Tuesday, October 14, 2014

ဗြိတိန်စုံတွဲ အသတ်ခံရမှု ၊ ယိုးဒယားပုလိပ် နဲ. မြန်မာရွှေ.ပြောင်း လုပ်သားများ ( ၈ )



 
ယိုးဒယား စစ်တပ် မုန်းတီးသည်ဆိုသော တရားမျှတမှု သင်္ကေတ ( ယခုရက်ပိုင်းအတွင်းဤအမှု အတွက် Facebook တွင် မိမိတို.၏ Profile Picture များကိုပြောင်းလဲ အသုံးပြုတင်ထားကြသည်.အနက် တစ်ခု )

 ယနေ. ၁၄.၁၀.၂၀၁၄ နေ့ မနက် ၈နာရီခွဲမှာ ကော့တောင်(လိပ်ကျွန်း)လူသတ်မှုအတွက် ကြိုတင်သက်သေထွက်ချက်ယူခြင်းကို ကော့စမွီတရားရုံးမှာပြုလုပ်မယ်လို.သိရပါတယ် ။ဒီအမှုကို တရားလိုအဖြစ်စွဲချက်တင်မယ့် အစိုးရဥပဒေအဖွဲ့က တရားလိုပြသက်သေအဖြစ် မြန်မာအလုပ်သမား(၃)ဦးတင်ပြမှာဖြစ်ပြီး၊ ဒီအလုပ်သမား(၃)ဦးဟာ အမှုမှာအရေးကြီးတဲ့သက်သေတွေဖြစ်ကြသလို ရွှေ့ပြောင်းအလုပ်သမားများဖြစ်ကြတဲ့အတွက် သက်သေထွက်ချက်မပေးခင်မှာ အခြယးနေရာကိုရွှေ့ပြောင်းသွားမှာစိုးရိမ်လို့ အခုလို အမှုစွဲချက်မတင်ခင် တရားရုံးမှာ ကြိုတင်သက်သေထွက်ချက်ယူတယ်ရခြင်းဖြစ်ကြောင်း အစိုးရဥပဒေအရာရှိက အကြောင်းပြတယ်လို.ဆိုပါတယ် ။

အစိုးရသက်သေအဖြစ် ၁။ နိုင်မောင် (ခ) မောင်မောင် ၂။ အောင်လင်းဇော် (ခ) လင်းလင်း ၃။ မောင်နီနီအောင် လို့ ဖေါ်ပြထားပါတယ်။ ဒါကြောင့် ဒီနေ.မနက် ၁၀နာရီမှာ ကော့စမွီတရားရုံးမှာ စွဲချက်တင်မယ့် အစိုးရဥပဒေအဖွဲ့၊ အစိုးရသက်သေ(၃)ဦး၊ အစွပ်စွဲခံ မောင်ဇော်လင်းနှင့် မောင်ဝင်းဇော်ထွန်း ၊ အစွပ်စွဲခံဘက်မှလိုက်ပါဆောင်ရွက်ပေးမယ့်ထိုင်းရှေ့နေနဲ့ ထိုင်းရှေ့နေများကောင်စီမှရှေ့နေတို့က တရားရုံးမှာ ရှိကြပါမယ်။ ဒီကြိုတင်သက်သေထွက်ချက်ပေးခြင်းတို့ကို မည်သူမဆို တရားရုံးသို့လာရောက်နားထောင်နိုင်ပါတယ်။ MWRN/ HRDF/ CrCF အဖွဲ့များနဲ့အတူ ထိုင်းလူ့အခွင့်အရေးကော်မရှင်တို့ကလည်း အောက်တိုဘာ၁၀ရက်နေ့ကတည်းက
 ကော့စမွီကျွန်းကိုသွားရောက်ပြီး ဒီအမှုအတွက်လိုအပ်သည်များကိုလိုက်ပါဆောင်ရွက်ပေးနေတယ်လို.သိရပါတယ် ။

