Tuesday, October 7, 2014

ဗြိတိန်စုံတွဲ အသတ်ခံရမှု ၊ ယိုးဒယားပုလိပ် နဲ. မြန်မာရွှေ.ပြောင်း လုပ်သားများ ( ၂ )



အလောင်းတွေ.ရှိရာ နေရာ ( Photo - newsmax )

 ဒီဗြိတိန် စုံတွဲကို သတ်ဖြတ်ခဲ့တယ်ဆိုတာနဲ.ပတ်သက်ပြီး  ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ အကြီးအကဲ ဒီချာ ဘတ်ထရာနမ့်ဖတ်ခ်ျက  သံသယ တရားခံတွေကို စစ်ဆေးရာမှာ  DNA စစ်ဆေးမှုရလဒ် ကိုက်ညီမှု ရှိနေတယ်ဆိုပြီးပြောခဲ့ပါတယ် ။ထိုင်းရဲတပ်ဖွဲ့အနေနဲ.   မသင်္ကာသူ မြန်မာနိုင်ငံသား (၃)ဦးကို အောက်တိုဘာ (၁)ရက်က ထိန်းသိမ်းခဲ့တဲ့အနက် (၂)ဦးရဲ.  DNAတွေဟာ သေဆုံးသူ ယီသာရစ်ခ်ျထက ရခဲ့တဲ့ DNA နမူနာနဲ. ကိုက်ညီနေတာလို. သိရပါတယ် ။

တတိယမြောက် သံသယ တရားခံကတော့ လူသတ်မှု မဖြစ်ခင်မှာတင် အဲဒီ အခင်းဖြစ်ရာ နေရာကနေ သူထွက်ခွာသွားတယ်လို့ ထွက်ဆိုထားပါတယ်”လို.ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲ ဆွမ်ယွတ်က ဆိုပါတယ် ။အခင်းဖြစ်တဲ့နေရာအနီး စားသောက်ဆိုင် တစ်ခုမှာ အလုပ်လုပ်နေကြတဲ့  သံသယ တရားခံ နှစ်ယောက်လုံး ဟာ အသက် ၂၃ နှစ်အရွယ်   ဗြိတိန်အမျိုးသမီး Hannah Witheridge ကို မုဒိမ်းကျင့်ခဲ့တယ်လို. ဆိုပါတယ် ။


Hannah Witheridge
 အလောင်းကိုတွေ.ရှိပြီးချိန်က သတင်းထုတ်ပြန်ရာမှာ ဆူရတ်ဌာနီ ခရိုင်ရဲတပ်ဖွဲ့ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ဖူးပြီး ယခုစုံစမ်း စစ်ဆေးမှုတွင် အဓိက ဦးဆောင်ပါဝင်သူ တစ်ဦးဖြစ်တဲ့ ရဲမှူး ကီယတ်ပွိုင် ခေါ်ဆာမန်းက “သံသယ တရားခံ နှစ်ယောက်စလုံးက သေဆုံးသူ အမျိုးသမီးကို မုဒိမ်းကျင့်ခဲ့ပါတယ်”လို.  ဆိုခဲ့ပါတယ် ။ ၎င်းက ဗြိတိန်စုံတွဲ နှစ်ဦးစလုံးဟာ အခင်းဖြစ်ရာ နေရာအနီးမှာရတဲ့ သွေးစွန်းနေသော ပေါက်ချွန်းနဲ. သစ်သားတုတ် တစ်ချောင်းတို့ဖြင့် ရိုက်နှက်သတ်ဖြတ် ခံရခြင်းလို. အတည်ပြုခဲ့ပါတယ် ။

