Sunday, July 14, 2013

ချစ်နိုင်လွန်းကြသူများ

မတိုက်မိပါစေနဲ.ကွာ

ကွယ်လွန်သွားရှာသော အမျိုးသမီးတစ်ဦး အားသဂြိုလ်ရန်သူမ၏ ခင်ပွန်း နှင်. မိတ်ဆွေများက သယ်ဆောင်လာကြစဉ် အခေါင်းသည် "နံရံနှင့်တိုက်မိ" သွားသည်။ 

ထိုအချိန် တွင် အခေါင်းထဲမှ ညည်းသံတိုးတိုးထွက်ပေါ်လာ၍
အခေါင်းကိုဖွင့်ကြည့်လိုက်ရာ အမျိုးသမီးမှာ အမှန်တကယ်ပင် အသက်ရှိနေသည်ကို တွေ့ရလေသည်။ ထိုအမျိုးသမီးသည် နောက် ၁၀ နှစ်လောက်အသက်ရှင်နေထိုင်သွားခဲ့သည်။

၁၀ နှစ်အကြာမှာတော့ ထိုအမျိုးသမီး ကွယ်လွန်သွားရှာသည်။
၎င်းကို သဂြိုလ်ရန် သယ်ဆောင်လာကြစဉ် သယ်ဆောင်လာသူများကို ယောက်ျားဖြစ်သူက မျက်ရည်များကြားမှတီးတိုး သတိပေးစကားဆိုရှာသည်။

"ဟေ့ နံရံနဲ့ မတိုက်မိအောင် သတိထားကြပါကွာ" ~~ 


ရှင် ဘာတတ်နိုင်သေးလဲ


ကိုယ်.မိန်မကို သိပ်သ၀န်ကြောင်ပြီး စိတ်မချဖြစ်နေတတ်တဲ့ ခင်ပွန်း တစ်ယောက်ရှိပါတယ် ..သူဘယ်နေရာမှာရောက်နေနေ မိန်းမဆီဖုန်းဆက်ပြီး အိမ်မှာရှိနေ/မနေကို စုံစမ်းလေ.ရှိတဲ့သူပေါ.
တစ်နေ.တော. ထုံးစံအတိုင်း
ခင်ပွန်းဖြစ်သူဟာ - မိန်းမရေ၊ မင်းဘယ်မှာလဲ ..(ဖုန်းဖြင့်)။

ဇနီး- အိမ်မှာပေါ့ ယောက်ျားရယ်။
ခင်ပွန်း - မင်း ..သေချာလား။
ဇနီး - သေချာတာပေါ့ရှင်။
ခင်ပွန်း - ဒါဆို ..ကြိတ်စက်ခလုတ် ကို ဖွင့်လိုက်စမ်း။
ဇနီး - (ခလုတ်နှိပ်လိုက်ပြီး) ဂရီး .. ဂရီး ..။
ခင်ပွန်း - ကောင်းပြီ။ တာ့တာ။ ညနေကျမှ အိမ်မှာ တွေ့ကြမယ်။

နောက်တစ်နေ့ ....
သ၀န်ကြောင်တဲ့ ခင်ပွန်း - မိန်းမရေ၊ မင်းဘယ်မှာလဲ။

ဇနီး - အိမ်မှာပေါ့ ယောက်ျားရယ်။
ခင်ပွန်း - သေချာလား။
ဇနီး - သေချာတာပေါ့ရှင်။
ခင်ပွန်း - ဒါဆို ..ကြိတ်စက်ခလုတ်ကို ဖွင့်လိုက်စမ်း။
ဇနီး - (ခလုတ်နှိပ်လိုက်ပြီး) ဂရီး .. ဂရီး ...။
ခင်ပွန်း - ကောင်းပြီ။ ညနေ ကိုယ် အိမ်ပြန်အလာကို အပေါက်ဝမှာ ကြိုနေနော်။

နောက်တစ်နေ့မှာတော့ ယောက်ျားဖြစ်သူဟာ သူ့မိန်းမကို အသိမပေးဘဲ အိမ်ကို ပြန်ကြည့်ဖို့
ဆုံးဖြတ်လိုက်ပါတယ်။အိမ်ရောက်တဲ့အခါ
သူတို့ရဲ့ သားဖြစ်သူကိုသာ တစ်ယောက်တည်း တွေ့ရတာမို့

"သားရေ .. မင်းအမေ ဘယ်မှာလဲကွ"လို့ မေးလိုက်ပါတယ်။

"သား - မသိဘူး .. အဖေရဲ့။ ကြိတ်စက် တစ်လုံးဆွဲပြီး အမေ အပြင်ထွက်သွားလေရဲ့''


