Monday, October 13, 2014

ဗြိတိန်စုံတွဲ အသတ်ခံရမှု ၊ ယိုးဒယားပုလိပ် နဲ. မြန်မာရွှေ.ပြောင်း လုပ်သားများ ( ၇ )

တရားခံ ဖမ်းဆီးမှုကို သရော်ထားတဲ့ ကာတွန်းတစ်ပုဒ်


ပိုဆိုးတာကတော. တွေ့ရှိချက်ကို အကြွင်း မရှိ ယုံကြည်ကြောင်း၊ ထိုင်းရဲ များတွင် သက်သေအထောက်အထား အတိအကျရှိပြီး ၄င်းတို့၏ အမှုကို မြန်ဆန်စွာ ဖော် ထုတ်နိုင်မှုကို ချီးကျူးကြောင်း အဆိုပါ ရဲတပ်ဖွဲ့ကို ဂုဏ်ပြုဆုများပင် ပေးအပ် မည်ဖြစ်ကြောင်း ထိုင်းစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာရွတ် ရဲ. အချီးကျုးခံ ထိုင်းရဲတွေ စုံစမ်း ရေးသား ပြုစု လိုက်တဲ့ အမှုတွဲ ကြီးဟာ မပြည်.စုံတဲ့အတွက် ၊ လုပ်ထုံးလုပ်နည်း အရ မသေချာတာတွေပါနေတဲ့အတွက် ၅ဦးပါ  prosecutors  တွေကနေ  ပြန်လည် ပြုစုတင်ပြဖို.ငြင်းပယ်ခံလိုက်ရတာပါပဲ( သူတို.လက်ခံလိုက်တာနဲ. တရားရုံးကိုအမှု တွဲတင်လို.ရပါပြီ ) ။

 အဲ့ဒီ စာမျက်နာ ၈၅၀ ပါပြီး မုဒိန်းမှု ၊ လူသတ်မှု ၊ နဲ့ တရားမ၀င် နေထိုင်မှု တွေနဲ.စွဲချက်တင်ထားတဲ့ အမှုတွဲဖိုင်ကို ငြင်းပယ်ခဲ့တာနဲ.ပတ်သက်လို.နိုင်ငံတော် မှုခင်းဆရာဝန်ဌာနက တာဝန်ရှိ ဆရာဝန် ကတော့ ဒီအမှုကို တရားရုံးက ပယ်ချလိုက်တဲ့ အကြောင်းရင်းမှာ
( ၁ ) မှုခင်းဆရာဝန် မသုံးခဲ့ဖူး။
( ၂ ) အမှုစစ်ဆေးရာမှာ တရားဝင်အသိအမှတ် ပြုထားတဲ့ဥပဒေအတိုင်း ၃စု ပါဝင်လှုတ်ရှားရမှာကို မလုပ်ပဲ ရဲအဖွဲ့ တဖွဲ့ တည်းနဲ့ လုပ်သွားလို ၊ တကယ်ပါရမဲ့အဖွဲ့ တွေက ရဲဌာန၊ မှုခင်းဆရာဝန်၊ သက်သေအထောက်အထား လိုက်လံသိမ်းဆည်းသူ
အဲ့သုံးဖွဲ့ ပါရမှာ

( ၃ ) အမှုမှာ စပြီးစစ်ဆေးတည်းက သေချာရောရာတဲ့ အချက်ဘာမှ မရှိပဲ၊ တရားခံတွေပဲ ထုတ်ပြနိုင်ခဲ့တာ တခုပဲရှိတယ်။ ကျန်တာ ဘာမှမရှိဖူး
( ၄ ) DNA စစ်တာ သူတို့ သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့ မကိုက်ညီဖူး။ အလောင်းကို မှုခင်းဆရာဝန်စစ်ဆေးချက်မပါဖူး။ စစ်ဆေးချက် ပါလာရမှာတွေက သေဆုံသူ အနီးက ရာသီဥတု၊
အပူချိန်၊ ရေတိုက်နှုန်း၊ ပင်လယ်နဲ့ နီးရင် ပင်လယ်ရေတက်ချိန် ကျချိန်တွေပါ ထည့်ရမယ် dna စစ်တယ်ဆိုတဲ့ လူတွေကို စစ်တာလဲ နည်းစနစ်မမှန်ဖူး။ တံတွေးစစ်ရမယ်၊ သွေးစစ်ရမယ်၊ ဆီးပါရမယ်၊ အသားစသေးသေးပါ ပါရအုံးမယ်။

