Saturday, July 13, 2013

အတိတ်၏ ၅ နှစ်တာ သုခဘုံသို. ခေတ္တခိုလှုံခြင်း


နင်.ကိုငါ သတိရနေတယ်ဟ
ငါခု ဘယ်ရောက်နေလဲ သိလား
ငါတို.တွေ  ရဲ. ....ကလေးဘ၀ အပျော်ဆုံး...အလွတ်လပ်ဆုံး သုခဘုံ တစ်ခုရဲ. ရှေ.မှာဟ....
သတိရခြင်း သစ်ပင်ဟာ  တိုက်ဆိုင်မှုနေရောင်ခြည်အောက်ရောက်တိုင်း လှုပ်လှုပ်ခတ်ခတ် ပိုဖြစ်လာတတ်တာပဲလေ
ငါခု ငါတို.ငယ်ငယ်တုန်းက တက်ခဲ့ကြတဲ့ ဈေးကျောင်း လို.ခေါ်တဲ့ တရုပ်ကျောင်း ရှေ.မှာဟ
မနက်ဖြန် ဆရာကန်တော.ပွဲတဲ့
နင်.ကိုသတိရတယ်ဟာ

ကျောင်းရှေ.ရပ်နေရင်း ငါ.မျက်လုံးထဲမှာ ကျောင်းအ၀င် အုတ်တိုင်ရဲ. ဘယ်ဘက်က ကြာဇံသုပ်သည် ကိုမြင်နေမိသလိုပဲ ...သူ.ပုံဘယ်လိုဆိုတာ ပြန်စဉ်းစားလို.မရတော.ပေမယ်. အ၀ါရောင် မာဆတ်ဆတ် ကြာဇံမျှင် လေးတွေကို ငြုပ်သီးမှုန်.လေးထည်. ပဲမှုန်.လေးထည်. အချဉ်ရေ ဆမ်းပေးထားပြီး (ဗာဒံရွက်ထင်တယ်) ဖက်တစ်ခုထဲထည်.ပေးလိုက်တဲ့ ကြာဇံသုပ်ကို လက်လေး ၃ ချောင်းနဲ. နယ်စားခဲ့ကြတဲ့ ပုံလေးတွေတော. ပြန်မြင်နေရတယ်ဟ ...ဒီအရသာဟာ ငါတို.အတွက်တော. သုခဘုံ ရဲ. နတ်သုဒ္ဓါ ပဲလေ ...အဲဒီအရသာကို ပြန်ရလေမလားလို. အကြောင်းကြောင်းကြောင်. နေရာစုံရောက်နေတဲ့ငါ  အ၀ါရောင်ကြာဇံတွေ မြင်တိုင်း မှာစားပြီး တစ်ဝက်တန်းလန်းထားခဲ့ရတဲ့အကြိမ်ပေါင်း မနည်းတော.ဘူးဟာ.....အဲ့ဒီအရသာနဲ. ဘယ်လိုမှမတူဘူး
နောက်ဆိုင်တစ်ခု သတိရနေသေးတာကတော. ငါတို.ရဲ.ဆရာ ဦးဇော်ဝင်းရဲ. မုန်.ဆိုင်လေး  (ဒီအကြောင်းတော. ငါပြန်မပြော တော.ပါဘူးဟာ ဆရာတောင် အဘိုးကြီးအို ဖြစ်နေပြီလေ....သာမာန် နယ်မြို.လေးက မူလတန်းဆရာတစ်ယောက်ရဲ. မိသားစုဆိုတာကို ငါတို.ကြီးလာမှ သေချာ စာနာတတ်လာကြတာ )
အရင်က ဒီအ၀င် အုတ်တိုင်နှစ်ခုအပြင်မှာ အုတ်တန်း အ၀ိုက်လေးရှိသေးတယ်ထင်တယ်ဟ ခုတော.မတွေ.တော.ဘူး


ငါတို.အမြဲ နင်းပြီး ၀င်နေကြ အုတ်တံတားလေးကို ခပ်ဖြေးဖြေး နင်းရင်း ကျောင်းထဲကို ငါဝင်လာနေမိတယ်...တံတားလေးက ခုတော.ကြွေပြားခင်းထားပြီး ကလေးတွေမချောအောင်ထင်တယ် Steel Channel တွေလဲထည်.ထားတယ်ဟ...ပြီးတော. အဲဒီအောက်က ချောင်းလေးကတော. ငါတို.တုန်းကထက် တိမ်သွားသလို ခံစားရပေမယ်. ပိုများသန်.နေသလားတော. မသိဘူး သူ.ကိုကြည်.ပြီး ငါတို. ဆယ်တန်းကဗျာလေးလား သွားသတိရမိသေးရဲ.
For men may come and men may go,
But I go on forever .
ဟုတ်တော.လည်းဟုတ်တာပါပဲလေ သူ.ပေါ်ကဖြတ်သွားသူတွေက ခုဒိကျောင်းလေးမှ အချို.ဆို တတိယ မျိုးဆက်တွေတောင် ရောက်တော.မလား မသိဘူး...

