Wednesday, July 31, 2013


Myanmar Navy Modernization Plan

Frigates

Myanmar Navy has started its modernization program in 2001 in an attempt to replace older ships and equipments. In 2012, Myanmar Navy has taken delivery of 2 Type 053H1 class frigates from PR China. These 2 ships were upgraded extensively by Myanmar Navy. Upgrades to frigates
include the replacing of HY 2 anti ship missiles by more lethal C 802 missiles and installing of new sensors. First indigenous frigate, F11 Aung Zeya has entered service in 2011 and took part in joint exercise with Indian Navy ships off Visakhapatnam in early 2013. Second ship of Aung Zeya class, F 12 Kyan Sit Thar, enters service in 2012 and which is the Myanmar Navy’s first stealth frigate. Third ship is under construction at Myanmar Navy Dockyard (Thilawar) and expected to enter service in 2014. Myanmar Navy plans to build 6 frigates. Myanmar Navy frigates combine Russia, India, China and western weapon system. These ships are equipped with Kh-35E anti-ship missiles, Oto Melara 76 mm Super Rapid Cannons, AK-630 6-barrel 30 mm CIWS guns and Chinese ASW rockets and torpedoes. Radars and electronic systems are mainly from Bharat of India.
Light Frigates and FAC(Stealth)

In early 2011, two corvettes, 771 and 772, are upgraded to Light Frigates by installing C 802 SSM, SAMs, sonar, RBU 1200 ASW rockets and new surface and air search radars. The most significant development for Myanmar Navy is the launching of new FAC(Stealth)(pennant number P 491) which is 49 meter long and armed with 4 x C 802 SSMs and a single AK 630 CIWS. Second ship of this class is already under construction and expected to be completed by early 2014. Myanmar Navy plan to build 10 ships of this class. Twenty 45-meter class FACs(Guns and Missiles) are backbone of Myanmar navy but Myanmar Navy experienced these ships are too small for new weapons and electronic systems. This is the main reason for initiating of 49 meter class FAC(Stealth). Older Hainan class FAC (Submarine Chaser) will be degraded to Category B reserve by 2016.

Submarines

Myanmar Navy intended to establish a submarine fleet by 2015. Some Myanmar naval officers are undergoing submarine training in Pakistan. Although Pakistan is willing to sell its aging Agosta 70 submarines, Myanmar Navy shows very little interest in these submarines and instead, seeking to buy more modern ones. Myanmar Navy is in the process of negotiating to buy 2 Kilo class submarines from Russia. In June 2013, during his visit to Russia, Myanmar Army chief Senior General Min Aung Hlaing and Russian officials discussed to buy Kilo submarines and Kamov ASW helicopters for new frigates.


Future Plan
---------------
Ships / 2013 / 2015 / 2020 / Remarks
--------------------------------------------
Submarine / 2*/ 4*/ - / *in the process of negotiating to buy Kilo Submarines from Russia
Frigate / 4/ 6/ 8*/ -/ * 6 indigenous frigates and 2 Type 053H1 frigates
Light Frigate / 2 / 2/ 2
FAC(Stealth) / 1 / 4/ 10/ 49 meter FAC(Stealth)(C 802 SSMs)
FAC (Missile) / 17/ 17/ 17 / 6 Houxin class with C 801,5 45-meter class with C 801, 6 45-meter class with C 802
FAC (Gun) /9 / 11/ 15/ 45 meter FAC(Gun)
FAC (Submarine Chaser) / 9/ 9/ - / will be degraded to Category B reserve by 2016
Patrol Craft /34/ 34 / 24
LCM / 4* / 6 / 9**/ *1 old LCM and 3 Type 1611 LCMs. **5 Type 1611 LCMs are to built.

Credit: Andy Aung


Pakistan Defence Forum တွင် ဆွေးနွေးဖော်ပြထားသော Myanmar Navy Modernization Plan အကြောင်း Myanmar Navy Page မှ ကူးယူဖော်ပြ ပါသည်..

ရေတပ်ဆိုင်ရာ အတွေးအခေါ်အပိုင်းအစများ .


ယခုဆောင်းပါးသည် ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် ဖော်ပြခဲ့သော မောင်မုတ်သုန်၏ Post ကို Myanmar Navy Page မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်..ယနေ့အခါနှင့် နိုင်းယှဉ်လျင် အချက်အလက်အချို့မျှ အားနည်းနိုင်သော်လည်း Submarine Arm နှင့် ပါတ်သက်၍ အထောက်အကူ ပြုနိုင်သဖြင့် ပြန်လည်ဖော်ပြအပ်ပါသည် ဟု ထို Page တွင်ရေးသားထားပါသည်..

ဤအကြောင်းအရာကို အစမူလက ရေးသားရန်စိတ်ကူး မရှိခဲ့ပါ။ ရေငုပ်သင်္ဘောနှင့် ပါတ်သက်၍ မေးခွန်းများခပ်စိတ်စိတ် တွေ့လာရပြီး အချိန်အခါအရလည်း ကိုက်ညီသယောင်ဟု ယူဆမိ၍ မှုလရေးနေသော ခေါင်းစဉ်ကို ခေတ္တခေါက်ကာ ချရေးလိုက်ခြင်းဖြစ်၏။MYANMAR NAVY Admin အဖွဲ့လည်း အတန်အသင့် ကျေနပ်မည်ဟု ထင်သည်။အတွေ့အကြုံရှိ၍ မဟုတ်။ရေးချင်၍သာ ရေးသည်ဟု မှတ်ယူပေးရန် တိုက်တွန်းပါသည်။ ရေငုပ်သင်္ဘောနှင့်ပါတ်သက်၍ (၄) စီးခန့်သာ မြင်ဘူးသည်၊ယင်းအနက် (၂)စီးအား ခဏဆို ခဏတာမျှ ထိတွေ့လေ့လာဘူးသည်၊စာ/ဓါတ်ပုံများ ဖတ်မှတ်ဘူးသည်၊ဆွေးနွေ/ဟောပြောပွဲများတွင် နားထောင်ဘူးသည်၊ဤမျှလောက်သာ။

ဦးဆုံးအနေဖြင့် မြန်မာ့တပ်မတော်(ရေ)အတွက် ရေငုပ်သင်္ဘော လို/မလို ကို စဉ်းစားကြည့်မည်။ ကမ်းရိုတန်းအရှည် ၁၃၀၀ မိုင်ကျော်ခန့် ရှိ၍ ရေပြင်ဧရိယာသည် မြေပြင်ထက် ပိုမိုကျယ်ပြန့်သည်၊ ရေကြောင်းဆိုင်ရာ သဘာဝသယံဇာတများ ပေါကြွယ်၍ အကျိုးစီးပွားကြီးသည်။ SEZ နှင့် ရေနက်ဆိပ်ကမ်းကြီးများကြောင့် ရေကြောင်းဆိုင်ရာ ကူးသန်းသွာလာမူ ယခုထက် အဆမတန်တိုးတက်၍ SLOC များ အားကောင်းလာမည်။ပထဝီနိုင်ငံရေး နှင့် ရေကြောင်းမဟာဗျုဟာအရ အရေးပါသော နေရာတွင်ရှိပြီး အိန္ဒိယသမုဒ္ဒရာ နှင့်ဆက်စပ်နေသော ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ် နှစ်စင်းကို တစ်စိတ်တစ်ဒေသ ပိုင်ဆိုင်အသုံးပြုခွင့်ရထားသည်။တိုင်းပြည်အတွက် အမျိုးသားအကျိုးစီးပွား များစွာရှိကြောင်း ငြင်းရန်မလို။


တစ်ဖက်တွင်လည်း ရေပြင်ချင်းထိစပ်နေသော ပါတ်ဝန်းကျင်နိုင်ငံများ နှင့် နယ်နမိတ် ပြဿနာများကို လေးလေးနက်နက် ချိန်ဆတွေးရမည်။ အိန္ဒိယနှင့် ကြီးကြီးမားမား သီးခြားပြဿနာမရှိ။အရှေ့မျှော်မူဝါဒကြောင့် အကျိုးရလာဒ်များ အရှိန်ကောင်း၍ မိမိတို့ရေတပ်တွင်ပင် သိသာသော သာဓကများ ရှိနှင့်နေပြီးဖြစ်သည်။ဘင်္ဂလားဒေ့ရှ် နှင့်က ခေါင်းစဉ်စုံသည်၊၁၉၇၀ ကျော်စ အချိန်တုန်းက အောက်လေသံနှင့် Friendship Line လေးဘာလေးပြောသည်၊တိတ်တိတ်ဆိတ်ဆိတ် ရေတပ်ကိုတည်ဆောက်သည်၊ဒီဘက်ကလည်း အိပ်ငိုက်လို့ကောင်းဆဲ၊ အဆံမရှိသော သင်္ကြန်အမြောက်ဖြင့် ဝါးလုံးခေါင်းထဲတွင် အချင်းချင်းဟန်ရေးပြ နိုင်ငံရေးနှင့် ပျော်မွေ့နေကြဆဲ၊၂၀၀၈ နာဂစ်နှင့် လန့်နိုးတော့ ရေပြင်နယ်နမိတ် နှင့် Off Shore လုပ်ကွက်များ အင်နှင့်အားနှင့် ခြိမ်းခြောက်ခံနေရပြီ၊အခုတော့ win-win အဖြေထွက်ခဲ့သည်မှာ ပူပူနွေးနွေးမျှသာ၊ ဤအခြေအနေရောက်ရှိမူသည် မေ့ပစ်ရန်မဟုတ်၊ကိုယ့်ဝမ်းနာ ကိုယ်သာအသိဆုံးဖြစ်၍ သင်ခန်းစာယူရမည်၊ယခုလည်း ဘာသာရေး/လူမျိုးရေး ပဠိပက္ခများ၊ နယ်စပ်ဖြတ်ကျော် ပြဿနာများ တစ်ခုပြီးတစ်ခုမရိုးနိုင်သေး၊လူဦးရေဖောင်းပွမူ၊သဘာဝဘေးအန္တာရာယ်နှင့် စားနပ်ရိက္ခာ ပြဿနာမျိုးစုံ၊ အကြောင်းပြချက် ရှာစရာမလို၊ အမှိုက်ကစ ပြဿဒ်မီးလောင်နိုင်သည်။ ထို့ပြင် ရေတပ်ကိုလည်း 3D စွမ်းရည်ရှိအောင် အရှိန်အဟုန်နှင့် တည်ဆောက်နေသည်၊Sea Denial Role နှင့် Forward Defense ကိုသွားမည်ဟု ခံစားရသည်၊အခြေအနေကောင်းလျင် Offensive အသွင်ဖြင့် မိမိတို့အားမိတ်ဆက်နိုင်သည်။ အကြံကုန် ဂဠုန်ဆားချက် မဟုတ်၍ ပီပီပြင်ပြင် သတိပြုရမည်။ ''Diplomacy is the first line of defense'' တစ်ခုတည်းဖြင့် လုပ်စား၍ မဖြစ်နိုင်။



ဘင်္ဂလားဒေ.ရှ် ရေတပ်သင်္ဘော တစ်စင်း ( Photo by http://www.defence.pk )
ဘင်္ဂလားဒေ့ရှ်၏ ရေတပ်အခင်းအကျင်းသည် Surface Power ကို မဏ္ဍိုင်ပြုထားသည်။ လက်ရှိအချိန်နှင့် အနာဂတ်ကာလအချို့ထိ ရှိရင်းစွဲ Frigate များနှင့် တိုးလာဖွယ် Frigate များပေါ်တွင် အခြေပြု၍ Corvette/ LPC /OPV စသည့် ရေယာဉ်များနှင့် ဝန်းရံထားဖွယ်ရှိသည်။ ယင်း Platform များ ဘောင်အတွင်း၌သာ လိုအပ်သင့်တင့်သော Surface နှင့် AA Weapon များကို တပ်ဆင်သွားနိုင်သည်။ လက်ရှိတွင် AA သည် SAM အဆင့်သို့လှမ်းနေသော်လည်း သာမန်မျှသာ ရှိသေးသည်။Air Power နှင့် MR ကို Air Force Land Base မှ ယူထားသည်။ ထူးခြားချက်မှာ ၂၀၁၁ ဇွန်လတွင် အီတလီလုပ် Multirole Light Helicopter AW-109(ASW/SAR) နှစ်စီး ဝယ်ယူထားပြီး ကိုရီးယားလုပ် Frigate စစ်ရေယာဉ် BNS - Bangabandhu တွင် အသုံးပြုနေခြင်းဖြစ်သည်။Frigate စစ်ရေယာဉ်(အသစ်/တစ်ပါတ်ရစ်) နှင့်အတူ ASW Helicopter Z-9C နှစ်စီးလည်း ထပ်မံဝယ်ယူမည်ဟု ကြားသိရသည်။