( ၅ ) အလောင်းကို မှုခင်းဆရာဝန်က ဘာမှမစစ်ရပဲ လောင်းအပ်လိုက်တာ အလောင်းကို နေရာေ၇ွ့  လိုက် တာတွေက လုံးဝ ပြန်လိုက်လို့ မရတဲ့ အချက်တွေမို့  ဒီအချက်တွေ ပြန်ဖြည့်ယူလို့ မရနိုင် သလို ဒါတွေကြောင့်လဲ လက်မခံနိုင်ဖူးပြောတယ် တကယ်လို့ သာ စဖြစ်တည်းက မှုခင်းဆရာဝန်ကို တွဲပါမယ်ဆို ဒါဏ်ရာတွေရဲ့ အနက်၊ အကျယ်၊ လူသတ်တယ်ဆိုတဲ့ဆိုတဲ့ ပေါက်တူးလူသေ သွေးစက်တွေကျနေ ပေနေတဲ့ ကျောက်ဆောင်တွေ သဲမြေပြင်တွေ အကုန်စစ်ရမှာကို .. ဒေါက်တာမက ပြောသွားတယ်.. ဒါတွေကို မဒိန်းမှု လူသတ်မှု ဖြစ်တိုင်း ရဲတွေ လုပ်နေကျဖြစ်ပြီး ခုလို သူတို့ တွေချည်းပဲ လုပ်သွားတာကိုနားမလည်ဖူး။ မသိတာလား မေ့တာလားတဲ့။
( ၆ )   ကျွန်းသူကြီးရဲ့ ဘားမှာ ဒီသေသူတွေ နောက်ဆုံး နေထိုင် စားသောက် ခဲ့တဲ့ နေရာတွေကအစ မှုခင်းဆရာဝန်တွေ ရဲတွေ သက်သေသိမ်းဆည်းသူတွေ သုံးဖွဲ့ လုံး အမှုဖြစ်ဖြစ်ချင်း သွားစစ်ပြီး အဲ့သုံးဖွဲ့ ရဲ့ ပူးပေါင်းလုပ်ဆောင်ချက်နဲ့ တရားခံကို အဖြေထုတ်ရမှာပါတဲ့သူတို့ ဟာသူတို့ စစ် သူတို့ ဟာ သူတို့ အဖြေထုတ်လာတာ တရားရုံးက ဘယ်လိုမှ လက်မခံနိုင်တဲ့အချက်ပါ။
( ၇ ) နောက်ပြီးတော့ ဒီအမှုဟာ ဆိုရှယ်နက်ဝေါ့ပေါ်မှာလဲ သံသယတွေနဲ့ သတင်းကြီးနေတဲ့ အတွက်.. တရားခံတယောက်ကို မိပြီဆိုရင် ထပ်မေးစရာ ဘာသံသမှ မရှိဖြစ်ရမယ်တဲ့။ ပြီးရင် အမှုလာ မအပ်ခင် နောက်ဆုံးပိတ် သတင်းစာရှင်းလင်းပွဲ လုပ်ရတယ်။သတင်းစာရှင်းလင်းပွဲတော့ လုပ်ပြီး မေးသမျှမဖြေနိုင်တဲ့ မှုခင်းနဲ့ ပတ်သက်တဲ့ အချက်တွေ ရှိခဲ့တာဟာလဲ တရားရုံးက လက်မခံနိုင်တဲ့ အချက်ထဲမှာ ပါတယ်။
( ၈ ) အဲ့သတင်းစာ ရှင်းလင်းပွဲကိုလဲ ရဲတစ်ဖွဲ့ တည်းလုပ်လို့ မရပါဖူးတဲ့ ဥပဒေမှာ ၃ဖွဲ့ လုံး အများပြည်သူရှေ့ မှာရှင်းလင်းပွဲလုပ်ရတာပါတဲ့။မနေ့ က သူတို့ မဖြေနိုင်ခဲ့တဲ့ အချက်တွေရဲ့ ၈၀% ဟာ မှုခင်းဆရာဝန်တွေနဲ့ သက်သေအထောက်အထား ရှာဖွေ သိမ်းဆည်းသူတွေ ပူးပေါင်း လုပ်ဆောင်ခဲ့မယ်ဆို အဲ့လူတွေဖြေရမဲ့ အဖြေတွေပါ။
( ၉ ) နောက်ဆုံးတခုကတော့ ကျွန်းသူကြီး ဘားပိုင်ရှင် သားဟာ အများအမြင်မှာရော အမှုသွားအမှုလာအရပါ သံသယရှိသင့်သူတယောက် ဖြစ်နေတာ ခိုင်လုံတဲ့ အထောက်အထားတွေရှိနေရက်နဲ့ မစစ်ဆေးပဲ ဒီတိုင်း အမှုတွဲကို စုံပြီးဆိုပြီး လာအပ်လို့ မရပါဖူးတဲ့
သူ့ ကိုလဲ သုံးဖွဲ့ ဆိုင် စစ်ဆေးပြီး သူ့ အတွက် အဖြေက ရဲက ဒီအဖြေထွက်တယ်၊ မှုခင်းဆရာဝန်က ဒီအဖြေထွက်တယ်၊ သက်သေတွေက ဒီလို ထွက်တယ်ဆိုပြီး ကျကျနန ချပြရအုံးမှာ။