အစောပိုင်းက ထိုင်းရဲတပ်ဖွဲ့ဟာသေဆုံးသူ အမျိုးသမီးရဲ. ခန္ဓာကိုယ်မှာ DNA မတူတဲ့ လူနှစ်ဦးရဲ.သုက်ပိုးတွေကို စုဆောင်း ရရှိခဲ့ကြောင်း ကြေညာခဲ့ပြီး ပြစ်မှုကျူးလွန်သူတွေဟာအာရှသားများဖြစ်ကြောင်း ပြောကြားထားခဲ့ပါတယ် ။ အသက် ၂၄ နှစ်အရွယ်ရှိ အမျိုးသား ဖြစ်သူ  David Miller ကိုတော့ တစ်ယောက်က ရေနှစ်သတ်ပြီး ကျန်နှစ်ယောက်က Hannah ကို အဓမ္မ ပြုကျင့်ပြီး သတ်ခြင်း ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ ကမ္ဘာလှည့်ခရီးသွားများကြား ရေပန်းစားတဲ့ အဲ့ဒီ Kho Tao  ( လိပ်ကျွန်း ) ကျွန်းငယ်လေးမှာ DNA စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်နိုင်ချေ ၁၀၀ ထဲမှာ မြန်မာ အများ ပါဝင်ပါတယ်။ နောက်ထပ် ၁၀ ယောက်တည်းမှာလည်း ပါဝင်ပြီးအဲ့ဒီ ထဲက မြန်မာ တစ်ယောက်ဟာ အပြစ်ရှိကြောင်း တရားဝင် ဝန်ခံခဲ့ တယ်လို. သတင်းတစ်ခုက ဆိုပါတယ် ။


သေဆုံးသူတွေနဲ.အတူ ခရီးထွက်လာတဲ့ အခြားဗြိတိန် ကမ္ဘာလှည့် ခရီးသည်တွေမှာလည်း လူသတ်မှုနဲ.  ဆက်နွယ်တဲ့ အထောက်အထားမျိုး မတွေ့ရဘူးလို. ရဲတပ်ဖွဲ့က ဆိုပါတယ် ။ စက်တင်ဘာ (၁၆)ရက် နံနက်အစောပိုင်းက မြန်မာလုပ်သားများ နေထိုင်ရာ တဲအိမ်များကို ထိုင်းအာဏာပိုင်များက ဝင်ရောက်ရှာဖွေတဲ့ သတင်းဗီဒီယိုတွေကို ထိုင်းရုပ်မြင်သံကြား ဌာနတစ်ခုက ပြသခဲ့ပါသေးတယ် ။အဲ့ဒီကိစ္စဖြစ်ပြီးတဲ့နောက်မှာ ထိုင်းနိုင်ငံရှိ ဗြိတိန်သံရုံးဟာ ၎င်းတို့ နိုင်ငံသား အားလုံးအတွက် ခြေရာခံ ပေးနိုင်မယ့် သက်ကယ် လက်ပတ်များ ကို ထုတ်ပေးခဲ့ ပါတယ်။

ဒါပေမယ်. ဒီဖြစ်ရပ်နဲ.ပတ်သက်လို. မြန်မာလူမျိုးတွေက ပြင်းထန်စွာကန့်ကွက်လျက်ရှိပြီး၊ နိုင်ငံတကာမှလည်း ယိုးဒယားအစိုးရကို အယုံအကြည်မရှိကြောင်း ပြောကြားမှုတွေရှိခဲ့ပါတယ် ။ယိုးဒယားလူမျိုး အတော်များများတောင်   ဒီကိစ္စအတွက် အမြင်ကွဲလွဲခဲ့ကြပါတယ် ။
ဒါပေမယ်.လည်း  ယိုးဒယားအစိုးရအနေနဲ. နိုင်ငရဲ.ခရီးသွားလုပ်ငန်းအား မထိခိုက်စေလိုခြင်း၊ ယိုးဒယားလူမျိုးများရဲ. ဂုဏ်ကို ကာကွယ်လိုခြင်း၊ အင်အားကြီး ဂိုဏ်းများရဲ.အရှိန်အ၀ါကို မတွန်းလှန်နိုင်ခြင်း၊ ၀န်ကြီးချုပ်ရဲ.ပုံရိပ်ကောင်း ထင်ဟပ်စေလိုခြင်းတွေကြောင်.  မြန်မာလုပ်သားလူငယ်တွေအပေါ် အာရုံလွှဲ အပြစ်ပုံချတာလို.  နိုင်ငံတကာအသိုက်အ၀န်းရဲ.ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ် ။