အထားမှန်သွားတာ

ကျွန်တော့်ဘဝဟာ သိပ်ကို ပျော်ရွှင်စရာကောင်းခဲ့ပါတယ်။ ကျွန်တော့် ချစ်သူ့ လေးနဲ့ ချစ်သူသက်တမ်း ၁ နှစ်မှာပဲ မိဘတွေပြောပြီး လပ်ထပ်ဖို့ စီစဉ်ခဲ့ကြပါတယ်။ 
အဲ .. ပြဿနာက လက်မထက်ခင် ၁ ပတ်လောက်အလိုမှာ စတွေ့တာပဲ။

ပြဿနာရဲအစကတော့ ကျွန်တော့ ချစ်သူရဲ့ ညီမပါပဲ။ အသက်က ၂၂ လောက်ပါ။ သူဟာ မီနီစကတ်ကျပ်ကျပ်တွေ ဝတ်တယ်။ လယ်ဟိုက် အင်္ကျီတွေဝတ်တယ်။ ကျွန်တော့ရှေ့ရောက်ရင် ကလပ်တပ်တပ် နေတယ်။ ၁ ရက်တော့ ကျွန်တော့ကို ဖွင့်ပြောလာတယ်။
"အစ်ကို့ ကို ကျွန်မ ချစ်နေတာ ပါ"...တဲ့
ဟိုက် မလွယ်ပါ့လားပေါ့။
"အစ်ကို့ကို ကျွန်မ အစ်မလက်ထဲ မထည့်လိုက်ခင် ကျွန်မဆန္ဒကို တစ်ကြိမ်လောက်လိုက်ရောပေးပါလား ဟင်"..တဲ့
ကျွန်တော်ဘာပြန်ပြောရမလဲ စဉ်းစားလို့မရသေးဘူး
သူက ဆက်ပြောတယ်။

"အကယ်၍ အစ်ကို သဘောတူတယ်ဆို ရင် အပေါ်ထပ်ကိုလိုက်ခဲ့ပါ ညီမ အပေါ်ထပ်မှာ ရှိနေမယ် " ဆိုပြီ အပေါ်ထပ်တက်သွားပါရော။
ကျွန်တော့မှာတော့ ကြက်သေသေပြီး သူအပေါ်တက်သွားတာကို ပဲ လိုက်ကြည့်နေမိတာပေါ့။
ချီတုန်ချတုန်လဲ ဖြစ်နေမိတယ်။ စိတ်တွေလဲ လှုပ်ရှားနေမိတယ်ပေါ့ဗျာ။
နောက်ဆုံးတော့ ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ အိမ်ရှေ့တံခါးဆီကနေ ကျွန်တော့ 'ကား' ရှိရာဆီကို ဦးတည်ထွက်ခဲ့လိုက်ပါတော့တယ်။

ဒီချိန်မှာပဲ ခြံထဲမှာ တွေ့လိုက်ရတာကတော့ ကျွန်တော်မကြာခင် တော်စပ်ရတော့မယ့် မိသားစုပါပဲ။ ယောက္ခမ(သူ့အမေ) လောင်းကြီးပြုံးလို့ပေါ့။ သူအဖေကြီးကလဲ အားရဝမ်းသာနဲ့ပေါ့
"သမီးရေ နင်တော့ တကယ့်ကို ရိုးသားဖြူစင်ပြီး သစ္စာရှိတဲ့ ယောက်ျားနဲ့ လက်တွဲရတာပဲဟေ့ အဖေ စိတ်ချပြီကွာ"...တဲ့။ ကျွန်တော့ ဇနီးလောင်းလေးမှာတော့ မျက်ရည်တွေ တွင်တွင် ကျလို့ပေါ့။

ကဲပုံပြင်လေးကတော့ ဒါပါပဲ ခင်ဗျာ။
ဒီပုံပြင်လေးကနေ ရလိုက်တဲ့ သင်ခန်းစာကိုပြောပြရမယ်ဆိုရင်တော့
"သင်ဟာ အဖော်ကို ကားပေါ်မှာပဲ အမြဲထားပါ"...တဲ့။



ဟာသဓါတ်ပုံများ  & ဟာသကမ္ဘာ (Funny World) @ Facebook မှ ဟာသများကို ပြင်ဆင်ဖော်ပြခြင်းဖြစ်ပါသည်

No comments:

Post a Comment