Monday, October 6, 2014

ဗြိတိန်စုံတွဲ အသတ်ခံရမှု ၊ ယိုးဒယားပုလိပ် နဲ. မြန်မာရွှေ.ပြောင်း လုပ်သားများ ( ၁ )

ပြန်လည်သရုပ်ပြသောနေ.မြင်ကွင်း ( ရိုက်တာ )


တကယ်တော.လည်း Refugee Camp ၇၀ ကျော်ကိုလက်ခံပြီး နိုင်ငံတကာရဲ. အထောက်အပံ.တွေ သွယ်ဝိုက်ရယူခဲ့သလို Buffer Zone အဖြစ်ထားပြီး အိုးမည်းသုတ်ပြီးသားသူများအိမ်ကြက်တွေ နဲ. ခြံစည်းရိုးကာခဲ့ဖူးသူ  ၊ သူ.နိုင်ငံ တွင်းက ကိုယ်.သံရုံးကို ကိုယ်.လူတွေ ၀င်စီးတော. ရဟတ်ယာဉ် နဲ.ပြန်လိုက်ပို.ပေးပြီး သူ.နိုင်ငံတွင်းက သူ.ဆေးရုံကို ကိုယ်.လူတွေလည်းဝင်စီးရော လက်နက်ချတာတောင် ခေါင်းကိုသေနတ်နဲ.တေ.ပစ်ခဲ့ဖူးသူတွေ ၊ သဘောထားတင်းမာတဲ့ ခေါင်းဆောင်တွေ တက်လာတိုင်း နယ်စပ်စစ်တိုင်းတွေရဲ. တာဝန်ရှိသူတွေကို မြန်မာမုန်းတီးရေးသမားတွေရွေးချထားတတ်လေ.ရှိသူတွေ ၊ သူများ ဖျက်ဆီးတာနဲ.ကိုယ်.ဘာသာ ရွှေ.ပြောင်းယူတာတွေကိုရောပြီး ကမ္ဘာလှည်.ခရီးသွားတွေကို ခရီးစဉ်တစ်ခုအဖြစ် စီစဉ်ပြီး ငိုချင်းချပြတတ်သူတွေ ၊ ကိုယ်.အမျိုးသားရေးစိတ်နိုးကြွားတတ်ကြွဖို. တပါးသူအပေါ်အမုန်းတရား နဲ.မှ လှုံ.ဆော်တတ်သူတွေ ၊ ကိုယ်.နိုင်ငံတပ်မတော်နေ.ကိုတောင် မလွတ်မကင်းသတ်မှတ်ကြသူတွေမို. ဒီလိုအဖြစ်မျိုးလောက်ကတော. စာတောင်မဖွဲ.လောက်ပါဘူး ။

ဒီပြသာနာ ရဲ.အစကတော. ထိုင်းနိုင်ငံကိုလာရောက် လည်ပတ်တဲ့ အသက် (၂၄) နှစ်အရွယ် ဗြိတိသျှနိုင်ငံသား ဒေး ဗစ်မီလာနှင့် အသက် (၂၃) နှစ် အရွယ် ဟန်နာယီသာရစ်ခ်ျတို့ ဟာ စက်တင်ဘာ ၁၄ ရက် ညဥ့် သန်းခေါင် ထိုင်းနိုင်ငံ တောင် ပိုင်း၊ ဆူရတ်ဌာနီခရိုင်၊ ခိုတောင် ကျွန်း(လိပ်ကျွန်း)မှာအသတ်ခံ ခဲ့ရတာ ဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်မှာ သူတို.ရဲ.အလောင်း တွေ တွေ့ရှိခဲ့တာဖြစ်ပါတယ် ။ သူတို.ရဲ. ရုပ်အလောင်းတွေကို ခိုဖန်ဂန်းရှိ အပျော်တမ်း ရေငုပ်တဲ့နေရာတစ်ခုအနီး ဘန်ဂလို တစ်ခုနှင့် မလှမ်းမကမ်းမှာ ရှာဖွေ တွေ့ရှိခဲ့တာပါ ။ အဲ့ဒီ ဗြိတိန်နိုင်ငံသား စုံတွဲရဲ. အလောင်းတွေဟာ ဝတ်လစ်စားလစ် ဖြစ်နေပြီး သေသည်အထိ ရိုက်နှက်နှိပ်စက်ခံထားရကြောင်း ရဲတွေက ဆိုပါတယ် ။  အလောင်းတွေနဲ. (၃၅)ကိုက်အကွာမှာ သွေးစွန်းနေတဲ့ ပေါက်ပြားတစ်လက်ကို  သိမ်းယူရမိခဲ့ပြီး စက်တင်ဘာ (၁၆)ရက်နေ့ ညနေပိုင်းမှာ မှုခင်းစစ်ဆေးမှုတွေ ပြုလုပ်ဖို. အတွက် အလောင်းများကို ဘန်ကောက်သို့ ပို့ဆောင်ထားပြီး ဖြစ်ပါတယ် ။အခင်းဖြစ်ပွားတဲ့ ခိုတောင် ကျွန်းမှာ Full Moon (လပြည့် ည)ပွဲတော်ပြုလုပ်လေ့ရှိပြီး အဲ့ဒီ ညမှာဗြိတိန်စုံတွဲ အသတ်ခံခဲ့ရတာပါ ။ သေဆုံးသူ နှစ်ဦးဟာ အခင်းမဖြစ်မီ နာရီပိုင်းအလိုကဒေသတွင်း  အရက်ဘား တစ်ခုမှာပါတီပွဲ တက်ရောက်ခဲ့သေးတယ်လို.ရဲတပ်ဖွဲ.ကဆိုပါတယ် ။