ဘဂ်လားဒေ.ရှ် ရေတပ် အမြန်တိုက်ရေယာဉ် တစ်စီး
သတိပြုသင့်သည်မှာ ၂၀၁၀ မှ ၂၀၂၀ အထိ တာကာငွေ ဘီလီယံ ရာဂဏန်းခန့် လျာထား၍ 3D Force တည်ဆောက်ရေး Plan ဖြစ်သည်။၎င်းတွင် အစောပိုင်းကာလ၌ Sub-Surface အတွက် Infrastructure များတည်ဆောက်ခြင်း နှင့် အမူထမ်းများ ရွေးချယ်လေ့ကျင့်ရေးတို့ ဆောင်ရွက်ပြီး ၂၀၁၉ တွင် သင့်တင့်မျှတသော ရေငုပ်သင်္ဘောတစ်စီး အနည်းဆုံး ဝယ်ယူပိုင်ဆိုင်ရေး ပါဝင်၍ Submarine Arm အစပျိုးအသက်ဝင်ရန် ဖြစ်သည်။Turkey / Germany / South Korea / China တို့နှင့် ချိတ်ဆက်လျက်ရှိပြီး တစ်ပါတ်ရစ် Diesel-Electric Submarine ဖြစ်ချေ ပိုများနိုင်သည်။ ထို့ပြင် ဖော်ပြပါ ရဟတ်(၄)စီးအပါ Maritime Patrol Aircraft (MPA) ၄စီး ထပ်မံဝယ်ယူ၍ Aviation Fleet ကို Platform / Land Base ယူ၍ စာမျက်နှာသစ် ဖွင့်လှစ်မည့် အစီအမံပါရှိသည်။ လက်ရှိတွင် ဂျာမဏီလုပ် Dornier 228 NG MPA နှစ်စီး စာချုပ်ထားပြီး ယခုနှစ်ကုန်တွင် စတင်ရရှိဖွယ် ရှိသည်။အဆိုပါ (၁၀) နှစ် စီမံကိန်းတွင်၂၅ နှစ်အထက်ရှိပြီး ထိန်းသိမ်းပြုပြင်စရိတ် ထောင်းနေသော Frigate စစ်ရေယာဉ်အချို့နှင့် အခြားစစ်ရေယာဉ်များနေရာတွင် ခေတ်မီစစ်ရေယာဉ်များဖြင့် အစားထိုးလဲလှယ်ရေးများအပြင် အရေးကြီးသော ရေတပ်စီမံကိန်းများ ပါဝင်မည်ဟု ဆိုသည်။ခြုံကြည့်လျင် Surface ကို အခြေခိုင်အောင်လုပ်၍ Above Surface နှင့် Sub Surface ကို တစ်ဆင့်ချင်း သွားပုံရသည်။ ယခု ၂၀၁၂ နှစ်ကုန်ရောက်ပြီ၊၂၀၂၀ တွင် 3D ရုပ်လုံးပေါ်လာမည်၊ ၎င်းနောက် ပို၍အရှိန်မြင့်လာမည်ဟု တည်တွေးရမည်။

တစ်ဖန် အဆမတန်တိုးနေသော လူဦးရေ နှင့် ရင်ဆိုင်နေရသော အထွေထွေပြဿနာများ အပါအဝင် သဘာဝအရင်းအမြစ်နည်းသော ကုန်းမြေထက် ပို၍များပြားသော ရေပြင်ဧရိယာကို အလွန်အကျွံ စိတ်ဝင်စားနေခြင်းအား လွယ်လွယ်ကူကူ တွေ့မြင်ရပါသည်။ထို့ကြောင့် ရေတပ်တည်ဆောက်ရေး Strategic Long Term Plan ၏ နောက်ကွယ်မှ တစ်ခုထက်ပိုနိုင်သော Strategic Aim များကို တစ်ဖက်သတ်စောင့်ကြည့် လေ့လာသုံးသပ်ရန်လိုသည်။ မိုးပြိုမှာ ကြောက်၍လည်း မဟုတ်၊ မပြေးသော် ကာရန်ရှိလည်း မဟုတ်၊ အလုပ်မရှိ အလုပ်ရှာ ကြောင်ရေးချိုးခြင်းလည်း မဟုတ်၊မိမိ အလုပ်ကို မိမိ သိက္ခာရှိရှိ၊ကျယ်ကျယ်ပြန့်ပြန့်၊ တာဝန်ကျေကျေ၊စနစ်တကျ ဆောင်ရွက်ခြင်းသာဖြစ်သည်။



ထိုင်း ရေတပ်သင်္ဘော တစ်စီး ( Photo by www.timawa.net )
ရာခိုင်နူန်းနည်းနိုင်သော်လည်း ထိုင်းနိုင်ငံနှင့်လည်း စဉ်းစားရန်ရှိသည်။မပြီးပြတ်သေးသော တောင်ပိုင်းရေပြင်မှ မြန်မာ-ထိုင်း ကျွန်း ၃ ကျွန်းကိစ္စသည် အခိုင်အမာဖြစ်၏။ နှစ်အဆက်ဆက် ညှိနှိုင်းမူအဆင်မပြေသဖြင့် No Man's Land သတ်မှတ်ထားသော်လည်း လက်သီးပုန်းဆောင်ရွက်မူများကြောင့် ၁၉၉၈ ခုနှစ်နှင့် ၂၀၀၃ ခုနှစ်များတွင် တင်းမာမူများ ဖြစ်ပေါ်ခဲ့သည်။ ငါးခိုးဖမ်းမူ၊မှောင်ခိုပစ္စည်းအမျိုးမျိုး တင်သွင်းပေးပို့မူမှတဆင့် ခဏခဏမျက်နှာချင်းဆိုင်နေရသော ရေတပ်နှစ်ခုကြား ပြဿနာအသေးအဖွဲများ၊Buffer Zone ပြဿနာ၊ ပြည်တွင်းရေး စွက်ဖက်လိုသော မရိုးသားစိတ်များ နှင့် ဆရာ့အလိုကျ လိုက်ကတတ်သော အကျင့်များသည် ယင်းတို့၏ပြည်တွင်းရေး ရှုပ်ထွေးမူ၊မိမိတို့၏ ပြုပြင်ပြောင်းလဲမူ နှင့် နှစ်နိုင်ငံအနာဂတ် အကျိုးစီးပွားဖြစ်ထွန်းမူ လက္ခဏာမြင့်မားခြင်းကြောင့် မှေးမှိန်လျက်ရှိသော်လည်း လက်စလက်နတော့ ရှိနေသေးသည်။


 ထိုင်း ရေတပ်သင်္ဘော တစ်စီး ( Photo by www.timawa.net )
ထိုင်းရေတပ်သည် ၁၉၉၁ မှ ၁၉၉၇ အထိ Regional Power Projection အဆင့်မျှော်မှန်း၍ ရေတပ်စွမ်းရည်မြင့်မားရေးကို အာရုံစိုက် ဆောင်ရွက်ခဲ့သည်။ Asian Financial Crisis ကြောင့် အနည်းငယ်တုန့်နှေးခဲ့သော်လည်း ၁၉၉၉ ခုနှစ်တွင် ပြန်လည်အသက်ဝင်လာသည်။Naval Aviation နှင့် လေယာဉ်/ရဟတ်ယာဉ်တင်သင်္ဘော ပိုင်ဆိုင်ထားသည်၊စစ်ရေယာဉ် အများအပြားရှိသည်၊ 2D စွမ်းရည် ပြည့်ပြည့်ဝဝရှိ၍ ပါတ်ဝန်းကျင်ဒေသ အနီးတွင် Offensive Role ရနိုင်သည်။ဗီယက်နမ်၏ Submarine Arm တိုးချဲ့တပ်ဆင်မှုနှင့်အပြိုင် ဒေါ်လာသန်း(၅၀၀)တန် ဒီဇယ်ရေငုပ်သင်္ဘော ၃စီး ဝယ်ယူမှုနှင့် ဒေါ်လာသန်း(၂၅၀)တန် ရေငုပ်သင်္ဘောတိုက်ခိုက်ရေး စွမ်းရည်မြှင့်တင်မူ ဆောင်ရွက်ချက်သည် အတော်အတန် ခရီးရောက်နှင့်ပြီးဟု မျှော်မှန်းရသည်။ထို့ကြောင့် ထိုင်းရေတပ်သည် မကြာမီအချိန်အတွင်း 3D စွမ်းရည် နှင့်တကွ အရှေ့တောင်အာရှဒေသတွင်း အင်အားကြီးရေတပ်တစ်ခု ဖြစ်လာဖွယ်ရှိသည်။


နောက်တစ်ချက်သည် Base Line ပြဿနာဖြစ်၏။မုတ္တမပင်လယ်ကွေ့အတွင်း မော်တင်စွန်း ပုသိမ်မီးပြတိုက် ALGUADA REEF မှ LONG ISLAND အနောက်စွန်းအထိ ရေးဆွဲသတ်မှတ်ထားသော အခြေခံမျဉ်းဖြောင့်သည် (၂၂၃.၃)ရေမိုင် ရှည်သည်။အမေရိကန်နှင့် အချို့နိုင်ငံများမှ UNCLOS ၏ ဝိရောဓိဖြစ်စေသော Article အကြောင်းအမျိုးမျိုးပြ၍ Point တစ်ခုမှ တစ်ခုသို့ ရေးဆွဲသော အခြေခံမျဉ်းဖြောင့်အား (၄၈)ရေမိုင်အထိသာ လက်ခံထားသည်။ကမ္ဘာပေါ်တွင် အခြေခံမျဉ်းဖြောင့် (၅၀)ရေမိုင်ထက် ကျော်လွန်သည့် ၂၃ နိုင်ငံရှိသည်။အဓိကမှာ မိမိတို့၏ မုတ္တမကွေ့ Base Line သည် စင်းလုံးချောမနေခြင်း ဖြစ်သည်။ထိကွက်သဘောမျိုး Potential Flash Point အဖြစ် မြင်ရသည်။ ၁၉၈၈ နှင့် ၂၀၀၈ များတွင် သိသိသာသာ လက်တည့်စမ်းခံရခြင်းများ တွေ့ရသည်။ မလိုရင် မလိုသလို နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး စသည့် ရည်ရွယ်ချက်အမျိုးမျိုးဖြင့် အကြောင်းရှာစရာ မလိုပဲ မီးမွှေးနိုင်သောနေရာအဖြစ် သတိပြုသင့်သည်။

ခြုံ၍ပြန်ကြည့်လျင် ကျယ်ပြန့်သော ရေပြင်ဧရိယာ၊ တိုင်းပြည်စွမ်းအင်အတွက် ဘီလီယံချီတန်သော ကမ်းနီး/ဝေးလုပ်ကွက်များ၊ဘိုးစဉ်ဘောင်ဆက် အမှီသဟဲပြုနိုင်သော ရေထွက်သယံဇာတများ နှင့် သတ္တဝါများ၊အနာဂါတ်အနီးတွင် တွေ့ကြုံခံစားရမည့် SEZ များနှင့် Deep Sea Port များ၊၎င်းမှ များစွာ အဆကြီးလာမည့် Sea Borne Trade နှင့် SLOC များ၊ ထိုထိုတို့မှ ဘက်ပေါင်းစုံသို့ ဆက်စပ်ပေးသော အလုပ်အကိုင် အခွင့်အလမ်းများ၊ဒါ့အပြင် အခြေခံမျဉ်း ၏ပြဿနာ၊ထိုင်း နှင့် ဘင်္ဂလားဒေ့ရှ် ရေတပ်များ၏ ပြုပြင်ပြောင်းလဲ တည်ဆောက်မှု စသည်တို့အား မြင်ရသည်။အဓိကသည် Maritime Resources၊ Maritime Interest၊ Potential Enemyနှင့် Threat များဖြစ်သည်။၎င်းမှ Maritime Strategy ဖြစ်သည်။ ၎င်းမှ မိမိ Naval Force ကိုချိန်ထိုး၍ Naval Strategy ကိုပုံဖော်နိုင်သည်။

