Sunday, October 12, 2014

ဗြိတိန်စုံတွဲ အသတ်ခံရမှု ၊ ယိုးဒယားပုလိပ် နဲ. မြန်မာရွှေ.ပြောင်း လုပ်သားများ ( ၆ )

The Mirror
 ခုလိုရေးသားဖော်ထုတ်မှုတွေအပြင် ထိုင်းနိုင်ငံ အတွင်းမှာ ရှိနေတဲ့ အဖွဲ.တွေ ၊ သူတို.နိုင်ငံသားတွေ ၊ Media တွေ ၊ တစ်နည်းတစ်ဖုံ ပတ်သက်ဆက်နွယ်နိုင်သူတွေ နဲ. မြန်မာနိုင်ငံသားတွေ ရဲ. လေ.လာ ၊ ရှာဖွေ ၊ ရေးသား ၊ ဖော်ထုတ် ၊ ဆန်းစစ်မှုတွေဟာလည်း  တကယ်ကိုပဲ စိတ်ဝင်စားစရာကောင်းလှပါတယ် 

ထိုင်း Rights and Liberties Protection Department က လည်း မြန်မာ တရားခံ ၂ ဦးဟာ အဆိုပါပြစ်မှုကို ကျူးလွန်ခဲ့တယ်လို. ယုံကြည်နိုင်ရန် ခက်ခဲနေသေးကြောင်း၊ လိုအပ်ပါက ကျွမ်းကျင် ရှေ့နေများကို ပံ့ပိုးပေး သွားမည် ဖြစ်ကြောင်း သည်နေရှင်း သတင်းစာ သို့ ပြောကြားခဲ့ပါတယ် ။

အသတ်ခံခဲ့ရတဲ့ ဗြိတိန် နိုင်ငံသား ဒေးဗစ်မီလာရဲ.သူငယ်ချင်း ဖြစ်ပြီး ဒီလူသတ်မှုမှာ အဓိက သက်သေတဦးဖြစ်တယ်လို့ အများကယူဆနေကြတဲ့ အသက် ၂၅ နှစ်အရွယ် မစ္စတာ ရှောင် မက်အန်နာ က လူသတ်မှု ကိစ္စနဲ့ပတ်သက်ပြီး သူ့ကို လူသတ်သမားအဖြစ် လိပ်ကျွန်းပေါ်က မာဖီးယား ဂိုဏ်း သားတွေက အတင်းဝန်ခံခိုင်းကာ မိမိကိုယ် မိမိကြိုးဆွဲချ သတ်သေရန် ဖိအားပေးခြိမ်းခြောက် ခံခဲ့ရတယ်လို့ သူက ဗြိတိန်အခြေစိုက် British Press ရဲ့ ရုပ်မြင်သံကြားသတင်းဌာနနဲ့ အင်တာဗျူး မှာ ဖြေဆိုထားခဲ့ပြန်ပါတယ်။ 


အခင်းဖြစ်ပြီးနောက် မနက် ၄ နာရီလောက်က လိပ်ကျွန်းပေါ်က ထိုင်းမာဖီးယား ဂိုဏ်းက လူ ၂ ဦးက သူ့နောက်လိုက်လာကြောင်း၊ ဒါကြောင့် သူက ထွက်ပြေးပြီး ၂၄ နာရီ ဖွင့်တဲ့ စတိုးဆိုင် ထဲ ၀င်ပုန်းပြီး ဆိုင်က အရောင်းစာရေးမလေးဆီက ဖုန်းငှားကာ သူ့နောက်လိုက်လာသူ ၂ ဦးကို အဲဒီဖုန်းနဲ့ ဓာတ်ပုံရိုက်ပြီး သူ့ဖေ့စ်ဘုတ် ဖွင့်ကာ ဓာတ်ပုံတွေကို အွန်လိုင်းတင်ခဲ့ပါသေးတယ်။ 

ထိုင်းမာဖီးယားတွေက ကျနော့်ကို သတ်ဖို့ ကြိုးစားနေပါတယ်။ ကျနော့်ကို ကယ်ကြပါအုံး” လို့လည်း သူက ဖေ့စ်ဘုတ် မှာ ရေးခဲ့ပါတယ်။ 