သူပြောတာ အဲ့လို စစ်မေးရမဲ့သူတွေ အများကြီး ကျန်ခဲ့တယ်လို့ ပြောပါတယ် ( ဗွီဒီယိုလင့်----->>>>>https://www.youtube.com/watch?v=QCqBRRkGEA8 )



အစွမ်းထက်တဲ့ ယိုးဒယားရဲတွေ က အဲ့ဒီလိုအချိန်မှာ ဒီအမှုအတွက်နောက်ဆုံးထပ်ဖမ်းလာတဲ့ တရားခံကတော.  Le Phong wellness  ဆိုသူပါပဲ ။
နယ်မြေခံ ကာကီလူမျိုး တွေရဲ.သတင်းပေးပို့ ချက်အရ ကိုလွန်ခဲ့တဲ့ ရက်အနည်းငယ် က မျက်နှာစိမ်းလူတစ်ယောက်  ဟာ ကာကီ လူမျိုးတို့ ၏ ရွာအတွင်း လာရောက်ပုန်းအောင်းနေပြီး စားသောက်ရန် ထမင်း၊ဟင်းများ တောင်းရမ်း စားသောက်လျှက်ရှိကြောင်း အကြောင်းကြားသဖြင့် သွားရောက်ဖမ်းဆီးရာ အသက် ၂၃ နှစ်အရွယ် အမည်Le Phong wellness ဖြစ်ပြီး ထိုသူမှာ ရဲများနှင့် ထိတ်တိုက် စတင်တွေ့ ဆုံစဉ်မှာပင် " နိုင်ငံခြားသားကို မရိုက်သတ် ရပါဖူး " ဟု ထိတ်လန့် စွာ ပြောဆိုနေတယ်လို.ဆိုပါတယ် ။

