Tuesday, October 7, 2014

ဗြိတိန်စုံတွဲ အသတ်ခံရမှု ၊ ယိုးဒယားပုလိပ် နဲ. မြန်မာရွှေ.ပြောင်း လုပ်သားများ ( ၃ )


ခိုတောင်ကျွန်း @ ကော.တောင်ကျွန်း @ လိပ်ကျွန်း ခေါ် Koh Tao ကျွန်း

 ‘‘သူတို့လုပ်တာဟုတ်တယ် ဆိုရင်လည်းပဲ ကျွန်တော်တို့က သံရုံးနဲ့ ပူးပေါင်းပြီး ကူညီမှုတွေ ပေးသွားမှာပါ။ ဒီကိစ္စက ထိုင်း မှာ အသံအမျိုးမျိုး ထွက်နေပါ တယ်။ အများစုကတော့ မြန်မာ မဟုတ်ဘူးလို့ပဲ ပြောနေကြပါ တယ်။ နိုင်ငံတကာက စိတ်ဝင် စားတဲ့ သတင်းဖြစ်နေတော့ မြန်မာဟုတ်၊ မဟုတ်ဆိုတာ စုံစမ်းဖို့ လိုပါတယ်’’လို.  ထိုင်းနိုင်ငံ ဆိုင်ရာမြန်မာသံရုံးက အဲ့ဒီဖြစ်ရပ်ကို  အနီးကပ်လေ့လာစောင့်ကြည်.ဖို. စေလွှတ်ထားတဲ့ ထိုင်းနိုင်ငံပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED) အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ် ။

‘‘ခရီးသွားနှစ်ယောက် အ သတ်ခံရလို့ ရဲတပ်ဖွဲ့ကို ဖိအား ပေးခံနေရတာ။ ငွေပေးပြီး ၀န်ခံ ခိုင်းတာလည်း ဖြစ်နိုင်သလို ရိုက် နှက်လို့ ၀န်ခံပေးတာလည်း ဖြစ် နိုင်တယ်။ ထိုင်းလူမျိုးတွေက တောင် မြန်မာ မဖြစ်နိုင်ဘူးလို့ ပြောနေကြတယ်။ မြန်မာအစိုးရ ကလည်း ဒီကိစ္စကို စုံစမ်းပေး သင့်ပါတယ်။ သေချာတာက ဒီ လူသတ်မှုမှာ မြန်မာမဟုတ်တာ ပဲ’’ ဟု အခင်းဖြစ်ပွားရာ ခိုတောင် ကျွန်းမှာ လုပ်ကိုင်နေတဲ့ရွှေ့ ပြောင်းမြန်မာလုပ်သားတစ်ဦးက ပြောပါတယ် ။

‘‘ဘန်ကောက်ပို့စ်က တင်တဲ့  သတင်းအောက်မှာ ပေးထားတဲ့ ကွန်မန့်တွေဖတ်ရင်း ငိုချင်စိတ် တောင်ပေါက်တယ်။ ဒီကိစ္စမှာ မြန်မာတွေမပါဘူး။ မြန်မာတွေ မဖြစ်နိုင်ဘူးလို့ ရေးထားကြတာ။ သူတို့ရဲတပ်ဖွဲ့ကို အယုံအကြည် မရှိတော့ဘူးလို့တောင် ရေးထား ကြတာပါတယ်။ မြန်မာတွေ သက်သက်အစားထိုးခံရတာပါ’’ လို.   ဘန်ကောက်မြို့မှာ  နေတဲ့ အသက် (၃၀) အရွယ် မြန်မာ အမျိုးသားတစ်ဦးက ပြောခဲ့တယ်လို.လည်း သိရပါတယ် ။

