုန်.များ လှုဒါန်းခဲ့ကြပြီး လှည်.လည်ရာတွင် လူဦးရေ ၁၅၀၀ မှ ၂၀၀၀ ကြားပါဝင်ခဲ့သည်ဟု သိရပါသည် ။ ပဒေသာပင် စုစုပေါင်း ၇၅ ပင်ပါဝင်ခဲ့ပြီး ကျောင်းသား/သူလေးများ ပဒေသာပင်တန်ဘိုး စုစုပေါင်းမှာ ၅၈၀၂၈၆၀ ကျပ် ဖြစ်၍ ဆရာကြီး /ဆရာမကြီးများနှင်. ကျောင်းသား /သူဟောင်းတို. ၏ ပဒေသာပင် ၄၃ ပင် အတွက် ကော်မတီမှ လှုဒါန်းငွေ ၂၁၅၀၀၀၀ ကျပ် ၊ ကျောင်းသား/သူဟောင်းများ၏ နှစ်အလိုက် ထပ်မံလှုဒါန်းမှု ( ခန်.မှန်း ၂၀၀၀၀၀၀ ကျပ် ) စုစုပေါင်း ပဒေသာပင်အားလုံး၏ခန်.မှန်းတန်ဘိုး သိန်း ၁၀၀ ခန်.ရှိခဲ့သည်ဟု သိရပါသည် ။

ေ၇ွှရတုကထိန် ပီသစွာပင် အထူးစည်ကားခဲ့ပြီး လမ်းဘေးတစ်လျှောက်စောင်.ကြည်.ကြသော မြို.သူ/သားများလည်း ပြည်.နှက်နေခဲ့ပါသည် ။ ကထိန်လှည်.လည်သောေ၇ှ.ဆုံးမှ အလံကိုင်အဖွဲ.က လမ်းမကြီးအတိုင်း လှေကျင်းဘက်မှပြန်ထွက်လာရာ တံတားအောက်ရောက်ချိန်တွင် ကထိန်နောက်ဆုံးတန်းက ကမ်းနားလမ်း တံတားအောက်တွင်သာရှိသေးပြီး မြသိန်းတန်ဘုရားလမ်း နှင်. မြူရုံးလမ်းတစ်လျှောက် လူအပြည်.ဖြစ်နေခဲ့ပါသည် ။

ယခုနှစ်တွင်မူ အငြိမ်းစား ဆရာကြီး/ဆရာမကြီးများ နှင်.ကျောင်းသား/ကျောင်းသူဟောင်းများ ၏ ပဒေသာပင်များနှင်. ပုဂံဝန်းကဲ့သို.သော အစီအစဉ်များ ဖြည်.စွက်ပါဝင်ခဲ့သောကြောင်. ပိုမိုစည်ကားခဲ့ပါသည် ။


 
ဆက်စပ်ကြည်.ရှုရန် များ

* တပ်ဦးကချီ စည်လေသည်. ရွှေရတု ( ဓါတ်ပုံများ )

* ဆန်းသစ်တဲ့ အစဉ်အလာ ထ ၁ ရဲ. ရုပ်စုံ မဟာဘုံ ကထိန်( ဓါတ်ပုံများ )

* ရွှေရတု ပွဲမို. ကျောင်းသားဟောင်းတို.လည်း ၀င်နွဲပျော်( ဓါတ်ပုံများ )

* Eagle- Eye View to Golden Jubliee ဓါတ်ပုံများ

* Back Reached ဓါတ်ပုံများ

* ရွှေရတု ရုပ်စုံကထိန် နှင်.အတူ၂၀၁၄ နိုဝင်ဘာ ၁ ရက်နေ.က ကျင်းပသော မည်သည်.နှစ် မည်သည်.အထက ၁ ကျောင်းသားဟောင်းမဆိုပါဝင်ဆင်နွဲနိုင်သော အာစရိယ ပူဇော်ပွဲအား Sky Net Up to Date မှ ထုတ်လွှင်.ပုံ ( အပိုင်း- ၁ ) Video File