ပြီးတော့ သူက ကျွန်းပေါ်က သူ့ သူငယ်ချင်းတွေဆီ ဖုန်းဆက်တိုက်ခေါ် ခဲ့သလို ရဲနဲ့ စကောတလန်က သူ့ဆွေမျိုးတွေ ဆီ လည်း သူ အန္တရာယ် ရင်ဆိုင်နေရကြောင်း ဖုန်းဆက်ပြောခဲ့တယ်လို့ ဆိုပါတယ်။ 
အဲဒီမှာ ရဲက သူ့ကို ကယ်ခဲ့ပြီး သူတည်းခိုးတဲ့ ဟိုတယ်ဆီ လုံခြုံရေးနဲ့ ခေါ်သွားခဲ့တယ်လို့ သူက ပြောထား ပါတယ်။ ဒါပေမယ့် သူဟာ မလုံခြုံသလို ခံစားရတာကြောင့် တောင်ကုန်းတွေဘက်ကို ထွက်သွားပြီး တောထဲမှာပဲ ညအိပ်ခဲ့ ကြောင်း၊ နောက်နေ့ ညနေ ၃ နာရီလောက်မှာ မတော်တဆမှုနဲ့ သွေးတွေပေကြံနေတယ် ဆိုတဲ့ ရှောင်ဟာ သူ့ ဂစ်တာ ကောက်ယူပြီး သူ့ပစ္စည်းတွေ သိမ်း၊ ကျောပိုး အိတ်ထဲ ထည့်ပြီး ကျွန်းကနေ ထွက်သွားခဲ့တာပါ။ လိပ်ကျွန်းကနေ ကော့စမွေအရပ်ကို ဖယ်ရီ မော်တော်ဘုတ်စီးပြီး ထွက်ခွာခဲ့တာလို့ သူက ဆက်ပြော ထားပါတယ်။ လိပ်ကျွန်းပေါ်က ထိုင်းရဲက သူ့လက်မှာ ရခဲ့တဲ့ ဒဏ်ရာနဲ့ သူ့ဂျင်းဘောင်းဘီနဲ့ ခန္ဓာကိုယ်မှာ သွေးစွန်းနေ မှုတွေအပေါ် သူက အသက်အန္တရာယ်စိုးရိမ်ပြီး စက်ဘီးစီးရင်း မတော်တဆဖြစ်ခဲ့တာလို့ ထွက်ဆို ချက်
ပေးခဲ့ပြီး ထိုင်းရဲကလည်း သံသယကင်းရှင်းလို့ ကျွန်းက ထွက်ခွာခွင့်ရသွားခဲ့ပါတယ်။ 

သတင်းဌာနနဲ့ အင်တာဗျူးမှာ သူ ပြန်ပြောပြခဲ့တာတွေထဲမှာ စိတ်ဝင်စားစရာတွေ အများအပြား ပါဝင်ပါ တယ်။ 

သူ့နောက်လိုက်လာတယ်ဆိုတဲ့ ထိုင်း မာဖီးယား ၂ ဦးလို့ ဆိုသူတွေက သူ့ကို “ မင်း ဒီည သေရမယ်၊ သူတို့ ( ဒေးဗစ်နဲ့ ဟန်နာ) ကို သတ်ခဲ့တာ မင်းပဲ၊ မင်းကိုယ်တိုင် မင်းလက်နဲ့ အဲဒီ ၂ ယောက်ကို သတ်ခဲ့တာ၊ မင်းလုပ်တယ်ဆိုတာ ငါတို့ သိတယ်။ မင်းကိုယ်မင်း ဒီည ကြိုးဆွဲချ သေပါ၊ ငါတို့ မင်း ကြိုးဆွဲချ သတ်သေ တာကို ကြည့်မယ်”လို့ ပြောခဲ့တယ်တဲ့။ 

ဒါကြောင့် ထိုင်း မာဖီယား ၂ ယောက်က သူ့ကို တောထဲ ခေါ်သွားပြီး ကိုယ့်ကိုယ်ကို ကြိုးဆွဲချ သတ်သေ ခိုင်းမှာကို စိုးရိမ်ပြီး သူ ထွက်ပြေးခဲ့တယ်လို့ ရှောင်မက်အန်နာက ပြောထားတယ်။ 