ဒီအမှု နဲ. ပတ်သက်ပြီး "သေဆုံးတဲ့ ဗြိတိန်နိုင်ငံသား(၂)ဦး၊ ပြစ်မှုကျူးလွန်တယ်လို့ သံသယ ဖြစ်ခြင်းခံရထားသူ မြန်မာနိုင်ငံသားဖက်၊ အိမ်ရှင်ထိုင်းနိုင်ငံကတာ ၀န်ရှိသူတွေ ယခုလို တွေ့ဆုံခြင်းဟာ တရားမျှတပြီး မှန်ကန်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက် ချက်တွေ ဖြစ်ပေါ်စေ မယ်လို့အပြည့်အ၀ ယုံကြည်ပါတယ်"လို . သမ္မတရုံး  အကြီးတန်းအရာရှိကလည်းပြောပါတယ် ။

ထိုင်းနိုင်ငံ တာဝန်ရှိသူများအနေဖြင့် နိုင်ငံ(၃)နိုင်ငံ ဆက်နွယ်ပတ်သက်နေသော ယခုကိစ္စကို ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး၊ ပြစ်မှုကျူးလွန်ခြင်း မရှိသူများကို မှားယွင်းအရေးယူမှု မရှိစေရေးအတွက် တရားမျှတမှု ရှိရှိ၊ မှန်မှန်ကန်ကန် တိတိကျကျ ကိုင်တွယ် ဖြေရှင်းဆောင်ရွက်မည် ဟု မျှော်လင့်ထားကြောင်း၊ သုံးပွင့်ဆိုင် တွေ့ဆုံမှုမှ ထိုင်းနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးကို တစ်စုံတစ်ရာ ထိခိုက်စေခြင်း မရှိဘဲ ပါဝင်ပတ်သက်သည့် နိုင်ငံများအကြား နားလည်မှု၊ ယုံကြည်မှု ရှိစေရေးအတွက် မည်သို့ ပူးပေါင်းဆောင်ရွက်နိုင်မည်ကို နည်းလမ်းများ ရှာဖွေတွေ့ရှိမည် ဟု မျှော်လင့်ကြောင်း အဆိုပါ အကြီးတန်းအရာရှိကြီးက ပြောကြားခဲ့တာပါ ။

 
မိသားစုများ ရခိုင်လှူမှုရေးအဖွဲ.များ အကူအညီဖြင်. ရန်ကုန်လေဆိပ်ရောက်ရှိလာစဉ်
 အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသားလူငယ်နှစ် ယောက်ရဲ.မိဘတွေဟာ ရခိုင်ကနှေ ရန်ကုန်ကို ရောက်ရှိနေပြီး ထိုင်းနိုင်ငံရှိ အလုပ်သမားများဆိုင်ရာ အကူ အညီပေးရေးနေသောအဖွဲ့(ထိုင်းနိုင်ငံ ပညာရေးနှ င့် ဖွံ့ဖြိုးတိုးတက်ရေး FED)၊ ရခိုင်အမျိုးသား ကွန်ရက်တို့ ရဲ.အကူအညီနဲ.ထိုင်းနိုင်ငံကို သွားရောက်ရန် ပြင်ဆင်နေကြကြောင်း ၊ထိုင်းနိုင်ငံ ကို မသွားမီကာယကံရှင်များ၏ မိဘများက မီဒီယာ များရှေ့တွင် အောက်တို ဘာ ၁၄ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပသွားမှာဖြစ်ကြောင်း လည်းသိရပါတယ် ။

ဒါ.အပြင် လူသတ်မှုနဲ.  ပတ်သက်ပြီးမနေ.က့ကျင်းပတဲ့အမျိုးသားလွှတ်တော်မှာအရေးကြီးအဆို တင်သွင်းကာ ဆွေးနွေးခဲ့ရာမှာအဆိုကို ကန့်ကွက်သူမရှိ အတည်ပြုခဲ့တာကြောင့် အမျိုးသား လွှတ်တော် အနေနဲ.အဲ့ဒီလူသတ်မှုကိုတရားမျှတမှုရှိစေရန် ထိုင်းလွှတ်တော်သို့ ဆက်သွယ် ဆောင်ရွက်သွားမှာဖြစ်တယ်လို.ဆိုပါတယ် ။