တံတားလေးဆုံးတော. ကျောင်းကြီးဆီ ငါမော.ကြည်.မိတယ်...
ကောင်လေး မင်းပြန်လာတာလား ၀မ်းသာလိုက်တာကွာ မင်းတို.တွေ နှစ် ၃၀ လောက် ငါ.ဆီ တစ်ခေါက်တောင် ပြန်မလာကြဘူးနော် ..တစ်ခါတစ်ခါ မင်းတို. ငါ.ရှေ. လမ်းမကြီးက ဖြတ်သွားတိုင်း ငါလိုက်ကြည်.နေမိတာကွ ငါ.ဘက်များ တစ်ချက်တစ်လေ လှည်.ကြည်.လေမလား...၀င်များလာလေမလားလို.   ဒါပေမယ်. တစ်ခါတစ်လေလောက်ကလွဲပြီး မင်းတို.လှည်.တောင်မကြည်.ကြပါဘူးလေ  ငါကတော.နားလည်ပေးပါတယ် မင်းတို.မှာက အလုပ်တွေ နဲ. သောကတွေနဲ. မင်းတို.ငါ.ဆီမှာနေခဲ့ကြတုန်းက လို အပူအပင်ကင်းကင်း နေရချိန်တွေမှမဟုတ်တော.တာ
အချို.ဆို ငါ.ရှေ.လမ်းမကြီးဆီက ဖြတ်သယ်သွားကြတဲ့သူတို.ရဲ. ၀ိဥာဏ်မဲ့ ခန္ဓာကိုယ်တွေတောင် စိတ်မကောင်းစွာ ငါမြင်နေရပြီပဲ လေ.... ဘာပဲပြောပြော မင်းတို.ရောက်လာလို. ငါအရမ်းဝမ်းသာတယ် ...နက်ဖြန်ဆို ငါ   ငါ.ကလေးတွေအများကြီးကို ပြန်တွေ.ရမှာမို. တအားပျော်နေတယ် ...ပြန်မရောက်ဖြစ်သေးသူတွေ ကိုလည်းပြောလိုက်ပါကွာ...ငါမျှော်နေပါတယ် ...တစ်ခေါက်လောက်တော. လာကြည်.ပါအုံးလို.
ကျောင်းအိုကြီးရဲ. အသံမဲ့ စကားလုံးတွေ ငါ.ရင်ကိုဖြတ်စီးလာနေတယ်ဟာ........


ဒီလိုနဲ. ငါ ကျောင်းရှေ. ငါတို.ရဲ. ကစားကွင်းလေးဆီရောက်လာတယ်
ကြွားချင်ရင်တော.ကြွားလို.၇တာပေါ.ဟာ ငါတို.ကစားကွင်းက ဟိုးးးးးးးး လွန်ခဲ့တဲ့ နှစ် ၃/၄၀ တည်းကမြေကွင်းမဟုတ်ပဲ ကွန်ကရစ်ခင်းလေ ...၀င်ဝင်ချင်းဘယ်ဘက်မှာ စတီးရေစင်တစ်ခု၇ှိနေတယ်ဟ ..အရင်တုန်းက အဲ့ဒီနေရာမှာ ကွန်ကရစ်ေ၇တိုင်ကီကြီးတွေ ရှိတယ်ထင်တယ်...ငါတို.တုန်းကတော. အဲဒီနေရာမှာ လေးထောင်.အုတ်ရေကန်ဟောင်းလား အမှိုက်ကန်လား မသိဘူး တစ်ခုရှိတယ်လေ
ငါမှတ်မိသေးတယ် ငါတို.တုန်းက ပထမတန်းကျုရှင်ကို ဆရာဦးဂျဲဆီမှာ တက်ကြတယ်လေ ..ဆရာ.အိမ်က ခု လမ်းမကြီးကနေ ဟောင်ကောင်စတိုး..စိန်စတိုး ဘက်ကို ကွေ.တဲ့ လမ်းထိပ်မှာလေ (ခုတော.အဲ့နေရာက ကွက်လပ်ကြီးဖြစ်နေတယ်ဟ)..ငါတို.ကျုရှင်မတက်ခင် ဒိကျောင်းက ကစားလို.ရတဲ့နေရာလေးမှာ လာလာကစားတတ်ကြတယ်လေ (အဲ့ဒီတုန်းက ဒိနေရာက အမိုးလေးရှိသေးတယ်ဟ)..တစ်ရက်ကစားရင်း အိမ်ကထည်.ပေးလိုက်တဲ့ ကျုရှင်လခကျုရှင်ရောက်တော.မရှိတော.ဘူး ဒါနဲ.ဆရာ.ကိုပြောပြီး အဲဒိနေရာမှာသွားရှာ၇တာပေါ.  ခုနကန်လေးထဲလည်းဆင်းရှာ တွေ.လားမတွေ.လားတောင်မမှတ်မိတော.ဘူး မှတ်မိတာကတော. ငါလည်းကျုရှင်ထဲရောက်ရော ၀ိုင်းရီလိုက်ကြတာ ငါလည်း ဘာဖြစ်မှန်းမသိ ဆရာကလည်း အာာာမင်း ဘာတွေလုပ်လာတာလဲဆိုတဲ့ထိမသိသေး     နောက်မှမှန်ယူပြတော. ငါ.မျက်နှာက အမေရိကန် ကွန်မန်ဒိုရုပ်ပေါက်နေပြီ အမဲတွေအရစ်လိုက် အရစ်လိုက်နဲ. ပြန်စဉ်းစားတော.မှ ကျောင်းကအဲ့ဒီကန်လေးထဲ ၀င်ရှာရင်း သဲတွေအောက်က အင်ဂျင်ဝိုင်အဟောင်းလို ဆီတွေ က လက်ကိုပေ ချွေးထွက်တော. မျက်နှာကိုသုတ် ကိုယ်.အပူနဲ.ကိုယ်ဆိုတော. သတိမထားမိတာ .. ဆရာကိုယ်တိုင် ငါ.မျက်နှာကို ဆပ်ပြာနဲ.ဆေးပေး၇တဲ့အဖြစ်