သူတို့ ( ထိုင်း မာဖီးယားများ) က အစားထိုး တရားခံအဖြစ် ဓားစားခံ တဦး လိုအပ်နေခဲ့တယ်လို့ ထင် တယ်။ (လူ သတ်မှုကို ) ဘယ် သူ လုပ်ခဲ့တယ်ဆိုတာ သူတို့ သိမယ်လို့ ကျနော် ထင်တယ်”  “ သူတို့က ဒီကိစ္စနဲ့ပတ်သက်ပြီး အနောက်နိုင်ငံသား တယောက်က လုပ်တယ် ဆိုတဲ့ ပုံစံလည်း လိုချင်နေပုံရတယ်” လို့ ဆိုတယ်။ “ဒါကြောင့် ကျနော်သာ ကိုယ့်ကိုယ်ကို သတ်သေခဲ့မယ်ဆိုရင်၊ ကိုယ့်ကိုယ်ကို ကြိုးဆွဲချခဲ့မယ်ဆိုရင်တော့ ဒီလူသတ်မှု ဟာ သူပဲ လို့ ပြဖို့ သူတို့ လွယ်ကူသွားပြီလေ” လို့ ရှောင်က ပြောတယ်။


ရှောင်ဟာ လိပ်ကျွန်းကို စက်တင်ဘာ လ ၉ ရက်နေ့ကတည်းက ရောက်နေခဲ့သူပါ။ သူဟာ သေဆုံးသွား ခဲ့တဲ့ ဒေးဗစ် နဲ့လည်း လွန်ခဲ့တဲ့ နှစ်က Leeds မှာတွေ့ခဲ့ပြီး သူငယ်ချင်းတွေဖြစ်နေကြ တာပါ။ ဒေးဗစ်က လည်း Leeds တက္ကသိုလ်မှာ စာသင်ကြားနေပြီး သူတို့ဟာ ဖေ့စ်ဘုတ်မှာလည်း သူငယ်ချင်း ဖြစ်ကြတယ်လို့ ဆိုပါတယ်။ အခင်းဖြစ်တဲ့ ညက ဒေးဗစ်နဲ့ ရှောင်ဟာ တွေ့ဖို့ ချိန်းဆိုထားခဲ့ကြပေမယ့် ရှောင်က အရက်မူးလွန်နေလို့ အိပ်ရာထဲက မထနိုင်ဖြစ်ခဲ့တာပါတဲ့။ ဒါပေမယ့် လူသတ်မှုဖြစ်ပြီး နာရီအနည်းငယ်ကြာပြီးနောက် သူက ဖေ့စ်ဘုတ်မှာ ပို့စ်တခု တင်ခဲ့ပါတယ်။ 


 
ငါ့ သူငယ်ချင်း ဒေ့ဗ်ဟာ ကော့တောင်ကျွန်းပေါ်မှာ သူ့အသက်ဆုံးရှုံးခဲ့ပြီ” လို့ သူက ရေးပြီး သူတို့တွေ့ မယ်လို့ ချိန်းဆိုထားတဲ့ အချိန်မှာပဲ သူက အိပ်မောကျသွားခဲ့ပါတယ်တဲ့။ “အဲဒီညက သူအသတ်ခံလိုက်ရတယ်။ ငါေ -ာက်ရမ်း ခံစားရတယ်” “ ငါ မင်းကိုေ -ာက်ရမ်းချစ်တယ် ညီအကို၊ မင်း သူ့ ( ဟန်နာ) ကို ကယ်ဖို့ ကြိုးစားခဲ့တယ်ဆိုတာ ငါသိ တယ်” “ငါတွေ့ဖူးသမျှ လူတွေထဲမှာ မင်းဟာ လေးစားစရာ အကောင်းဆုံးပဲ၊ ငါ မင်းကို ကြေကွဲစွာလွမ်းနေမယ်” 
အဲဒီညက မင်းနဲ့အတူ ငါ မရှိခဲ့တာ ငါ စိတ်မကောင်းဘူး၊ တကယ်ပါ ငါကြေကွဲတယ်” “ ထိုင်းရဲတွေဟာ ဒီရာဇ၀တ်မှုကို ဖြေရှင်းဖို့ အခွင့်အရေးမရှိဘူး” ဆိုပြီး လူသတ်သမားကို ဘယ်တော့မှ ဖမ်းမိမှာ မဟုတ်ဘူးလို့ သူထင်တဲ့အကြောင်းလည်း သတင်းမှာ ရေး ထားပါတယ်တယ်။