smh.com

 ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရတဲ့ မြန်မာနိုင်ငံသားများထံ မြန်မာသံရုံး မှ ကောင်စစ်အရာရှိ ဦးစီး ကိုယ်စားလှယ် အဖွဲ့ သွားရောက်မှာဖြစ်ပြီး
Ø  ဦးထွန်းအေး ( ကောင်စစ်အရာရှိ - မြန်မာသံရုံး )
Ø  ဦးကျော်သောင်း ( MAT )
Ø  ဦးမင်းဦး နှင့် ဦးမိုးဝေ  ( FED )
Ø  စကားပြန် တစ်ဦး (  FED )
Ø  ဦးအောင်မျိုးသန့် ( ရှေ့နေ - မြန်မာအလုပ်သမားများ ကူညီ စောင့်ရှောက်ရေးအသင်း )
Ø  ထိုင်းရှေ့နေ (၃) ဦး   တို.  ပါဝင်မယ်လို.သိရပါတယ် ။
အဲ့ဒီအဖွဲ့ဟာထိုင်းတောင်ပိုင်း စူရတ်ဌာနီမှတစ်ဆင့် မြန်မာ အလုပ်သမားများ ချုပ်နှောင်ထားရာ ကော့စမွီကိုသွားဖို.စီစဉ်ခဲ့တာပါ ။

NY Daily News
 ‘‘လူသတ်တရားခံက မြန်မာ တွေဖြစ်တယ်ဆိုတာကို လက် မခံပါဘူး။ ၀န်ခံတယ်ဆိုတာက လည်း ရဲလက်ထဲမှာပဲ ၀န်ခံတာ ပါ။ ဒါကသူတို့လုပ်ချင်သလို လုပ် လို့ရပါတယ်။ သံရုံးကလည်း ယုံ ကြည်မှုမရှိပါဘူး။ ဒီပုံစံအတိုင်းဆိုကျန်တဲ့တစ်ယောက်ကလည်း ၀န် ခံတော့မှာပါ။ အရင်ကသူတို့ဖမ်း ပြီး တရားခံမဟုတ်ပါဘူးလို့ လွှတ် ပေးလိုက်တဲ့ သူနှစ်ယောက်က ပြန်ဖမ်းခံပြီး ၀န်ခံလိုက်တာပါ။ ထိုင်းရှေ့နေသုံးဦးနဲ့ အတူအထူး တာဝန်ပေးထားတဲ့ အဖွဲ့က  သူတို့ထားရှိတဲ့ ထောင်ကို သွားပြီး ဘာဖြစ်လို့ ၀န်ခံရတာလဲ။ အဖြစ်မှန်က ဘာလဲဆိုတာ တွေ့ ဆုံမေးမြန်းမှာပါ’’လို. ထိုင်းနိုင်ငံ ဆိုင်ရာမြန်မာသံရုံးကအဲ့ဒီ ဖြစ်စဉ် ကို အနီးကပ်လေ့လာစောင့်ကြည့် ရန် စေလွှတ်ထားတဲ့ရှေ့နေ ဦးအောင်မျိုးသန်းက 7 Day Dailyအား ပြောကြားခဲ့ပါတယ် ။

ဒီကိစ္စနှင့်ပတ်သက်လို.မြန်မာအစိုးရအနေနဲ.တရားမျှတမှု အပြည့်အဝ ရှိစေရန်အတွက် ထိုင်းရောက် မြန်မာအလုပ်သမား အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိပါကြောင်း မိမိနိုင်ငံသားများကို ခိုင်ခိုင်မာမာ ကာကွယ်ပေးနိုင်ရန် ကြိုးပမ်းလျက် ရှိပါကြောင်း နိုင်ငံတော် သမ္မတ ရုံးတာဝန်ရှိသူ တစ်ဦးဆီကနေ ထုတ်ဖော်ပြောကြားခဲ့ပါတယ် ။

ယမန်နေ.ကတော.  မြန်မာအဖွဲ.အနေနဲ. ဖမ်းဆီးခံထားရသူတွေနဲ. တွေ.ခွင်.ရခဲ့တယ်လို. သိရပြီး  အဲ့ဒီအဖွဲ.အနေနဲ. အမှု တွဲ တစ်ခုလုံးကို ပြန်လည် စစ်ဆေးဖို.တောင်းဆိုထားပြီး ထိုင်းနိုင်ငံရှိ NGO အဖွဲ.တစ်ခုကလည်း တောင်းဆိုထားပါတယ် ။


