Tuesday, October 28, 2014

ဇွန်သဉ္ဖာ Zune Thinzar ဒိလိုလုပ်တိုင်း နာမည်ကျော်ပေမယ်. ဘယ်လိုကျော်တာလဲဆိုတာ......









သူ.အကြောင်းကို ဘလော.မှာ ဇာမဏီရေးထားဖူးတာ ၂ပုဒ် ရှိပါတယ် ။ ခုကတော. ဒါရဲ. အဆက်လို.ပဲပြောရပါမယ် ။တကယ်တော.လည်း ဒီလိုပုံမျိုးတွေ တင်ပေး၇တာ ကိုက စိတ်ထဲ သိပ်တော. မသန်.လှပါဘူး ။ ဒါပေမယ်.လည်း လက်ရှိမြန်မာနိုင်ငံဆိုတာ ၊ မြန်မာအမျိုးသမီးဆိုတာ ။ မြန်မာ.ယဉ်ကျေးမှုဆိုတာ ဘယ်လိုတွေ ဖြစ်နေပြီလဲဆိုတာကို အသိပေးချင်လို.ပါ ။

ဒီဘက်ခောတ် ထင်သာမြင်သာရှိအောင် လုပ်ဆောင်ကြပါဆိုတဲ့ စကားကို ဘယ်သူတွေ လိုက်နာနာ / မနာနာ ဂရုတစိုက်နဲ.ကို လိုက်နာကျင်.ကြံကျတာကတော. အနုပညာလောကသားများပါပဲ ။ ဒီထဲမှာမှ ရုပ်ရှင် ၊ ဂီတ ၊ စာပေ ဆိုတဲ့အထဲမှာ စာပေ ကတစ်ယောက်တစ်လေ လောက်ကလွဲပြီး သိသိသာသာကြီးဆိုဝါးလာနေတာကတော. မော်ဒယ်လောကထဲကအချို.တွေပါပဲ ။
 



 

မြန်မာမိန်းကလေးတွေ အရှက်အကြောက်ကြီးတယ်  ၊ကိုယ်.ကိုကိုယ် အရမ်းတန်ဖိုးထားကြတယ် ဒါကိုက တန်ဖိုးတစ်ခု ဆိုတဲ့စကားလုံးတွေကိုပြန်သုံးသပ်ကြ၇တော.မလောက်ကို ယဉ်ကျေးမှု ဆိုင်ရာ အယူအဆတွေကပြောင်းလဲလာနေပါပြီ ။ ဘယ်သူမဆို ၊ ဘယ်အဖွဲ.အစည်းမဆို ကောင်းတာ ၊မကောင်းတာ ရောပြီးရှိနေတတ်ပါတယ် ။ ဟိုးတုန်းက မကောင်းဘူးဆိုတဲ့ အစိုးရ နဲ. အုပ်ချုပ်ရေး စနစ်လက်ထက်မှာ ကောင်းတာတစ်ခုကတော. မြန်မာ.ယဉ်ကျေးမှု ခုလောက်ပုံပျက် ပန်းပျက်မနိုင်ခဲ့တာပါပဲ 

ပြည်ပယဉ်ကျေးမှု ထိုးဖောက်မ၀င်ရောက်နိုင်ရေးအတွက် အမျိုးမျိုးကျားကန်ထားခဲ့ပေမယ်. ခုကတော. ကမ္ဘာရွာ နဲ. ကိုယ်ပိုင်လွတ်လပ်ခွင်.ဆိုတဲ. စကားလုံးတွေအောက်မှာ မြန်မာ.ယဉ်ကျေးမှု ခံစစ်စည်းဟာ အားလုံးနီးပါးကျိုးပေါက်ပျက်စီးကုန်ခဲ့ပါပြီ ။ ဒါကိုလည်း ဘယ်သူမှ အမိုက်ခံပြီး မတားကြတော.ပါဘူး ။ တားတဲ့သူတွေဟာလည်း အများ၇ဲ. ၀ိုင်းဝန်းတိုက်ခိုက်ခြင်းအောက်မှာ အောင်မြင်အောင် မကာကွယ်နိုင်ကြတော.ပါဘူး။