တပ်မတော်(ရေ)သည် အစဉ်အဆက် နိုင်ငံတော်ကာကွယ်ရေး မဟာဗျုဟာ၏ ထီးရိပ်အောက်တွင်ရှိ၍ ခံစစ်ဗဟိုပြု Naval Strategy တည်ဆောက်သည်။အမျိုးသားအကျိုးစီးပွား နှင့် အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်သည် ၊ကျုးကျော်စစ်ကို မလိုလား၊တရားသော စစ်ကိုသာ ဆင်နွှဲမည်။အကျိုးအကြောင်းမရှိပဲ လက်နက်နှင့် စစ်မက် ယှဉ်ပြိုင်ရန်မလို ဟုခံယူသည်။ သမိုင်းပြန်ကြည့်လျှင် နှစ်(၁၀၀)ကျော် ကျွန်ပြုခဲ့သူများသည် ရေလမ်းကြောင်းမှ စုန်ဆင်း၍ ကျုးကျော်ခဲ့ကြသည်။ ကနောင်မင်းသား၏ လက်နက်စက်ရုံများနှင့် ရေမြှုပ်မိုင်းတီထွင်နိုင်မှုသည် အဟန့်အတားမရှိ ခရီးပေါက်ခဲ့သော် ယနေ့တိုင်းရင်းသားချင်း တိုက်ခိုက်နေသော စစ်ပွဲများလည်း ရှိချင်မှရှိမည်၊ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဠိပက္ခများသည် ဘင်္ဂလီလူမျိုးများအား ခေါ်ဆောင်လာသူ မရှိတော့၍ ဖြစ်ချင်မှဖြစ်မည် စသည့် ပြောင်းပြန်ဖြစ်စဉ် အများအပြားကို စိတ်ကူးယဉ်၍ ရသည်။ မျက်မှောက်ခေတ်သည် သမိုင်းပါ ကျုးကျော်၊ကျွန်ပြု၊ဂုတ်သွေးစုတ်၊အမြတ်ထုတ် နည်းလမ်းများကဲ့သို့ မရိုးစင်းတော့။ဗျုဟာစုံသည်၊ပရိယာယ်များသည်၊နည်းလမ်းကောင်းသည်။နိုင်ငံမဲ့သော အကြမ်းဖက်သမားတို့၏ ရန်ကလည်းရှိသေးသည်။သို့သော် နိုင်ငံတကာဥပဒေ ၊အသိုင်းအဝန်းနှင့် အဖွဲ့အစည်းများက အဟန့်တစ်ခုအဖြစ် အထောက်အပံ့ရနေသည်။မည်သို့ဖြစ်စေ အကောင်းအဆိုး၊ အမှားအမှန် ၊ အပေါင်းအနူတ် အကျုံးဝင်ချက်အားလုံးကို ထည့်သွင်းစဉ်းစားရမည်။လေ့လာသုံးသပ်ဖို့ လိုသည်။

အရေးကြီးဆုံးနှင့် နောက်ဆုံးသည် မိမိတို့သာလျှင် ဖြစ်၏။ထို့ကြောင့် ကိုယ့်ဆန် ကိုယ့်အိုးနှင့် တန်သော၊ ကိုယ့်ဇာတ် ကိုယ့်အရပ် နှင့် အထာကျသော လမ်းကြောင်းကိုသာ ရဲရဲတင်းတင်း လျှောက်လှမ်းဖို့လိုသည်။သွားနေသော လမ်းကြောင်းမှန်သည် Defense မဏ္ဍိုင်ဖြစ်၍ မိမိတို့ ရောက်နှင့်နေသော နေရာနှင့် အလှမ်းဝေးသည့် Sea Control ကို သွားရန်မဖြစ်နိုင်။လက်တွေ့အခြေအနေအရလည်း တွက်ချေကိုက်မှုမရှိ။ထို့အတွက် ကျစ်လစ်အစွမ်းထက်သည့် အင်အားနည်းနည်းနှင့် ကြဲကြဲဝိုင်းနိုင်သော Sea Denial Capability ရရှိရေးသည်သာ တိကျခိုင်မာသော အဖြေဟု ယုံကြည်မိသည်။

ယနေ့ တပ်မတော်(ရေ)သည် Surface လမ်းကြောင်းပေါ်သို့ ခိုင်ခိုင်မာမာ ရောက်နိုင်ရေး ကြိုးစားဆဲကာလ။အမှားအမှန် နှင့် အလွဲအတည့်များ ရှိနေမည်။ ပြင်ဆင်ရင်း ရှေ့တည့်တည့်သွားဖို့သာ လိုသည်။အားလုံးသည် ရပ်မနေ၍ အရှိန်မြင့်ဖို့လည်း လိုမည်။ Capability Base နှင့် Threat base Building (သို့)Modernization ကို မျှတရန် ကြိုးစားရမည်။ သေချာတာသည် မနေ့ကနှင့်မတူသော Platform များ၊လက်နက်နှင့် စွမ်းပကားများ၊အီလက်ထရောနစ် ပစ္စည်းများ၊အာရုံခံ ကိရိယာများ ၊ရေယာဉ်တည်ဆောက်ရေး သမိုင်းမှတ်တိုင်များ နှင့် အခြေခံအဆောက်အအုံများသည် မိမိတို့၏ Surface Capability အောက်တွင် သိသိသာသာ ရောက်ရှိလာခြင်း ဖြစ်သည်။ ဆက်လက်၍ အရှိန်ဖွင့်စ ပြုနေသော ASW နှင့် AA စွမ်းရည်ကိုလည်း အခြားတိုးတက်မှုနှင့် ဘက်မျှစေရန် မဖြစ်မနေ မြှင့်တင်ရမည်။ ယင်းအတွက် Focus သည် မြင်သာသော ခရီးရှည်ထဲတွင်သာ မြှုပ်နှံထားသင့်သည်။

Denial Role အတွက် နောက်တစ်ဆင့်သည် Sub Surface ဖြစ်၍ Submarine Arm ပိုင်ဆိုင်ရေးကို ဦးတည်ရမည်။Submarine ဆိုသည်နှင့် ရွေးချယ်ရမည့် အမျိုးအစား ၊ဘဏ္ဍာငွေ၊နည်းပညာ၊လေ့ကျင့်ရေး နှင့် လူစွမ်းအားအရင်းအမြစ် စသည့် စိန်ခေါ်မှု နှင့် အခက်အခဲများပါ တွဲလျက် တစ်ဆက်တည်းပါလာသည်။ ယင်းအပြင် ခံစစ်အသားပေး၍ ပထဝီအခြေအနေ၊ရေအောက်ကြမ်းပြင်အခြေအနေ၊ဖြန့်ကျက်ထားသော အခြားလက်ရုံးတပ်များ အခြေအနေ၊Surface Ship တို့နှင့် အပြန်အလှန် ပေါင်းစပ်နိုင်မှု အခြေအနေ တို့အား သုံးသပ်၍ ထိရောက်တွက်ခြေကိုက်မည့် သမရိုးကျ နှင့် သမရိုးကျမဟုတ်သော စစ်ဆင်ရေးများ၊စစ်နည်းဗျုဟာများ ရွေးချယ်ပြင်ဆင်မှုသည်လည်း နောက်ဆက်တွဲ စိန်ခေါ်မှုဖြစ်လာမည်။ စနစ်ကျသော အစီအမံ၊ထိရောက်သော စီမံခန့်ခွဲမှု၊ကာလရှည်မြှုပ်နှံရမည့် အချိန်တို့ဖြင့် အဆင့်လိုက် မနှေးမမြန် ကျော်လွှားရမည်ဟု ယူဆပါသည်။

သို့ရာတွင် မြန်မာ့တပ်မတော်(ရေ) နှင့် Submarine သည် အစိမ်းသက်သက် မဖြစ်နိုင်ကြောင်း မြင်မိသည်။ ဒီဘက်ခေတ်တွင် INS- VELA နှင့် အစပျိုးခဲ့ပုံ ရပါသည်။ ဆောင်ရွက်ပြင်ဆင်ရမည့် အစီအစဉ်များကိုလည်း Proper Way မဟုတ်သည့်တိုင် အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်ပြီး ဖြစ်ပါလိမ့်မည်။ ဥပမာ- ရေငုပ်သင်္ဘော အမျိုးအစား ရွေးချယ်ခြင်း၊ အခြေခံ အဆောက်အအုံတချို့ ဆောက်လုပ်ခြင်း၊ လိုအပ်သော အမှုထမ်းများရွေးချယ်၍ ကနဦးလေ့ကျင့်မှုများ ပြုလုပ်ခြင်း တို့ဖြစ်သည်။မိမိတို့အတွက် အတွေ့အကြုံနည်းခြင်း၊ သဘောသဘာဝ အရ အဘက်ဘက်က လွယ်ကူသောအလုပ် မဟုတ်ခြင်း နှင့် အခြားအကြောင်းများကြောင့်လည်း တုန့်နှေးမှုများ ရှိကောင်း ရှိနေနိုင်သည်။တပ်အပ်ပြောရန် ခဲယဉ်းသော်လည်း အချိန်တစ်ခုကတည်းက ရွေးချယ်ပြီးသောလမ်းဖြစ်၍ မကြာမီကာလများတွင် မြန်မာ့တပ်မတော်(ရေ)ပိုင် ရေငုပ်သင်္ဘော အနည်းဆုံးတစ်စီးအား မြင်တွေ့ခွင့်ရရှိမည်ဟု မျှော်လင့်နိုင်ပါသည်။

ထို့ပြင် Denial Role နှင့် Defense Strategy အား အပြည့်အဝ အထောက်အကူပြုနိုင်မည့် Mine Warfare Capability ကိုလည်း တစ်ပါတည်း ပြင်ဆင်ဆောင်ရွက်ထားရန် လိုပါသည်။ငွေကြေးသက်သာသည်၊နည်းပညာရိုးရှင်းသည်၊အချိန်တိုသည်၊ထိရောက်မှု ကြီးသည်၊ ထို့အတွက် ရှေ့တန်းတင်၍ စဉ်းစားသင့်ပါသည်။ အတိုင်းအတာတစ်ခုထိ အခြေခံရှိထားပြီး ဖြစ်၍ ရေရှည်ခံသော စီမံချက်ကောင်းဖြင့် ဦးဆောင်သွားနိုင်ကြောင်း တွေ့ရသည်။



အိန္ဒိယ ရေတပ်
Sea Denial စွမ်းရည်ရှိသော တပ်မတော်(ရေ) တည်ဆောက်ရာတွင် အကြောင်းအရာ အလုံးစုံသည် မိမိတို့၏ မူဘောင်အတွင်း မရှိနိုင်ပါ။အချို့သည် လက်လှမ်းမမီသော အခွင့်အာဏာတစ်ရပ်ဖြစ်၍လည်း နားလည်ပေးရနိုင်သည်။ခေတ်သစ် စနစ်သစ် နှင့် စပ်ကူးမတ်ကူးကာလဖြစ်၍လည်း အချိန်ပေးစောင့်ရနိုင်ဖွယ် ရှိသည်။သို့သော် တိုင်းပြည်၏ အရေးအရာကိစ္စများ နှင့် တပ်မတော်(ကြည်း/ရေ/လေ) မျှတမူများကြားတွင် မနှေးမမြန် ဆောင်ရွက်နိုင်ခွင့်ရှိမည်ဟု ယုံကြည်သည်။ အဓိကသည် ရရှိလာသော အခွင့်အလမ်းကို အကွက်စေ့စေ့ အကျိုးရှိစွာ အသုံးချနိုင်ရေး ဖြစ်သည်။ မိမိတို့ တစ်ပိုင်တစ်နိုင်အတွင်း အခွင့်ရှိသမျှဆောင်ရွက်၍ ကိုယ်ကျိုးမဖက်သော အခွင့်အရေးအတွက် အသင့်စောင့်နေရန် လိုသည်။သတိပြုရန်မှာ “အသစ်တည်ဆောက်ခြင်း၊ဝယ်ယူခြင်း နှင့် ပြုပြင်ထိန်းသိမ်းခြင်း” ၊ “တိုးတက်လာသော စွမ်းပကားများ နှင့် လိုက်လျောညီထွေရှိမည့် HRM နှင့် HRD" ၊ “လူ/ရေယာဉ် နှင့် အထွေအထွေ Logistic" စသည့် အရေးကြီး တွဲလုံးများနှင့် အလားတူ တွဲလုံးများအား Strategic Approach ယူ၍ Long Term Plan ဖြင့် အစဉ်အဆက် မျှမျှတတပုံဖော်ရန် ဖြစ်သည်။

အချုပ်ဆိုရလျင် Surface Capability အတွက် ရှိနေသော ဟာကွက်များအား မျှမျှတတ ဖြည့်သွင်း၍ Denial Role ပေါ်သို့ တည့်တည့်မတ်မတ် ရောက်စေမည့် Sub Surface ခြေလှမ်းဦးသည် မယိမ်းမယိုင် လျှောက်လှမ်းရန်သာ လိုအပ်သည်။

မောင်မုတ်သုန်

(၂၅-၁၀-၂၀၁၂)