ကျောင်းထဲကို ငါ စ၀င်လိုက်တယ်
မနက်ဖြန် ဆရာကန်တော.ပွဲ လုပ်မှာမို.လိုအပ်သလို ပြင်ဆင်ထားတော. သူရဲ. ပုံ၇ိပ်မှန်ကို တော.မမြင်ရတော.ဘူးဟတကယ်တော. ပြင်မထားလည်း ဒိလောက်နှစ်တွေကြာနေတော. ငါတို.မြင်ခဲ.ဖူးတဲ့ သူ.သွင်ပြင် အတိုင်းလဲ ဟုတ်ချင်မှ ဟုတ်တော.မှာလေ



အဲဒီတုန်းက ငါက ၀င်ပေါက်ရဲ. ညာဘက်ခြမ်းက ဆရာမပိန်ပိန်သေးသေးလေး သင်တဲ့အတန်းမှာဟ
ဘယ်ဘက်က အတန်းမှာတော. ဆရာမက အဲံဒီတုန်းက ပါတီယူနစ်ဥက္ကဋ္ဌ ရဲ.အမျိုးသမီးလေ (တကယ်တော. အဲဒိခောတ်ကာလရဲ. အင်မတန်ရှားပါးသော ရိုးသားလွန်းတဲ့ မိသားစုတစ်ခုပါ)..ငါတို.ဆရာမက အသက်နည်းနည်းပိုကြီးပြီးနေတာက စပါးရိုလမ်း@ ရုံဟောင်းလမ်းလို.ခေါ်တဲ့နေရာလေ...ငါမှတ်မိတာက အဲဒီမှာ မိန်းကလေးတွေနဲ. ယောက်င်္ကျားလေးတွေ အတူရောတက်ရတာ ရယ်... အဲဒီခောတ်က သုံးကြရတဲ့ ကျောက်တံ ..နောက်ပေါ်တဲ့ ကျွဲကျောက်တံ ဆိုတာတွေကို ကျောင်း ကြမ်းခင်းနဲ. ပွတ်ချွန်ပြီး  သုံးကြတာ ... ကျောက်သင်ပုန်း ဖျက်ဖို. အရွက်တွေကို ကျောင်းနားအုတ်ကြားမှာ လိုက်ရှာကြတာ ...မိန်းကလေးတွေ ၇န်ဖြစ်တိုင်း ဘာမဆိုင် ညာမဆိုင် ငါ.ရေဗူးနဲ. ယူယူပေါက်လို. အိမ်က ရေဗူး အသစ်ခဏခဏ ၀ယ်ပေး၇တာ တွေတော.မှတ်မိနေတယ်ဟ
အဲ.ဒီတုန်းက နင်က ဘယ်အတန်းမှာတက်ရတာလဲမသိဘူး

ငါကျောင်းရဲ.နောက်ဖက် ဆက်ဝင်လာနေမိတယ်
ငါတို. ငယ်ငယ်တုန်းက အနောက်ဖက် ၀င်တဲ့ နံရံတွေမှာ ဘီရိုတွေ ကပ်ထားတာ ရှိတယ်ထင်တယ်ဟ
ဘာလို.လည်းဆိုတော. ငါတို.အဲ့ဒီအရုပ်တွေနဲ. ဘာတွေမှန်းမသိတာတွေကို ခဏခဏ သွားသွားကြည်.ကြတာလေ ...တစ်ခုမှတ်မိနေတာက ဘယ်သူတွေလည်း မသိဘူး ...အဲ.ဒီဘီရိုကိုဖွင်.ပြီး အရုပ်တွေ ယူကိုင်ကြည်.လို.အရိုက်ခံရသေးတယ်


ဒီနောက်ဖက်လေးက ငါတို.ပထမတန်း တက်တဲ့ ဆရာ ဦးဂျဲ ရဲ.အတန်းလေ..အပေါ်မှာက အခုကောင်းကင် လဘက်ရည်ဆိုင်က ဆရာမ သင်တဲ့ ပထမတန်း တစ်ခုရှိသေးတယ်..ငါတို.အတန်းလေးရဲ. နောက်ဖက်မှာက ငါတို.တွေသုံးတဲ့  ငါတို.တွေဆော.တဲ့ ရေကန်လေး တစ်ခု ခုထိရှိနေသေးတယ်ဟ ဒါပေမယ်. ငါတို.ခလေးတုန်းကမြင်ခဲ့ကြတဲ့ပုံလိုမျိုးတော. မဟုတ်သလိုပဲ ဘာတွေပိုလာလဲတော. မသိဘူး