ပြီးတော့ သူက ဆက်ပြောထားတာက “မှုခင်းအဖွဲ့လည်း အခင်းဖြစ်ပြီး နာရီ ၂၀ ကျော် ကြာတဲ့တိုင် ရောက်မလာခဲ့ဘူး” မက်ထရို ပိုလီတန်ရဲတွေလည်း မြန်နိုင်သမျှ မြန်မြန် ဖြေရှင်းသင့်တယ်လို့လည်း ပြောထားတယ်။ 
 
ရှောင်မက်အန်နာဟာ အီတလီမှာ ရှိတဲ့ သူ့ချစ်သူ အသက် ၂၂ နှစ်အရွယ် မစ္စ Francesca Mussi ဆိုသူ အမျိုးသမီးနဲ့ တွေ့ဖို့ သွားပြီလို့ သတင်းမှာ ရေးထားပါတယ်။ “ ကျနော် ဒီ လိပ်ကျွန်းကို ချစ်ခဲ့ပါတယ်။ ဒါပေမယ့် သေချာတာကတော့ ကျနော် ဘယ်တော့မှ ပြန် လာဖြစ် မှာ မဟုတ် တော့ပါဘူး” လို့ ရှောင် မက်အန်နာက ပြောစကားနဲ့ သတင်းကို အဆုံးသတ်ထားပါတယ်။ 


ဒါပေမယ့် Sean ဟာ တိုးရစ်သက်သက်မဟုတ်ပဲ အချိန်ပိုင်းအလုပ်သမားဖြစ်ကြောင်း သတင်းလည်းထွက်ပေါ်လာခဲ့ပါသေးတယ် ။ CSI က ယုံကြည်တာကတော. သူဟာ ဒေးဗစ်နဲ့ လူသတ်သမား ရန်ဖြစ်တာကို ကူညီပေးခဲ့တယ် လို့ ယူဆနေပါတယ်။ ထိုင်းအစိုးရက သူ.ကိုထွက်ခွာခွင်. ပြုလိုက်တာနဲ.ပတ်သက်လို. သံသယရှိစရာပဲ လို. သုံးသပ်ကြပြီး ဘယ်လိုပဲဖြစ်ဖြစ် ဒီအမှုမှာ Sean ဟာ အဓိက တစ်နေရာမှာ ပါဝင်ပတ်သက်နေနိုင်တာမို. Interpol ကိုအကူအညီတောင်းပြီး ဒီအမှု အတွက် ခေါ်ယူစစ်ဆေးသင်.တယ်လို.လည်း အကြံပြုခဲ့ကြပါတယ် ။

နောက်တစ်ခုကတော. ဒီ ဖြစ်ရပ်တွေမှာ အဒိကနေရာက ပတ်သက်နေတယ်လို. သတင်းတစ်ချို.မှာ ဖော်ပြနေပေမယ်. နေရာအတော်များများမှာ ဖုံးကွယ်ထားနိုင်တဲ့ AC  Bar ကိစ္စပါပဲ ။