ထိုင်းမှုခင်းစစ်ဆေးရေးဆိုင်ရာ အမြင်.ဆုံးဒေါက်တာ မြန်မာနိုင်ငံသို. ဘုရားဖူးရောက်ခိုက်
 ဒီအမှု နဲ. ပတ်သက်လို. အမှူနဲ့ပတ်သက်ပြီးသိထားတာတစုံတရာရှိရင်ကျေးဇူးပြုပြီး ဒေါက်တာနီရန်ဆီကိုသတင်းပေးလို့ရပါတယ်။
အမည်မဖော်ပဲသတင်းပေးလို့ရပါတယ်။
သူက Human Rights Commission of Thailand ကအကြီးအကဲဖြစ်ပါတယ်။ခရစ်စတိုဖာဟာကင် ကကြော်ငြာထားတာကိုလက်ဆင့်ကမ်းလိုက်ပါတယ်

ထိုင်းမှာရှိတဲ့သူများအကြောင်းတစုံတရာဖြစ်လာခဲ့ရင်မိမိကိုယ်ကိုကြိုတင်ကာကွယ်ဖို့
သက်ဆိုင်ရာအဖွဲ့အစည်းများနဲ့ဆက်သွယ်ထားဖို့လိုပါတယ်။
Dr. Niran
Head of the NHRC
Thailand
0818767099
Penpun_i@yahoo.com


ဒါ.အပြင် လာမယ့် အောက်တိုဘာ(၁၇)ရက်နေ့မှာ ဗြိတိန်ဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန်းရဲ့ရုံးထံသို့ ဒေးဗစ်နဲ့ဟန်နာတို့ အသတ်ခံရတဲ့အမှုကို လွတ်လပ်တရားမျှတစွာ စီရင်ဖို့၊ စုံစမ်းစစ်ဆေးရေးအဖွဲ့ စေလွှတ်ပေးဖို့ လက်မှတ်ရေးထိုး တောင်းဆိုတဲ့စာ ပို့တော့မှာ ဖြစ်တယ်လို.သိရပါတယ် ။ ခုလောလောဆယ်ထိ လက်မှတ် (၅၆၇၀၀) ကျော်ပဲ ရပါသေးတယ် တဲ့။ လက်မှတ်(၁၀၀ ၀၀၀)(တစ်သိန်း) ထိပြည့်အောင် ကူညီပေးကြပါလို့ CSI LA ဖေ့ဘုတ်ပေ့ခ်ျက မေတ္တာရပ်ခံနေပါတယ်ခင်ဗျာ။ ကူညီပေးရမှာက သိပ်မခက်ခဲပါဘူး။ မိနစ်ပိုင်းလောက်ပဲ အချိန်ပေးလုပ်ရမှာပါ။