* အာစရိယ ပူဇော်ပွဲအား SkyNet Up to Date မှ ထုတ်လွှင်.ပုံ ( အပိုင်း - ၂ ) Video File




ရွှေရတု ရုပ်စုံကထိန်၂၀၁၄ နိုဝင်ဘာ ၂ ရက်နေ.မနက် လှည်.လည်မှုကို Sky Net Up to Date မှထုတ်လွှင်.သွားပုံ Video File

Friday, November 28, 2014

ဝါးခယ်မမြို.နယ် အရေးပေါ် လူနာတင်ယာဉ် ပို.ဆောင်မှု





ဝါးခယ်မမြို.နယ် အသင်း ( ရန်ကုန် ) ၏ ဂုဏ်ထူးဆောင် နာယက ဖြစ်သော ဗိုလ်မှုးကြီး အံ.ကျော် ( ငြိမ်း ) မိသားစုမှ လှုဒါန်းထားသော အရေးပေါ် လူနာတင်ယာဉ်ကို အရေးပေါ် လူနာတင်ယာဉ် စောင်.ရှောက်ရေး နှင်. ပို.ဆောင်ရေး အဖွဲ. တစ်ခု တည်ထောင်ကာ ၀ါးခယ်မမြို.နယ် အသင်း ( ရန်ကုန် ) ၏ ကြီးကြပ်မှု ညဖင်. စီမံလုပ်ဆောင်ပေးနေပါသည် ။


၁၀ - ၆ - ၂၀၁၄ မှ ၃၁ - ၁၀ - ၂၀၁၄ အထိ ၀ါးခယ်မ မှ ညောင်တုန်းသို. လူနာ ( ၁ ) ဦး ၊ ၀ါးခယ်မ မှ မြောင်းမြ သို. လူနာဂ(  ၁၄ )  ဦး ၊ ၀ါးခယ်မ မှ ရန်ကုန် သို. လူနာ ( ၅၅ ) ဦး  ဖြင်. ၅ လ ခန်. နီးပါးတွင် အရေးပေါ် လူနာ ၇၀  .ကို ပို.ဆောင်ပေးနိုင်ခဲ့ပြီဖြစ်ပါသည် ။ အရေးပေါ် လူနာ ပို.ဆောင်ပေးနေရာတွင် အားလုံးကို အခမဲ့ ပို.ဆောင်ပေးလိုကြသော်လည်း ရေရှည် ရပ်တည်နိုင်သော အဖွဲ.အစည်း တစ်ရပ်ဖြစ်စေ၇န် အတွက် ချို.တဲ့ နွမ်းပါးသူများကို အခမဲ့ ပို.ဆောင်ပေးသော်လည်း ငွေကြေးအခြေအနေအရ ကူညီပံ.ပိုးနိုင်သူများကိုမူ သင်.တော်သော ဈေးနှုံး တစ်ခု သတ်မှတ်ပို.ဆောင်ပေးနေရပါသည် ။ ဥပမာ ရန်ကုန်သို. လူနာတစ်ခေါက်ပို.လျှင် ကုန်ကျစ၇ိတ် ၅၅၀၀၀ နှင်. ၀န်းကျင် ကုန်ကျတတ်သော်လည်း ( ထိုကိစ္စရပ်များသည် ဆီဈေးအပေါ်တွင်လည်း တည်မှိနေတတ်ပါသည် ) မျှဝေကျခံနိုင်သူများကို ၅၀၀၀၀ ကျပ်ဖြင်.သာ ကောက်ခံပို.ဆောင်ပေးနေပြီး မြောင်းမြသို.ပို.လျှင် ၃၀၀၀၀ ကျပ်သာကောက်ခံပါသည် ။   ကား၏ပြုပြင် ထိမ်းသိမ်းစ၇ိတ် အားလုံး နှင်. လိုအပ်ကုန်ကျငွေများကိုမူ အလှုရှင်များ၏ လှုဒါန်းမှု များဖြင်. လည်ပတ်သုံးစွဲနေခြင်းဖြစ်သည်ဟု သိရပါသည် ။