နန်းခင်ဇေယျာ ပြည်ပအလှမယ် သွားပြိုင်ချိန်မှာ အတော်များများ ယဉ်ကျေးမှု Shock မိသလိုဖြစ်သွားကြပေမယ်. ဒါပြိုင်ပွဲ ၊ တကမ္ဘာလုံးလည်း ဒီလိုပြိုင်ရတာပဲ ဆိုတဲ့ ခွင်.လွှတ်စိတ်တွေ ပေါ်ပေါက်ခဲ့ပြီး နားလည်ပေးခဲ့ကြပါတယ် ( ဒါပေမယ်. အဲ့ဒီအချိန်တည်းက အချို.သော ဘာသာဝင်နိုင်ငံတွေဟာ သူတို.ရဲ. ဘာသာရေးနဲ.ယဉ်ကျေးမှုကိုဘာအကြောင်းနဲ.မှအထိပါးမခံခဲ့ကြပါဘူး )









နောက်ပိုင်းမှာတော. ဒီလို မဟုတ်တော.ပဲ နာမည်ကြီးဖို.သက်သက်နဲ. သူများမသုံးရဲတဲ့ ကိုယ်.ကိုကိုယ်ဖော်ချွတ်ပြသ တဲ.ဖြတ်လမ်းနည်းတွေသုံးပြီး လူသိများအောင် ၊ ရုတ်ခြည်း နာမည်ကျော်အောင် လုပ်လာကြပါတော.တယ် ။ ဒီထဲမှာမှ ပညာလည်းတတ် ၊ ထိုက်သင်.တဲ့ အသိုင်းအ၀န်းလည်းရှိ ၊ ဘာသာခြားလည်း မဟုတ်တဲ့ ဇွန်သဉ္ဖာ ဆိုတဲ့ အမျိုးသမီးတစ်ယောက်ကတော. အားလုံးသတိထားမိလောက်အောင်ကိုပဲ ဖော်ရဲ ၊ ချွတ်ရဲ လာပါတော.တယ် ။ Facebook မှာ ကိုယ်တိုင်တင်တာတွေ ကိုက မြန်မာအမျိုးသမီးပါလို. ဘယ်လိုလက်ခံရမှန်းမသိကိုဖြစ်လာရပါတယ် ။ 
 
အားပေးကြသူများကလည်း သူမကို တစ်ဆင်.ထက် တစ်ဆင်. ပိုပြီးဖော်၇ဲ ၊ ချွတ်၇ဲ ဖြစ်လာဖို.အားပေးအားမြှောက် ပြုလာကြတာကို သူမကိုယ်တိုင်ကလည်း သာယာလာပါတယ် ။ ဒါကြောင်.လည်း နောက်ဆုံးပုံဆိုရင် အ၀တ်အစားမပါတော.တဲ့ အထိကိုရောက်လာပါတော.တယ် ။သူမကို ဒီလောက်အထိ အရှက်မဲ့သွားစေအောင် ဘယ်အရာတွေကများ တွန်းပို.ခဲ့ပါသလဲ ။သူမအပြောကတော. သူကမလှဘူး ၊ ဒါပေမယ်. နာမည်ကြီးချင်တယ် ။ဒါကြောင်. ဒီလိုလိုင်ကနေ ၀င်လာတယ်ဆိုတာမျိုး အင်တာဗျုးတွေမှာပြန်ဖတ်ကြည်.ရင်တွေ.ရပါမယ် ။ ဒါပေမယ်.လည်း ခုလပိုင်းတွေမှာတော. ခပ်ကြမ်းကြမ်းကို အရှိန်မြင်.တက်လာတာတွေ.ရပါတယ် ။






တစ်ခုရှိတာက သူမရဲ. Facebook မှာ သူမကိုယ်တိုင် ၈လပိုင်းလောက်ကစလို. ရေးတင်လာခဲ့တဲ့ Status တွေအရ နာကျင်စရာအခြေအနေတွေကြု့တွေ.ခဲ့ရတာလားလို.တွေးစရာပါပဲ ။သူမရေးတင်ထားတာတွေကတော.

