Wednesday, July 24, 2013

သော်က နှင်. ၀ါးခယ်မ ကို နိုင်ငံကျော်စေခဲ့သော ဒေါ်ခင်နှင်းယု


သော်က ကို နိုင်ငံအနှံ. ကျယ်ပြန်.စွာမိတ်ဆက်ပေးခဲ့သူ @ မာကျောသော စိတ်ဓါတ်နှင်. နူးညံ.သော စာပေများ ဖန်တီးခဲ့သူ @ ဆရာမကြီး ခင်နှင်းယု
  ဟု အမည်တွင်မည်. မခင်စု ကို ၁၉၂၅ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ.တွင် ကျောင်းဆရာကြီး ဦးဘ နှင်. အမိ ဒေါ်သိန်းတင်တို.က ၀ါးခယ်မတွင် မွေးဖွားခဲ့သည်...၁၉၄၃ ခုနှစ်တွင် ဆယ်တန်း အောင်မြင်ခဲ့သည်...ဂျပန်ခောတ်တွင် ၀ါးခယ်မ ကျောင်းသားသမဂ္ဂ အမှုဆောင်အဖြစ် ၁၉၃၈-၃၉ တွင်လည်
ကောင်း ....၀ါးခယ်မ အာရှလူငယ် အစည်းအရုံး အမျိုးသမီးဌာန အတွင်းရေးမှုး အဖြစ်၁၉၄၃ တွင်လည်းကောင်းတာဝန်ယူခဲ့သည်..စစ်ပြီးခောတ် ဖ.ဆ.ပ.လ သတင်းနှင့် ဝါဒဖြန့်ချိရေးဌာန လက်ထောက်အတွင်းရေးမှူး အဖြစ် ၁၉၄၆ တွင်လည်းကောင်း၊ ယင်းဌာန တွဲဖက်အတွင်းရေးမှူးနှင့် ဖ.ဆ.ပ.လ သတင်းစဉ် တာဝန်ခံ အယ်ဒီတာအဖြစ် ၁၉၄၇ တွင်လည်းကောင်း မျိုးချစ်စိတ်ကိုအခြေခံသော နိင်ငံရေးတာဝန်များဆောင်ရွက်ခဲ့သည် ...ဝန်ကြီးချုပ်ဟောင်းဦးနု၏ နှမဝမ်းကွဲ ဖြစ်ပြီးကိုယ်ရေးအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အိမ်ထောင်ဖက်ဖြစ်သူမှာ မြဝတီမဂ္ဂဇင်းအယ်ဒီတာချုပ်ဟောင်း ဗိုလ်မှူးကြီးကျော်သောင်း ဖြစ်သည်...

၁၉၄၆ မှစကာ "မခင်စု" အမည်ရင်းဖြင့် ဖ.ဆ.ပ.လ သတင်းစဉ်တွင် ဆောင်းပါးများ ရေးခဲ့သည်။၁၉၄၇ ခုနှစ်တွင်မူ ခင်နှင်းယု ဟူသော ကလောင်အမည်ဖြင်. စာပေလောကအတွင်း ၀င်ရောက်လာခဲ့သည်.... ပထမဆုံး ရေးသားသော ၀တ္ထုမှာ " အရိုင်း " ဖြစ်သည်... လွတ်လပ်ရေးနေ. အထိမ်းအမှတ် စာပေပြိုင်ပွဲတွင် " မျောက်လောင်း" ၀တ္ထုတိုဖြင်. ဆုရခဲ့သည်....ပထမဆုံး လုံးချင်းဝတ္ထုမှာ " ဆောင်းတွင်းပန်း" ဖြစ်သည်..(၁၉၅၁@၁၉၅၂) က နွေနှောင်းရွက်ကျန်ဝတ္ထုရှည် ကို ရှုမဝမဂ္ဂဇင်းတွင် ပထမဆုံးရေးသားခဲ့ပြီး ထိုဝတ္ထု ရှည်မှာ ထင်ရှားခဲ့သည်....သရဖူ.. မြဝတီဝတ္ထုရှည်များဖြင့် ထင်ရှားလာပြီး ကျွန်းဧကရီ၊ စိမ်းသင့်မှစိမ်း၊ မျှော်လင့်လို့ဖြင့် မဆုံးနိုင်တယ် မဂ္ဂဇင်းဝတ္ထုရှည်များ၊ မွှေး (၁၉၅၉)၊ ပန်းများကိုပွင့်စေသူ (၁၉၆၁)၊ ပန်းပန်လျက်ပါ (၁၉၆၂)၊ သခွတ်ဗပန်း (၁၉၆၂)၊ အောင်မြင်သောနေ့ (၁၉၆၂)၊ မိုးကျော်သူ (၁၉၆၃)၊ သပြေ (၁၉၆၃)၊ ယဉ်မင်းပိုက် (၁၉၆၄)၊ လမင်းကြီးသာစမ်းပါ (၁၉၆၅) စသည့်လုံးချင်းဝတ္ထုများ၊ မိန်းမတို့အကြောင်း၊ ကြာတော၌ရွာသောမိုး (၁၉၆၄)၊ မုတ်သုန်စောင်းကြိုး (၁၉၆၅)၊ ဘူဇဝါလော ဇူဇကာလော(၁၉၇ဝကျော်) ဝတ္ထုတိုများ၊ ဇီဝစိုးစံအိမ် (၂ဝဝ၃) ဆောင်းပါးပေါင်းချုပ်ဖြင့် အထူးလူကြိုက်များခဲ့သည်။