 အမှန်တရားအတွက် ၊ မိမိနိုင်ငံသားအတွက် ကိုယ်တတ်နိုင်တဲ့ ဘက်ကကြိုးစားကြရာမှာ
ထိုင်းနိုင်ငံမှ လူသတ်မှု အမှုမှန် စစ်ဆေးဖို့ လက်မှတ်ထိုး တောင်းဆိုနိုင်  ဆိုတဲ့ခေါင်းစဉ်နဲ.
ထိုင်းနိုင်ငံက ရဲများဟာ အမှုအတွက် သေချာ မဖြေရှင်းပဲ မြန်မာ နှစ်ဦးကို စွပ်စွဲ၍ မတရား ၀န်ခံစေခြင်း ဖြစ်ကြောင်း ယုံကြည်ရ ပါတယ်။ အကြောင်း ကတော့ ထိုင်းနိုင်ငံက ရဲများ လာဘ်စားတာကို တစ်ကမ္ဘာလုံး သိရှိနေကြလို့ ဖြစ်ပါတယ်။ လက်မှတ်ထိုးမှုကို ဦးဆောင်သူ နဲ့ အခြား သတင်းမီဒီယာများက ခန့်မှန်းထားချက် ကတော့ ယင်းလူသတ်မှုကို မာဖီးယား ဂိုဏ်းသားတို့ ကျူးလွန်ခဲ့ပြီး မြန်မာ လူမျိုး ရွှေ့ပြောင်းလုပ်သားများကို ထိုးကျွေး ၀န်ခံစေခဲ့ခြင်း ဖြစ်ပါတယ်။ ဒီအတွက် အမှုမှန် ပေါ်ပေါက်ဖို့
 အားလုံး အွန်လိုင်းပေါ်မှာ ရေထိုးတဲ့ အသနားခံစာ လက်မှတ်ကို ထိုင်းနိုင်ငံအခြေဆိုက် ဗြိတိန်သံရုံးက သံတမန် Mark Kent ဆီ ပို့ပေးမှာ ဖြစ်ပါတယ်။
http://www.change.org/p/the-government-of-the-united-kingdom-independently-investigate-the-horrific-murders-of-hannah-witheridge-and-david-miller?utm_campaign=new_signature&utm_medium=email&utm_source=signature_receipt#share
ယင်းဖော်ပြပါ Link ထဲကို ၀င်ပြီးတော့ လက်ရှိ ဗြိတိန်နိုင်ငံသား နှစ်ဦးအား လူသတ်မှုနဲ့ ပက်သက်ပြီးတော့ အစွပ်စွဲခံထားရတဲ့ မြန်မာနိုင်ငံသား နှစ်ဦးကို ကယ်နိုင်ပါတယ်။ ကယ်မယ့် နည်းလမ်းက chang.org က ဖော်ပြပါ link ထဲကနေ လက်မှတ်ရေးထိုးပေးဖို့ ပါပဲ။ ယနေ့ စက်တင်ဘာလ ၅ ရက်နေ့ ညနေ ၇ နာရီ ကျော် ချိန်မှာ လက်မှတ်ပေါင်း ၁၅၀၀၀ ကျော် ရရှိသွားပါပြီ။ link ထဲ ၀င်ပြီး Username, email, city ထည့်ပေးရုံပါပဲ။ဒီတော့ မတရားအစွပ်စွဲခံထားရတဲ့ မြန်မာ နှစ်ဦးကို ကယ်ဆယ်ဖို့ အတွက် link ထဲမှာ ၀င်ရောက် sign ထိုးနိုင်အောင် သတင်းပေးလိုက် ရပါတယ်   ဆိုတဲ့ လှုပ်ရှားမှု တစ်ခုလည်း On Line မှာတွေ.လာရပါတယ် ။


Ref ;  ရိုးရာလေး ၊ ပရလောကမှ ရှားပါးမှတ်တမ်းများ ၊ Hmuu Zaw , 7 Day Daily ,  Irrawaddy & FB Status များ

ဆက်စပ်လေ.လာရန်များ

ဗြိတိန်စုံတွဲ အသတ်ခံရမှု ၊ ယိုးဒယားပုလိပ် နဲ. မြန်မာရွှေ.ပြောင်း လုပ်သားများ ( ၁ )
ဗြိတိန်စုံတွဲ အသတ်ခံရမှု ၊ ယိုးဒယားပုလိပ် နဲ. မြန်မာရွှေ.ပြောင်း လုပ်သားများ ( ၂ ) 
ထိုင်းရှိဗြိတိန် သံရုံး Page




No comments:

Post a Comment