နောက်ဆုံးမင်းထားခဲ့မာသိသားဘဲ
ငါသိပ်ချစ်ခဲ့သူဘဲ
ပြုစုယုယအကြင်နာပေးခဲ့တာ ဘာတွေလိုသေးလဲ------
မလိုအပ်တော့ရင်လဲ ထားခဲ့လိုက်ပါ ကြည်ဖြူနေမာပါ
ငါ့နင့်လိုရည်းစားများများမထားခဲ့ဘူးလို့စာတွေမတတ်သေးလဲ
နင်တယောက်ကိုစွဲစွဲလမ်းလမ်းအရူးမူးချစ်ခဲ့တာ
ငါနင့်ကိုလေးလေးစားစားသိပ်ချစ်ခဲ့တာဒါတွေနင်လဲအသိ
ငါ့အသဲကိုရက်ရက်စက်စက်မင်းနင်းခြေသွားခဲ့တာ
နင်ကျေနပ်သေးရဲ့လား
နင်လမ်းခွဲဖို့ဘဲသိတာပါ
အရာရာကိုအမြဲတမ်းတဖတ်သတ်အတွေးနဲ့
နင်လေမစာနာပေးဘူး
မျော်လင့်ချက်တွေအားလုံးလေထဲလွှင့်သွားပြီ **
နင်ပျော်နေတယ်မလားအခု ------??
feeling ရှင်လျှက်သေဆုံးခြင်း.  ဆိုတာမျိုးတွေ

နာကြင်စရာတွေများလွန်းတော့
မသိစိတ်က မုန်းတတ်လာတယ်
အရာရာမာ အရူံးတွေများတော့
အတွေးခေါ်တွေတော
င် တုံးလာတယ်
ကံဆိုးမ သွားလေရာ
မိုးတွေကလိုက်လို့ရွာတယ်….
feeling ရှင်သန်နေရတာကိုမုန်းတယ်.  ဆိုတဲ့ စာသားတွေ





ကျေးဇူးပါချစ်သူ ~
နင်ငါ့ဘေးမှာဆက်မရှီနေနိင်တော့ပေမဲ့
တူတူရှီပေးခဲ့ဖူးတဲ့အချိန်တွေက ငါ့ဘဝရဲ့အပျော်ရွှင်ရဆုံးအချိန်တွေ အဖြစ်သိမ်းဆည်းခွင့်ရခဲ့လို့ပါ
ကျေးဇူးပါချစ်သူ ~
နင့်ငါ့ကိုဆက်မချစ်နိင်တော့ပေမဲ့
ငါကတော့နင့်ကိုချစ်တဲ့အချစ်တွေနဲ့
ဆက်ပြီးရှင်သန်နေမာပါ
ချွှင်းချက်မရှီ ထွက်သက်ဆုံးထိပေါ့~~
ပျော်ရွှင်ပါစေချစ်သူ~
ငါ့နလုံးသားတခုလုံးကိုနင်းခြေထွက်သွားပြီးမှတော့
လောကမှာအပျော်ရွှင်ဆုံးလူသားအဖြစ်
နင်ထာဝရ ရှိနေပါစေတော့
တကယ်တော့ 'အချစ်'ဆိုတာ
လူနစ်ယောက်ရဲ့တွေ့ဆုံခြင်းပါ
'လမ်းခွဲခြင်း'ကတော့ တယောက်သောသူရဲ့ဆုံးဖြတ်ချက်ပေါ့
ချစ်နေပေမဲ့လဲ စွန့်လွတ်လိုက်ရတယ်
စွန့်လွတ်လိုက်ရပေမဲ့လဲ ချစ်နေတုန်းပါဘဲ~~
ဆိုတဲ့အရေးအသားတွေဟာ သူမရဲ. ပြင်းထန်တဲ့ ခံစားချက်တွေကိုလှစ်ဟပြနေတာပါပဲ ။ 