(၁) အောက်ကလင့်ကို ၀င်လိုက်ပါ။
http://www.change.org/p/the-government-of-the-united-kingdo
(၂) ပုံမှာ ရေးထားတဲ့အတိုင်း မိမိရဲ့နာမည်နဲ့ gamil လိပ်စာနဲ့ နေတဲ့မြို့နာမည် ထည့်ပေးလိုက်ပါ။ မြို့နာမည်ရေးရခက်နေရင် Yangon သာ ရိုက်ထည့်လိုက်ပါ။
(၃) အောက်ဆုံးနေရာမှာ မိမိရဲ့အမြင်ကို ရေးပေးရပါမယ်။ ရေးဖို့ခက်နေရင် ဒီစာ
After I checked this case. I am believed Two Burmese are not murders. Thai Police afraid Thai Mafia. Thai Mafia is very Big and dangerous in All people in Thailand.
ကို ကော်ပီကူးပြီး အောက်ဆုံးက အကွက်မှာ ဖြည့်ပေးလိုက်ပါ။
(၄) ပြီးရင် Sign Up 3 ဆိုတဲ့ အနီရောင်နေရာလေးကို နှိပ်ပေးလိုက်ပါ။
အချက်အလက်တွေ ဖြည့်စွက်ရာမှာ Password တွေဘာတွေ ဖြည့်စရာမလိုတဲ့အတွက် လုံခြုံမှု၊ စိတ်ချရမှု ရှိပါတယ်။တလောက အင်တာနက်ဂျာနယ်မှာ ဖတ်လိုက်ရပါသေးတယ်။ မြန်မာပြည်မှာ ဖေ့ဘုတ် သုံးစွဲသူ ဦးရေ တစ်သန်းခြောက်သိန်းကျော်ရှိပါသတဲ့။ ခုလက်မှတ်ထိုးတဲ့ (၅) သောင်းကျော်ထဲမှာ နိုင်ငံခြားသားတွေလည်းပါပါတယ်။ ထားပါတော့။ မြန်မာပြည်သားတွေချည်းပဲဆိုရင်တောင် (၅) သောင်းဆိုတာ မြန်မာပြည်က ဖေ့ဘုတ်သုံးစွဲသူပမာဏရဲ့ (၄%) တောင် မရှိသေးပါဘူး။ လက်မှတ်ထိုးဖို့ ကျန်သေးတဲ့ မြန်မာပြည်သား ဖေ့ဘုတ်သုံးစွဲသူ (၉၆%) (တစ်သန်း ငါးသိန်း ငါးသောင်းကျော်) ခင်ဗျား - ၀ိုင်းဝန်းကူညီပေးကြပါဦး လို.တတ်နိုငါတဲ့ ဘက်က ကူညီဖို.နှိုးဆော်နေတာလည်းတွေ.ရပါတယ် ။

ဒိနေရာမှာ လက်ရှိထိုင်းဝန်ကြိးချုပ်နဲ. သူ. Media တွေရဲ.ပြသာနာကိုလည်း တင်ပြချင်ပါတယ် ။သူ မြန်မာပြည်ကပြန်လာပြီး စူဝမ်နဖူလေဆိပ်ရောက်တော့ သတင်းထောက်တွေနဲ့ သတင်းစာရှင်းလင်းပွဲမှာပြောတာ....."မီဒီယာတွေ ကော့တောင်လူသတ်မှုသတင်းနဲ့ပက်သက်ပီး မဝေဖန်ကြပါနဲ့...မရေးကြ..မပြောကြပါနဲ့...ခင်ဗျားတို့ ဒီလိုရေးနေပြောနေကြတာ..ကိုယ့်တိုင်းပြည်စီးပွားရေး ထိခိုက်အောင်လုပ်နေတာပဲ့..ဒီလိုဝေဖန်ကြ သတင်းရေးကြနဲ့ ကမ္ဘာကျော်တော့ ထိုင်းခရီးသွားလာရေးထိခိုက်ကုန်ပြီ....အမျိုးသားရေးစိတ်ဓာတ်ရှိပါ...ကိုယ့်နိုင်ငံထိခိုက်အောင် မလုပ်ကြန့" ဆိုပြီး...ပြောပါတယ်..အဲဒီမှာ ထိုင်းရတ်မီဒီယာကပြန်ပြောထားတာကတော့...."ဝန်ကြီးချုပ် ပယုရေ...ငါတို့က မီဒီယာ..မီဒီယာမို့ မီဒီယာအလုပ်လုပ်တယ်...ဖြစ်ရပ်မှန်ကို အများသိအောင်ငါတို့ရေး/ပြောတယ်...သတင်းထုတ်ပြန်တယ်...မင်းလည်း ဝန်ကြီးချုပ် မင်းအလုပ်မင်းလုပ်...မင်းတာဝန်က ဝန်ကြီးချုပ်ရာထူးယူထားတာ ရဲတွေလုပ်သမျှ ဖာပေးဖို့မဟုတ်ဘူး...သက်သေအထောက်ထားခိုင်လုံပါတယ်လို့ပြောနေတဲ့ ရဲဆီက အဲဒီအထောက်အထားကို ယူလာပြခိုင်းရမှာ...အမှန်ကိုဖေါ်ထုတ်ရမှာ..မင်းအမှန်ကိုဖေါ်ထုတ်မှ နိုင်ငံတကာက ထိုင်းနိုင်ငံကို ယုံကြည်လာမှာ...ခရီးသွားလုပ်ငန်းထိခိုက်အောင်လုပ်နေတာ ငါတို့မဟုတ်...မင်း.." လို့ပြောလိုက်တယ် လို.သိရပါတယ် ။




