Thursday, October 9, 2014

ဗြိတိန်စုံတွဲ အသတ်ခံရမှု ၊ ယိုးဒယားပုလိပ် နဲ. မြန်မာရွှေ.ပြောင်း လုပ်သားများ ( ၄ )


အမှန်အတိုင်းပေါက်ပေါက်လာစေရန် လှုပ်ရှားမှု တစ်ခုအဖြစ်မိမိတို.၏ Facebook Profile များကို ဤပုံများဖြင်. ပြောင်းလဲ ခဲ့ကြသည် ။

 သံသယ တရားခံ ၂ ဦးကို  ရှေ.နေအဖွဲ.က ဆုံတွေ.ခွင်.ရပြီးတဲ့နောက်မှာတော. အခြေအနေတွေက ပိုရှုပ်ထွေးလာတာလား ဒါမှမဟုတ် ဒီဖြစ်ရပ်ကို လမ်းကြောင်းလွှဲတာက တစ်ဦးတစ်ယောက် ၊ တစ်ခုတစ်ဖွဲ. မကတာလားလို. တွေးတောစရာတွေ ဖြစ်လာခဲ့ပါတယ် ။

 ဗြိတိန်နိုင်ငံသား ခရီးသွားစုံတွဲကို တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦးက သတ်တယ်လို.ဝန်ခံခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ရဲ.ထုတ်ပြန်ချက်အပေါ် သံသယရှိခဲ့ပြီး ဖြစ်စဉ်အမှန်ပေါ်ပေါက်လာစေဖို. မြန်မာသံရုံးကိုယ်စားလှယ်အဖွဲ.ကအောက်တိုဘာ ၆ ရက်မှာထိန်းသိမ်းခံထားရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား  မောင်စော၊ မောင်ဝင်းတို.နဲ.တွေ့ဆုံရာမှာ
ဗြိတိန်နိုင်ငံ
သားနှစ်ဦးကို အရက်မူးမူးနှင့် သတ်ခဲ့မိကြောင်း ဝန်ခံခဲ့ပေမယ်. သူတို.ရဲ.ထွက်ဆိုချက်နဲ ထိုင်းရဲတပ်ဖွဲ့ရဲ.ထုတ်ပြန်ချက်များအကြား ကွဲလွဲမှုတွေ ရှိနေတယ်လို. မြန်မာသံရုံးရှေ့နေ ဦးအောင်မျိုးသန်းကပြောခဲ့ပြီး ဖမ်းဆီးခံ ကျန်တစ်ဦး ဖြစ်တဲ့  မောင်မောင်ကအဲ့ဒီအမှု မှာ တရားလိုပြသက်သေအဖြစ် ထွက်ဆမှာကြောင်.မောင်မောင်နှင့် တွေ့ဆုံခွင့်ရရန် သံရုံးကိုယ်စားလှယ်အဖွဲ့က ကြိုးပမ်းခဲ့သော်လည်း တွေ့ဆုံခွင့်မရရှိသေးဘူးလို.သိရပါတယ် ။

 “ကော့စမွီထောင်မှာ မောင်စော၊ မောင်ဝင်းတို့နဲ့ ဒီကနေ့တွေ့ခဲ့တယ်။ သူတို့ကတော့ ဒီကိစ္စကို အရက်မူးမူးနဲ့ ကျူးလွန်ခဲ့တယ်လို့ ကျွန်တော်တို့အဖွဲ့ကို ပြောခဲ့တယ်။ အခင်းဖြစ်နေရာမှာ စီးကရက်ကို တွေ့ခဲ့တယ်။ စီးကရက်ကနေ မောင်မောင်တို့ မောင်ဝင်းတို့ရဲ့ ဒီအန်အေကိုရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားတယ်။ ဒါပေမဲ့ တွေ့ဆုံရာမှာ သူတို့ပြောတာက အခင်းဖြစ်တဲ့နေရာမှာ သူတို့ ဆေးလိပ်မသောက်ခဲ့ဖူး။ အခင်းဖြစ်တဲ့နေရာနဲ့ ကိုက် ၂၅ လောက်ကွာတဲ့ ဂစ်တာတီးတဲ့နေရာမှာပဲ သောက်ခဲ့တယ်လို့ ပြောတယ်။ သူတို့ရဲ့ထွက်ဆိုချက်တွေကိုယူပြီး ရဲစခန်းကို သွားတယ်။ တရားလိုပြသက်သေ မောင်မောင်နဲ့ တွေ့ခွင့်ရဖို့ ကြိုးစားပေမယ့် ရဲတပ်ဖွဲ့က တွေ့ခွင့်မပေးခဲ့ဘူး။ မြန်မာအစိုးရဘက်ကနေ တရားလိုပြသက်သေဖြစ်တဲ့ မောင်မောင်နဲ့ တွေ့ခွင့်ပေးဖို့ကို ကြိုးစားဖို့ ညွှန်ကြားတယ်။ သူတို့အနေနဲ့လည်း ထိုင်းဘက်ကို မောင်မောင်နဲ့ တွေ့ခွင့်ပေးဖို့ ဖိအားပေးသွားမယ်လို့ပြောတယ်” ဆိုပြီး The Daily Eleven သတင်းစာကိုအောက်တိုဘာ ၆ ရက်က ပြောကြားခဲ့ကြောင်း သိရပါတယ် ။ 