Tuesday, July 30, 2013

စင်ကာပူစစ်တပ်ထဲက မြန်မာပြည်ဖွား အရာရှိငယ်

 မောင်သက်နိုင်ဝင်း ( အလယ်) ၊ ဓာတ်ပုံ- straittimes.com
မြန်မာပြည်ဖွား မောင်သက်နိုင်ဝင်းဟာ စင်ကာပူ နိုင်ငံ စစ်တပ်မှာ အခုဆိုရင်အရာရှိငယ်လေး ( Officer Cadet )  ဖြစ်နေပါ ပြီ။  

သူ့အသက် ၁၉ နှစ်အရွယ်လောက်က သူက မိဘတွေကို စစ်တပ်ထဲဝင်ချင်တဲ့အကြောင်း ပြောခဲ့ပေမယ့် မိဘတွေက တောက်လျှောက် ကန့်ကွက်ပြောဆိုခဲ့တယ်လို့ စင်ကာပူ Strait Times သတင်း တပုဒ်က ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာ ခါးသည်းတဲ့ စစ်အုပ်ချုပ်ရေးအောက်ကြီးပြင်းလာသူတွေဖြစ်တဲ့ မိဘတွေအနေနဲ့ သူတို့ရဲ့ သားဖြစ်သူကို စစ်သား တယောက်ဖြစ်မလာစေချင်ခဲ့ပါဘူး။ ဒါကြောင့် မိဘတွေက ကန့်ကွက်ပြော ခဲ့တာပါတဲ့။


စင်ကာပူ ( OCT) စစ်အရာရှိငယ် မောင်သက်နိုင်ဝင်း ဟာ သူ့မိဘတွေနဲ့အတူ အသက် ၁ နှစ်သား အရွယ် ကတည်းက စင်ကာပူနိုင်ငံကို ပြောင်းရွှေ့နေထိုင်လာရင်း ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်မှာ စင်ကာပူနိုင်ငံသား ဖြစ် ခဲ့ကြပါတယ်။ 


မောင်သက်နိုင်ဝင်ဟာ Istana မှာ မနေ့ကကျင်းပတဲ့ အခမ်းအနား တခုမှာ ယခုနှစ်အတွက် SAF Overseas Scholarship (Safos) ဆုရ ၈ ဦးထဲမှာ တဦး အပါအ၀င်ဖြစ်လာပါပြီ။ 


အခုလို SAF က ရွေးချယ်ခံလိုက်ရတဲ့အပေါ်  မောင်သက်နိုင်ဝင်းက စင်ကာပူနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတို့အတွက် အခုလို အလုပ်အတည်တကျရတာကြောင့် ဖခင်ဖြစ်သူကလည်း သူ့အပေါ် ယုံကြည်မှုကို ရလာစေတယ်လို့ ပြောထားပါတယ်။


အိမ့်သံစဉ်  @ http://blog.irrawaddy.org/2013/07/blog-post_6071.html

(ဧရာဝတီ  Blog ပေါ်က သတင်းလေး တစ်ပုဒ်ကို မူရင်းအတိုင်း ကူးယူဖော်ပြ အပ်ပါသည် )

သက်တမ်း ၇၀ ကျော် ဈေးကျောင်းလေးရဲ. အတိတ် နဲ. ပစ္စုပ္ပန်




တကယ်တော. သူ၏ဘ၀က ၁၉၄၃ ခုနှစ်ခန်.က စတင်ခဲ့သည်ဟုပြောရမည်…
ထိုစဉ်ကတော. သာမာန် လူနေအဆောက်အဦး တစ်ခုအဖြစ် ..
သို.သော် မည်ကာမတ္တ ဖြစ်တည်လာခြင်းမျိုးတော. မဟုတ်ပဲ ဂုဏိသိက္ခာ ရှိစွာ.. ဂုဏ်ယူဖွယ်ရာ တစ်ခုအဖြစ် စတင် ဖြစ်တည်လာခဲ့ခြင်းဖြစ်သည်...

ထိုအိမ်၏ မူလပိုင်ရှင်တို.က ဦးကိုကိုလေး တို.၏ အဘိုး အဘွားများဟု သိရသည်..အဓိပြောချင်သည် ထိုအဆောက်အဦး၏ ဗိသုကာ ပညာရှင်ကြီးဖြစ်သော ၀ါးခယ်မသား လက်သမား ဆရာကြီး ဆရာသက် ဖြစ်သည်..ထိုပုဂ္ဂိုလ်သည်မြန်မာတွေ သံထည်မနိုင်ဟူသော စကားကို မခံချင်ဖြစ်ပြီး လေးဆူဓါတ်ပုံ ရွှေတိဂုံ စေတီတော်မြတ်၏ အနောက်ဖက် စောင်းတန်းအားသံဟင်္ဂလန်များဖြင်. အချိုးကျကျ တည်ဆောက်ပေးနိုင်ခဲ့သော ဂုဏ်ယူဖွယ် ပညာရှင်ဖြစ်သလို ရေရှည် တွက်မြှော် တည်ဆောက်နိုင်စွမ်းကြောင်. ယခင်အစိုးရလက်ထက် စောင်းတန်း လေးသွယ် ပြန်လည်ပြုပြင်တည်ဆောက်ရာတွင် အခြားစောင်းတန်းများကဲ့သို. ဖျက်ချပြုပြင်ရခြင်းမျိုးလုပ်စရာမလိုပဲ Remodeling လုပ်ရုံသာ လိုအပ်ခဲ့သည်. တစ်ခုတည်းသောစောင်းတန်း လည်းဖြစ်ခဲ့သည်..
.ထို.အပြင် ၀ါးခယ်မသကျမဟာသီရိမြတ်စွာဘုရားကြီး၏ပြဿဒ်တော်ကြီး၏မူလသစ်သားပန်းထောင်ပန်းဆွဲများကိုသွပ်ပြားသံပြားများနဲ့ပြန်လည်ပြုပြင်ခဲ့သော ပညာရှင်ကြီးလည်း ဖြစ်သည်...ထိုပုဂ္ဂိုလ်က ဤ အဆောက်အဦးကို ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်..ထိုအဆောက်အဦးပြီးချိန်တွင်မူလ အိမ်ရှင်များက ဆရာကြီး တစ်သက်နေပါဟုဆိုသဖြင်. ခြေရင်း ဘက်မှ အခန်းတစ်ခုတွင် နေထိုင်သွားခဲ့သေးသည်ဟု ဆရာကြီး၏ တပည်. လက်သမားဆရာ ဦးဘိုကြီး အပြောအရ သိရပါသည်..

ထို.နောက်ပိုင်းတွင်တော. ခုနှစ် လ ရက် အတိအကျ မသိသော တစ်နေ.၀ယ်  သူ.ဘ၀ကား လူတစ်ဦးတစ်ယောက်၏ မိသားစု နေထိုင်ရာ ဘ၀မှအများဆိုင်သော စာသင်ကျောင်း အဖြစ်သို. ပြောင်းလဲ  ခဲ့ပါသည် ..
တရုပ်အမျိုးသားတို.၏ တရုပ်ဘာသာ စာသင်ကျောင်းအဖြစ် ပြောင်းလဲခဲ့ခြင်းဖြစ်သည်..
(ထို.အတွက်ကြောင်.ယနေ.တိုင် အချို.သောသူများက သူ.နာမည်ဟောင်း တရုပ်ကျောင်းဟု သုံးစွဲနေတုန်းပင်)
သို.သော် ဘယ်အရာကို မှ ဘယ်သူမှ အစိုးမရမှန်း ပိုသေချာစေသည်ကတော.
၁၉၆၆ ဧပြီလ ၄ ရက်နေ.

ထိုနေ.တွင်တော. သူဘ၀ပြောင်းဖို.အကြောင်းဖန်လာပြန်တော.သည်
နိုင်ငံပိုင် အဆောက်အဦးအဖြစ် သိမ်းဆည်းခံလိုက်ရခြင်းပင်. (ထိုကိစ္စ ဖြစ်သင်.သလား မဖြစ်သင်.သလားက အငြင်းပွားဖွယ်ရာ အတော်များများရှိနေသော်လည်း လက်ရှိ နိုင်ငံတော် အစိုးရ တက်လာကာစက ယခင်အစိုးရများလက်ထက် နိုင်ငံပိုင်သိမ်းဆည်းခဲ့သော အဆောက်အအုံများ…လုပ်ငန်းများ..နေရာများကို မူလပိုင်ရှင်များထံ ပြန်ပေးလေမည်လားဟု အသံသဲ့သဲ့ ထွက်လာတော. နိုင်ငံရပ်ခြားရှိ မိတ်ဆွေ တစ်ချို.ကပြောကြသည်…မြန်မာနိုင်ငံရှိ သူတို. ဘိုးဘွားများပိုင်ဆိုင်ခဲ့သော မြေ..နေရာ..လုပ်ငန်း..အဆောက်အအုံများ ကိုပြန်လည်ရယူ၇န် လိုအပ်သည်များရှာဖွေ စုဆောင်း နေကြသော အိန္ဒိယမှ သူဋ္ဌေးများ…စင်္ကာပူမှ ထိုင်ဝမ်မှ လုပ်ငန်းရှင်များ..တရုပ်နိုင်ငံမှ ဆွေမျိုးပေါက်ဖော်များက တက်ကြွနေကြသည်တဲ့…တကယ်တော.လည်း ယခင်က ရန်ကုန်လိုနေရာမျိုးတောင် မြန်မာပိုင် ဆိုသည်က သိပ်ရှိလှသည်မဟုတ်…ဧရာဝတီတိုင်း၇ှိ လယ်မြေအတော်များများကလည်း အိန္ဒိယ နွယ်ဖွားတို.အပိုင်က ရာခိုင်နှုံး တော်တော်များများဆိုတော…………………..သို.သော်နောက်ဆုံးတော. လွှတ်တော်မှတစ်ဆင်. နိုင်ငံပိုင် သိမ်းထားသည်များ ပြန်ပေးရန်မရှိပါ ဟုဖြေကြားသံကြားလိုက်ရတော.မှပဲ….)


 သို.နှင်.ပင် ၁၉၆၆ မေလ ၂၃ ရက်နေ.တွင်တော. မူလတန်းကျောင်းအဖြစ် တရားဝင်ဖွင်.လှစ်ခွင်. ကျခဲ့ပြီး ယခုတိုင်သူ၏ တည်မြဲနေသော အမည်ဖြစ်သည်. အခြေခံပညာမူလတန်းကျောင်း (ဈေးရပ်ကွက်)…အမက ဈေး ဟူ သော အမည်ဖြင်. ရပ်တည်ခဲ့၇တော.သည်..သို.သော် မြို.လေးရှိ သူ.မိတ်ဆွေများက သူ.ကိုခေါ်တာတော. ဈေးကျောင်း တဲ့
တကယ်တော. သူ. ရပ်တည်ခွင်.ရသည်. နေရာ အတိအကျက အမှတ် ၃၉ မြူရုံးလမ်း ဈေးရပ်ကွက် ဖြစ်နေသောကြောင်. သူ.ကို အလွယ်တကူ ဈေးရပ်ကွက်တွင်ရှိသောကျောင်း… ဈေးကျောင်းဟု ခေါ်ကြခြင်းဖြစ်သည်..