ဒါ.အပြင် ဒီအမှုမှာ နာမည်ကျော်လာတဲ့ CSI LA Page က  မတရားမှု ဆက်လက် လုပ်ကိုင်နေတဲ့ ထိုင်းပုလိပ်တပ်ဖွဲ့ နဲ့  ထိုင်းဝန်ကြီးချုပ်ကို စိန်ခေါ် လိုက်ပါပြီ  ဆိုတဲ့ သတင်းတစ်ခုလည်း တက်လာခဲ့ပါတယ် ။ အဲ့ဒီမှာဖော်ပြထားတာကတော. We've asked for DNA and video evidence to prove the innocence you continue to claim. You refused. We will wait another 11 hours for evidence which you've promised.
On an unrelated note,
we are curious as to what are foreign tourists' opinions about your hotel and other establishment. We are going to gauge that online, publicly and internationally
CSILA အုပ်စု မဟာမိတ်များ အနေနဲ့  ကျွန်းသူဌေးသားကို DNA စစ်ဆေးခိုင်းရန်နှင့် မီဒီယာတီဗီများ တွက် တင်ပြခဲ့သော CCTV ကင်မရာမှဓါတ်ပုံအထောက်အထားများ ရှင်းလင်း တင်ပြရန် တောင်းဆိုခဲ့သည် ။ သင်တို့ အနေဖြင့် ပျက်ကွက်ခဲ့သည် ။ ကျွန်ုပ်တို့ အနေဖြင့် နောက်ထပ် နာရီ အနည်းငယ်သာ ဆက်လက် စောင့်ဆိုင်းတော့မည် ဖြစ်ပါသည် ။
ကျွန်ုပ်တို့  စူးစမ်းသိချင် နေတဲ့ အချက်က
နိုင်ငံခြားသားတိုးရစ်များ က လိပ်ကျွန်းသူဌေးပိုင် ဟိုတယ်များနှင့်
အခြား စီးပွားရေး လုပ်ငန်းများအပေါ် ဘယ်လို သဘောထားတယ် ဆိုတဲ့
စစ်တမ်းကောက်ယူဖို့  အွန်လိုင်းပေါ်က စတင်တော့မှာ ဖြစ်ပါတယ် ။
ဒီကိစ္စကို နိုင်ငံတကာမှ လူထု လူစု အသီးသီး ကို
အသိပေး လှုံဆော် ဖြန့် ဝေ သွားမှာ ဖြစ်ပါတယ် ။

นมสดเเละทนายคุณนมสดคุณเหลืออเวลาอีก 11 ชม หรือ เที่ยงคืนวันนี้ของเมืองไทย โปรดนำภาพเคลื่อนไหวที่จากCCTV ของ หอพัก ร้านสะดวกซื้อ มหาลัยกรุงเทพ เเละ ผลการสอบในวันที่ 15 กันยา มาเป็นหลักฐาถ้าคุณไม่ทำตามพวกเราจะเข้าไป ใส่ข้อความตาม เพจที่ให้คนเเสดงความคิดเห็นเช่น Trip Advisor รวมทั้ง Facebooา ด้วย
กรุณาติด่อกับมาด้วยครับ