နောက်ကနေ ပြန်ထွက်လာပြီး ငါအပေါ်ထပ် တက်တဲ့ လှေကားတွေဘက် ထွက်လာခဲ့တယ်
Titanic ကားရိုက်တဲ့ ဒါရိုက်တာဆိုရင်တော. ဒိလှေကားရဲ. ခုလက်ရှိအချိန်ကို အဖြူအမည်းနဲ.ပြ အဲဒီကနေ ကာလာဘက်ကိုချိန်းသွားချိန်မှာ အဖြူအစိမ်းဝတ် ကျောင်းသားတွေ ပြေးလွှားနေကြတဲ့ပုံလေးပေါ်လာ အဲ့လိုဖြစ်မှာပေါ. ..ငါကတော. မျက်လုံးထဲ အလိုလိုပေါ်လာတဲ့ပုံ၇ိပ်တွေနောက်ပဲ လိုက်ခံစားနေမိတယ်
အဲဒိလှေကားကနေ ပြောင်းဖူးရိုးတွေနဲ. အပေါ်ကပစ်  အောက်ကကလေးတွေက သူငယ်တန်း အတန်းဘက်က ခုံတွေနဲ.ကာ  ပြန်ပစ်ကြ  ...အဲဒါ ငါတို. ၄တန်းကျောင်းသားဘ၀အချိန်ပိုခေါ်ချိန် ကစားဖြစ်ကြတဲ့  ပြောင်းဖူးရိုး စစ်တိုက်တိုင်း ကစားပွဲလေ...ငါတစ်ခုမမှတ်မိတာက ဘယ်ဘက်က လှေကားကို ငါမတက်ဘူးသလိုပဲ ..ငါတို.တုန်းက ယောက်ကျားလေး လှေကား မိန်းကလေး လှေကားများခွဲထားသလား ငါပဲအမှတ်မှားတာလားမသိဘူး


လှေကားအတိုင်း ငါတစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ်  တက်လာနေမိတယ်
ဒါပေမယ်. ငါ.ခန္ဓာကိုယ် က ပစ္စုပ္ပန် မှာ စိတ်က အတိတ်တွေဆီ ပေါ.
အပေါ်ထပ်ကိုရောက်ရောက်ချင်း ငါ အနောက်ဘက် မှာရှိတဲ့ ညာဘက်အစွန်ဆုံး အခန်းလေးဆီ ၀င်သွားမိတယ် ...ငါတို. တတိယတန်း တက်တဲ့ အခန်းလေးပေါ.
ငါတို.ရဲ. နာမည်ကျော် ဆရာဦးဇော်ဝင်းရဲ. အတန်းလေးလေ
အဲ့ဒီမှာတော. ငါတို.အတူ တက်ရပြီထင်တယ်  ဘာလို.လည်းဆိုတော. ၃တန်းကစပြီး တစ်တန်းတည်းရှိတော.တာလေ  ကျောင်းသားလောကရဲ. ပထမဆုံး အချိန်ပိုဆိုတာကို ငါတို. ၃တန်းကျောင်းသားဘ၀မှာ စကြုံဖူးတာပဲ  (နောက်တော. ၄တန်း ဆရာဦးစန်းမောင် နဲ.ဆရာ ဦးစိန်မြင်.  နောက် ၈တန်း ဆရာမဒေါ်ဘူးသီးတို. နဲ.ဆုံဘူးတာ)  ကိုယ်.တစ်တန်းတည်း တက်ရတာမို. အရသာ တစ်မျိုးလေးပါပဲ ...ကျောင်းတံခါး ပိတ်ပြီး သင်တာကြောင်. တစ်ခါတစ်လေ နောက်ကျတတ်သူတွေ အောက်ကအော်ခေါ်ရင် မကြားတာမို. ကျောင်းခေါင်းရင်းအိမ်ကပါ သူ.အိမ်အပေါ်ထပ် နောက်ဘက်ကနေ ကူအော် ပေးရတာလေးတွေလည်း မှတ်မိနေသေးတယ်ဟ ....နင်တော.မှတ်မိမလား မသိဘူး
တစ်ရက်ပုံမှန် စာသင်ချိန် တစ်ခုမှာလေ   စာသင်နေတုန်း ဆရာစာရေးနေတဲ့ ဘောအလယ် လောက်က အပေါက်မှာ မြွေခေါင်းလေးပေါ်လာလို. ရှေ.ဆုံးတန်းက ကောင်မလေးတွေ ထအော်ကြ တစ်တန်းလုံး ရုန်းရုန်း ရုန်းရုန်းဖြစ်ကြတုန်း ဆရာက သူ.ကြိမ်လုံးနဲ. အသာချိန်ပြီး မြေါခေါင်းအထွက်ကိုစောင်.ရိုက်လိုက် တာ အဲဒီမြွှေ သေပြီးထွက်ကျလာတာလေ ......... အဲဒိတုန်းက တွေးလိုက်မိတယ်ထင်ပါရဲ. ဆရာ.ကြိမ်လုံးဆိုတာ ကျောင်းသားတွေတင်မဟုတ်ပဲ မြွေပါ နိုင်တာကိုးးးလို.
နောက် ငါတို.တွေ အဲဒီအတန်းရဲ. နောက်ဖက်ပြတင်းပေါက်ကနေ ဘုရားကြီးဘက် ကြည်.မိတဲ့ အချိန်တွေလည်း သတိရနေမိတယ်ဟာ...ဒါနဲ. ငါပြတင်းပေါက်ဘက်သွားရင်း အရင်လိုပဲကြည်.နေမိပေမယ်. ခုက ငါတစ်ယောက်တည်းးးးးးးးး