သူတစ်ပါးတို.၏ အသက်အတွက်အေ၇းပေါ် ကူညီမှု ကို စေတနာအပြည်. ၀ိုင်းဝန်းပံ.ပိုးလှုဒါန်းထားသူများမှာ


1.    ကိုမျိုးအောင် - ကိုကျော်စွာဝင်း               ၅၀၀၀၀၀

2.    ကိုဆင်ပေါက်                                             ၅၀၀၀၀၀

3.    ကိုဇော်ညွန်. - မတင်တင်နွယ် ( ခရမ်း )             ၅၀၀၀၀၀

4.    ဦးကျော်ဝင်း - ( ညီမ ) ဒေါက်တာအေးအေးမြင်.   ၅၀၀၀၀၀

5.    Five Brothers Group ( ဦးစိန်ရွှေ ၏ သားများ )   ၅၀၀၀၀၀

6.    ကိုယဉ်စိန် ( မြို.မ / ခောတ်သစ် )                     ၅၀၀၀၀၀

7.    ဦးချွန်စိန် ( ရည် ) ဒေါ်ညွန်.ရင်                         ၅၀၀၀၀၀

8.    ကိုအောင်ကြီး                                              ၃၀၀၀၀၀

9.    ဒေါ်အုန်းရီ ( စိန်စတိုး )                                  ၂၀၀၀၀၀

10. ဒေါက်တာသက်ရှည် မိသားစု                           ၂၀၀၀၀၀

11. မေတ္တာမွန်                                                  ၂၀၀၀၀၀

12. ကိုစန်းလွင် မိသားစု                                      ၂၀၀၀၀၀

13. ဦးစံရှင် မိသားစု                                           ၂၀၀၀၀၀

14. ဦးကျော်သန်း                                               ၂၀၀၀၀၀

15. ကိုဝင်းနောင် ( ကူကူး)                                   ၂၀၀၀၀၀

16. ကိုစိုးလင်းထွန်း                                            ၂၀၀၀၀၀

17. Sim Card ထုတ်သူများ                                  ၁၈၁၀၀၀

18. ဆရာမ ဒေါ်အမာလွင်                                    ၁၀၀၀၀၀

19. ကိုသန်.ဇင် ( သစ်စက် )                                 ၁၀၀၀၀၀

20. ကိုဖိုးအောင်                                                ၁၀၀၀၀၀

21. ကိုထွန်းရီ                                                    ၁၀၀၀၀၀

22. ကိုထွန်းထွန်း                                               ၁၀၀၀၀၀

23. ကိုစိုးသီဟ                                                  ၁၀၀၀၀၀

24. ကိုတင်မောင်ထွေး                                         ၁၀၀၀၀၀

25. ကိုဇော်မင်း ( ရေယာဉ် )                                  ၁၀၀၀၀၀

26. ဒေါ်သန်းသန်းအေး ( မောင် ) တင်မျိုးအောင်ထွန်း   ၁၀၀၀၀၀

27. ကိုကျော်မင်းထွန်း ( AVA )                               ၁၀၀၀၀၀

28. ကိုသန်းနိုင်ထွန်း                                            ၁၀၀၀၀၀

29. ကိုတက်တိုး                                                  ၁၀၀၀၀၀

30. ကိုမောင်ပု - မမီးမီး                                         ၁၀၀၀၀၀

31. ပျဉ်းမကွင်းကျေးရွာ                                          ၅၄၀၀၀

32. ကလကျေးရွာ                                                ၅၀၀၀၀