အဲ့ဒီလိုပဲ ထိုင်းနိင်ငံရဲ့ NEW 1 တိဗွီ သတင်းဌါနကလည်းအခြေအနေတွေကိုပြည်.စုံစွာ သုံးသပ်ပြထားပြန်ပါတယ် ။
၁။ ထိုင်းဝန်ကြီးချုပ် မြန်မာပြည်သွားပြီး ပြန်လာခဲ့သည့် ခရီးစဉ်ရှင်းလင်းပွဲမှာ မတရား လိမ်လည်ဖမ်းဆီးခံထားရသော မြန်မာလူငယ်နှစ်ယောက်အကြောင်း အပေါ် ပြောကြားချက်နှင့် အခုအမူ့၌ တရားမျှတစွာ ဖြေရှင်းပေးမယ် မပြောဘဲ ၊ မီဒီတာတွေကြောင့် ထိုင်းနိင်ငံ သိက္ခာကျရကြောင်း ၊
၂။ ရဲတွေလုပ်ရပ်က မှန်ကန်ကြောင်း ၊ အင်တာနက်ပေါ်က သတင်းတွေကို အယုံအကြည်ရှိရန် မလိုကြောင်း ၊ ကျနေသော သိက္ခာကို လိမ်လည်ဆယ်ရန် ထိုင်းဝန်ကြီးချုပ် ကြိုးစားနေကြောင်း ၊
၃။ ထိုင်းနိင်ငံ၏ နာမည်ကြီး သတင်းစာ ထိုင်းလတ်ပ်၏ ခေါင်းကြီးပိုင်း၌ ဦးသိန်းစိန်မှ ထိုင်ဝန်ကြီးချုပ်အား ဥပဒေနှင့်အညီတရားမျှတစွာ အမူ့မှန်ကို ပေါ်အောင်ဆောင်ရွက်ပါရန် မှာကြားလိုက်ကြောင်း ၊
၎။ မြန်မာနိင်ငံသည် အရင် ထိုင်းတွေသိသော မြန်မာနိင်ငံ မဟုတ်တော့ဘဲ ပွင့်လင်းမြင်သာမူ့ရှိလာတဲ့ နိင်ငံဖြစ်လာတဲ့အတွက် မြန်မာနိင်ငံသားတွေက မတရားလုပ်ခဲ့ရင် ငြိမ်ခံနေမှာ မဟုတ်ကြောင်း ၊
၅။ ဒီအမူ့ဟာလဲ မြန်မာ နှင့် ထိုင်းနိင်ငံ ပြဿနာမဟုတ်ဘဲ နိင်ငံတကာက စိတ်ဝင်စားနေသော အမူ့ဖြစ်သည့်အတွက် ထိုင်းရဲများမှ မတရား အမူ့စဉ်ခဲ့ပါလျှင် ထိုင်နိင်ငံ သိက္ခာကြတော့မည့် အကြောင်း နှင့်
၆။ ထိုင်းမာဖီးရားလက်မှ လွတ်မြောက်သွားသော ဗြိတိန်နိင်ငံသား seam ရဲ့ဒီအမူ့နဲ့ ပတ်သက်၍ မြန်မာနိင်ငံသားနှစ်ဦးမှာ အပြစ်မရှိကြောင်းနဲ့ လိမ်လည်မူ့ဖြစ်ကြောင်း ၊
၇။ မိမိကိုတောင် အစဖျောက်ကာ လိမ်လည်အမူ့ဖျောက်ရန် လုပ်သည့်အတွက် ဗြိတိန်သို့ မီဒီတာများအကူအညီနဲ့ ရောက်လာခဲ့ရတာဖြစ်ကြောင်း
၈။ ထိုသို့ ကာယကံရှင်တွေ ပြောနေတာတောင် ထိုင်းအစိုးရနှင့် ထိုင်းရဲမှ တာဝန်ရှိသူတွေက အမူ့အပေါ် သက်ဆိုင်သူတွေခေါ်၍ ကြားနာစစ်ဆေးမူ့မရှိဘဲ တယူသန် အမူ့လိမ်လည်ရန် ကြိုးစားနေခြင်းသည် ထိုင်းနိင်ငံ နှင့် လူမျိုးအား နိင်ငံတကာမှ အယုံအကြည်မရှိအောင် ထိုင်းအစိုးရ ပြုလုပ်နေခြင်း ဖြစ်ကြောင်း ၊
၉။ ထိုင်းအာဏာပိုင်များသည် လာပ်ပေးလာပ်ယူကာ မာဖီးရားကို ကာကွယ်ပေးထားသည့်အတွက် မာဖီးရားအစိုးရပုံ ပေါက်နေကြောင်း ၊
၁၀။ ထိုင်းဝန်ကြီးချုပ်မှ အမူ့အပေါ်အမှန်အတိုင်း မလုပ်ဘဲ မိမိတပည့်များနှင့် မာဖီးရားများကို ကာကွယ်ပေးထားလျှင် ထိုင်းနိင်ငံမီဒီယာများကလဲ အမူ့မှန် ပေါ်ပေါက်သည်အထိ ဇွဲလျှော့သွားမှာ မဟုတ်ကြောင်း ဆိုပြီး တင်ပြထားတာပါ ။