သူ.တွင် မူလက တစ်ဆောင်တည်း အထီးကျန် ရပ်တည်ခဲ့ရသော်လည်း နောက်ပိုင်းတွင် တိုးချဲ.ဆောင် တစ်ဆောင်နှင်.မို. နှစ်ဆောင်ပြိုင်ကျောင်းဟုတောင် ခေါ်ရမလားမသိ…သူ၏ မူလအဆောင် တည်နေရာမြေသည် အလျှား ၅၃ ပေ အနံ ၈၈ပေ (၀.၁၀၇ ဧက ) ရှိပြီး ထိုအပေါ်တွင်မှ မျက်နှာစာ ၅၃ ပေ အနံ ပေ၈၀ အမြင်. ပေ၃၀ ရှိသော အဆောက်အအုံကို တည်ဆောက်ထားခြင်းဖြစ်ပြီး ယခုတော. သူ.ကို သီရိဆောင်ဟု နာမည် တပ်ထားသည်…နောက်မှ ပေါ်ပေါက်လာသော အဆောင်မှာ သူ၏ မျက်နှာခြင်းဆိုင်ရှိ အလျှား ၃၆ပေ အနံ ၁၁၇ ပေ (၀.၀၉၀ ဧက) ရှိမြေပေါ်တွင် ထပ်မံတည်ဆောက်ခဲ့သော လမ်းနှင်.အပြိုင် ၂၈ပေ အတွင်းသို. ပေ ၆၀ အမြင်. ၁၇ ပေရှိ  ရတနာဆောင်ဖြစ်သည်…


 ဈေးကျောင်းအဖြစ်နှင်. သူစရပ်တည်ခဲ့ပြီးသည်.နောက် သူ၏အကြီးအမှုးကျောင်းအုပ်ကြီးအဖြစ် ပထမဆုံး စတင် တာဝန်ယူရသူက ဦးခင်ဦး (၅-၄-၁၉၆၆ မှ ၁၉-၁၁-၁၉၆၇ ထိ) ဖြစ်သည်..
ထို.နောက်တွင်တော. ကျောင်းအုပ်ကြီးများအဖြစ် အစဉ်လိုက် အုပ်ချုပ်ခဲ့ကြသူများမှာ
ဦးညွှန်.ရွှေ (၂၀-၁၁-၁၉၆၇ မှ ၃၀-၇-၁၉၇၉ ထိ)
ဦးစိန်မြင်.  ( ၁  -၈ - ၁၉၇၉ မှ ၂၀-၂- ၁၉၉၇ ထိ)
ဦးတင်ဝင်း (၂၈-၁၀-၁၉၉၇  မှ ၁၄-၂-၂၀၁၁ ထိ)
ဦးတင်ဦး   ( ၁ - ၇ - ၂၀၁၁  မှ   ယနေ.   အထိ)   တို.ဖြစ်ကြသည်…
တကယ်တော. သူသည် မြို.လေးရှိ မူလတန်းကျောင်းများအနက် ထိပ်တန်းတွင် တည်ရှိနေသော ကျောင်း များအနက် တစ်ကျောင်းဖြစ်သည်..ဟိုးးး ယခင်ကဆိုလျှင်တော. သူ သာလျှင် ပြိုင်ဘက်ကင်း ရပ်တည်နေခဲ့သော်လည်း နောက်ပိုင်း အချို.သော ကျောင်းများကလည်း ပေါ်ပေါက်လာခဲ့သောကြောင်. အပြိုင်ရပ်တည်နေရခြင်းမျိုးတော. ရှိလာခဲ့သည် ..သို.သော် သူအတွက် ၃၀-၆-၂၀၀၄ တွင်တော. ဂုဏ်သိက္ခာ မြင်.တက်လာစရာအကြောင်းကပေါ်ပေါက်လာခဲ့သည်
၂၀၀၃-၂၀၀၄ ပညာသင်နှစ်အတွက် ဧရာဝတီတိုင်း တစ်တိုင်းလုံး၏ စံပြ မူလတန်းကျောင်းအဖြစ် ချီးမြှင်. ခံခဲ့ရခြင်းပင်….ထို.အပြင် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် စတုတ္ထတန်းကျောင်းသူ မမွန်မြတ်သူ သည် ယခုနောက်ပိုင်း နိုင်ငံတော်မှ ချီးမြှင်.လာသော အလယ်တန်း စကောလားရှစ် ရခဲ့ခြင်းကလည်း ယခုနောက်ဆုံး အောင်မြင်မှု တစ်ခုဖြစ်သည်…

မြို.လေးတွင် ထူးခြားချက် တစ်ခုက ဆရာဝန်အတော်များများကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ထိုအတော်များများထဲမှ အတော်များများက မြို.လေးတွင် ရှိနေပေးကြသည်…အချို.ကတော. ကိုယ်ပိုင်ဆေးခန်း ဖွင်.လှစ်ကာ အချို.က စီးပွားရေး လုပ်ငန်းရှင်များဖြစ်နေကြပြီး (နောက်ပိုင်း လူငယ်များမှလွဲ၍ )အစောပိုင်း ဆရာဝန်အားလုံး လိုလိုတွင် တူညီသည်. အချက် တစ်ခုက တော. In Service မဟုတ်ကြခြင်းဖြစ်သည်… ထိုဇာတိဖွား ဆရာဝန်များအနက် ယခင်ဆရာဝန်များ အားလုံး၏ ထက်ဝက်မကက ဤကျောင်းလေးတွင် ပညာသင်ကြားခဲ့ကြသူများဖြစ်သည်…


 ပညာရေး လောကတွင် မူဝါဒ တစ်ခု ပေါ်ပေါက်ခဲ့ဖူးသေးသည်…မူလတန်းကျောင်းများတွင်စံပြ မူကြိုကျောင်းများ ပူးတွဲဖွင်.လှစ်ခဲ့ရခြင်းဖြစ်သည်…ထို.ကြောင်. မူကြိုတန်းကို တိုးချဲ.ဆောင်ဖြစ်သော ရတနာဆောင်တွင်ဆရာကြီး ဦးတင်ဝင်း လက်ထက် စတင်ဖွင်.လှစ်ခဲ့ရခြင်းဖြစ်ပြီး ထိုစဉ်က ဈေးကျောင်း နှင်. မင်းပိုင်းကျောင်း (မင်းပိုင်း -အမက) တို.တွင်သာ ဖွင်.လှစ်ခဲ့ကြခြင်း ဖြစ်ကာ ယခုအခါတွင်တော. ဈေးကျောင်း တစ်ခုတည်းတွင်သာ ကျန်တော.ခြင်းဖြစ်သည်…
သို.သော် ၂၀၀၄-၂၀၀၅ ပညာသင်နှစ်ခန်.မှစပြီး မိခင်နှင်.ကလေးစောင်.ရှောက်ရေးမှ ပူးပေါင်း လာခဲ့ပြီး ကျောင်းရှိ မူကြိုကလေးငယ် တစ်ဦးလျှင် လခ ၂၀၀၀ ကျပ်ကောက်ခံကာ (ထိုလစာက မူကြိုတန်း စဖွင်.စဉ်ကပင် ကောက်ခံခဲ့ခြင်းဖြစ်သည်)ဆရာမများအတွက် လိုအပ်သောလစာ နှင်. အခြားပံ.ပိုးမှုများ အတွက် သုံးစွဲပြီး လိုအပ်သည်များကို  မိခင်နှင်. ကလေးစောင်.ရှောက်ရေးမှ တာဝန်.ယူထောက်ပံ.ပေးထားသည်..ယခင်က မူကြိုကလေးငယ် ၂၅ ခန်.ရှိသော်လည်း ယခုအခါ ဘုရားကြီးလမ်းရှိ လူမှုဝန်ထမ်း မူကြိုပြန်လည်ဖွင်.လှစ်ခြင်း..၀ါးခယ်မမြို.နယ်အသင်း ထောက်ပံ.မှုဖြင်. ကြယ်စင်မေတ္တာ မူကြိုဖွင်.လှစ်လာခြင်းတို.ကြောင်. ယခုအခါ ကလေးငယ် ၁၆/၁၇ ခန်.သာ တာဝန်ယူရတော.သည်..

ယခုပညာသင်နှစ်တွင် သူ.ရင်ခွင်ခိုလှုံ ပညာသင်ကြားကြသော ကလေးငယ်ပေါင်း ၂၂၈ ယောက်ရှိကာ ယမန်နှစ် ၂၄၄ ယောက်ထက်စာလျှင်တော. မသိမသာလျှော.နည်းသွားခြင်းပင်..ထိုကလေးငယ်တို.အတွက် သင်ကြား၇န်ဆရာ/ဆရာမပေါင်း ၉ယောက်ရှိနေပြီး နိုင်ငံတော်၏ သတ်မှတ်အချိုးဖြစ်သော ၃၈း ၁ နှင်.ပြောရလျှင် သင်.တော်သော အနေအထားဟုပြောရမည်ဖြစ်သည်..(သို.သော် အချို.သော ကျောင်းတို.တွင် ထိုစံအချိုးထက် နည်းနေသည်များ..များနေသည်များကလည်း ရှိနေသေးပေမယ်. မိမိတို.လို မြို.နယ်အဆင်. မြို.လေးတစ်ခုအတွက်တော. မဆိုးပါဘူး ဟုပြောရမည်ပင်)



ပြီးခဲ့သော နှစ်ပိုင်းများဆီက ပညာရေးဆိုင်ရာ မူဝါဒတို.အနက် Software ပိုင်းမဟုတ်ပဲ Hardware ပိုင်းဆိုင်ရာ ကြွေးကျော်မှု တစ်ခုပေါ်ပေါက်ခဲ့သေးသည်…
စာသင်ကျောင်းများ ဥပဓိရုပ် ကောင်းမွန်ရေးပင်ဖြစ်သည်…
ထိုကိစ္စရပ်သည် ကျောင်းအတော်များများအတွက် သတင်းကောင်းဖြစ်ခဲ့သော်လည်း သူ.အတွက်တော. အတော်လေးအဆင်မပြေ ဖြစ်ခဲ့ရသည်…သူ.ဥဓိ ရုပ်ကား ပြင်ပမှ ကြည်.နေသူတို.အဖို. ခံ.ငြားထည်ဝါနေသေးသော်လည်း အတွင်းကျကျ သိထားသူတို.အဖို. ရင်တမမ ကိစ္စများကရှိနေသည်…
ကျောင်း ဆင်ဝင်မှ ယိုနေသောမိုး..ပက်နေတတ်သောမိုးတို.ကြောင်.အောက်ထပ် ကျောက်တိုင် အုတ်နံရံတို.က ရေနှုးနေသလို အပေါ်ထပ် ၀ရန်တာကလည်း နှစ်ကာလကြာ နေပြီဆိုတော. သတိထားစရာတော. ဖြစ်လာသည်…နှစ် ၇၀ ကြာ ဘိလပ်မြေတို.၏ စေးတွဲကပ်ဆွဲ နိုင်အားကလည်း ကုန်သလောက်တော.ဖြစ်နေပြီဆိုတော. ပြင်နိုင်လျှင် ထိမ်းသိမ်းနိုင်လျှင် တော. ပို၍ စိတ်အေးအေး နေလို.ရကြမည်.သဘောတော.ရှိသည်.. အရာရာတွင် သူတစ်ပါးကို အားမကိုးတတ်သော ၀ါးခယ်မသားများအနေဖြင်.တော. ကိုယ်.ဘာသာ ထူ၍ ကိုယ်.ဘာသာ ထနိုင်လျှင်တော.  မည်သူ.ကိုမှ မျှော်နေရန် လိုမည်မဟုတ်ပေ…

လိုအပ်သော အချက်အလက်တို.ကို ရှာဖွေပေးပါသော ကျောင်းအုပ်ကြီး ဦးတင်ဦးအား လည်းကောင်း ကွဲလွဲနေသော အချက်အလက်များကို ရှာဖွေ ဖြည်.စွက်ပေးပါသော ဒေါက်တာသက်ရှည်အားလည်းကောင်း wakhama.blogspot.com မှ အထူးကျေးဇူးတင်ရှိပါသည်.

Saturday, July 27, 2013

ယမကာနဲ့ တွေ့သွားတဲ့ ဖုန်းကို ဘယ်လို ကာကွယ်မလဲ


Alcohol ပါတဲ့ အရည်တွေဟာ ဖုန်းကို ပျက်စီးမှုတွေ ဖြစ်စေနိုင်ပါတယ်။ အရက် ဘီယာ ခပ်များများသာ ဖုန်းထဲကို ရောက်သွားမယ်ဆိုရင် သင့်ဖုန်းဟာ ရှော့ဖြစ်ပြီး ပျက်စီးသွားနိုင်ပါတယ်။ ဖုန်းအတွင်းပိုင်းမှာ ရှိတဲ့ Circuit တွေမှာ ရှိတဲ့ PVA/Silicon glue တွေဟာ အရက်နဲ့တွေ့ရင် အလုပ်မလုပ်နိုင်အောင် ပျက်စီးသွားနိုင်ပါတယ်။ အကယ်လို့များ မတော်တစ သင့်ဖုန်းဟာ ယမကာတွေနဲ့ စိုမိသွားတယ်၊ အရက်ဘီယာ ခွက်တွေထဲများ ကျသွားမိတယ် ဆိုရင်တော့

01. ချက်ခြင်း အပြင်ကို ထုတ်လိုက်ပါ။ ပြန်ဆယ်ယူလိုက်ပါ။

02. ရေစိုသွားတဲ့ ဖုန်းတစ်လုံးကို Recover ပြန်လုပ်တဲ့နည်းလမ်းတွေ အတိုင်း ဖုန်းပိတ်၊ battery ဖြုတ်, SIM card နဲ့ memory card တွေကို ဖြုတ်ပါ။ သင့်ဖုန်းက Unibody ဖြစ်မယ်ဆိုရင်တော့ သိပ်ဖြုတ်စရာ မရှိလောက်ပါဘူး။ ထို့အတူ အရည်ဝင်နိုင်သမျှ နေရာတွေကလည်း နည်းပါးပါတယ်။