ငါတို.ဒီနောက်ဘက်မှာက ဒီဘက်ထိပ်က ၃တန်း ပြီးတော. ၁တန်း ဟိုဘက်ထိပ်ဆုံးက ၂တန်းလေ
နင်မှတ်မိတယ်မလား ငါတို.ဘယ်နှစ်တန်းလည်းတော.မသိဘူး  ဖြစ်ဖို.များတာ ၄တန်းမှာလားမသိဘူး အဲဒီ အလယ်အတန်း ထဲမှာ ၀င်ပြီး ကကြတာလေ သူငယ်ချင်းတွေအတော်များများပါတယ် ငါကတော. ရပ်ကြည်.နေတဲ့ထဲမှာပဲပေါ.  ခုအဲဒီနောက်ဆောင်က ငါတို.တုန်းကလို သစ်သားခင်းမဟုတ်တော.ပဲ ကွန်ကရစ်ခင်းဖြစ်နေပြီဟ...ဒါပေမယ်. အရင်ထက် တစ်ဆင်.တော.နိမ်.သွားတယ် ...၃တန်းမှာ ငါမှတ်မှတ်ရရ သတိရနေတာ တစ်ခုက အဲ.ဒီတုန်းက မြန်မာစာစာ စာအုပ်နောက်ဆုံး ဘက်မှာပါတဲ့ လုပ်အားပေးသံချပ်ကို  တစ်တန်းလုံး ၀ိုင်းဆိုကြတာလေ
လုပ်အားပေးဖို.ထွက်လို.လာ ညီညီညာညာ လာကြလာကြ
ဖန်ပြာခွက်နဲ. ကျောက်စက်ရေ အမောပြေအောင် တိုက်ပါ.မမ  တဲ့
ခုခောတ်နဲ.တော. အံဝင်ခွင်ကျ မရှိတော.တဲ့ အသုံးများပေါ.ဟာ


ငါ အပေါ်ထပ် ရှေ.ဘက် ပြန်ထွက်လာမိတယ်  
ငါ.အတွက် မှတ်မှတ်ရရတွေများတဲ့ ၄တန်းစာသင်ကြတဲ့နေရာ
နောက် ဆရာဦးစိန်မြင်.ရဲ. ကျောင်းအုပ်ကြီးရုံးခန်း
ငါတက်ခဲ့၇တဲ့ ဒုတိယတန်း နေရာ
ငါတို. ဘုရားစုရှစ်ခိုးဝတ်တက်ကြတဲ့နေရာ ကြည်.နေမိတာက ခုမြင်ကွင်းပေမယ်. မြင်နေမိတာက 
ဟိုးးးးးးးးး  တုန်းက ပုံရိပ်တွေ

၂တန်းက ငါတို.က ဒိရှေ.ဘက်ဆောင်မှာ တက်ရတာဟ  အဲဒီမှာတော. ငါဘာမှ သိပ်မှတ်မှတ်ရရ သတိမရဘူး  ငါတို.ကို သင်တာ ဟိုဘက်ကမ်း ကဆရာမလား မသိဘူး သူ.သားကတော. ငါတို.နဲ. တစ်တန်းတည်း တက်ရတာပဲ