၁၉၆၁ တွင် ကြေးမုံရိပ်သွင် ဝတ္ထုတိုပေါင်းချုပ်ဖြင့် စာပေဗိမာန် ဆု ရရှိခဲ့သည်.. ၁၉၉၅တွင် မြကြာဖြူ ဝတ္ထုရှည်ဖြင်. အမျိုးသားစာပေဆု ရရှိခဲ့သည်...ကျွန်မ၏ချစ်သူ (၁၉၇၂) ဝတ္ထုဟန် အတ္ထုပ္ပတ္တိမှာ ထိုစဉ်က အပိတ်ခံခဲ့ရသည် ...ဆရာမကြီး၏ Trademark ဟုပြော၍ ရသော စာအုပ်မှာ မွှေး ၀တ္ထုဖြစ်ပြီး ဇာတိ သော်က ကိုအခြေခံကာ ရေးဖွဲ.ခဲ့သော ထိုဝတ္ထု မှာ ၁၁ ကြိမ် အထိ ပုံနှိပ်ခဲ့ရပြီး ရုပ်ရှင်အဖြစ်လည်း အသက်သွင်းခံခဲ့ရသည်..ထို.အပြင် ပန်းပန်လျက်ပါ ၀တ္ထုကို ဒါရိုက်တာ ဦးချစ်ခင်က အငြိမ့်သမ မဗေဒါအဖြစ် (ဒေါ်)ကြည်ကြည်ဋ္ဌေး၊ နယ်ပိုင်လေး ကိုစောထွန်း အဖြစ် ကောလိပ်ဂျင်(ဦး)နေ၀င်း၊ တက္ကသိုလ်နည်းပြဆရာ အဖြစ် (ဦး) မြတ်လေး၊ သူဋ္ဌေးသမီး ခင်မမ အဖြစ် (ဒေါ်) ဘေဘီနွဲ့ တို့နှင့် အသက်သွင်းခဲ့သည်(၀ါးခယ်မသား ဒါရိုက်တာက ၀ါးခယ်မသူ နာမည်ကျော် စာရေးဆရာမကြီး၏ ၀တ္ထုကို နိုင်ငံကျော်ဇာတ်ကားအဖြစ် ဖန်တီးခဲ့ခြင်းက တစ်မြို.တည်း သားတို.၏ ညီညွတ်မှု ချစ်ခင်မှုကို ဖော်ပြနေခြင်းပင်)... (၁၉၉၀)ခုနှစ်ဝန်းကျင်တွင် ဒါရိုက်တာ (ဦး) ကြီးမြင့်က မို့မို့မြင့်အောင်၊ ကျော်သူ၊ ဇော်ဦး နှင့် စန္ဒရား ခင်နုနု တို့ဖြင့် ရုပ်ရှင်အဖြစ် ပြန်လည်ဆန်းသစ်ခဲ့သလို ဒါရိုက်တာ (ဦး) ခင်ဇော် ကလည်း ချစ်ချစ်ဇော်၊ ကျော်သူ၊ လွှမ်းမိုး၊ စန္ဒရား ခင်နုနု တို့ဖြင့် ဗွီဒီယို အသွင် ပြန်လည်ခံစားခဲ့ကြရသည်...
...၁၉၆၂ ကိုင်ရိုတွင်ကျင်းပသော ဒုတိယအကြိမ် အာရှ၊ အာဖရိက စာရေးဆရာများညီလာခံသို့ ဇဝနဦးဆောင်သော မြန်မာစာရေးဆရာအဖွဲ့တွင် လိုက်ပါခဲ့သည်....စာရေးဆရာကြီးဦးနုအမှတ်တရ စာပေကုသိုလ်ကို ဦးဆောင် ကမကထပြုပေးခဲ့သည်...

