Saturday, July 20, 2013

လယ်ယာမြေ ပြဿနာများ နှင်. လွှတ်တော်က အသံများ



လွှတ်တော် အတွင်း ပြီးခဲ့တဲ့ ရက်ပိုင်းတွေက လယ်ယာမြေသိမ်းဆည်းခြင်း ပြန်လည်ပေးအပ်ခြင်း စုံစမ်းစစ်ဆေးခြင်းစတဲ့ ကိစ္စတွေ နဲ. ပတ်သက်လို. အတော်လေး အသံတွေထွက်လာခဲ့ပါတယ် ...ဒီထဲက လက်လှမ်းမှီသမျှလေးတွေ စုဆောင်းဖော်ပြခြင်းဖြစ်ပါတယ်

 လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် နစ်နာမှု မရှိစေရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ ဦးတင်ထွတ် က ''ကော်မရှင်ရဲ့ အကြံပြုချက်များဟာ တစ်နိုင်ငံလုံးကို လွှမ်းခြုံတဲ့ မူဝါဒ၊ သတ်မှတ် အကြံပြုချက်သာ ဖြစ်ပါတယ်။ အသေးစိတ် စုံစမ်းပြီး အဆုံးအဖြတ် ပေးရမှာက အစိုးရ အဖွဲ့အစည်းများသာ ဖြစ်ပါတယ်။ တိုင်စာပါ ဖြစ်စဉ်ဖြစ်ရပ်များကို စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ခွဲများက သွားရောက်စုံစမ်း လေ့လာသည် ဖြစ်စေ၊ စုံစမ်းစစ်ဆေးနိုင်ခြင်း မရှိသည်ဖြစ်စေ ကျွန်တော်တို့ရဲ့ အကြံပြုချက်ပါ။ ကျွန်တော်တို့ဟာ မူသဘော၊ မဟာဗျူဟာ သဘောပဲ အကျုံးဝင်အောင် အကြံပြုထားခြင်း ဖြစ်ပါတယ်''ဒါ.အပြင်... အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်း များသည်လည်း ပြည်ထောင်စု အစိုးရမှသည် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအထိ အာဏာခွဲဝေ ကျင့်သုံးမှုအရ မြေယာပြဿနာများကို သက်ဆိုင်ရာ အာဏာနှင့် လုပ်ပိုင်ခွင့်အလိုက် ဖြေရှင်းပေးနိုင်ကြောင်းအပြင် အချို့သော လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် အုပ်ချုပ်ရေးပိုင်းရှိ လူများကို လွှမ်းမိုးမှု၊ စွက်ဖက်မှု ပြုလုပ်ခြင်းမှာလည်း မသင့်လျော်ကြောင်း ၎င်း၏အဆိုတွင် ထည့်သွင်း ပြောကြားခဲ့ပါတယ်

Photo - DVB
 န်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်၉ အမျိုးသားလွှတ်တော်အမတ် ဒေါက်တာခင်ရွှေ က  ဥပဒေမဲ့ လယ်ယာသိမ်းယူသည်ဟု ပြောနေမည်.အစား ၁၉၅၃ နှင်. ၁၉၆၃ လယ်ယာမြေ ဥပဒေ ၏ အားနည်းချက်များကြောင်. ဆိုလျှင် ပိုမှန်မည်ဖြစ်ကြောင်း ထို.အတွက် ဥပဒေ များ၏ အားနည်းချက်ကို ပြည်ထောင်စုလွှတ်တော်မှ နစ်နာခဲ့သည်. ပြည်သူများအတွက် မည်သို.အစားထိုး ကုစား အကာအကွယ် ပေးမည် ..အာအကွယ်ပေးမည်. ဥပဒေများပြုပေးသွားရန်သာ လိုကြောင်း .ဖွဲ.စည်းပုံအခြေခံဥပဒေ ၄၄၃ နှင်. ၄၄၄ အရ ယခင်အစိုးရ လက်ထက်မှ လုပ်ဆောင်ခဲ့သည်. လုပ်ငန်းများကို ယခုအစိုးရမှ ဆက်လက်အသိအမှတ်ပြု ဆောင်ရွက်သွားရမှာဖြစ်ကြောင်းပုဒ်မ ၄၅၇ (က) အရ ယခင်အစိုးရဆောင်ရွက်ခဲ့သည်. လုပ်ငန်းနှင်. ပတ်သက်ပြီး ပဋိညာဉ်နှင်. တာဝန်များ ပျက်ကွက်လျှင် ပြည်ထောင်စု အစိုးရအဖွဲ.အား တရားစွဲဆိုနိုင်ရန် အခွင်.အရေးအရ ပြည်ထောင်စုအစိုးရအား တရားစွဲဆိုနိုင်သည်ဟု ပါရှိကြောင်း..ထို.အတွက် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များအနေဖြင်. အပြစ်ရှာမှာလား  အဖြေရှာမှာလား  လို.ပြောကြားမေးမြန်းသွားခဲ့ ပြီး