ကော.တောင်က မိတ်ဆွေတစ်ဦး ရဲ. သတင်းပေးပို.ချက်အရဆိုပြီး FB Status တစ်ခုရေးသားလာရာမှာ
ထိုင်းလူမျိုးတယောက် အခန်းတခုက မျက်နှာကျက်မှာ ရက်ရှည်ပုန်းနေတာက ထွက်လာတယ်...အဲဒီသတင်းကို AC သူဋ္ဌေးသူကြီးနဲ့နောက်လိုက်အပေါင်းပါတွေက ပြင်ပအထိသတင်းမထွက်အောင်လိုက်ဖုံးနေကြတယ်လို့
သတင်းရပြီး...
.AC ဘားမှာ (၁၀)နှစ်လောက်လုပ်ဖူးတဲ့ ဗမာလူမျိုးတဦးဟာ လက်ရှိညစောင့်လုပ်နေတယ်...သူ့တာဝန်က ညစောင့်ပြီး...မနက်အစောကြီးလိုမျိုး..တခါတလေရေကျချိန်စောရင် ည(၃)နာ၇ီလိုမျိုးမှာ ကမ်းခြေမှာတင်နေတဲ့ဒိုက်ဖတ်တွေ အမှိုက်တွေရှင်းရတယ်တဲ့....ညတိုင်းလုပ်နေကျဆိုတော့..ဒီလူဟာ အခင်းဖြစ်ပျက်တာကိုသိရှိနိုင်တယ်လို့ကျနော့်ကိုညွှန်းထားပါတယ်.အဲဒီလူကိုသတိထားကြည့်ဖို့ပြောထား
တာ....
ဒီမနက် ကော့တောင်ကထားဝယ်သားတယောက်ကသတင်းပေးလာတယ်... အဲဒီလူအပြင် AC ဘားက တခြားမြန်မာတွေတောင် အပြင်မှာလုံးဝမတွေ့ရဘူးတဲ့.. တနေရာကို ရှောင်ခိုင်း...ပုန်းခိုင်းထားတယ်လို့ထင်ပါတယ်.....ထင်တာတော့မြန်မာသံရုံးကအဖွဲ့လာ
မယ်ဆိုတာ..သူတို့သတင်းရထားပြီးပြီ...ဒါကြောင့် မေးမှာမြန်းမှာစိုးလို့ ရှောင်ခိုင်းထားပုံရတယ်.... ဘာပြောပြော...ဒီအမှုမှာ ထိုင်းရဲတွေ...AC သူဋ္ဌေးသူကြီးတို့မရိုးသားတာတွေ တဖြည်းဖြည်းဘူးပေါ်သလိုပေါ်လာနေပါပြီ...ထိုင်းမီဒီယာတွေကိုတော့....ပိုက်ဆံပေးထားတာဖြစ်မယ်...
သူဟာအရှိန်ဝါကြီး
သူမဟုတ်ကြောင်းတွေအမှုနဲ့ပက်သက်ပြီးအပြစ်ကင်းစင်သူပါလို့ပြောကြားချက်တွေ နေ့တိုင်းပါနေတယ်..       ဆိုတဲ့ေ၇းသားမှုဟာလည်း ထည်.သွင်းစဉ်းစားစရာပါ ။ ပြီးခဲ့တဲ့ ၂ ရက်လောက်တည်းက AC Bar ပိုင်ရှင်ရဲ. သားဟာ ဟန်နာကို လိုက်လံချဉ်းကပ်နေတယ်ဆိုတဲ့ သတင်းတွေကလည်း ရှိနေခဲ့ပါသေးတယ် ။

မောင်မောင်အား မြန်မာအဖွဲ.သွားရောက်တွေ.ဆုံစဉ်
 ဒါ.အပြင် ယိုးဒယား ဘက်ကတရားလိုပြ သက်သေ အဖြစ် တင်ပြဖို.ထားထားတဲ့ မျက်မြင်သက်သေ မောင်မောင် ကလည်း " ကျနော် အမှု ဖြစ်တာကို မမြင်ပါဘူး။ ကျနော် မနက် ၁ နာရီမှာ ပြန်အိပ်ပါတယ်။ သူငယ်ချင်း ၀င်းဇော်ထွန်းလည်း သူ့ နေရာ ကို သူပြန်လာအိပ်ပါတယ်။
ကျနော့် သူငယ်ချင်း ၂ ယောက်က ဒီလို လူသတ် မုဒိန်းကျင့် တဲ့ စရိုက်မျိုး မရှိပါဘူး၊"
ကျနော်ကိုလည်း ရေနွေးပူနဲ့ လောင်း၊ လျှပ်စစ်နဲ့ ရှောခ့်ရိုက်ပြီး စစ်ပါတယ်
" လို့ ပြောကြားခဲ့တယ်လို. ဆိုပါတယ် ။