၂၀၀၃ ခုနှစ် အသက် ၇၈ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ခြင်းကား မြန်မာ.စာပေလောကအတွက်သာမက ၀ါးခယ်မမြို.သူ/မြို.သား တို.အဖို.ပါ ကြီးစွာသော ဆုံးရှုံးမှု တစ်ခုဖြစ်ခဲ့ရပါသည်....


စာပေ၏ သဘောသည် ရတနာသိုက်နှင်.တော. ဆင်တူသည်.သဘောတော.ရှိသည်...မသက်ဆိုင်သော နေရာများတွင် တစ်အုပ်တစ်လေ တွေ.ခွင်.ရဖို.အတွက် အတော်ပင် ခက်ခဲသော်လည်း ရှိနေတတ်သည်.နေရာများတွင်တော. အစုအဝေးနှင်. တည်နေတတ်ကြသည်....စာပေကိုဝါသနာပါသော..၀ါးခယ်မသူဆရာမကြီး ခင်နှင်းယု၏ စာအုပ်များကို လေ.လာလိုသော သူများအတွက် အလွယ်တကူ ဖတ်ရှုလေ.လာနိုင်ရန် download လုပ်၍ ဖတ်နိုင်မည်. link များ..တိုက်ရိုက်ဖတ်ရှုနိုင်သော Link များကို လက်လှမ်းမှီသမျှ ရှာဖွေစုဆောင်းပေးထားပါသည်....အချို.သောစာအုပ်များသည် ပြင်ပတွင် အလွယ်တကူ ရှာဖွေတွေ.ရှိနိုင်သော်လည်း အချို.ကားအတော်ရှာယူရမည်. စာအုပ်များဖြစ်သည်.... သို.သော် ယခု link များမှ download လုပ်ယူရာတွင် ပြည်ပမှ စိတ်ဝင်စားသူများအဖို. အခက်အခဲမရှိနိုင်သော်လည်း ပြည်တွင်းအတွက်ကတော. စိတ်ရှည်လက်ရှည် အချိန်ယူရကောင်းယူရမည်ဖြစ်သည်....ယခုကဲ့သို. ရှာဖွေရရှိနိုင်အောင် ဤ စာအုပ်များကို ယခုကဲ့သို. upload လုပ်ပေးထားကြသူများ အားလုံးအားလည်း 
wakhama.blogspot.com အနေဖြင်. အထူးကျေးဇူးတင်ရှိပါသည်။မိမိတို.မြို.ဖွား နိုင်ငံကျော် စာရေးဆရာမကြီး တစ်ဦး၏ စာပေကို မြတ်နိုးသူများအတွက် တစ်ဖက်တစ်လမ်းမှ ကူညီပေးခဲ့နိုင်မှုကိုတော. ပိတိဖြစ်ရပါသည်။

ဆက်စပ်ဖတ်ရှုရန် 
ဆရာမကြီးရဲ. အချက်အလက်အချို.ကို site တစ်ခုကမှတ်တမ်းတင်ထားပုံ
http://www.infosources.org/what_is/Khin_Hnin_Yu.html


တက္ကသိုလ် ဘုန်းနိုင် ..၀ါးခယ်မ နှင်. မွှေး 
ကိုခါးရဲ. မွှေး..သော်က..ခင်နှင်းယု..၀ါးခယ်မ

နာမည်ကျော် မွှေး ( download လုပ်ရန်)
http://www.myanmarebooks.net/archives/995
မွှေး ၀တ္ထု နှင်. ပတ်သက်၍ ပရိသတ်အပေါ် လွှမ်းမိုးနိုင်စွမ်းနှင်. ခင်နှင်းယု နှင်.မွှေး တစ်ယောက်တည်း ဟုတ်/မဟုတ် (တိုက်ရိုက် ဖတ်ရှုရန်)
http://www.shwezinu.com/2012/01/blog-post_5082.html