03. Cotton ပါဝင်တဲ့ အ၀တ်စနဲ့ ပတ်ထားပါ။ Alcohol ကို စုတ်သွားပါလိမ့်မယ်။ Tissue paper, blotting paper, cotton pads နဲ့ အခြားအလားတူ ပစ္စည်းတွေကို သုံးပြီး အရည်ကဲ့သို့သော အရာတွေကို ဖယ်ရှားပစ်နိုင်ပါတယ်။ Display Scree ကိုတော့ အတင်း ဖိပြီး မသုတ်ပါနဲ့ Alcohol ဟာ အပူကို ထုတ်ပေးနိုင်တဲ့အတွက် အကယ်လို့များ ကြမ်းတမ်းစွာ ပွတ်မယ်ဆိုရင် သင့်ရဲ့ touch screen ရဲ့ အလုပ် လုပ်ဆောင်နိုင်မှုကို ဖျက်စီးပစ်နိုင်ပါတယ်။

04. Battery, SIM card နဲ့ memory card တွေကို ခြောက်သွားအောင် သတိထားပြီးသုတ်ပါ။ အရမ်းအားထည့်ပြီး မသုတ်ပါနဲ့။ Battery နဲ့ Phone ပြန်တပ်မဲ့ Connector ကိုလည်း ခြောက်သွေ့အောင် Cotton စနဲ့ သုတ်ပါ။

05. ခြောက်အောင် သုတ်ပြီးသွားပြီဆိုရင်တော့ လေအေးနဲ့အခြောက်ခံပါ။Alcohol ဟာ ရေထပ် ပိုပြီးမြန်မြန် ခြောက်သွားနိုင်ပါတယ်။ လေပူ၊ နေရောင်၊ Dryer တွေကို မသုံးပါနဲ့။

06. ၁နာရီ လောက် ထားပြီးသွားရင်တော့ Alcohol တွေ ဖုန်းအတွင်း အပြင်မှာ မကျန်နိုင်လောက်တော့ ပါဘူး။ အ၀တ်ခြောက် အသန့်နဲ့ ထပ်မံ စင်ကြယ်အောင် သုတ်ပြီးပြီဆိုရင်တော့ ဖြုတ်ထားတဲ့ Memory, Battery, Simcard တွေကို ပြန်လည် တပ်ဆင်နိုင်ပါပြီ။ တစ်ခုသေချာစေချင် တာကတော့ အပေါက်တွေမှာ အရည် မကျန်အောင် စစ်စေချင်ပါတယ်။ Earphone Jet, USB Port, Power Plug နဲ့ Button တွေမှာ စိုမနေအောင် သေချာစစ်စေးပါ။

07. အားလုံးချောချော မောမောနဲ့ အတွင်းပိုင်းလည်း ဘာမှမထိ ခိုက်ဘူး ဆိုရင်တော့ အရက်သောက်ထားတဲ့ သင့်ဖုန်းကို အကောင်းပကတိ အတိုင်း ပြန်ရနိုင်ပါတယ်။

08. တကယ်လို့များ ၃၊ ၄ကြိမ် Power ပြန်ဖွင့်လို့ ပြန်မတက်နိုင် (ခေါင်းမထောင်နိုင်) တော့ဘူး ဆိုရင်တော့ Service ဆိုင်ကို ပို့ပြီး ပြန်ပြင်ခိုင်းဖို့ လို အပ်မှာ ဖြစ်ပါတယ်။

Good Luck with your Drank Phone...

THA: TSJ Tech Team

Copyright @ TechView - All Rights Reserved

http://www.facebook.com/photo.php?fbid=403736599724177&set=a.3510477149930

ဆေးနဲ့ တွဲဖက် မစားသင့်တဲ့ အစာများ



လူတွေအများစုက ဆေးကို ဘယ်အရည်နဲ့ မဆို သောက်ရင် ပြီးရော
ဆိုပြီး ဖြစ်သလို နေတတ်ကြပါတယ်။ဒါပေမယ့် ဆေးတွေမှာလည်း သူတို့နဲ့
တွဲဖက် စားမသုံးသင့်တာတွေ ရှိပါတယ်။အဲဒါတွေကတော့...

၁။ Grape Fruit Juice က ဆေးတွေကို ချေဖျက်စေပါတယ်။
 

၂။Orange , tomato Juice ပိုးသတ်ဆေး ပိဋိဇီဝဆေးကို ခန္ဒာက စုပ်ယူခြင်း
ကို နှောက်ယှက်စေပါတယ်။
 

၃။ အစိမ်းရောင်ရှိ ဟင်းသီိးဟင်းရွက်(ပန်းဂေါ်ဖီ၊ဂေါ်ဖီထုပ်၊ကညွန့်...)စတာ
တွေက vitamin-K ဓာတ်တွေ အများကြီး ပါဝင်ပါတယ်။vitamin-K များ
တာက သွေးကြဲဆေးကို သောက်သူတွေ အတွက် နှောင့်ယှက်ပါတယ်။
 

၎။ နို့ နဲ့ နို့်ထွက်ပစ္စည်းဆိုရင် သံဓာတ်စုပ်ယူမှု နှောက်ယှက်စေတာကြောင့်
သံဓာတ်အားဆေး နဲ့ သံဓာတ် ချို့တဲ့သူဟာ နို့ နဲ့ နို့ထွက် သောက်ရာ
မှာ သတိထားသင့်ပါတယ်။
 

၅။ Fibers က ဆေးစုပ်ယူမှု ပြောင်းလဲ စေပါတယ်။ဆေးတိုင်းနဲ့ မတွဲသင့်ပါ
ဘူး။နှလုံးဆေး , Digitals ,Penicillin စတဲ့ ဆေးအချို့နဲ့ တွဲဖက် မစားသင့်
 

၆။ Coffee , Cola စတဲ့ ကာဖင်းပါတဲ့ အစားအသောက်က ပန်းနာရင်ကျပ်
ဆေး အာနိသင်နဲ့ တူပါတယ်။asthma ဆေးဖြစ်တဲ့ thephylline စတာ
သောက်ရင် caffeine မသောက်သင့်ပါဘူး။နိုးကြားစေပါတယ်။ဒါကြောင့်
ဆန့်ကျင်ဘက်ဆေးတွေကို မသုံးသင့်ပါဘူး။
 

၇။ Wine နဲ့ Cheese တွဲဖက်သောက်ရင် စိတ်ဓာတ်ကျရာမှာ သုံးတဲ့
Anti-depressant ဆေးရဲ့ မကောင်းတဲ့ အာနိသင် ထက်တောင် ပိုဆိုးနိုင်
ပါတယ်။အခန့်မသင့်ရင် အသက်တောင် သေစေနိုင်ပါတယ်။

ကဲ...ဘယ်လိုပဲဖြစ်ဖြစ်နော် ဆေးတွေကို ရေနဲ့ သောက်တာ အန္တရာယ် အကင်းဆုံးပါပဲ......

ဗဟုသုတ စွယ်စုံကျမ်း

REF; ကျန်းမာရေးစာတိုလေးများစုစည်းမှု့

http://www.facebook.com/photo.php?fbid=404001756364328&set=a.351047714993066.76

ညီမလေးဖတ်ဖို့ ( အပိုင်း ၁၁ - စောင့်လေမျိုးနွယ် )


သို့

ညီမလေးရေ ဇွန်လရဲ့နောက်ဆုံးရက်သတ္တပါတ်မှာ ကောင်းကင်မှာ မိုးတိမ်တွေအုံ့ဆိုင်းလို့နေတယ် ။ အခါအားလျော်စွာ ညီမလေးဆီ စာတွေရေးရေးပို့နေတတ်တဲ့အကိုဟာ ဒီတစ်ခါလည်း ညီမလေးဆီကို စာတစ်စောင်ရေးပို့လိုက်ပါတယ် ။ ဒီတစ်ခါစာလေးရဲ့ခေါင်းစဉ်ကိုတော့အကိုက စောင့်လေမျိုးနွယ်လို့ပေးထားပါတယ် ။

ညီမလေးဟာ လူတွေဟာ အသွေးအရောင်ပေါင်းစုံ ဘာသာတရားပေါင်းစုံ နဲ့ စီးဆင်းနေကြတာအလျောက် ယဉ်ကျေးမှုပေါင်းစုံကလည်း ကူးလူးယှက်သွယ်နေကြတာ ညီမလေးအမြင်ပါပဲ ။

ယဉ်ကျေးမှုဆိုတဲ့နေရာမှာ ကိုယ်ရောစိတ်ရောယဉ်ကျေးသိမ်မွေ့ခြင်းကိုဆိုလိုပါတယ် ။ ကိုယ်စိတ်နှစ်ပါးလုံးယဉ်ကျေးသိမ်မွေ့နေပါမှ ယဉ်ကျေးမှုလို့ဖွင့်ဆိုရာရောက်တယ် ။ အကိုတို့မြန်မာလူမျိုးတွေဟာ အရှေ့တောင်အာရှမှာဆိုရင်ယဉ်ကျေးမှုကို အထိအခိုက်မခံအောင် အမျိုးဘာသာသာသနာကိုအထိအခိုက်မခံအောင် ထိမ်းသိမ်းကြတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တယ် ။ ဒါပေမယ့် ယဉ်ကျေးမှုကို ထိမ်းသိမ်းတယ်ဆိုပြီးအချိန်တိုင်း ထိုင်မသိမ်းရင်ဖုံးနဲ့ နေဖို့လည်းမဟုတ်ပြန်ပေဘူး ။ လူဆိုတာ သူ့နေရာနဲ့သူ ဒူးနေရာနဲ့ဒူးတော်နေရာတဲ့တော်နေရတယ် ။ ဥပမာ ညီမလေးဟ ဘုရားစေတီဖူးမျှော်ဖို့ သွားတဲ့အခါ စကတ်တိုဘောင်းဘီတိုနဲ့မသင့်လျော်ဘူး ။ ဒါပေမယ့် ကမ်းခြေသွားတဲ့အခါကျတော့ ကမ်းခြေကအ၀တ်အစားဖြစ်တဲ့ ဘောင်းဘီတိုစကတ်တိုက သင့်တော်နေပြန်တယ် ။ ညီမလေးရေ .. ယဉ်ကျေးမှုကို ထိမ်းသိမ်းဖို့ဆိုတာ ယဉ်ကျေးမှုကိုချစ်မြတ်နိုးတတ်မှဖြစ်နိုင်မှာပါ ။ ဖရီးစတိုင်ဆိုတာနဲ့ အမြင်မတင့်တယ်တာနဲ့မတူပါဘူး ။ စကက်တိုခြင်းဘောင်းဘီတိုခြင်းဝတ်တာတောင် မိန်းကလေးတစ်ဦးနဲ့တစ်ဦးမတူညီပြန်ဘူး ။ အကိုတို့ နိုင်ငံဟာ အရင်ကတည်းက ထဘီဦးစားပေးဝတ်ဆင်ကြတဲ့အလျောက်အခု လိုယဉ်ကျေးမှုတွေစီးဝင်လာကြတဲ့ခေတ်ထဲမှာ ညီမလေးဝတ်တဲ့ စကတ်တို ဘောင်းဘီတိုဟာ လူတွေမျက်လုံးထဲအဖို့ အမြင်မတင့်တယ်ဘူးဆိုတဲ့အတွေးကိုရောက်စေတတ်တယ် ။

အ၀တ်အစားဟာ တကယ်တမ်းအရေးကြီးသလိုလိုနဲ့တကယ်တမ်းတော့ အ၀တ်အစားထက်ပိုအရေးကြီးတာ အနေအထိုင်ပါညီမလေးရေ ။ ညီမလေးဟာ စကတ်တိုဝတ်ခွင့်ရှိတယ် ဒါပေမယ့်အနေအထိုင်တော့ သိုသိုသိပ်သိပ်နေရမယ် မိန်းကလေးကိုး ။ မြင်ဖူးနေကြပန်းပွင့်လေးတွေကို လူတွေက တန်ဖိုးမထားတတ်ကြပေမယ့် မမြင်ဖူးသေးတဲ့ရှားပါးပန်းပွင့်လေးတွေကိုတော့လူတွေက တန်ဖိုးထားတတ်ကြတယ် ။ ဒီသဘောပါပဲညီမလေး ရေ ။ လူဆိုတာ ရှေ့မှာမြင်နေရတဲ့အကောင်းအဆိုးထဲက ကိုယ်ဘာကိုယူမလဲဆိုတဲ့အပေါ်မှာပဲမူတည်ပါတယ် ။ ဥပမာ ညီမလေးကိုရီးယားကားတစ်ကားကြည့်တယ်ဆိုပါစို့ ။ ကိုရီးယားတွေရဲ့အလုပ်ကြိုးစားမှု အပြိုင်အဆိုင်ရှိမှု သန့ှ်ရှင်းသပ်ရပ်မှု နည်းစနစ်စတာတွေကို အတုယူရမှာဖြစ်ပြီးမိန်းကလေးတွေအရက်သောက်ခန်းတွေ အချင်းချင်းယောက်ျားလုနေတဲ့အခန်းတွေကိုတော့ အတုမယူရဘူးညီမလေး ။ ဒါဟာ လောကကြီးအပေါ် ကိုယ်မြင်တဲ့ရှူထောင့်အပေါ်မူတည်ပါတယ် ။ အခုဆိုညီမလေးလည်း အရွယ်ရောက်လာပြီဆိုတော့ အချိန်တန်ရင် ချစ်တဲ့သူပေါ်လာမယ် ပြီးရင်အိမ်ထောင်တွေဘာတွေကျမယ် သားသမီးတွေမွေးလို့ ညီမလေး၇ဲ့မျိုးရိုးကိုဆက်ပြီးစောင့်ထိမ်းရတော့မယ် ။ ပထမဦးဆုံး လွတ်လပ်ခွင့်ဆိုတဲ့ Freedom အကြောင်းညီမလေးကိုပြောပြချင်ပါတယ် ။