အရင်က ငါတို. ဘုရားရှစ်ခိုးကြတဲ့နေရာ..၄တန်းစာသင်ခန်း ဘယ်ဘက်ထိပ်မှာ ခုဘုရားဆောင် တစ်ခုလုပ်ထားတယ်ဟ...ငါတို.တွေ တုန်းကတော.မရှိဘူးလေ ...တစ်ကျောင်းလုံး ဒီနေရာမှာပဲ စုပြီး တစ်ပြိုင်တည်း ရှစ်ခိုးကြ၇တာလေး မှတ်မိနေသေးတယ်...
သုံးလူ.ရှင်ပင် ကျွန်းထိပ်တင်  ကောင်းကင်စကြာဝဋ္ဌာ
နတ်ဗြဟ္မာ တို.  ညီညာရုံးစု တောင်းပန်မှုကြောင်.
ရတုနဂို ရွှန်းရွှန်းစိုသည် ၀ါဆိုလပြည်.  သောကြာနေ.၀ယ်.....................
ငါါါါါါါါါါါါါါါါါါါါါါါါါ   ဒီအသံတွေရော
ဒီပုံ၇ိပ်တွေပါ ပြန်မြင်နေမိတယ်ဟာာာာာာာာာာာာ
တကယ်က ငါ ငယ်ငယ်က ကျန်းမာရေးမကောင်းတာကြောင်. ကျောင်းခဏခဏပျက်လို.လားမသိဘူး အဲ့ဘုရား၇ှစ်ခိုးတော်တော်နဲ. အလွတ်မရဘူးဟ
တစ်ချို.နေရာတွေဆို သူများတွေနဲ.ရောချရတာပဲ
တစ်ခါတစ်လေ ဘေးကသူငယ်ချင်းတွေနဲ. လမ်းပေါ်က လူတွေ ဆိုက်ကားတွေ ဖြတ်သွားတာကို အဲဒိအပေါ်ထပ် ပြတင်းပေါက်တွေက လိုက်ကြည်.နေမိသေးတယ်


တကယ်တော. ၄တန်းဆိုတာ ငါ.မူလတန်းကျောင်းသားဘ၀ အမှတ်တရ များစွာဖြစ်ခဲ့တာဟ
အဲ့ဒီမှာ နင်.ကိုငါ သေချာစသိပြီဟ
ဒါပေမယ်. ကလေးတစ်ယောက်က အ၇မ်းချစ်ဖို.ကောင်းတဲ့ အရုပ် တစ်ခုကို အတ္တကင်းကင်း ထိုင်ကြည်.နေချင်တဲ့ အဖြူရောင် သဘောကျမှုမျိုးသက်သက်ပါ
နင်.ပုံလေးကို ချစ်စရာ အရုပ်တစ်ခုလို. ငါသတိထားမိတာ
နင်တော. မှတ်မိမလားမသိဘူး တစ်ရက် မနက်ပိုင်း ဘုရားရှစ်ခိုးနေတုန်း သူငယ်ချင်းတစ်ယောက် (ခုတော.သူလည်း မြို.နယ်အဆင်.ဥပဒေအရာရှိဖြစ်ပြီး သူ.မိသားစုနဲ.သူပျော်မွေ.နေပြီဟ) ကိုစပြီး နောက်တန်းကနေသူ.လွယ်အိတ်ကိုထင်တယ် လှမ်းဆွဲလိုက်တာ အဲဒိနေရာကနေ နောက်ဘက် တစ်တန်းလုံး ခုံတွေလဲကျတာ အသံမှအကျယ်ကြီးပဲ  ..
ဖြစ်ပြီးတော.မှ ငါလည်း လန်.လိုက်တာဆိုတာ................
နောက်တစ်ခုက လပတ်စာမေးပွဲထင်တယ်ဖြေရင်း ငါမူးသွားလို. သူငယ်ချင်းတစ်ယောက်က နှိပ်ပေးရင်း ဆရာတွေကိုပြော  အဲဒိကနေမှ ငါ.ကိုမပြီး ရုံးခန်းထဲပို. (မှတ်မိသေးတယ်ဟ ငါ.ကိုခြုံပေးတာ ABCD စာလုံးတွေပါတဲ့ ပိတ်စလေးနဲ.) တစ်ချို.က ငါ.အဖေကို ရုံးမှာသွားခေါ် တစ်ချို.က ငါ.ကို ရုံးခန်းဝက လာချောင်းကြည်. (နင်တော.မပါဘူးထင်ပါရဲ.) နဲ.  ပေါ.
ပြီးတော. ငါတို.ရဲ.ဆရာ ကျောင်းသားတွေကို စေတနာအပြည်.ထားသလို စည်းကမ်းပိုင်းလည်းပြတ်သားတဲ့  ဆရာ ဦးစန်းမောင် ကိုသတိရနေမိတယ်ဟာ......  တကယ်က အချိန်လွန်နောင်တတွေပါဟာ  ရှိနေတုန်းကတော. ဆရာ.ဆီကို တစ်ခေါက်တောင်ရောက်အောင်မသွားခဲ့ပဲ ခုလူ.လောကထဲမရှိတော.မှ ဆရာ.ကိုကျေးဇူးတွေ ပါးစပ်နဲ.တင် စိတ်နဲ.သတိတွေရနေတဲ့ငါ.ကိုယ်ငါ ...အလကားလူဆိုတာတော. သိထားပါတယ်...ငါကိုယ်က ဘယ်နေရာမှာဖြစ်ဖြစ်နောက်ကျခြင်းတွေကြား နစ်မြုပ်နေတတ်သူပဲလေ