မွှေး...လာခြင်းကောင်းသော လူကလေး....ကျွန်တော် တင်အောင်ထွန်း...ဇီဝဇိုး စံအိမ်....ဘယ်သို့သော အကြောင်းကြောင့် စသောစာအုပ်များကို အောက်ပါ Link တွင် download ရယူနိုင်ပါသည်
http://library.eainmathlaing.com/archives/category/၀တ္ထုရှည်/ခင်နှင်းယု

တံလျှပ်....လာခြင်းကောင်းသော လူကလေး....ကျွန်တော် တင်အောင်ထွန်း...ဇီဝဇိုး စံအိမ်....ဘယ်သို့သော အကြောင်းကြောင့် စသောစာအုပ်များကို အောက်ပါ Link တွင် download ရယူနိုင်ပါသည်
http://pdf.mawcity.com/essays/woman/kny

ဘဒ္ဒန၀တီ...ပျားရည်အိုင်..ကျွန်တော် တင်အောင်ထွန်း...ဇီဝဇိုး စံအိမ်....အိမ်သုံးဆယ်..လာခြင်းကောင်းသော လူကလေး...မြကြာဖြူ...ဘယ်သို.သောအကြောင်းကြောင်. ...မွှေး စသည်တို. download လုပ်ရန်
http://www.heintintzawbooks.com/search/label/ခင်နှင်းယု

ကဗ္ဗည်း မထိုးသောကွက်လပ် (အသံထွက်ဝတ္ထု)
http://nwaymoresaung.blogspot.com/2012/08/blog-post_9080.html

နွားတစ်ထောင် (တိုက်ရိုက်ဖတ်နိုင်)
http://mmcybermedia.com/community/index.php?topic=49151.0

အိမ်သုံးဆယ် ( download လုပ်ရန်)
http://www.scribd.com/doc/53512141/အိမ်သုံးဆယ်-ခင်နှင်းယု

ရေချိုတွင်း (ကဗျာ) (တိုက်ရိုက်ဖတ်ရန်)
http://nyeinsoeoo.multiply.com/journal/item/114/114?&show_interstitial=1&u=%2Fjournal%2Fitem

ဤသုံးအိမ် ( download လုပ်ရန်)
http://filespart.com/dl/y1emvs.html

ကျွန်မကမချောပါဘူးနှင့် အခြားမဂ္ဂဇင်းဝတ္တုရှည်များ
http://networkedblogs.com/kIHDt

လူတွင်ကျယ်အထက်လွှာတို့၏ ပရဟိတအမည်ခံ ပကာသနလောကကိုသရော်ထားသော ယခု NGO အချို.ထိ ဆက်စပ်ခံစား၍ရသော အလိုက်မသိတတ်သူ ၀တ္ထုတို (တိုက်ရိုက်ဖတ်ရှုရန်)
http://www.mizzimaburmese.com/edop/songpa/5989-2010-09-07-06-15-55.html

ထူးခြားခဲ့သော ၀တ္ထု တစ်ပုဒ်ဖြစ်သည်. မျှော်လင်.လို.ဖြင်. မဆုံးနိုင်တယ် ၀တ္ထု နှင်. ပတ်သက်၍ ဆရာမကြီး ရေးသားဖြစ်ပုံ တစ်စေ.တစ်စောင်း (တိုက်ရိုက်ဖတ်ရန်)
http://www.shweamyutay.com/index.php?option=com_content&view=article&id=1550%3A2009-09-27-17-04-53&catid=90%3A2008-06-08-19-55-01&Itemid=682


Online မှ ၀ယ်ယူရရှိနိုင်သော ဆရာမကြီး၏ စာအုပ်နှင်. တန်ဖိုးများ
http://www.myanmarbookshop.com/myanmarbooks/BooksOfAuthor/252
http://www.burmesestuff.com/store/index.php

လေးကျွန်းမြင်.မိုရ်တောင်ထက်ပို (တိုက်ရိုက်ဖတ်ရှုရန် )
http://phopa-dwm.blogspot.com/2012/05/blog-post_9388.html


1 comment:

  1. ခင်နှင်းယု ရေးတဲ့ ယဉ်မင်းပိုက် ရဲ့ Link ရနိုင်မလား

    ReplyDelete