စစ်ဆေးချက်အရ လောလော ဆယ်တွင် မူးယစ်ဆေးဝါး သုံးစွဲသူ အဖြစ်တွေ့ ရှိရပြီး လိပ်ကျွန်းလူသတ်မှုနှင့် စပ်စပ်မှု ရှိမရှိအား အသေးစိတ်ထပ်မံစစ်ဆေးနိုင်ရန် ထိန်းသိမ်းထားပြီး DNA စစ်ဆေးရေး လုပ်ဆောင်ချက်များကို ပြုလုပ်၍ သေဆုံးသူ အမျိုးသမီးကိုယ်တွင် တွေ့ ရသည့် DNA နှင့် ကိုက်ညီမှု ရှိ/မရှိအား ထပ်မံစစ်ဆေးမှာဖြစ်တယ်လို. ဆိုပါတယ် ။

ဒါ.အပြင် နိုင်ငံခြားသား စုံတွဲ အသတ်ခံရပြီးကာလ၊ နောက်ပိုင်းတွင် နခေါန်စီထမရမြို့ နယ် ပင်လယ်အတွင်းရှိ တငါများ၏ သတင်းပေးပို့ ချက်အရ အမည်မသိ ထိုင်းလူမျိုး ၁ဦးသည် Little Doug အမည်ရေးထိုးထားပြီး အဖြူ-လိမ္မော်-အနီရောင် စပ်ထားသော စပိဘုတ်ဖြင့် ဖငမ်းကျွန်းဖက်မှ တောင်ဖက် တည့်တည့်သို့ ဦးတည် မောင်းနှင်လာပြီး ၄င်းတို့ အား နခေါန်စီထမရနယ်အတွင်းရှိ ခနောမ် သို့ ဦးတည်ရမည့် လမ်းအား မေးမြန်းခဲ့ပြီး လမ်းညွှန်မှုအတိုင်း ဦးတည် မောင်းနှင်သွားသော်လဲ အရှေ့ တွင်ရှိသော နယ်မြေခံရဲတပ်ဖွဲ့ များ ၏လှည့်ကင်းများအား အဝေးမှ လှမ်းမြင်ပြီး တောင်ဖက်သို့ အလျှင်အမြန် ချိုးကွေ့ ၍ မောင်းနှင် ထွက်ခွာသွားခဲ့သည် ဟုတ် ထိုင်းရဲများအား သတင်းပို့ ခဲ့ကြောင်းသိရပါတယ် ။ထိုင်းရဲတွေအနေနဲ. မှုခင်းနဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်ရာမှာ ပါဝင်တဲ့အပေါင်းပါများ ဖြစ်နိုင်ပြီး ကျွန်းပေါ်မှ ပျောက်သွားသော လူအချို့  ထဲမှ ဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ် ။



ဒီဖြစ်ရပ် အမှု မှန် ပေါ်ပေါက်ရေးအတွက် အဆင်.ဆင်.က ကြိုးပမ်းခဲ့ကြရာမှာ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ထိုင်းဝန်ကြီးချုပ်နဲ. တွေ.ဆုံရာမှာ မြန်မာသမ္မတ က  ထိုင်းနိုင်ငံကိုရောက်ရင် ထိုင်းနိုင်ငံဥပဒေကို လေးစားလိုက်နာရမယ်။ အဲဒါကိုလက်ခံတယ်။ သို့သော်လည်းပဲ ဒီပြစ်မှု….လူသတ်တယ်ဆိုတဲ့ ဖြစ်စဉ်ကြီးမှာတော့ ထိုင်းအစိုးရအနေနဲ့ တရားမျှတမှုရှိရှိ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးဖို့ လိုတယ်။ နောက်တချက်က ဒီကိစ္စမှာ တနိုင်ငံလုံး စိတ်ဝင်စားနေတယ်။ မီဒီယာတွေရော၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေရော၊ အစိုးရရော၊ အားလုံးက မျက်ခြည်မပြတ်အနီးကတ် စိတ်ဝင်တစား ကြည့်နေတယ်။ အဲတော့ ဒီကိစ္စဟာ နှစ်နိုင်ငံ ဆက်ဆံရေးနဲ့လည်း ပတ်သက်ဆက်နွှယ်နေတယ်။ သူတို့ရဲ့ တရားဥပဒေနဲ့အညီ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ ရဖို့လိုပါတယ် ” လို. ပြောကြားခဲ့ပါတယ် ။