ရဲအစစ်လား
နောက် တစ်ခါ ယခုဖြစ်ရပ်ပေါ်မှာ အသေးစိပ်လေ.လာသုံးသပ်ချက်တွေ ၊ ဖြစ်နိုင်ခြေ တွေကို သုံးသပ်တင်ပြနေပြီး ယိုးဒယား / အင်္ဂလိပ် ၂ဘာသာလုံး ကျွမ်းကျင်သူတွေ စီမံဖန်.ခွဲနေတဲ့  CSI LA Page ဟာ စိတ်ဝင်စားစရာ မေးခွန်းတွေ ၊စနစ်ကျတဲ့ ထောက်ပြ ဝေဖန်မှုတွေ ပြုလုပ်နေခဲ့တဲ့ အနက်   ထပ်မံ တင်ပြလာတဲ့ အချက်ကတော့ လူသတ်မှု တရားခံအဖြစ် အဖမ်းခံရပြီး တရားခံလို့ ၀န်ခံထား တဲ့ မြန်မာ ၂ ဦးနဲ့ပတ်သက်ပြီး စကားပြန်လုပ်ပေးသူ ၂ ဦးကို ဘယ်သူတွေလဲလို့ မေးခွန်းထုတ် ထားပါတယ်။ကော့စမွေမှာ ရိုတီ ( ပလာတာ) ရောင်းတဲ့ ကိုကမာနဲ့ ကိုရဲ ဆိုသူတို့ဟာ မြန်မာ ၂ ဦးကို စကားပြန် လုပ်ပေးတဲ့ကိစ္စမှာ အားနည်းချက်၊ ဘာသာပြန်လွဲမှားချက်တွေရှိနိုင်ပြီး သံသယဖြစ်စရာ ကောင်းတာ တခုက ကိုကမာဟာ ဘာကြောင့် ရဲတံဆိပ် ကပ်ထား တဲ့ အပြာ ရောင် စပို့ရှပ် အင်္ကျီ ၀တ်ထားလဲ ဆိုတာပါပဲ ။ သူဟာရဲဖြစ်မှသာ ဒီလိုဝတ်ခွင်.ရှိတာဖြစ်ပြီး မဟုတ်ပဲ ၀တ်ထားတာဆိုရင်တော.  ……..

ရိုတီ ( ပလာတာ ) သည် လား
 နောက်ထပ်ဖော်ပြမှု တစ်ခုမှာတော. ဘန်ကောက်ပို့စ်က အရင်ရေးခဲ့တဲ့သတင်းကို နိုင်ငံခြားသတင်းတွေက ပြန်ကိုးကားပြီး ထောက်ပြနေတာက ပထမ သံသယဖြစ်ခံရသူ ဗြိတိန်ကို သုဝဏ္ဏဘုမ္မိလေဆိပ်မှာ ဖမ်းမိတဲ့ကိစ္စ၊ သူ့ဆံပင်အရောင်နဲ့ သေဆုံးသူရဲ့ လက်ထဲက ဆံပင် တူတယ်စတဲ့ အချက်တွေပါတယ်။
ဒီအပြင် ပြင်သစ်တယောက်က လူသတ်သမားကျိန်းသေဖြစ်တယ်လို့ ပြောဆိုထားတဲ့ ကော့တောင်ကျွန်းပေါ်က မာဖီးယား (၂) ယောက် ဓာတ်ပုံကို သူကိုယ်တိုင် ရိုက်ကူး မှတ်တမ်းတင်ခဲ့ပြီး အွန်လိုင်းပေါ် တင်ခဲ့တယ်။ သူတို့တွေဟာ အစပိုင်းမှာ ထိုင်းရဲကို DNA မပေးပဲ ငြင်းဆန်ထွက်ပြေးခဲ့တာကလည်း စိတ်ဝင်စားစရာဖြစ်နေဆဲလို့ ဆိုကြတယ်။
အခင်းဖြစ်ညက စီစီတီဗွီမှတ်တမ်းထဲက ဓာတ်ပုံတခုနဲ့ ထိုင်း ၁ ဦးဟာ ကိုက်ညီတယ်လို့ ရဲက ပြောခဲ့တယ်။

 အမည်မဖော်ပြထားတဲ့ ဗြိတိန် ၁ ဦးက သေဆုံးသွားတဲ့ ဗြိတိန် အမျိုးသမီးကို ထိုင်း ၂ ဦးက လိင်ပိုင်းဆိုင်ရာ စော်ကားဖို့ လုပ်နေတာကို မျက်မြင်တွေ့ခဲ့ရတဲ့အကြောင်း ထိုင်းရဲကို ပြောခဲ့တယ်။ အဲဒီသတင်းကိုလည်း ဘန်ကောက်ပို့စ်က ဖော်ပြခဲ့ပြီး အခုအဲဒီကိစ္စက ပျောက်ကွယ်နေတယ် လို့ ထောက်ပြနေကြပါတယ်။ 