နင်ကြုံဖူးမယ်တော.ထင်တယ်ဟ ငါတို.သူငယ်တန်းကနေ စတုတ္ထတန်းထိ ခဏခဏ အပြင်ထွက်ပြေး၇တဲ့အချိန်တွေလေ ကျောင်းထပ်ခိုးလေးဆီက မြွေတွေထွက်လာလို. ကျောင်း အပေါ်ထပ်ကိုပြုတ်ကျလာလို.ဆိုပြီး ......တကယ်တော.အဲ.ဒီအချိန်က အဲဒီထပ်ခိုးလေးကို ကျောင်းအလံတိုင်တင်တာ အပါအ၀င်ကိစ္စအချို.နဲ. ရောက်ဖူးသူအချို.ကတော. ငါတို.ခောတ်ရဲ. သူရဲကောင်းတွေပေါ.ကွယ် သူတို.ရင်အဆိုင်၇ဆုံးမေးခွန်းက အဲ.ဒီမှာ ဘာတွေရှိလည်း မကြောက်ဘူးလားဆိုတဲ့မေးခွန်းတွဲပဲလေ...သူတို.ဘာတွေဖြေခဲ့လည်းဆိုတာတော.မမှတ်မိဘူးဟ..ငါအဲ.ဒီလှေကားလေးဆီမော.ကြည်.ရင်း တက်ကြည်.ရင်ကောင်းမလားတွေးလိုက်မိပေမယ်. အချို.အရာတွေက တိုက်ရိုက်မြင်ခွင်.ရသွားတာထက် ကိုယ်ထင်တာကိုပဲ တစ်သက်စာထွေးပိုက်ထားလိုက်တာ ပိုစိတ်ချမ်းသာတယ်လေ

ပြီးတော. ငါတို. ၄တန်းကျုရှင်ကို ဆရာဦးစန်းမောင် အိမ်မှာ တက်ခဲ့ရတာတွေ..ဆရာတို.ခြံကြီးနောက်ဘက်လျှောက်ဆော.ခဲ့ကြတာတွေ...ကျောင်းကအပြန် ကျုရှင်သွားရင် မန္တလေး ကျောင်းထဲကဖြတ်သွားတိုင်းခွေးလိုက်လို. အုပ်စုလိုက်ပြေး၇တာကို အမှတ်မရှိပဲ အဲ့ဒိနေရာကပဲ သွားကြတာတွေ ...ဆရာ.မိန်းမကလည်း ငါတို.ကို စာသင်ပေးရုံတင်မဟုတ်ပဲပုံတွေ စကားပုံတွေ ပြောပြတာတွေ..ဆရာတို.ဆီမှာ စာအုပ်အဟောင်းဆိုင်တစ်ခုလည်း၇ှိတာမို. ရှေးတုန်းက ဂျာနယ် အဟောင်းတွေ ကာတွန်းတွေ ဖတ်ခဲ့၇တာတွေ...ဆရာမက ငါ.ကို မောင်လိမ္မာဆိုတဲ့ နာမည်လေးတစ်ခု ပေးတာကိုမြတ်မြတ်နိုးနိုး ခုထိသိရနေမိသေးတယ်ဟာ....

ငါတို. ၄တန်းတုန်းက အစိုးရစစ်မို.ကျောင်းတက်ရက်ဆို ညနေ..... ပိတ်ရက်ဆို နေ.လည်ဘက် ကျောင်းမှာ စေတနာအပြည်. အပင်ပန်ခံပြီး အခမဲ့ ခေါ်သင်ပေးခဲ့တဲ့ အချိန်ပိုစာသင်ကြားချိန် တွေကတော. ရသစုံပါပဲ
အချိန်ပိုမို. ကစားချိန်ပိုရပြီး အချို.က မူကြိုကျောင်းထဲဘောသွားကန် တစ်ခါတစ်လေ ခုနလို ပြောင်းဖူးစစ်တိုက်  အစုံကစားခဲ့ကြရလို.ပျော်စရာကောင်းသလို စာတွေအသားကုန်စစ် မရရင် ဘောဖျက်နဲ.ထိပ်ခေါက်တတ်တဲ့ ဆရာကြီးဦးစိန်မြင်.  ဆရာဦးစန်းမောင်တို.ကို ငါတို.တကယ်ချစ်ကြောက်၇ိုသေခဲ့ကြ၇တာလေ...၁၆ အလီထိ အလီတွေခဏခဏစစ်ခဲ့တဲ့ ကျေးဇူးကြောင်. ငါတို.တွေခုထိတော်ရုံလောက်ကို ဘာစက်မှမလိုပဲ တန်းတွက်လို.ရနေတာ သူတို.ကျေးဇူးတွေဆိုပေမယ်. အဲ့အချိန်ကတော. အလီဆိုချိန်ဆိုကြောက်တာပါပဲ ...