ထိုင်းနိုင်ငံဝန်ကြီးချုပ်ကလည်း “  ဒီကိစ္စဟာ   နှစ်နိုင်ငံဆက်ဆံရေးမှာ အရေးကြီးတာကို နားလည်တယ်။ နောက်တချက်က နိုင်ငံတကာရဲ့ ယုံကြည်မှု၊ မြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့ ယုံကြည်မှု ရရှိအောင် သူတို့အနေနဲ့ အလေးထားပြီး ဆောင်ရွက်လျက်ရှိတယ်။   ဒီအမှုက တရားခံဆိုပြီး တိတိပပ သတ်မှတ်လို့မရသေးဘူး၊ ဒါနဲ့ ပတ်သက်ပြီးတော့ တရားမျှတမှု၊ အမှန်ကန်ဆုံးဖြစ်အောင် ဆောင်ရွက်သွားပါ့မယ် ”  လို.ပြန်လည်ပြောကြားသွားခဲ့ပါတယ် ။

အဲ့ဒီနေ.မှာပဲ ပါဝင်တဲ့ မြန်မာ အလုပ်သမား နှစ်ဦးကို သွားရောက်တွေ့ဆုံခဲ့တဲ့ မြန်မာသံရုံး အထူးအဖွဲ့ရဲ့ စုံစမ်း စစ်ဆေး တွေ့ရှိချက် အစီရင်ခံစာကို နိုင်ငံတော် သမ္မတ ထံ တင်သွင်းခဲ့တယ်လို.သိရပါတယ် ။ "အမှုတွဲကူးခွင့်မရတာမှတပါး ကျနော်တို့ စွပ်စွဲခံရတဲ့ မောင်ဇော်လင်းနဲ့ မောင်ဝင်းဇော်ထွန်း တို့ကို တွေ့ရတယ်၊ ကျနော်တို့ အခင်းဖြစ်တဲ့ ခိုတောင်းကျွန်းကိုသွားပြီးတော့ နေရာတွေကို သွားပြီးတော့ကြည့်တယ်၊ စစ်ဆေးမှုတွေပြုလုပ်တယ်၊ သိတဲ့လူတွေကိုမေးတယ်၊ ဒီအချက်တွေကို ထည့်ရေးထားပါတယ်၊ အစိုးရရဲ့ အရေးတကြီးသက်သေ တရားလိုပြလုပ်ထားတဲ့ မောင်မောင် နဲ့ တွေ့ရတဲ့အခါမှာလည်း ဒီအချက်အလက်တွေထဲမှာ တရားခံလို့စွပ်စွဲခံရတဲ့ ကလေးတွေရဲ့ မှန်ကန်တဲ့အချက်တွေကို တင်ပြဖို့အတွက် ကျနော်တို့ထည့်ထားပါတယ်၊ အဲ့လိုတွေ့ရှိချက်တွေကြောင့် နိုင်ငံတော်အနေနဲ့ ဘယ်လိုပံ့ပိုးသင့်တယ်ဆိုတာကိုလည်း ကျနော်တို့ ညှိနှိုင်းပြီးတော့ရေးထားတယ်"
ဗြိတိသျှစုံတွဲ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး မြန်မာကောင်စစ်ဝန် ဦးဆောင်တဲ့ အမှုမှန်ပေါ်ပေါက်ရေးအဖွဲ့က မြန်မာနိုင်ငံသားနှစ်ဦးနဲ့ တခြားဆက်စပ်ပတ်သက်နေသူတစ်ဦးကို တွေ့ဆုံခွင့်ရခဲ့ပေမဲ့ အမှုတွဲကိုတော့ ခုထိ ကြည့်ရှုခွင့်မရသေးဘူးလို့ သိရပါတယ်။