Freedom

အကိုနားလည်ထားတဲ့လွတ်လပ်ခွင့်ဆိုတာသည် လွတ်လွတ်လပ်လပ်ကြီးလုပ်ချင်တာလုပ် မယ်ဖြစ်ချင်တာဖြစ်ဆိုပြီး စိတ်လွတ်ကိုယ်လွတ်နေတာကို မဟုတ်ဘူးညီမလေး ။ လွတ်လပ်ခွင့်ဆိုတာသည် အပေါ်ယံကြည့်လိုက်ရင်ပေါ့ပါးတယ်ဆိုပေမယ့် အနောက်ကနေ တာဝန်ယူမှုဆိုတဲ့အပိုင်း ပါလာတဲ့အခါ အရမ်းကိုလေးနက်သွားရပါပြီ ။ ညီမလေးဟာ လွတ်လပ်မှုကို မြတ်နိုးတယ်ဆိုရင် ကိုယ့်ကိုယ်ကို နဲ့ကိုယ့်အကျိုးဆက်ကို တာဝန်ယူနိုင်တဲ့သူဖြစ်၇မယ် ။ ညီမလေးရဲ့လွတ်လပ်စွာ လုပ်ဆောင်နိုင်ခွင့်ဟာ တပါးသူရဲ့လွတ်လပ်စွာ လုပ်ဆောင်နိုင်ခွင့်အပေါ် ထိခိုက်စေခြင်းမရှိရဘူး ။ လွတ်ပြီးလပ်နေတာမျိုးမဖြစ်ရဘူးညီမလေး ။ လွတ်လပ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို တာဝန်ယူပြီး ကိုယ့်ရည်မှန်းချက်ကို အမှီအခိုကင်းကင်းအကောင်အထည်ဖော်လုပ်ဆောင်တာကိုဆိုလိုပါတယ် ။ ဒီလိုပဲညီမလေးးလူတွေအားလုံးမှာ အခုတလောလူပြောများနေတဲ့ Human Right ဆိုတဲ့ လူ့အခွင့်အရေးကိုယ်စီရှိကြတယ် ။ လူမှမဟုတ်ပါဘူး ခွေးမှာရော ကြောင်မှာရော အရာရာမှာ အခွင့်အရေးနဲ့သူ့ လုပ်ပိုင်ခွင့်သူရှိကြတယ် ။ လူတစ်ယောက်ကို ဒါလုပ်ကို လုပ်ရမယ်လို့အတင်းယုံကြည်ခိုင်းလို့မရဘူး ။ လူတစ်ယောက်ကို ဒါယုံရမယ် ဒါမယုံရင် နှိပ်စက်မယ် သတ်ဖြတ်မယ်ဆိုတာဟာလည်း လူ့အခွင့်အရေးနဲ့မညီပြန်ဘူး ။ လူဆိုတာကိုယ့်စိတ်သဘောထားအတိုင်းကိုယ်ယုံကြည်ရာကိုယ်ရွေးချယ်လျှောက်လှမ်းနိုင်ခွင့်ရှိရမယ် ။

ညီမလေးရေ သူများတွေလုပ်လို့လိုက်လုပ်တယ်ဆိုတာ ညီမလေးရဲ့ပင်ကိုယ်အရည်အသွေးညံ့ဖျင်းရာကျပါတယ် ။ ညီမလေးစဉ်းစားကြည့် မွေးလာကတည်းက ဆင်တစ်ကောင်ကိုပြပြီး ဒါဆိတ်ပါလို့ယုံကြည်ခိုင်းရင် အသက်ကြီးလာတဲ့အခါ အဲဒီလူဟာဆင်ကို ဆိတ်လို့ပဲမြင်နေတာမဆန်းပါဘူး ။ အဲဒီလူမှာအပြစ်မရှိပါဘူး ယုံကြည်ခိုင်းတဲ့လူမှာသာအပြစ်ရှိပါတယ် ။ ယုံကြည်မှုကို တည်ဆောက်ချင်ရင်တော့ လေ့လာခြင်း + ဝေဖန်ခြင်း + ဆန်းစစ်ခြင်း + သုံးသပ်ခြင်း = အဖြေထုတ်ခြင်း စတဲ့ညီမျှခြင်းနဲ့သွားရတယ်ညီမလေး ။ ဘာသာတရားဖြစ်စေ လူမှုရေးဖြစ်စေ နိုင်ငံရေးဖြစ်စေ ဘာကိုပဲ ဖြစ်ဖြစ် ယုံမယုံကြည့်ရတော့မယ့်အခါ ညီမလေး အရာရာကိုလေ့လာပါ ယှဉ်တွဲသုံးသပ်ပါ အကောင်းဆုံးကိုရွေးချယ်ဖို့လိုပါတယ် ။ ညီမလေးရေ လူ့အခွင့်အရေးအရပြောမယ်ဆိုရင် အကိုဟာညီမလေးကို ဘယ်လူနဲ့ယူရမယ် ဘယ်လူနဲ့မယူရဘူးပြောခွင့်မရှိတော့ဘူး ။ ညီမလေးမှာ လုပ်ပိုင်ခွင့် ( Right ) အပြည့်ရှိပြီကိုး ။ ကိုယ်ဖြစ်ကိုယ်ခံဆိုတဲ့စိတ်ကလေးကိန်းဝပ်လာတဲ့အခါ လူဟာ တဇွတ်ထိုးဆန်လာတတ်တယ် ။ မှားနေမှန်းသိရင်တောင်နောက်မဆုတ်ချင်တော့ဘူး ။ ညီမလေးကို အင်္ဂလိပ်ကြီးနဲ့မယူပါနဲ့ တရုတ်ကြီးနဲ့မယူပါနဲ့ အကို့မှာ တားပိုင်ခွင့်မရှိတော့ပါဘူး ။ ဒါပေမယ့်ညီမလေးရေ အကိုတို့ တစ်ချက်ကလေးပြန်စဉ်းစားကြည့်ရအောင်လား ။

စောင့်လေမျိုးနွယ်

ဘယ်လိုပဲ အသားအရောင်ညီတူညီမျှ လူ့အခွင့်အရေးညီတူညီမျှ လို့ဆိုပေမယ့် ဘင်လာဒင်လည်း အမေရိကကို တိုက်ခိုက်ခဲ့တာပါပဲ ။ အိုဘားမားလည်းငြိမ်းချမ်းရေးနိုဘယ်ဆုကိုင်ပြီး ဘင်လာဒင်ကို နှိမ်နှင်းခဲ့တာပါပဲ ။ တို့ကမ္ဘာကြီးဟာ သိပ်ကြောက်ဖို့ကောင်းတယ်ညီမလေး ။ လူ့အခွင့်အရေးလို့ တစာစာအော်နေပြီး အတွင်းမှာ သတ်ဖြတ်နေတာတွေ ဆာလောင်နေတာတွေ မြင်ရတဲ့အခါ အကိုဟာ တဖြည်းဖြည်း လူ့လောကကို မျက်နှာလွှဲချင်နေမိတော့တယ် ။ ညီမလေးရေ .. အကိုတို့မြန်မာလူမျိုးတွေဟာ သိပ်ကို အားနာတတ်တယ် ။ ခင်မင်တတ်တယ် ။ ယုံပြီဆိုရင်အိမ်ပေါင်ပေးရလည်းဝန်မလေးဘူးဆိုတဲ့ လူမျိုးထဲ တို့တွေပါတယ် ။ ဒီလိုအားနာမှု ယုံကြည်မှုတွေနဲ့အတူ တို့နိုင်ငံမှာ လူမျိုးခြားစိမ့်ဝင်မှုအန္တရာယ်ဟာသိသိသာသာကြီးကြီးမားလာခဲ့ရတာ ညီမလေးအမြင်ပါပဲ ။ ညီမလေးရေ ကိုယ်ချစ်တဲ့သူကို လူတိုငူ်းကတော့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိတာပါပဲ ။ ဒါပေမယ့်ညီမလေးအနေနဲ့ ရေရှည်တွေးလို့ အိမ်ထောင်ဖက်အထိစဉ်းစားရတော့မယ့်အခါ စောင့်လေမျိုးနွယ်ဆိုတဲ့ စကားလေးလုံးကိုထည့်သွင်းစဉ်းစားပေးပါလို့အကိုကတောင်းဆိုချင်ပါတယ် ။ မျိုးဆက်ပွားတာဝန်ကို ယူထားရတဲ့ညီမလေးဟာ အင်္ဂလိပ်ကြီးယူလိုက်တဲ့အခါ အင်္ဂလိပ်မြန်မာ မျိုးစပ်လေးရလာမယ် ဂျပန်ကြီယူလိုက်တဲ့အခါ ဂျပန်မြန်မာမျိုးစပ်လေးရလာမယ် ။

ဒီလိုတွေအဖြစ်များလာတဲ့အခါ တို့တွေမှာ မြန်မာဆိုတာ နောက်ဆိုကျန်ပါတော့ဦးမလားလို့ တွေးနေမိတယ် ။ မဖြစ်သေးပါဘူး အဝေးကြီးလိုပါသေးတယ်လို့ညီမလေးပြောချင်တာလား ။ အရှည်ကိုတွေးမိရင်တော့ စောင့်လေမျိုးနွယ်ဆိုတဲ့ စကားကို လေးလေးနက်နက် ဆင်ခြင်သုံးသပ်သင့်ပြီဆိုတဲ့အကြောင်းညီမလေးကိုသိစေချင်ပါတယ် ။

မြန်မာညီမလေးကမွေးလာတဲ့ရင်သွေးလေးကို အကိုက မြန်မာကလေးငယ်လေးပဲဖြစ်စေချင်တာ အကိုအတ္တကြီးမိတာဆိုလည်းဝန်ခံပါတယ် ။ အကိုက လူ့အခွင်းအရေးချိုးဖောက်မိတယ်ဆိုရင်လည်းအကို ခံပါ့မယ် ။ ဒါက အကိုမြင်ချင်တဲ့ဆန္ဒကိုး ။

မြန်မာညီမလေးက လက်ချိတ်ပြီးလမ်းလျောက်သွားတဲ့ဘေးကောင်လေးနေရာမှာ အကိုက မြန်မာကောင်လေးပဲဖြစ်စေချင်မိတယ် ။ မင်္ဂလာဆောင်တဲ့အခါ ရင်ဖုံးထိုင်မသိမ်းနဲ့သတို့သားကကျက်သရေခေါင်းပေါင်းနဲ့အခါတော်ပေးနေတဲ့မြင်ကွင်းလေး အကို မြင်ချင်မိလှတယ် ။

အကို့အတွေးအမြင်တွေ တစ်ဖက်စွန်းရောက်နေပြီလားတော့မပြောတတ်ပါဘူးညီမလေး ။ အများစုပြောနေကြတဲ့ လူ့အခွင့်အရေးဆိုတာ အကို့အနေနဲ့ စည်းဝါးလွတ် ဖြစ်ပြီး အကိုတို့တမျိုးသားလုံးကိုထိခိုက်မယ့်အရာမျိုးကိုတော့အကိုလက်မခံချင်ပါဘူး ။ မှန်တာပေါ့ ညီမလေးတို့လို မြန်မာအမျိုးသမီးလေးတွေ ရဲ့စိတ်ထဲမှာ အမျိုးကို ချစ်တဲ့စိတ် ဘာသာသာသနာကို ချစ်တဲ့စိတ်လေးရှိပြီး ကိုယ့်အသိလေးနဲ့ကိုယ် စောင့်လေးမျိုးနွယ်ကို ချစ်မြတ်နိုးရင်ဖြင့် အကို့ပူပင်မှုတွေ အေးချမ်းသွားလိမ့်မယ်လို့အကိုမျှော်လင့်မိပါတယ် ။