News Link :
http://youtu.be/Nh3XHw9pQBE


 ဒီခန်.မှန်းချက် တစ်ခုကိုလည်း ဖော်ပြချင်ပါတယ် ။ ဒါပေမယ်. အသိပေးလိုတာကတော. သူက သူ.ရဲ.ဖော်ပြချက်ကို ( just plane analysis ) လို.ရေးသားထားပြီးသားပါ ။ သူရေးတာကတော. ဒီလိုပါ ။
Sean ဆိုတဲ့ကောင်က David ကို နောက်ကနေ လည်ပင်းကိုဖက်ပြီး ချုပ်ပေးတယ်..
ရှေ့ က BAR ပိုင်ရှင်သူဌေးသားက တလက်မဓါးနဲ့ ထိုးတယ်...David ရဲ့ မျက်နှာနဲ့ မေးရိုးအောက်မှာဒါဏ်ရာရတယ် အနောက်က နေDavid ကိုသိုင်းဖက်ပြီးချုပ်ပေးထားတဲ့ Seanရဲ့ လက်ဖျံကိုပါဓါးနဲ့ ထိုးမိတယ်..David မျက်နှာ နဲ့ မေးအောက်က ဒဏ်ရာရယ် Sean လက်ဖျံ ပေါ်ကဒဏ်ရာကိုကြည့်ရင် ထိုးတဲ့သူက ဘယ်သန်ဖြစ်ဖို့ များတယ်။ လက်ဖျံကို အထိုးခံလိုက်ရလို့  Sean က ချုပ်ပေးထားတာကိုလွှတ်ပေးလိုက်မှ ခေါင်းငိုက်ကျပြီးလည်ထွက်သွားတဲ့ David ကိုနောက်ကနေ ဦး ခေါင်းနောက်ပိုင်းကိုထပ်ထိုးတယ်.။ မသေမရှင်ဖြစ်နေတဲ့ David ကိုရေထဲဆွဲချတယ်..ပြီးတော့ Hanna ကို သူတို့ ဘလက်ကာယ လုပ်တယ်..။လက်လွန်သွားတော့ Hanna ကို ပါနှတ်ပိတ်လိုက်တယ်..။BARပိုင်ရှင်ရဲ့ သား ဟာ ဘယ်သန် လားဆိုတာတစ်ချက်ကြည့်ရလိမ့်မယ်။ ဖြစ်ပွားချိန်က မနက်၂နာရီကျော်ကျော်..။ David နဲ့ Hanna က အဲဒီအချိန်မှာကတည်းကသေနေပြီ..။
Bar ပိုင်ရှင်သား က အိမ်ပြန်ပြေးတယ် သူ့ အဖေနဲ့ သူ့ အဖေသူငယ်ချင်း ထိုင်းရဲ ကို ပြောပြတယ်..သူ့ အဖေနဲ့ ရဲ က Sean ကို အပြစ်ပုံချဘို့ လုပ်တယ်..Sean ထွက်ပြေးတယ် စတိုးဆိုင်တစ်ခုထဲကိုဝင်ပြေးပြီး ငွေသိမ်းကောင်တာနောက်က နေ နောက်ကလိုက်လာတဲ့Bar ပိုင်ရှင်နဲ့ ထိုင်းရဲ ကိုဓါတ်ပုံရိုက်ပြီး facebook တင်တယ် သူ့ ကိုလိုက်သတ်နေတဲ့၂ယောက်ဆိုပြီးပြောတယ်..။
အဲဒီအချိန်မှာ အနားမှာဂီတာတီးနေတဲ့ ရခိုင်သား၂ယောက် က ဆေးလိပ်နဲ့ ဘီယာလာဝယ်တယ်..CCTV ကင်မရာမှာပြတဲ့ အချိန်က မနက်၎ နာရီဝန်းကျင်..David နဲ့ Hanna က သေပြီးနေပြီ လွန်ခဲ့ တဲ့ ၂နာရီလောက်ကတည်းက.။ လူ၂ယောက်ကို သတ်ထားတဲ့ သူ၂ယောက်က သတ်ပြီး ၂နာရီလောက်မှာ ဆေးလိပ် ဝယ် ဘီယာထွက်ဝယ်လုပ်နေမှာမဟုတ်ဘူး ပြေးတာကြာပြီ။ ဒီနှစ်ယောက်ဆေးလိပ်ဝင်ဝယ်တာကိုတွေ့ တဲ့ ခုနက Sean နောက်ကို လိုက်လာတဲ့ Bar ပိုင်ရှင်နဲ့ ထိုင်းရဲ က ဆွဲစားလိုက်တယ်..အခင်းဖြစ်ပွားရာနေရာကိုတဖက်လှည့်နဲ့ ရောက်အောင်ပို့ တယ်
ဆေး မူး ဘီယာမူးနေတဲ့ ရခိုင်သား၂ယောက်အူကြောင်ကြောင်နဲ့ ခံလိုက်ရတယ်..။ အခင်းဖြစ်ပြီး နောက်နေ့  Sean နဲ့ Bar ပိုင်ရှင်သား ကို ကော့သောင်ကျွန်းက နေ အမြန် ဘန်ကောက်ကိုလွှတ်ရှောင်ခိုင်းတယ်။ရခိုင်လေး၂ယောက်ကို ဆေးလိပ်ဖင်စီခံက DNA နဲ့ သူတို့  DNA တူတယ်ဆိုပြီးဝန်ခံခိုင်းတယ်..။ ရိုတီကုလား နဲ့ နောက်မြန်မာစကားပြန်၂ယောက်က ပါ အဆင်းဘီးတပ်ပေးတယ်..။