ဒါပေမယ်.လည်း ဒါကြောင်. ဒီဘက်ထွက်ပေါက်ကို ဒီလိုမျိုးတွေအထိ လုပ်လာတာဆိုရင်တော. မဖြစ်သင်.ဘူးလို.ပဲထင်ပါတယ် ။ သူမကို စေတနာအပြည်.စောင်.ကြည်.အကြံပေးနေသူအချို.ကလည်း ဒိလိုမျိုးတွေနဲ. ကိုယ်.ကိုကိုယ်မကုစားသင်.ဘူးလို. ရေးလာကြပါတယ် ။ သူမရဲ. ကျောင်းနေဘက် (သို.) ငယ်သူငယ်ချင်း လို.ယူဆရသူတွေဆိုရင် သူမကို ဒိလောက်အထိမပေးဆပ်သင်.ဘူး ၊ နာမည်ကျော်လိုမှု တစ်ခုအတွက် ဒီလောက်အထိ ရင်းနှီး မပစ်သင်.ဘူးလို. ရေးပေးလာကြပါတယ် ။






သူမကတော. အင်တာဗျုးတစ်ခုမှာ ဇွန်သဉ္ဖာ ရဲ့ Facebook က ဓာတ်ပုံတွေကို တချို့လူတွေက ရိုင်းရိုင်းစိုင်းစိုင်း ပြောထားတာတွေ တွေ့ရတော့ အဲဒီ အပေါ်ကိုရော ဘယ်လို သဘောရလဲ။ ဒီလိုပုံတွေ ရိုက်ရင်၊ တင်ရင် ဒီလို ပြောကြမှာပဲ ဆိုတာကို သိရက်နဲ့ တင်ဖြစ်တာလားဆိုတဲ့ မေးခွန်းကို
တချို့တွေ တော်တော် မိုက်မိုက်ရိုင်းရိုင်း ရေးထားတာတွေ ရှိပါတယ်။ အရမ်းကြီး
ကိုယ်မခံနိုင်လောက်တဲ့ အရာမျိုး ဆိုရင်တော့ သူတို့ကို ဘာမှ ပြန်ပြော မနေတော့ဘူး။
အဆင်မပြေဘူးဆိုရင် ဘလော့ဂ် လိုက်တယ်။ ဒါပေမယ့် တချို့ ရေးထား တာတွေက အရမ်းကြီး မရိုင်းဘူး။ ကိုယ်တင်ထားတဲ့ ပုံနဲ့လည်း သူတို့စာတွေက စပ်ဆက်မှု ရှိနေတယ် ဆိုရင် သူတို့က အချိန် ပေးပြီး ကိုယ့်ကို လာရေးပေးထားတဲ့ အတွက် ဖြစ်နိုင်ရင် သူတို့ ကွန်မန့်တွေကို Delete မလုပ်ဘူး။ ဒီအတိုင်းပဲ ထားတာ များ တယ်။ ဒါပေမယ့် တချို့ကျတော့လည်း ပြောတယ်၊ အရမ်းမရိုင်းပေမယ့် ဖျက်ပစ်လိုက်ပေါ့။ ကိုယ်က မဖျက်ချင်ဘူးဆိုတာ သူတို့ကို Respect ပေးတာပေါ့နော်။ သူတို့ အချိန်ကုန်ခံပြီး ကျမ ပေ့ခ်ျကို ကွန်မန့်လာပေးထားတဲ့ အချိန်အတွက် လေးစားတဲ့ အနေနဲ့ မဖျက်ပါဘူး။ သိရက်နဲ့ လုပ်ဖြစ်တာပါ။ လူတွေ ဝေဖန်မယ်၊ မျိုးစုံပြောမယ် ဆိုတာလည်း ကြိုသိတယ်။ အဲဒီလိုပဲ သူတို့ပြောသလို အားပေးတဲ့ သူတွေကလည်း ရှိနေတော့ လုပ်ချင်တာကိုပဲ ဦးစားပေးပြီး လုပ်ဖြစ်သွားတာပါ။ များသော အားဖြင့် သူတို့ပြောတာတွေကို သိသိနဲ့ လုပ်တာများပါတယ်  ….  
လို.ဖြေထားပါတယ် ။