ဘယ်သူကမှ လာပြင်ပေးလို့မရပါဘူးညီမလေး ။ ဘယ်လိုကန့်သတ်ချက် တွေနဲ့မှလည်း လူတွေကိုပိတ်ပင်လို့မရပါဘူး ။

ကိုယ့်အသိစိတ်နဲ့ခံယူချက်မှာ အမျိုး ဘာသာ သာသနာကို ချစ်မြတ်နိုးတဲ့စိတ်ကလေးကိန်းအောင်းပြီး စောင့်လေမျိုးနွယ်ကို အသီးသီး လက်ခံကျင့်သုံးကြရင်ဖြင့် မြန်မာဆိုတာ ကမ္ဘာတည်သရွေ့တည်တံ့နေဦးမှာပါပဲ ။

ှညီမလေးရေ .. ရေလိုအေးလို့ ပန်းလိုမွှေးပါစေ ... ယုံကြည်ရာကို ရဲဝံ့ပြတ်သားစွာ လျှောက်လှမ်းနိုင်တဲ့ မြန်မာအမျိုးသမီးလေး စောင့်လေမျိုးနွယ်ကို ချစ်ခင်ဦးထိပ်ထားတဲ့ အမျိုးသမီးလေးတစ်ဦးဖြစ်ပါစေကွယ် ။

အကို
သက်တန့်ချို
28.6.2013


မူရင်း Link ; http://www.thettantcho.com/2013/06/blog-post_28.html

Friday, July 26, 2013

ဆိုတေး သတိပြန်ရပြီ နှင်. မချိုချို ဆိုတာ ဘယ်သူလဲ ဘာလဲ


မန္တလေးဆေးရုံကြီးရှိ အထူးကြပ်မတ် ကုသဆောင်တွင် ဆေးကုသမှု ခံယူလျက်ရှိသော တေးသံရှင် ဆိုတေးသည် ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၀မိနစ်တွင် သတိကောင်းစွာ ရနေပြီဖြစ်ကြောင်း ဆိုတေး၏ ဦးလေးဖြစ်သူ ဦးရဲအောင်မြင့်က ပြောကြားသည်။ဆိုတေးသည် ခွဲစိတ်မှုတွင် ဦးခေါင်းအား ၄၁ ချက် ချုပ်ထားရသည်ဟု သိရသည်..

တေးသံရှင် ဆိုတေးမှာ သတိပြန်လည် ရရှိနေပြီ ဖြစ်သည့်အတွက် မျက်လုံး ဖွင့်ပိတ် လုပ်ခြင်းများ ရှိသော်လည်း စကား မပြောနိုင်သေးကြောင်း၊ လတ်တလောတွင် မန္တလေး ပြည်သူ့ ဆေးရုံကြီး၌ ဆေးကုသမှု ဆက်လက် ခံယူနေမည်ဖြစ်ပြီး နိုင်ငံခြားသို့ သွားရောက် ဆေးကုသရန် မဆုံးဖြတ်ရသေးကြောင်း ဆိုတေး၏ ဦးလေးဖြစ်သူက ဆိုသည်။

ဆိုတေး၏ မိသားစုများသည် နိုင်ငံခြားသို့ သွားရောက် ကုသရန် ဆေးရုံသို့ တရားဝင် ပြောကြားခြင်း မရှိသေးကြောင်း၊ မိသားစုမှ သွားရောက် ကုသရန် ပြောဆိုလာပါက ဆေးရုံမှလည်း ခွင့်ပြုမည့် သဘောထားရှိကြောင်း မန္တလေး ဆေးရုံကြီး ဆေးနှင့် လူမှုဆက်ဆံရေး အရာရှိ ဦးမင်းလွင်က ပြောကြားသည်။

 တေးသံရှင် ဆိုတေး၏ ယာဉ်တိုက်မှု သတင်း ထွက်ပေါ်လာပြီးနောက်တွင် ဆိုတေး၏ ဇနီး ဖြစ်သည် ဟုဆိုကာ မချိုချိုနှင့် ဆိုတေးတို့ တွဲရိုက်ထားသော ဓာတ်ပုံများ အွန်လိုင်း မီဒီယာများတွင် ပျံ့နှံ့လာသောကြောင့် ဆိုတေး၏ ဖခင် ဦးတင်မြင့်မှ နေ၍ ဇူလိုင်လ ၁၉ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် တေးသံရှင် ဆိုတေးသည် ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် ဖြစ်ပွား ခဲ့သော ယာဉ်တိုက်မှု ဖြစ်စဉ်တွင် ကွယ်လွန်သွားခဲ့သော မချောချော (မဝင့်ကုဋေသူ) ၏ တရားဝင်ခင်ပွန်းဖြစ်ကြောင်းနှင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် နှစ်ဖက် မိဘများနှင့် သထုံခရိုင် တရားသူကြီး ဒေါ်အေးအေးသိန်း၏ ရှေ့မှောက်တွင် နှစ်ဦး သဘောတူ လတ်မှတ်ရေးထိုးပြီး လင်မယားအရာ မြောက်ခဲ့ကာ လက်ရှိတွင် အမှတ် ၈၊ ပထမအလွှာ၊ သပြေညိုလမ်း စမ်းချောင်းမြို့နယ်တွင် နေထိုင်လျက် ရှိသည် ဟု ဇူလိုင် ၁၉ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့သည်။

ယင်းသို့ ဖော်ပြပြီး တစ်ရက်အကြာတွင် ဇူလိုင်လ၂၀ ရက်နေ့တွင် မြန်မာ ဂျာနယ်လစ် ကွန်ရက် ရုံးခန်း၌ ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ဆိုတေး၏ ဇနီးဖြစ်သူဟုဆိုသော မချိုချိုက သတိလစ် မေ့မြောနေသော တေးသံရှင် ဆိုတေး သတိ ပြန်လည်၍ စကား ပြန်ပြောနိုင်လာသော အခါတွင် မိမိကို ၎င်း၏ ဇနီး မဟုတ်ဟု ငြင်းဆန်ပါက တေးသံရှင် ဆိုတေးကို ကာမ လိမ်လည် ရယူမှု နှင့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ၏ ဥပဒေအရ တရားစွဲဆို မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ တွင် နေထိုင်သူ မချိုချို (စီဆူးဒါး ထိုင်းမိုင်) က ပြောကြားသည်။

မချိုချိုအနေဖြင်. ဆိုတေး၏ အသိုင်းအ၀ိုင်းက ဇနီးမဟုတ်ဘူး ပရိသတ်လို.ပြောလို. ဒီသတင်းစာရှင်းလင်းပွဲလုပ်ရတာပါဟု ပြောကြားပြီး မြန်မာနိုင်ငံက အမျိုးသမီးတွေ ထပ်အလိမ်မခံရအောင်ပါ ဟုဆိုသည်..


တေးသံရှင် ဆိုတေးနှင့်၎င်းမှာ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် လင်မယားအရာ မြောက်ခဲ့ပြီး တေးသံရှင် ဆိုတေး၏ သီချင်းများကို ကြိုက်နှစ်သက်၍ တစ်ကိုယ်တည်း နားဆင်နိုင်ရန်အတွက် ၂၀၁၃ ခုနှစ် ဇွန်လတွင် ဆိုတေးကို အခကြေးငွေဖြင့် ငှားရမ်းခဲ့ပြီးသည့် နောက်တွင် တေးသံရှင် ဆိုတေးမှ မိမိနှင့် သမီးရည်းစား ဖြစ်ချင်သည်ဟု ဆိုသောကြောင့် မြန်မာ အမျိုးသား တစ်ယောက်ကို ရည်းစားတော်ဖူးသော ခံစားချက်ကို သိချင်၍ ရည်းစား ဖြစ်ခဲ့ရာမှ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၄ရက်နေ့ တွင် လင်မယားအရာ မြောက်ခဲ့ပြီး ထိုင်းနိုင်ငံတွင် အတူ နေထိုင်ခဲ့ ကြကြောင်း၊ တရားဝင် ဇနီးဟု လက်မှတ် မရေးထိုးထားသော်လည်း အသိ သက်သေများ၊ ဓာတ်ပုံများ၊ ဗီဒီယိုဖိုင်များရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

မချိုချိုသည် ဘန်ကောက်တွင် အထည်ချုပ် စက်ရုံ တစ်ခု တည်ထောင်ထားပြီး လွန်ခဲ့သော ၅ နှစ်ခန်.က ထိုင်းနိုင်ငံသား ခင်ပွန်း နှင်. ကွာရှင်းခဲ့ကာ ကလေးနှစ်ဦး ရှိပြီး အူမကြီးကင်ဆာရောဂါ ခံစားနေရသူဖြစ်သည် ..
မူလက  ဇူလိုင် ၂၃ တွင် ဗန်ကောက်ပြန်ရန် စီစဉ်ထားသော်လည်း ကျန်းမာရေး အခြေအနေကြောင်. မဟာမြိုင် ဆေးခန်းတွင် ၂၁-၇-၂၀၁၃ ညပိုင်းက တက်ရောက်ဆေးကုသ ခံလျှက် ရှိပြီး  ပထမ ပြန်ဖို.ပါ..ဟိုမှာဆေးထိုးပြီးမှ ပြန်လာမလို. ဒါပေမယ်. ဗိုက်နာလာလို. ဆေးရုံတက်လိုက်တာ..အသက်ကယ်ဆေးက သတ်မှတ်ရက်ပြည်.ပြီဆိုတော. ပြန်ထိုးရမယ်..ဒီမှာက ဆေးမှတ်တမ်း မပါလို.ဆိုပြီး ထိုးမပေးဘူး..ကျွန်မရဲ. ကင်ဆာရောဂါက နောက်ဆုံးအဆင်.ပါ..ရှေ.မှာ ၂ခါခွဲထားပါတယ်..သူသတိရရင် သူ.ကိုမေးရအုံးမှာမို. ပြန်လာမှာပါ…အဲဒီကျ စာနယ်ဇင်းတွေကိုပါ ခေါ်သွားပြီးမေးမယ် ….ဟုဆိုသည်

အထက်ပါ ကိစ္စနှင်. ပတ်သက်၍ ဆိုတေး၏ မိသားစုသို. ဆက်သွယ်ရာ ဦးလေးဖြစ်သူက

အခုအချိန်မှာ မိသားစု အရမ်းကို စိတ်အနှောင်. အယှက် ဖြစ်နေတယ်..သူဘယ်လိုစိတ်ကူးနဲ. ဒီ သတင်းစာ ရှင်းလင်းပွဲကို လုပ်ရလဲဆိုတာ မပြောတတ်တော.ပါဘူး..သူပြောတဲ့ ပိုက်ဆံချေးတယ် ပိုက်ဆံယူတယ် ဆိုတာလည်း မဟုတ်ပါဘူး..သူမအနေနဲ.က သေဖို.များတယ်..သူ.ကို စိတ်ချမ်းသာအောင် လိုက်လျောပေးပါ ဆိုလို. လိုက်လျောပေးခဲ့တာတွေ ရှိပါတယ်..မြန်မာ လူမျိုးက သူများပြောစကား ယုံလွယ်တယ်..သနားတတ်တယ်..အဲဒါတွေအပေါ် သူက လုပ်သွားတာပါ..ဒီကိစ္စနဲ. ပတ်သက်ပြီး ပိုသေသေချာချာ သိချင်ရင် ဆိုတေးသတိရတဲ့အခါ တစ်ခေါက်လာမေးမြန်းနိုင်ပါတယ်..ဟု ပြောသည်

ဆိုတေးမှာ ၂၁-၇-၂၀၁၃ တွင် သတိပြန်ရလာပြီဆိုသော်လည်း မေးမြန်းသမျှကို ခေါ့င်းညိတ်ခေါင်းခါသာ လုပ်နိုင်ပြီး စကားမပြောနိုင်သေးကြောင်း  ဆိုတေး၏ သူငယ်ချင်း ညှိရှင်းမောင်က ပြည်မြန်မာဂျာနယ်ကို အတည်ပြုပြောကြားတယ်လို.သိရပါတယ် 

Source ; ပြည်မြန်မာ..The Voice .. 
ဆက်စပ်ဖတ်ရှုရန်များ....ဆိုတေး ကားမတော် တဆမှု ၏ မပြီးဆုံးသေးသော နောက်ဆက်တွဲ အငြင်းပွား ဖွယ်ရာများ
 ဆိုတေး၏ ကားမတော်တဆ မှုနှင်. နောက်ဆက်တွဲ ဇာတ်လမ်းများ