အမှတ် ၈ ရဲတပ်ရင်း ဒု အကြီးအကဲ Decha Butnamphet က ပြောတာမှာ ဖမ်းခဲ့တဲ့ ၃ ဦးအနက် မနေ့က မြို့ပေါ်မှာ ဖမ်း ဆီး ခဲ့သူဟာ မြန်မာနိုင်ငံသား မောင်စိုး ဆိုသူဖြစ်ပြီး သူက ဗုဒ္ဓဟူးနေ့ည ၉ နာရီက ကျွန်းက ထွက်သွားခဲ့သူလို့ ဆိုပါတယ်။ ပြီးတော့ သူ့ကို ကျွန်းနဲ့ ခပ်လှမ်းလှမ်း မြို့ပေါ်ကနေ ဖမ်းမိတာပါတဲ့။ မောင်စိုးကို ဒေသဆိုင်ရာ ထိုင်းရဲရုံးကို ခေါ်လာပြီး ၅ နာရီကျော်ကြာ စစ်မေးခဲ့တယ်လို့ ဆိုပါတယ်။ 


ရဲသတင်းရင်းမြစ် တခုက ပြောတာမှာ မောင်စိုးက ရဲတွေ ပြတဲ့ လုံခြုံရေး ကင်မရာမှာ တွေ့ခဲ့ရတယ်ဆိုတဲ့ သူဟာ သူဖြစ်တယ်လို့ ဝန်ခံခဲ့ တယ်လို့ ဆိုပေမယ့် သူဟာ လူသတ်သမား တယောက် မဟုတ်ဘူးဆိုပြီး  ငြင်းဆိုထားတယ်လို့ ဘန်ကောက်ပို့စ်က ရေးပါတယ်။ 

စက်တင်ဘာလ ၁၅ ရက်နေ့ အခင်းဖြစ်တဲ့နေ့က Sairee ကမ်းခြေမှာ အပြေးအလွှားသွားတဲ့ လူတဦးကို လုံခြုံရေး ကင်မရာ က မှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံထဲက လူဟာ မောင်စိုး ဟုတ်မဟုတ် အဲဒီ ထိုင်းရဲ သတင်းရင်းမြစ်က မပြောခဲ့ပါဘူး တဲ့ ။ ဒါပေမယ့် ရိုက်တာ သတင်းတပုဒ်မှာတော့ ဖမ်းဆီးခံထားရတဲ့ မြန်မာ ၁ ဦးက ဗြိတိန် ၂ ဦး သတ်ခဲ့တာကို ဝန်ခံတယ်လို့ရဲတပ်ဖွဲ့က ပြောဆိုကြောင်း ရေးထားပါတယ်။ 

ပြစ်မှုကျူးလွန်ကြောင်း စွပ် စွဲခံရသူ အသက် (၂၁) နှစ်အရွယ် ၀င်းကျော်ထွန်းဟာ  ပြစ်မှုကျူး လွန်ကြောင်း ၀န်ခံခြင်းမရှိသေး ပေမယ်.စွပ်စွဲခံရသူ နှစ်ဦးဖြစ် တဲ့အသက် (၂၃) နှစ်အရွယ် မောင်မောင်နှင့် အသက် (၂၁) နှစ်အရွယ် ဇော်လင်းတို့ဟာ  DNA စစ်ချက်နဲ့ ကိုက်ညီနေသူ တွေဖြစ်ပြီး ပြစ်မှုကျူးလွန်ကြောင်း ၀န်ခံခဲ့ကြတယ်လို. ဆိုပြီး ၎င်း တို့နှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၃ ရက်က အခင်းဖြစ်ပွားတဲ့နေရာမှာသရုပ်ပြမှု များပြုလုပ်ခိုင်းခဲ့ပါတယ် ။

ဒါပေမယ်. ယိုးဒယားရဲတွေအပါအ၀င် သက်ဆိုင်သူတွေရဲ.  ဖော်ပြမှုတွေ ၊ ရှင်းလင်းချက်တွေ ၊ ထုတ်ပြန်မှုတွေမှာ ကွာဟချက်တွေ ၊ ကွဲလွဲမှုတွေ ရှိနေတာကို ခုလိုထုတ်ဖော်ရှင်းပြလာခဲ့တာကိုလည်း တွေ.ရပါတယ် ။