ဒါပေမယ်.လည်း သူမကို ခုလို တစ်ဆင်.ထက် တစ်ဆင်.တက်၇ဲလာအောင် အားပေးနေကြသော ယောက်င်္ကျားသား အများစုကတော. တစ်ဆင်.ထက်တစ်ဆင်. မြန်မြန်တက်ဖို.ကို သူမ၇ဲ. Page ကနေ အထူးအားပေးနေကြပါတယ် ။ တကယ်တော. ဒါဟာ ကိုယ်.ယဉ်ကျေးမှု ကိုယ်ပြန်နင်းခြေပစ်နေကြတာပါ ။ ကိုယ်ဆွေမျိုးသားချင်းတွေ ပျက်စီးရာ ပျက်စီးကြောင်း ကိုယ်တိုင်မြှောက်ပေးသလို ဖြစ်နေတာ သတိမပြုမိလို.ပါပဲ ။ သူမနာမည်ကျော်သလို နာမည်ကြီးချင်လို.သူမလို မိန်းကလေးတွေ ထပ်ပေါ်လာမယ် ၊ ကိုယ်.ညီမ ၊ တူမ ၊ သမီး စတာတွေကလည်း ဒါမျိုးတွေ မြင်ပါများလို. အထူးအဆန်းမဟုတ်တော.ပဲ ဒီလိုဝတ်ရဲ ၊ နေရဲ ၊ ပြရဲ ၊ လုပ်ရဲဖြစ်လာရင် ဒါတွေရဲ. နောက်အကျိုးဆက်က  ဘာတွေအထိဖြစ်လာမယ်ထင်ပါသလဲ ။ ဗိုလ်ချုပ်ပြောတဲ့ နိုင်ငံ အထိ ဖြစ်သွားမယ်. လမ်းစကို ၀ိုင်းခင်းပေးနေကြတာပါ ။





 နိုင်ငံကို ချစ်တာ ၊ လူမျိုးကိုချစ်တာ ၊ ယဉ်ကျေးမှုကိုချစ်တာ ၊ ဗိုလ်ချုပ်အောင်ဆန်းကိုချစ်တာက ပါးစပ်နဲ.ချစ်ပြရုံ ၊ အကျီင်္လေးဝတ်ပြရုံ ၊ ဘောလုံးပွဲရှိမှ သိချင်းလေးအော်ဆိုလိုက်ရုံ ၊ ကိုယ်မှာဆေးမင်ကြောင်လေးထိုးပြရုံလောက်နဲ.မလုံလောက်တာ အားလုံးအသိပါ ။ ခုလိုနှစ်ရာနဲ.ချီတဲ့ ယဉ်ကျေးမှု ကိုအနုပညာ လွတ်လပ်ခွင်. ဆိုတာနဲ. ချိုးဖောက်နေတာကို အားလုံးလက်ခံနေကြမယ်ဆို၇င်ဖြင်.  သိပ်မကြာလှတော.တဲ့ နောင်တစ်ချိန်မှာ လမ်းပေါ်မှာ လူ.တော်သလင်းဇာတ်တွေအထိ တွေ.မြင်လာ၇တော.မှာဖြစ်ကြောင်း အထူးသတိပေးလိုက်ရပါတယ.် ။

Photos from Zune Thinzar's FB Wall


Blog တွင် ယခင်ရေးသားခဲ့ဖူးသော သူမအကြောင်းများ

 
 ဆက်စပ်ကြည်.ရှုရန် 

 

No comments:

Post a Comment