ထိုင်းဝန်ကြီးချုပ်ရဲ. ခရီးစဉ်အတွင်းမှာပဲ မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ခရီးစဉ်မှာ လိုက်ပါလာတဲ့ ထိုင်ဒုတိယ၀န်ကြီးချုပ်ကို ဒီသတ်ဖြတ်မှု အမှုမှန်ပေါ်ပေါက်ရေး ဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ မြန်မာသံရုံးက အထူးအဖွဲ့ လေ့လာနေမှုကို မှန်မှန်ကန်ကန်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးဖို့၊ အပြစ်မရှိသူ အပြစ်မခံရရေး သေချာစွာ စိစစ် လုပ်ဆောင်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ထိုင်းဒုဝန်ကြီးချုပ်ကလည်း လိပ်ကျွန်းကိစ္စမှာ တိကျမှန်ကန်တဲ့ အချက်အလက်တွေ ရရှိရေး၊ အမှန်တရား ရှင်းရှင်းလင်းလင်း သိရှိရေးအတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ပြန်ကြားခဲ့ကြောင်း သိရပါတယ် ။


ဒါ.အပြင် ကော့တောင်(လိပ်ကျွန်း)လူသတ်မှုအတွက် သွားရောက် စုံစမ်းခဲ့တဲ့ MWRN , HRDF , CrCF ပူးပေါင်းအဖွဲ့ဟာ ထိုင်းနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ရဲ. ဖိတ်ကြားချက်အရ သံအမတ်ကြီးနှင့်တွေ့ဆုံခဲ့ပါတယ် ။ မိမိတို့ ရည်မှန်ချက်များဖြစ်တဲ့ စွပ်စွဲခံအလုပ်သမားများအတွက် ရှေ့နေအကူအညီလွတ်လပ်စွာရရှိရေး ၊ မျှတသောတရားစီရင်မှုဖြစ်ပေါ်ရေး၊ ထိုင်းရဲများက မတရားစွပ်စွဲမှုမဖြစ်စေရေး တို့ကို သံအမတ်ကြီးနှင့်အဖွဲ့အား ရှင်းလင်းတင်ပြခဲ့ပါတယ် ။ ညနေ၄နာရီမှ၆နာရီထိ တွေ့ဆုံခဲ့ရာမှာ ကော့စမွေကျွန်း၌ အောက်တိုဘာ၅ -၇ ရက်နေ့အထိ သွားရောက်လေ့လာမေးမြန်းခဲ့မှုများကို ရှင်းလင်းခြင်း၊ မိမိတို့ထင်မြင်ယူဆချက်များနှင့်ရှေ့ဆက်လုပ်ငန်းစဉ်များကို ဖလှယ်ဆွေးနွေးခဲ့ပါတယ် လို.လည်းသိရပါတယ် ။

ဂျပန်နိုင်ငံရှိ ယိုးဒယားသံရုံးရှေ.
ခုလိုကြိုးစားမှုတွေအပြင် ၉ ရက်နေ.က ဂျပန်နိုင်ငံရှိ ထိုင်းသံရုံးရှေ.မှာ အဲ့ဒီဖြစ်ရပ်အမှုမှန်ပေါ်ပေါက်စေဖို. ဆန္ဒပြပွဲ တစ်ခုပြုလုပ်ခဲ့သလို တစ်နေ.တည်း( ထိုင်းဝန်ကြီးချုပ်မြန်မာနိုငံစရောက်သောနေ. )မှာပဲ ရန်ကုန်မြို. ဆူးလေဘုရားအနီးမှာ ဆန္ဒပြပွဲ တစ်ခုပြုလုပ်တောင်းဆိုခဲ့ပါတယ် ။ ၁၀ ရက်နေ. မနက်မြို.တော် ခန်းမရှေ. မှာလည်း ဒီအမှုအတွက် ဆန္ဒပြပွဲ တစ်ခု ထပ်မံကျင်းပခဲ့ပြန်ပါတယ် ။