ထိုင်းအခြေစိုက် Cross Cultural Foundation(CCF) ဆိုတဲ့ NGO တခုကထုတ်ပြန်တာမှာ အခု ကော့တောင်ကျွန်းလူသတ်မှုနဲ့ မြန်မာအလုပ်သမား(၂)ဦးကိုဖမ်းဆီးတဲ့ ကိစ္စဟာ ပွင့်လင်း မြင်သာမှုမရှိသလို မတရားသဖြင့် ဖမ်းဆီးခံရပြီး ထိုးကျွေးခံရသူတွေ ဖြစ်မယ်လို့ ဆိုပါတယ်။CCF ဒါရိုက်တာ မစ္စ Pornpen Kongkachornkiat က ပြောတာမှာ သူ့ဆီကို ထိုင်းရဲတွေရဲ့ ဖမ်းဆီးမှုခံခဲ့ရတဲ့ မြန်မာ(၂)ဦး နဲ့ပတ်သက်တဲ့ တုံ့ပြန်စာတွေ တပုံကြီး ရတယ်လို့ ပြောတာကို ထိုင်း PBS သတင်းတပုဒ် မှာ ဖော်ပြထားပါတယ်။ 

သူက ပြန်ပြောပြတာကတော့ မြန်မာရွှေ့ပြောင်းအလုပ်သမား (၉)ဦးဟာ “Takraw” ကစားနေတုန်း ထိုင်းရဲတွေ ရောက်လာပြီး သူတို့ကို ဝိုင်းတဲ့အချိန်မှာ မြန်မာ (၃)ဦးက အထောက်အထား စာရွက်စာတမ်း၊ အလုပ်လုပ်ခွင့် ပါမစ် စတာတွေ မရှိလို့ သူတို့ သူငယ်ချင်းတွေက ထွက်ပြေးဖို့ အကြံပေးခဲ့ပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်တဲ့။ အဲဒီမှာ ထွက်ပြေးဖို့ ကြိုးစားတဲ့ မြန်မာ ၃ ဦးနောက်ကို ထိုင်းရဲတွေက လိုက်ပြီး စောင့်ကြည့်မှု လုပ်တာခံခဲ့ရကာ နောက်ပိုင်း အဖမ်းခံလိုက်ရတာဖြစ်တယ်လို့ မစ္စ ပွန်ပန်က ပြောပါတယ်။ အဲဒီလို အဖမ်းခံလိုက်ရပြီး ဒီ (၃) ဦးကို ဗြိတိန် (၂)ဦးသတ်တဲ့ လူသတ်တရားခံအဖြစ် ပြောင်းသွားခဲ့တာပါ ဘဲတဲ့။

Ref ; The Ladies News Journal , လင်းယုန်မာန် FB , Boon Myo Myo FB , Andy Hall FB , Lu Gyi Min , Irrawaddy , DVB  & RFA  



ဆက်စပ်ဖတ်ရှုရန် 

 * ဗြိတိန်စုံတွဲ အသတ်ခံရမှု ၊ ယိုးဒယားပုလိပ် နဲ. မြန်မာရွှေ.ပြောင်း လုပ်သားများ ( ၁ )


 * ဗြိတိန်စုံတွဲ အသတ်ခံရမှု ၊ ယိုးဒယားပုလိပ် နဲ. မြန်မာရွှေ.ပြောင်း လုပ်သားများ ( ၂ )


 * ဗြိတိန်စုံတွဲ အသတ်ခံရမှု ၊ ယိုးဒယားပုလိပ် နဲ. မြန်မာရွှေ.ပြောင်း လုပ်သားများ ( ၃ )



 * ဗြိတိန်စုံတွဲ အသတ်ခံရမှု ၊ ယိုးဒယားပုလိပ် နဲ. မြန်မာရွှေ.ပြောင်း လုပ်သားများ ( ၄ )  



* ဗြိတိန်စုံတွဲ အသတ်ခံရမှု ၊ ယိုးဒယားပုလိပ် နဲ. မြန်မာရွှေ.ပြောင်း လုပ်သားများ ( ၅ )

No comments:

Post a Comment