ထိုင်းရဲတွေအနေနဲ. ကိုမောင် အသက် ၂၃နှစ်ကို အစိုးရ သက်သေအဖြစ် ထိန်းသိမ်းထားပြီး ကိုမောင်ဟာ ကိုဝင်း၊ ကိုစိုးတို့နဲ. အတူ အခင်းဖြစ်ပွားတဲ့ညက ဂစ်တာအတူတီးခဲ့ပြီး စောပြန်သွားခဲ့တယ်လို. ဆိုပါတယ် ။ တွေ့ဆုံခဲ့ရာမှာ ပါတဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်း အမှုဆောင်ဒါရိုက်တာ ဦးကျော်သောင်းကလည်း “သူတို့ရဲ့ထွက်ဆိုချက်အရ သူတို့က မူးမူးနဲ့လုပ်လိုက်မိတာလို့ ဝန်ခံတယ်။ သူတို့ဂစ်တာတီးနေတုန်း ဗြိတိန်နိုင်ငံသားအမျိုးသားက ကောင်မလေးကို အဓမ္မပြုကျင့်တာကို ကောင်မလေးကအော်လို့ ကြားပြီး အမျိုးသားကို ပေါက်တူးအနှောင့်ဖက်နဲ့ နှစ်ချက်၊ သုံးချက် ထုလိုက်တယ်လို့ ပြောတယ်။ ဒါပေမဲ့ ရဲတပ်ဖွဲ့စစ်ဆေးချက်အရ မေးအောက်နဲ့ ပါးရိုးမှာက ချွန်ထက်တဲ့အရာနဲ့ ထိုးခံထားရတာဖြစ်တယ်။ နောက် သူတို့လုပ်မိတုန်းက သေမယ်လို့လည်း မထင်မိဘူးလို့ ပြောတယ်။ ဒါပေမဲ့ သူတို့ထွက်ဆိုချက်နဲ့ ရဲမှတ်တမ်းတွေအရတော့ ကွဲလွဲမှုတွေရှိနေတယ်” လို. The Daily Eleven ကထပ်မံပြောကြားခဲ့ပါတယ် ။လက်ရှိမှာတော. ဖမ်းဆီးခံ အလုပ်သမားနှစ်ဦးကို ရမန်ယူထားပြီး  ကျူးလွန်တယ်လို. ဝန်ခံထားတဲ့ မြန်မာလုပ်သားများဘက်မှ ဆောင်ရွက်ပေးရန် မြန်မာသံရုံးကိုယ်စားလှယ်အဖွဲ့မှ ရှေ့နေပါဝါကို လွှဲယူခဲ့ပြီး အခင်းဖြစ်ပွားခဲ့သည့် ခိုထောင်ကျွန်း  လိပ်ကျွန်းကို အောက်တိုဘာ ၇ ရက်နေ.ထပ်သွားမယ်လို.သိရပါတယ် ။

သူတို.ဘက်က အဲ့ဒီလို ၀န်ခံနေပေမယ်.လည်း  မြန်မာအမျိုးသားနှစ်ဦးကို ဖမ်းဆီးခြင်း ဟာတရားခံအစစ် မဟုတ်ဘဲ မှားယွင်း ဖမ်းဆီးထားကြောင်း အပြစ်တင်သံ များကတော. အတော်များများ ကျယ်ပြန်.ခဲ့ပါတယ် ။ဘန်ကောက်ပို့စ် သတင်းစာ အင်တာနက်စာမျက်နှာပါ သတင်းမှတ်ချက်ပေးမှုများ အရ ထိုင်းလူမျိုးများ အပါအ၀င် ပြည်တွင်းပြည်ပက လူများက  မြန်မာအမျိုးသားနှစ်ဦင်္းဟာထိုင်းရဲတွေပြောသလို မုဒိန်းမှုနှင့် လူသတ်မှူများ ကျူးလွန်ခဲ့တာကို မယုံကြည်ဘူးလို.ဆိုကြပါတယ် ။

Ref ; Daily Eleven & Facebook Status


ဆက်စပ်ဖတ်ရှုရန် 

 * ဗြိတိန်စုံတွဲ အသတ်ခံရမှု ၊ ယိုးဒယားပုလိပ် နဲ. မြန်မာရွှေ.ပြောင်း လုပ်သားများ ( ၁ )


 * ဗြိတိန်စုံတွဲ အသတ်ခံရမှု ၊ ယိုးဒယားပုလိပ် နဲ. မြန်မာရွှေ.ပြောင်း လုပ်သားများ ( ၂ )


 * ဗြိတိန်စုံတွဲ အသတ်ခံရမှု ၊ ယိုးဒယားပုလိပ် နဲ. မြန်မာရွှေ.ပြောင်း လုပ်သားများ ( ၃ )

No comments:

Post a Comment