မြို.တော် ခန်းမရှေ.
နောက်ထပ်ထူးခြားတာက သေဆုံးသူ ဟန်နာ.ရဲ. မိသားစုတွေက ဈာပနအခမ်းအနား ကျင်းပတဲ့နေ. မှာ ထောင်းဆိုမှုတွေပါတဲ့ ကြေညာချက် တစ်ရပ် ထုတ်ပြန်ခဲ့တဲ.အနက် ထိုင်းတရားရုံးမှာ တရားရင်ဆိုင် ရမယ်.သူတွေဟာ တရားခံ အစစ်အမှန်တွေသာ ဖြစ်စေဖို. ဆိုတဲ့ တစ်ချက်လည်းပါဝင်ခဲ့ပါတယ် ။

အဲ့ဒီလို နိုင်ငံတော် အဆင်. မေတ္တာရပ်ခံမှုတွေ ၊ တောင်းဆိုမှုတွေ ၊ ဆန္ဒပြပွဲတွေ ၊ Media တွေရဲ. ထောက်ပြ ရေးသားမှုတွေ ၊ နိုင်ငံတကာရဲ. ဝေဖန်ချက်တွေ ထောင်.စုံပေါ်ပေါက်နေချိန်မှာ မြန်မာနိုင်ငံက ပြန်ရောက်လာတဲ့ ထိုင်းဝန်ကြီးချုပ်ကတော. ဒီအမှုနဲ့ပတ်သက်ပြီး ထင်ယောင်ထင်မှားရေးသားတာတွေရပ်ဖို့ မီဒီယာတွေကို ပြောကြားလိုကြောင်း…ရဲတွေကလည်း တရားခံမဟုတ်ဘဲ ဘယ်သူမှ ဖမ်းရဲမှာမဟုတ်ကြောင်းနိုင်ငံတကာအနေနဲ့ တရားခံတွေကို မြန်မြန်ဆန်ဆန်ဖမ်းမိတာကို အံ့သြနေတာလည်း ဖြစ်နိုင်ကြောင်း…
သူတောင် ဝမ်းသာအံ့သြမိကြောင်း ……..
လို.ပြောကြားခဲ့တာကြောင်. တရားခံအမည်တပ်ခံထားရတဲ့ မြန်မာ ရွှေ.ပြောင်း လုပ်သား ၂ဦးရဲ. အနာဂတ်ကတော. စိတ်မချရသေးတာသေချာနေပါတယ် ။


Ref ; The Ladies News Journal , လင်းယုန်မာန် FB , Boon Myo Myo FB , Andy Hall FB , Lu Gyi Min , Irrawaddy , DVB  & RFA  



 * ဗြိတိန်စုံတွဲ အသတ်ခံရမှု ၊ ယိုးဒယားပုလိပ် နဲ. မြန်မာရွှေ.ပြောင်း လုပ်သားများ ( ၁ )


 * ဗြိတိန်စုံတွဲ အသတ်ခံရမှု ၊ ယိုးဒယားပုလိပ် နဲ. မြန်မာရွှေ.ပြောင်း လုပ်သားများ ( ၂ )


 * ဗြိတိန်စုံတွဲ အသတ်ခံရမှု ၊ ယိုးဒယားပုလိပ် နဲ. မြန်မာရွှေ.ပြောင်း လုပ်သားများ ( ၃ )



 * ဗြိတိန်စုံတွဲ အသတ်ခံရမှု ၊ ယိုးဒယားပုလိပ် နဲ. မြန်မာရွှေ.ပြောင်း လုပ်သားများ ( ၄ )  



* ဗြိတိန်စုံတွဲ အသတ်ခံရမှု ၊ ယိုးဒယားပုလိပ် နဲ. မြန်မာရွှေ.ပြောင်း လုပ်သားများ ( ၅ )


ဗြိတိန်စုံတွဲ အသတ်ခံရမှု ၊ ယိုးဒယားပုလိပ် နဲ. မြန်မာရွှေ.ပြောင်း လုပ်သားများ ( ၆ )




No comments:

Post a Comment