33. ကိုလှဖြိုး                                                       ၅၀၀၀၀

34. ကိုမျိုးညွန်.                                                     ၅၀၀၀၀

35. ကိုသန်.ဇင်                                                     ၅၀၀၀၀

36. ကိုလှသန်း                                                      ၅၀၀၀၀

37. ကိုစိုးဝင်းမြင်.                                                   ၅၀၀၀၀

38. ကိုဇော်နိုင်                                                       ၅၀၀၀၀

39. ဦးသိန်းထွန်း ( သစ် / ၀ါး / ဓနိ )                            ၅၀၀၀၀

40. မိုးမခ အုတ်ကျင်းကျေးရွာ                                    ၅၀၀၀၀

41. ညောင်ငူကျေးရွာ                                               ၅၀၀၀၀

42. အူကျွန်းကျေးရွာ                                                ၃၂၀၀၀

43. ကိုရေခဲ                                                           ၃၀၀၀၀

44. ကိုဂျလား                                                         ၃၀၀၀၀

45. ဂန်ချောင်းကျေးရွာ                                              ၃၀၀၀၀

46. ဗန်းမော်ကျေးရွာ                                               ၂၅၀၀၀

47. ကိုထွန်းဇော်                                                    ၂၀၀၀၀

48. ကိုဖြိုးလေး                                                       ၁၂၀၀၀

49. ကျုံလတာဝ ကျေးရွာ                                          ၁၀၀၀၀

50. လမ်းသမိုင်ရွာလေး                                             ၁၀၀၀၀

51. ကိုအောင်စိုးမိုး                                                    ၅၀၀၀

52. ကိုဇော်ဇော်                                                        ၅၀၀၀     တို.ဖြစ်ပါသည် ။

၂၀၁၄ ခုနှစ် ၁၀ လပိုင်းအထိ သုံးစွဲ ခဲ့ရငွေပေါင်း  ၁ , ၂၂၀ , ၁၀၀ ကျပ် ဖြစ်သည်ဟု သိရပါသည် ။ လက်ရှိ လှုဒါန်းထားငွေ စုစုပေါင်းမှာ ၇၆ , ၄၄၀၀၀ ဖြစ်ပြီး  ၃၁ ရက် ၁၀ လ ၂၀၁၄ အထိ ( တစ်ခေါက်ချင်းစိုက်ရငွေ ၊ မော်တော်ယာဉ်ပြုပြင်ထိမ်းသိမ်းစရိတ်အပါအ၀င် ) စုစုပေါင်း ကုန်ကျစ၇ိတ် ၁၂ , ၂၀၁၀၀ ဖြစ်သဖြင်. လက်ကျန်ငွေ မှာ ၆၄ , ၂၃၉၀၀ ကျပ်ဖြစ်သည်ဟု သိရပါသည် ။

အရေးပေါ် အခြေအနေများကြောင်. ဆက်သွယ်လိုလျှင်ဖြစ်စေ ၊ သူတစ်ပါးတို.၏ အသက်ကို ကယ်တင်ရာတွင် မိမိတတ်နိုင်သည်.ဘက်မှ ပူးပေါင်းကူညီလိုလျှင်ဖြစ်စေ ၊ ချို.တဲ့သူများအား ရေရှည် အခမဲ့ ပို.ဆောင်ပေးနိုင်၇န်အတွက် တတ်အားသမျှ လှုဒါန်းလိုလျှင်ဖြစ်စေ အောက်ပါ ဖုန်းနံပါတ်များသို. ဆက်သွယ်နိုင်ပါကြောင်း အသိပေးအပ်ပါသည် ။ လူနာတင်ကားကိုမူ ၀ါးခယ်မမြို.နယ် အသင်း ရုံးခွဲ - မြူရုံးလမ်း - စာရေးကုန်းရပ်ကွက် - ၀ါးခယ်မမြို.တွင် အခြေပြု ထားရှိ ကူညီလျှက် ရှိပါသည် ။

Dr သက်ရှည် -   ၀၉၈၆၀၀၃၇၂
ကိုထွန်းရီ  -  ၀၉၄၂၂၅၅၀၂၂၂


ဆက်စပ်ကြည်.ရှုရန်