1. သေဆုံးသူ မျက်နှာဖြူလူမျိုးမှာ တိုက်ခိုက်ခံရပြီးမှသေသည်ဟု ဆေးမှတ်တမ်းအရသိရပြီး၊ မြန်မာလုပ်သား လူငယ်လေးနှစ်ဦး၏ ကာယဗလနှင့် တိုက်ခိုက်နိုင်မည်မှာ မဖြစ်နိုင်သည်ဟု ယူဆမိခြင်း။ မြန်မာလုပ်သားနှစ်ဦးတွင် ဖမ်းဆီးစဉ်က ကိုယ်တွင်ဒဏ်ရာများမရှိပါ။ တိက်ခိုက်သည်ဟု ဆိုပါကနှစ်ဦးနှစ်ဘက် ဒဏ်ရာရရှိနိုင်ပါသည်။


2. ယိုးဒယားဝန်ကြီးချုပ်၏ စကားအရသေဆုံးသူဟန်နာ၏ ဖုန်းကိုမြန်မာလူငယ်နေသော အိမ်အနီးတွင်တွေ့ရသည်ဟု ပြောလင့်ကစား၊ သေဆုံးသူ၏ဖုန်းကို ဟန်နာ၏သူငယ်ချင်းများထံတွင် ကျန်ခဲ့ပြီး အဆိုပါသူငယ်ချင်များမှ အခင်းဖြစ်ပွားပြီး ရဲလက်သို့အပ်ခဲ့သည်ကို ဓါတ်ပုံထဲတွင် မြင်ရခြင်း။ အဆိုပါသတင်းအား ဘန်ကောက်သတင်းစာတွင်သာမက နိုင်ငံပိုင်ရုပ်သံတွင်ပါ ဖော်ပြခဲ့သည်။


3. ပေါက်တူးဖြင့် သတ်သည်ဟုဆိုသော်လည်း၊ သေဆုံးဒဏ်ရာမှာ ပေါက်တူးဒဏ်ရာမဟုတ်ခြင်း။ ဆူးလက်နက်ဒဏ်ရာဖြစ်သည်ဟု ဆေးစာအရထုတ်ဖော်ပြောကြားထားသည်။
4. ဒဏ်ရာအရ လက်နက်မှာ မာဖီးယားတို့အသုံးပြုသော ဆူးလက်ကိုင်နှင့် တူပြီး။ ဦးခေါင်းပတ်လည် အထူးသဖြင့် သေသူ၏ယာဘက်တွင်အများစု တွေ့မြင်ရသဖြင့် တိုက်ခိုက်သူမှာ အတွေ့အကြုံရှိ ဘယ်သန်တိုက်ခိုက်ရေးသမားဖြစ်သည်ဟု ယူဆရခြင်း။