ဘာပဲပြောပြော ဒီနေ. အခြေအနေကိုတော. စောင်.ကြည်.ရအုံးမှာပါ ။

Ref ; MWRN , News Watch Journal , Ko Htay Tint FB , Moe Zay Nyein FB , Boon Myo Myo FB , John Tin Win FB & Maung Maung Aye FB 

ဆက်စပ်ဖတ်ရှုရန်များ  



 * ဗြိတိန်စုံတွဲ အသတ်ခံရမှု ၊ ယိုးဒယားပုလိပ် နဲ. မြန်မာရွှေ.ပြောင်း လုပ်သားများ ( ၁ )


 * ဗြိတိန်စုံတွဲ အသတ်ခံရမှု ၊ ယိုးဒယားပုလိပ် နဲ. မြန်မာရွှေ.ပြောင်း လုပ်သားများ ( ၂ )


 * ဗြိတိန်စုံတွဲ အသတ်ခံရမှု ၊ ယိုးဒယားပုလိပ် နဲ. မြန်မာရွှေ.ပြောင်း လုပ်သားများ ( ၃ )



 * ဗြိတိန်စုံတွဲ အသတ်ခံရမှု ၊ ယိုးဒယားပုလိပ် နဲ. မြန်မာရွှေ.ပြောင်း လုပ်သားများ ( ၄ )  


* ဗြိတိန်စုံတွဲ အသတ်ခံရမှု ၊ ယိုးဒယားပုလိပ် နဲ. မြန်မာရွှေ.ပြောင်း လုပ်သားများ ( ၅ )

ဗြိတိန်စုံတွဲ အသတ်ခံရမှု ၊ ယိုးဒယားပုလိပ် နဲ. မြန်မာရွှေ.ပြောင်း လုပ်သားများ ( ၆ )





* ဗြိတိန်စုံတွဲ အသတ်ခံရမှု ၊ ယိုးဒယားပုလိပ် နဲ. မြန်မာရွှေ.ပြောင်း လုပ်သားများ ( ၇ )




No comments:

Post a Comment