Saturday, November 15, 2014

MWRN ၏ ၂၀၁၄ ခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် TOT






ရွှေ.ပြောင်း အလုပ်သမား အခွင်.အရေးကွန်ယက် ( MWRN ) ၏ မြန်မာပြည်ရုံးခွဲမှ စီစဉ်သော ရွှေ.ပြောင်းရေးရာ စေတနာ.၀န်ထမ်း လေ.ကျင်.ပေးရေးအစီအစဉ်တစ်ခုဖြစ်သော TOT သင်တန်းတစ်ခုကို ရန်ကုန်မြို.တွင် ၈ / ၉ ရက် နိုဝင်ဘာ ၂၀၁၄ နေ.များက ပြုလုပ်ခဲ့ပါသည် ။ထိုသင်တန်းသို. ရန်ကုန်တိုင်း ၊ ဧရာဝတိတိုင်း ၊ ပဲခူးတိုင်း ၊ တနင်္သာရီတိုင်း ၊ ကရင်ပြည်နယ် ၊ မွန်ပြည်နယ်တို.မှ စေတနာ.၀န်ထမ်း ၂၃ ယောက် တက်ရောက်ခဲ့ကြပါသည် ။



သင်တန်း ပထမနေ.ရက်တွင် MWRN ဥက္ကဋ္ဌ ဖြစ်သူကိုစိန်ဋ္ဌေးက ရွှေ.ပြောင်း အလုပ်သမား ရေးရာများ အကြောင်းရှင်းလင်းပြောကြားပြီး Educational Coordinatorဖြစ်သူ ကိုထွန်းမှ  MWRN ၏ ထိုင်းနိုင်ငံအတွင်း စတင်တည်ထောင်ဖြစ်ပုံ ၊ လက်ရှိလုပ်ဆောင်နေမှုများ စသည်တို.နှင်.လက်ရှိထိုင်းနိုင်ငံတွင်းအလုပ်သမားရေးရာ အခြေအနေများ အကြောင်းရှင်းလင်းပြောကြားပြီး သင်တန်းခေတ္တရပ်နားပါသည် ။



Teatime အပြီးတွင် မိမိတို.ဒေသအလိုက် လုံခြုံသောေ၇ွှ.ပြောင်း အလုပ်သမားများ ဖြစ်ပေါ်လာစေရေးဆိုင်ရာ ဟောပြောဖြန်.ဝေခဲ့မှု များအား Group အလိုက်သီးခြားစီဆွေးနွေးစေပြီး အတွေ.အကြုံများကိုပြုစုပြောပြစေခဲ့ပါသည် ။ ထိုတင်ပြမှုများကို ကိုစိန်ဋ္ဌေး မှပြန်လည်ဆွေးနွေးပြောကြားခဲ့ပြီးနောက်  နေ.လည်စာ စားသုံးခဲ့ကြပါသည် ။



မွန်းလွဲပိုင်း သင်တန်းပြန်စချိန်တွင်လူထုအတွင်း သတင်းဖြန်.ဝေရာတွင် မည်သည်တို.ကို အဓိကထားရမည် ဆိုသည်.အကြောင်းကို Group Meeting များပြုလုပ်ပြီးနောက် အသစ်ပါဝင်လာသည်. သင်တန်းသားများမှ လေ.လာတွေ.ရှိမှုများကို အဖွဲ.ကိုယ်စားပြု တင်ပြဆွေးနွေးပါသည် ။ထို.နောက်
ကိုထွန်းမှ လက်ရှိထိုင်းနိုင်ငံအတွင်း ၀င်ရောက်နေသော လမ်းကြောင်းများ ၊ လက်ရှိ အခြေအနေ အရထပ်မံတွေ.ကြုံလာရသော အခြေအနေများအကြောင်း ရှင်းလင်း ပြောကြားပြီး ကိုစိန်ဋ္ဌေးမှ အခြားပြည်ပနိုင်ငံများအတွင်း ရွှေ.ပြောင်းအလုပ်သမားများ အခြေအနေကို ရှင်းလင်းတင်ပြပါသည် ။ထို.နောက်အမှတ်တရ ဓါတ်ပုံရိုက်ကြပြီး
ညနေပိုင်းသင်တန်းအပြီးတွင် နယ်မှရောက်ရှိလာသော သင်တန်းသားများကို MWRN ၏အစီအစဉ်ဖြင်.ေ၇ွှတိဂုံဘုရားသို.လိုက်လံပို.ဆောင်ပေးခဲ့ပါသည် ။



ဒုတိယနေ.သင်တန်းအစတွင်မူ ဆရာစောအောင်သန်းဝေ က Pre Test တစ်ရပ်ဖြေဆိုစေခဲ့ပြီးနောက် ယမန်နေ. သင်တန်း အကျဉ်းချုပ်အား သင်တန်းသား ၃ ဦးမှ ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး ဆရာစောအောင်သန်းဝေ မှလူထုအတွင်းဟောပြောမှုဆိုင်ရာ များအကြောင်း သင်ကြားပြသပါသည် ။


 ညနေပိုင်းတွင် အဖွဲ.လိုက်လူရွေးချယ်၍ လူထုအတွင် ဟောပြောဖြန်.ဝေခြင်းဆိုင်ရာများကို ပြင်ပအခြေအနေအတိုင်းတင်ပြခြင်း ၊ မေးခွန်းများဖြေဆိုစေခြင်းစသည်ဖြင်. လေ.ကျင်.စေခဲ့ပြီး Video မှတ်တမ်းတင်ခဲ့ပါသည် ။ ထို.နောက် ထို Video File များကို အားလုံးပြန်လည်ကြည်.ရှုပြီးနောက် တစ်ဦးချင်းစီ၏ အားသာချက်၊ ထပ်မံဖြည်.စွက်ပြုပြင်၇န် လိုအပ်သည်များကို ဆွေးနွေးခဲ့ကြပါသည် ။

Lunch Time

ထို.နောက်တွင် သင်တန်းအပေါ် ၊ သင်တန်းဆရာအပေါ် အမြင်များနှင်. လူထုအတွင်းဟောပြောခြင်းဆိုင်ရာ အသိများအတွက် After Test တစ်ရပ်ပြုလုပ်ခဲ့ပြီးနောက် သင်တန်းပြီးဆုံးခဲ့ပါသည် ။


ဆက်စပ်လေ.လာရန်များ



No comments:

Post a Comment