အဲ့ဒီအပြင်မှတ်မိနေသေးတာက ငါတို.ကို ဒုက္ခပေးတတ်တဲ့ မျက်လှည်.ပွဲလေ
ကျောင်းတက်ခါနီး ဦးလွင်ခင် အိမ်ရှေ.နား ...ဒါမှမဟုတ် BOC ထောင်.နား (အရင်ဒေါ်ဝက်မုန်.ဟင်းခါးဆိုင်နား) မှာပြတဲ့ အဲဒီမျက်လှည်.၀ိုင်းက ဒုံချမ်းဒုံချမ်းဆိုတဲ့အသံ
ကြိုးလေးကို မြွေဖြစ်အောင်လုပ်ပြမယ်ဆိုတဲ့ ဆွဲဆောင်မှု...ရေတွေပါးစပ်နဲ.ငုံပြီး စည်းတွေ လိုက်တားနေတဲ့ မျက်လှည်.ဆရာ... စောင်.ကြည်.ရင်း ကျောင်း တက်ချိန်နောက်ကျတော.မယ်ဆိုတဲ့ စိုးရိမ်စိတ်...နောက်ဆုံးတော.ကျောင်းတက်ချိန်နောက်ကျရောက်လို. ကျောင်းအ၀င်ဝကနေ ကျောင်းအုပ်ရဲ. ကြိမ်လုံးနဲ.ကောင်းချီးပေးမှုကို အတော်များများ (အထူးသဖြင်. ယောက်ကျားလေးတွေ)တစ်ကြိမ်ဆီလောက်တော.ကြုံဘူးကြတယ်လေ...ပြောလို.သာပြောတာ ငယ်ငယ်တည်းက ကြုံခဲ့ဖူးတဲ့ အဲဒီမျက်လှည်.၀ိုင်းထဲက ကြိုးခွေက ခုငါကြည်.မိလောက်ထိတော. တစ်ခါမှမြွေမဖြစ်သေးဘူးဟ


ငါကျောင်းပြတင်းပေါက်တွေကနေ တစ်ဆင်. လမ်းမကြီးပေါ် လှမ်းကြည်.လိုက်မိတယ်
လမ်းဟိုဘက်မှာ ငါတို.တုန်းက မြက်တွေရှင်း သန်.ရှင်းရေတွေ လုပ်ပေးခဲ့တဲ့မြေကွက်လေးပေါ်မှာ စာသင်ကျောင်းဆောင်လေး တစ်ခုဖြစ်နေပြီလေ  အရင်တော. မြက်ပင်တွေနဲ.မြေကွက်လပ်လေးပေါ.

တကယ်က ငါနင်.ကို အထက်တန်းကျောင်းသားဘ၀လောက်ရောက်မှ
သိသိသာသာမြတ်နိုးစိတ်ဝင်လာခဲ့တာပါ....
.ငါတို.ဒီကျောင်းလေးမှာ တက်ကြချိန်ကဆို အစောပိုင်းက ငါမှတ်မှတ်ရရ ဘာတစ်ခုမှမရှိပဲ ၄တန်းလောက်ရောက်မှ အရုပ်လေးတစ်ခုလိုသဘောကျခဲ့တာ
ဒါပေမယ်. ငါ ဒိအကြောင်းကို ဘယ်တစ်ယောက်ကိုမှဖွင်.မပြောခဲ့ဖူးသလို နောင်ဘယ်တော.မှလည်း ဖွင်.ပြောမှာမဟုတ်ဘူး သေချာတာနောက်တစ်ခုက နင်ကိုယ်တိုင်လည်း ဘယ်တော.မှ သိခွင်.ရမှာမဟုတ်ဘူး .. ငါ.ဘာသာတစ်ယောက်တည်း မြတ်နိုးနေရတာ ကိုယ်က ငါ.အတွက် ဆုလာဘ် တော် တစ်ခုလို.သဘောထား ပြီးသားပါ ...နောက်ကျပြီးခဲ.သူမို. တစ်သက်တာ နောက်ကျခွင်.ကိုပဲရွေးလိုက်တာ အသက်အရွယ်ရဲ.ဆုံးဖြတ်ချက်ကြောင်.ပဲ ထင်ပါရဲ.  
ငါကျေနပ်ပါတယ် ပူလောင်ခြင်းမဲ့ ရယူလိုစိတ်ကင်းတဲ့ ငါ.မြတ်နိုးခြင်းတွေကို အဲဒိနေ.က ငါတို.ရဲ. ကျောင်းအိုကြီးကတော. ရင်ချင်းသိသွားခဲ့တယ်ထင်ပါရဲ.

ဝင်သွားတုန်းကထက် လေးလံတဲ့ခြေလှမ်းတွေနဲ. အသိမဲ့ပြန်ထွက်လာတာငါ.ကို 

ကောင်လေး ပြန်တော.မလား
ဒိတိုင်းပဲ ထားလိုက်ပါတော.ကွာ 
မျိုသိပ်ခြင်းဆိုတာ ဖြူစင်တဲ.မြတ်နိုးမှုကို အသရေ မပျက်စေနိုင်ပါဘူး တဲ့

ကျောင်းအိုကြီးရဲ. တိတ်ဆိတ်ပေမယ်. နူးညံလွန်းတဲ့ နှုတ်ဆက်သံ  နာခံရင်း
လမ်းမကြီးဆီ ငါ ပြန်ထွက်လာခဲ့တယ်.................


 (တက်ခဲ့ရဖူးသော အချိန်များကိုသာ ပြန်လည်ေ၇းသားခဲ့သည်မို. အတန်းများဖွဲ.စည်းပုံ..သင်ကြားသောဆရာ..ဆရာမများ...နှင်. ၀န်းကျင်အခြေအနေများကတော. တူနိုင်မည်မထင်ပါ )

No comments:

Post a Comment