ဒီဖြစ်စဉ်အစပိုင်းမှာ ထိုင်းနိုင်ငံ အကြီးအကဲ တစ်ဦးရဲ. ဘီကီနီဝတ် ကမ္ဘာလှည်.များဆိုင်ရာ အမြင်တစ်ရပ်ဟာ အငြင်းပွားဖွယ်ရာ ပေါ်ပေါက်လာခဲ့ပေမယ်.နောက်ပိုင်းမှာတော. တိမ်မြုပ်သွားခဲ့ပါတယ် 

ဒီတစ်ခေါက် ထိုင်းတပ်မတော် အာဏာသိမ်းပြီးတဲ့နောက် အရင်အာဏာသိမ်းမှုမျိုး နဲ.မတူပဲ ပိုမိုတင်းကြပ်ခဲ့သလို နေ၀င်မီးငြိမ်း အမိန်.ထုတ်ခဲ့ တာတွေကြောင်. ကမ္ဘာလှည်. လုပ်ငန်းအတွက် ထိခိုက်ခဲ့ရပြီး အရှိန်ကောင်းကောင်းပြန်မရသေးခင်မှာ ခုဖြစ်ရပ်ထပ်မံပေါ်ပေါက်တာကြောင်. သူတို.အတွက် ဖိအားကြီးမားခဲ့ရပါတယ် ။ ဒါ.အပြင် အမေရိကန် နဲ.စစ်ဘက်ဆက်ဆံရေး ထိခိုက်ခဲ့ရပြီး သိပ်မကြာခင်မှာပဲ အနောက်မဟာမိတ်တစ်ယောက်ရဲ. ထပ်မံ အငြိုငြင် မခံချင်တာကတော. သဘာဝကျပါတယ် ။ ထိုင်းနိုင်ငံ ဆိုင်ရာ ဗြိတိန်သံအမတ်ကြီး မာ့ခ်ကဲန့်ဟာ ထိုင်း ရဲချုပ် ရဲဗိုလ်ချုပ် Somyot Pumpunmuang ကို   ထိုင်းဘုရင့် ရဲတပ်ဖွဲ့ရုံးချုပ်မှာအဲ့ဒီကိစ္စသွားရောက်ဆွေးနွေး ခဲ့မှုဟာ ဗြိတိန် ရဲ. အလေးအနက်ထားစောင်.ကြည်.မှုကိုပေါ်လွင်စေခဲ့ပါတယ် ။

ဟဲလ်မက်ဆောင်းထားသူ ၂ ဦးမှာ တရားခံဟု အမည်တပ်ခံထားရသူ မြန်မာ ၂ဦးဖြစ်သည်
  အစောပိုင်းက မြန်မာအမျိုးသား လုပ်သား(၃)ဦးကို ခေါ်ယူမေးမြန်းခဲ့ပေမယ်. အမှုနှင့် မပတ်သက်နိုင်ကြောင်း ဆုံးဖြတ်ကာ ပြန်လွှတ်ပေးခဲ့တယ်လို. ထိုင်းတောင်ပိုင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူ ပန်ယာမာမန်က ပြောကြားခဲ့ပါသေးတယ် ။  အခင်းဖြစ်တဲ့ နေရာနဲ့ အဝေးကြီးမှာ သူတို့တွေ ရှိနေတာပါ။ သူတို့နဲ့ ဘာမှ ပတ်သက်ပုံ မရပါဘူး”ဟု ပန်ယာက ဆိုခဲ့တာပါ ။ ဒါပေမယ်. အမျိုးသားများထံမှ DNA မှတ်တမ်းများကို ရယူထားခဲ့ကြောင်းတော. သူကပြောခဲ့ပါတယ် ။ မှုခင်းနှင့် ပတ်သက်၍ နောက်ထပ် အသေးစိတ် အချက်အလက်တွေ သတင်းထုတ်ပြန်ပေးဖို.ကိုတော. ( အဲ့ဒီတုန်းက ) ငြင်းဆိုခဲ့ပါတယ် ။ နောက်ပိုင်း မှာတော. အဲ့ဒီကျွန်းမှာ ရှိတဲ့ ရွှေ့ပြောင်းမြန်မာ လုပ်သားများကို ရိုက်နှက်စစ်ဆေး မှုများ ထပ်မံပြု လုပ်ခဲ့တယ်လို. သတင်းတစ်ခုကဆိုပါတယ် ။ အဲ့ဒီမှာ ရွှေ့ ပြောင်း မြန်မာလုပ်သား ၄၀၀၀ ၀န်းကျင်ရှိပြီး အလုပ်သမား အများစုက အဲ့ဒီကျွန်းက ဟိုတယ်နှင့်စားသောက်ဆိုင်တွေမှာ လုပ်ကိုင်နေကြတာပါ ။

စိတ်ဝင်စားစရာ ကောင်းတာလေး တစ်ခုကတော. အဲ့ဒီကျွန်းပေါ်က ထိုင်း မာဖီးယားတွေ ခြိမ်းခြောက်ခံနေရတဲ့ ပြင်သစ်နိုင်ငံသားတဦး က သေဆုံး သွားတဲ့ ဗြိတိန် အမျိုးသမီးကို မတော်တရော် ပြောဆိုနေတာတွေ သူကိုယ်တိုင်မြင်ရတယ်ဆိုပြီး လူ ၂ ဦးဓာတ်ပုံကိုလည်း အွန် လိုင်း တင်ခဲ့ပါတယ်။ အဲဒီ ၂ ဦးဟာ အဲ့ဒီကျွန်းက သူကြီးရဲ့ ညီနဲ့ တူဖြစ်သူ၊ လိပ်ကျွန်းပေါ်က ဘားဆိုင်က သူတွေ ဖြစ်ပြီး သူတို.ကိုတော. ထိုင်းရဲက ခဏ ခေါ် မေးပြီး ပြန်လွှတ်ပေးခဲ့ပါတယ်

ဒါပေမယ်. ထိုင်းရဲတပ်ဖွဲ့က အောက် တိုဘာ ၁ ရက်နေ.မှာတော. မြန်မာလုပ်သားသုံးဦးကို ဖမ်းဆီးခဲ့ ပါတယ် ။ ဖမ်းဆီးခံရတဲ့ မြန်မာလုပ်သားသုံးဦးအနက် နှစ်ဦးဟာလူသတ်တရားခံများဖြစ်တယ်လို. ထိုင်းရဲ တပ်ဖွဲ့ထံ အောက်တိုဘာ ၂ ရက် မှာ ၀န်ခံခဲ့တယ်ဆိုပြီး ထိုင်းရဲတပ် ဖွဲ့ကထုတ်ပြန်ခဲ့ပါတယ် ။ ၀န်ခံခဲ့ တဲ့ မြန်မာလုပ်သားနှစ်ဦးဟာ  ဗြိတိန်စုံတွဲအသတ်ခံရမှုနှင့် ပတ် သက်ပြီးထိုင်းရဲတပ်ဖွဲ့က   စက်တင်ဘာ ၁၆ ရက်မှာ ဖမ်းဆီး မေးမြန်းခဲ့ပြီး တရားခံများမဟုတ်လို. အဲ့ဒီနေ.မှာပဲ ပြန်လွှတ်ပေးခဲ့  သူ နှစ်ဦးပါ ။



Ref ;  ရိုးရာလေး ၊ ပရလောကမှ ရှားပါးမှတ်တမ်းများ ၊ Hmuu Zaw , 7 Day Daily &  Irrawaddy
 

ဆက်စပ်လေ.လာရန်

* ယိုးဒယား ၀န်ကြီးချုပ်၇ဲ. ဘီကီနီ မှတ်ချက် နောက်ဆက်တွဲ
* ဗြိတိန်မီဒီယာက သတင်းဖော်ပြမှု  
* BBC မှာရေးသားတဲ့ မြန်မာ ၂ဦး ၀န်ခံတဲ့ သတင်း

No comments:

Post a Comment