5. မြန်မာလုပ်သားနှစ်ဦးအား အခန်းပိတ်စစ်မေးခဲ့သည့်အပြင် သတင်းယူခွင့်မပေးခြင်းသည် ယိုးဒယားရဲတပ်ဖွဲ့၏ မတရားရိုက်နှက်စစ်မေးပြီး အတင်းအဓမ္မ ၀န်ခိုင်ခိုင်းသည်ဟု ယူဆရခြင်း။ စစ်ဆေးရေး ရဲအရာရှိများအား အပြောင်းအလဲလုပ်ခဲ့ပြီးမှ အမှုထွက်ပေါ်လာခြင်း။
6. မြန်မာလုပ်သားများမှာ ယိုးဒယားစကားမတတ် သည့်အတွက် ဘာသာပြန်အဖြစ် လိုက်ပါပေးသူမှာ ဘင်္ဂါလီလူမျိုးဖြစ်နေခြင်း။
7. ဖြစ်ရပ်အား ပြန်လည်သရုပ်ဆောင်ခိုင်းရာ တရားခံဟုစွပ်စွဲထားသော မြန်မာလုပ်သားငယ်လေးနှစ်ဦးမှာ မလုပ်တတ်မကိုင်တတပဲ ၊ ယိုးဒယားလူမျိုးရဲများမှ ပုံစံသင်ပြပေးနေခြင်း( တရားခံစစ်စစ်သည် မိမိလုပ်ခဲ့သည်ကို ကျွမ်းကျင်စွာ ပြုလုပ်ပြနိုင်ပါသည်)
8. DNAအရ တိုက်စစ်သည်ဟု ဆိုသော်လည်း စွပ်စွဲခံမြန်မာလုပ်သားများမှာ ယခင်စစ်ချက်အရ DNAကိုက်ညီမှုမရှိပဲ ပြန်လည်လွှတ်ပေးလိုက်သော သူများဖြစ်နေခြင်း။ DNA မှာ အခင်းဖြစ်ပွားသည့် ပတ်ဝန်းကျင်ဆေးလိပ်ဖင်ဆီခံမှရသော DNA ဖြစ်ခြင်း။
9. အဆိုပါ ကိစ္စသည် ယိုးဒယားနိင်ငံ၏ အင်အားကြီးမာဖီးယားဖြစ်နိုင်ကြောင်း ဒတ်လူမျိုးနှင့် ယိုးဒယားနိင်ငံမှ မှုခင်းကျွမ်းကျင်သူများက ဆိုထားခြင်း။
10. အခင်းမဖြစ်ပွားမီ မြန်မာလုပ်သားငယ်လေးများမှာ ဂစ်တာတီး သချင်းဆိုနေကြသည်ဖြစ်ရာ ၊ ဂီတတွင် မျောဝင်နေကြသူများအဖို့ တဏှာယာဂ မီးလောင်ကျွမ်းဖို့ ခက်ခဲခြင်း။
11. ဖြစ်စဉ်အားမျက်မြင်ကိုယ်တွေ့မြင်ခဲ့သော ပြင်သစ်လူမျိုးတစ်ဦးမှ ယိုးဒယားမာဖီးယာ၏ လက်ချက်ဟုဖြောင့်ချက်အား လျစ်လျူရှုပြီး၊ ပြင်သစ်လူမျိုး၏ ဓါတ်ပုံပါ ကော့တောင်ကျွန်း မာဖီးယားလူငယ်နှစ်ဦးအား DNA တိုက်စစ်ရန် ယိုးဒယားရဲမှငြင်းဆိုခြင်း။
12. သေဆုံးသူလက်တွင်းမှ ဆံပင်၏အရောင်မှာ ဖမ်းဆီးခံမြန်မာလူမျိုးလုပ်သားနှစ်ဦး၏ ဆံပင်အရောင်နှင့်မတူခြင်း။ ဆံပင်ကို DNA မစစ်ပဲ ပတ်ဝန်းကျင်မှ ဆေးလိပ်ဖင်ဆီခံကိုသာစစ်ခြင်း။
13. ဖမ်းဆီးခံများမှာ ကစားနေစဉ် ရဲတပ်ဖွဲ့မှဝင်ဖမ်းရာ၊ ပါမစ်မရှိသဖြင့် မြန်မာလုပ်သားသုံးဦးထွက်ပြေးရာ မှလူသတ်တရားခံဟုစွဲချက်တင်ခံရခြင်း။

တကယ်တော. ကျွန်းတာဝန်ရှိသူများက ပွဲတော် ပြုလုပ်လေ့ရှိသည့် နေရာသို့ ရွှေ့ပြောင်းမြန်မာလုပ်သားများ လာရောက်ခွင့် မပေးကြောင်း ရှေ့နေဦးအောင်မျိုးသန်းက ပြောကြားခဲ့ပါတယ် ။



Ref ;  ရိုးရာလေး ၊ ပရလောကမှ ရှားပါးမှတ်တမ်းများ ၊ Hmuu Zaw , 7 Day Daily &  Irrawaddy
 

ဆက်စပ်ဖတ်ရှု လေ.လာရန်

ဗြိတိန်စုံတွဲ အသတ်ခံရမှု ၊ ယိုးဒယားပုလိပ် နဲ. မြန်မာရွှေ.ပြောင်း လုပ်သားများ ( ၁ )

No comments:

Post a Comment