Photo by Mizzima
တပ်ဝင်းအပြင်ဘက်ကို သိမ်းဆည်းတာ လိုအပ်တာထက်ပိုပြီးသိမ်းဆည်းတာ တစ်ဆက်တစ်စပ်တည်း မဟုတ်ပဲသိမ်းဆည်းတာ  မြို.ကျော် နယ်ကျော်ပြီးတော.သိမ်းတာ နောက်တစ်ခါ တိုင်းကျော်ပြည်နယ်ကျော်ပြီးသိမ်းတာတွေ ထိရှိပါတယ် လို. သနပ်ပင်လွှတ်တော်ကိုယ်စားလှယ် ဦးမြင်.ဦး ကပြောကြားခဲ့ပါတယ်

Photo by IRRAWADDY
 ကာကွယ်ရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် ကတော. တပ်မှသိမ်းဆည်းထားသော လယ်မြေများ ပြန်လည်ပေးအပ်ရေး စဉ်းစားရာတွင် မြေပိုင်ဆိုင်မှုအထောက်အထားဖြစ်သည်. ပြည်ထဲရေးအမိန်. ၊လန/၃၉ ရရှိမှု စသည်တို.အပေါ် အခြေခံစဉ်းစားခြင်းမပြုပါကြောင်း ၊မူလသိမ်းယူစဉ်က လယ်မြေ ၊ယာမြေဖြစ်ခြင်း  ၊ တပ်များစိုက်ပျိုးခြင်းမပြုပဲ သီးစားချထားပေးသောမြေများဖြစ်ခြင်း စသည်တို.ကို ၊ပြန်လည်ပေး အပ်ရေး စဉ်းစားဆောင်ရွက်ပါကြောင်း ၊ဥပဒေ ပိုင်ဆိုင်မှု ရှုထောင်.ထက် ခွင်ပြုနိုင်သည်.နေရာများတွင် လူမှုရေးဆိုင်ရာ ရှုထောင်.မှ စဉ်းစားဆောင်ရွက်လျှက်ရှိပါကြောင်း ။  စိစစ်ဆောင်ရွက်ပြီးသော စစ်တိုင်း၁၀ခု တွင် တိုင်ကြားစာ ၃၈၂ စောင်တွင် စွန်.လွှတ်နိုင်ခြင်း မရှိသော်လည်းပဲ  သက်ဆိုင်ရာတောင်သူများသို. သီးစားခမယူပဲ အခမဲ.စိုက်ပျိုးနိုင်ခွင်. ပေးအပ်နိုင်မည်. မြေ ၆၁၅.၇၃ ဧက ၊ အပြီးအပိုင် ပြန်လည်စွန်.လွှတ်နိုင်မည်. မြေ ၇၆၆၄.၄၉ ဧကရှိပြီး  တိုင်ကြားစာတွင်မပါဝင်သော်လည်း အပြီးအပိုင်ပြန်လည်စွှန်.လွှတ်ပေးမည်.မြေ ၁၀၇၀၀ ဧက အပါအ၀င် စုစုပေါင်း ၁၈၃၆၄.၄၉ ဧကပြန်လည်ပေးအပ်နိုင်မည်ဖြစ်ပါကြောင်း ပထမအကြိမ်ပေးပို.လာသော တိုင်ကြားစာ ၄၈၈ စောင်အနက် အထက်ပါတိုင်စာ ၃၈၂ ကိုစိစစ်ဆောင်ရွက်ခဲ့ပြီး ကျန်တိုင်စာ ၁၀၆ စောင်ကို စစ်တိုင်းအလိုက်စိစစ်နေပြီး  စစ်ထောက်ချုပ်ရုံးသို. ရောက်ရှိပြီးဖြစ်၍ ယခုဇူလိုင်လ အတွင်း ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ၊ထပ်မံတိုင်ကြားလာသည်. တိုင်ကြားစာ ၁၇၆ စောင်ကိုလည်း ဆက်လက်စိစစ်ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ။ တပ်၏ ဋ္ဌာနချုပ်နယ်မြေများ အတွင်းအဆောက်အဦ နှင်.မလွတ်ကင်းသော နေရာများ ၊အမြောက်ကြီးများ ၊လက်နက်ကြီး၊ လက်နက်ငယ်၊ သံချပ်ကာ ၊ တင်.တပ်ဖွဲ. များ၏ စက်ပစ်ကွင်း များ ၊လေ.ကျင်.ရေး နယ်မြေများ နှင်. အကြီးစား စက်ရုံကြီးများ၏ ထုတ်လုပ်မှု နယ်မြေများနှင်. စမ်းသပ်မှု နယ်မြေများတွင် ထိခိုက်မှု အန္တရာယ်ရှိနိုင်ခြင်း ၊ လုံခြုံရေးအရ ကန်.သတ်တားဆီး၇န် လိုအပ်ခြင်း ကြောင်. ပြန်လည်စွန်.လွှတ်ပေးရန် မဖြစ်နိုင်ပါကြောင်း ၊ဤ သို.ပြန်လည်စွန်.လွှတ်ပေးရန် မဖြစ်နိုင်သော တပ်ပိုင်မြေများအား ပြန်လည်ရရှိရေးအတွက် တောင်သူများမှ ဆန္ဒပြခြင်း ၊ဆက်လက်တိုက်ပွဲဝင်ခြင်းများကိုလည်း တားဆီးရပ်တန်.ပေး၇န် လိုအပ်ပါကြောင်း  ပြောကြားခဲ့သလို


ငပုတောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ် ခင်စန်းမြင့် က ““ကျွန်မတို့ ဧရာဝတီတိုင်း ကော်မရှင်အဖွဲ့ခွဲအနေနဲ့ ကျွန်မရဲ့ မဲဆန္ဒ နယ်တစ်ခုဖြစ်တဲ့ အုန်းကျွန်းကြီးဒေသမှာ တပ်မတော်က သိမ်းဆည်းထားတဲ့မြေနဲ့ ပတ်သက်ပြီး ကွင်းဆင်းစုံစမ်းခဲ့ကြပါတယ်။ အဲဒီမှာသိမ်းဆည်းထားတဲ့မြေများနဲ့ ပတ် သက်လို့ စုံစမ်းတဲ့အခါမှာ သိမ်းဆည်းခံ ထားရတဲ့တောင်သူလယ်သမားများအနေ နဲ့ အသက်အရွယ်ကြီးရင့်လို့ သေဆုံးသွား ကြသလို တချို့တွေက နာမကျန်းဖြစ်နေ ကြပါတယ်။ သူတို့ရဲ့ နစ်နာမှုကို ပိုင်ဆိုင် ခွင့်လေးများရမယ်ဆိုရင် မသေခင်မှာ သုံးခွဲချင်ကြပါတယ်။ တာဝန်ရှိသူအားလုံး က ဆောလျင်စွာမဆောင်ရွက်ခဲ့တဲ့အကျိုး ဆက်က ဒီမှာတင်ရပ်မသွားပါဘူး။ ဆောင် ရွက်စရာရှိတာတွေ  အဆောတလျင် မဆောင်ရွက်ပေးခဲ့တဲ့အတွက် အဆိုရှင် တင်ပြခဲ့သလို နိုင်ငံတော်အစိုးရကသော် လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်မှ လည်းကောင်း တာဝန်ပေးအပ်ထားခြင်း မရှိတဲ့ လူပုဂ်္ဂိုလ်နဲ့ အဖွဲ့အစည်းအချို့ဟာ ၎င်းတို့ဆန္ဒအလျောက် တောင်သူလယ် သမားအရေး ဆောင်ရွက်ပေးသူများ အဖြစ် သူတို့ကိုယ်သူတို့ သတ်မှတ်ပြီး တော့ တောင်သူလယ်သမားတွေကို စိတ် ခံစားမှု မကျေနပ်မှုများ ပိုမိုပြီး ကြီးထွား လာအောင်၊ မကျေနပ်မှုမှ ဒေါသအဖြစ် ကူးပြောင်းသွားအောင် ပြောဆိုခဲ့ကြလို့ ပဋိပက္ခအသွင်မှ လူတွေသေတဲ့အထိဖြစ် ပွားသွားခဲ့ကြတာ အားလုံးအသိပဲ ဖြစ်ပါ တယ်။
နာယကကြီးရှင့်၊ အခုဆိုရင်တာဝန် ရှိသူများရဲ့ ဥပဒေအတိုင်း ဆောလျင်စွာ ပြတ်ပြတ်သားသားမရှိ၊ မဆောင်ရွက်ခဲ့ ကြလို့ အဲဒီအဖွဲ့တွေဟာ ကျွန်မတို့ရဲ့ မြို့နယ်ထဲကိုလည်း ရောက်လာပြီးတော့ အေးချမ်းစွာ နေထိုင်လျက်ရှိကြတဲ့   တောင်သူများ၊ ပြည်သူများကို ပဋိပက္ခ ဖြစ်အောင် ဆူပူလှုပ်ရှားမှုဖြစ်အောင်၊ ခိုက်ရန်ဒေါသများ ဖြစ်အောင် သွေးထိုး လှုံ့ဆော်မှုများကြောင့်ပြည်သူအချင်းချင်း ထွန်တုံးတိုက်ပွဲတွေကိုလုပ်ခိုင်း၊ တစ်ဆင့် တက်ပြီး အချင်းချင်းခုတ်ထစ်သတ်ဖြတ် မှုတွေပေါ်ပေါက်မယ့်အခြေအနေမျိုးကို ရောက်အောင်ဆောင်ရွက်နေကြပါတယ်။ အဲဒီအဖွဲ့တွေဟာ လယ်သိမ်းခံရတာ တစ်ခါပဲသိမ်းသိမ်း၊ တာဝန်မကျေလို့ပဲ ဆုံးရှုံးဆုံးရှုံး၊ ငွေပေးငွေယူကြောင့်ပဲဖြစ်ဖြစ် ငါတို့ဆရာတွေက ရအောင်လုပ်ပေး လို့ရတယ်။ ပိုပြီးတော့ဆိုးဝါးတာက လွန် ခဲ့တဲ့ နှစ်ပေါင်း ၃၀၊ ၄၀ လောက်က လယ်တွေကို ဒါမင်းတို့ဘိုးဘွားပိုင် လယ်မြေတွေပဲ၊ မင်းတို့ရပိုင်ခွင့်ရှိတယ်။ ငါတို့ကို လမ်းစရိတ်ပေးလိုက်ဆိုပြီးတော့ တစ်မြို့နယ်လုံးမှာဆောင်ရွက်နေပါတယ်။ လမ်းစရိတ်ပေးပြီးတော့ တစ်ဦးကို ဘယ် လောက်ပေးရလဲလို့ ကျွန်မမေးကြည့်တဲ့ အခါမှာ သုံးသောင်းပေးရပါတယ်လို့ ပြောပါတယ်။ သူတို့က အခုလယ်တစ် ဧကကို သုံးသိန်းလောက်တန်တယ်။ သုံး သောင်းလောက်တောင်မှ မရင်းနိုင်ဘူး လားဆိုတဲ့ မက်လုံးတွေနဲ့ ဗဟုသုတနည်း တဲ့၊ မှန်ကန်စွာဆုံးဖြတ်နိုင်စွမ်းမပြုလုပ်နိုင် တဲ့ ပြည်သူတွေကို ခုတုံးလုပ်ပြီးလယ်ယာ မြေသိမ်းဆည်းခံရမှုကိစ္စကို လက်နက် သဖွယ် အသုံးချပြီး ကိုယ်ကျိုးစီးပွား အမြတ်ထုတ်မှုနဲ့ နိုင်ငံရေးအမြတ်ထုတ်မှု များ ပြုလုပ်နေကြပါတယ်။ ပြည်သူတွေ ကို စာရွက်တွေပေါ်မှာ လမ်းစရိတ်ဖြည့် လက်မှတ်ရေးထိုးခိုင်းပြီး တက်သွားတယ်။ ပြီးတော့ ရွာကိုပြန်ရောက်လာတယ်။ ““ငါ တို့အားလုံးလုပ်ပြီးပြီ။ မင်းတို့လယ်ထွန်ပေ တော့ တစ်ဦးတည်းတော့မထွန်နဲ့။ အုပ်စုဖွဲ့ ပြီးတော့ထွန်။ ဘာမှမကြောက်နဲ့။ မင်းတို့ နောက်မှာငါတို့ရှိတယ်”” လို့ မြှောက်ပေး ပြီး ဥပဒေဘောင်အတွင်းက ဖြေရှင်းရမယ့် ဟာကို ဆူပူပဋိပက္ခဖြစ်အောင်လုပ်၊ အုပ်စုတွေဖွဲ့ပေး၊ ဓားကိုင်ပြီးတော့ ထွန် တဲ့သူကထွန်၊ အမျိုးသမီးတွေ အသုံးချပြီး ဆောင်ရွက်နေတာဖြစ်တဲ့အတွက်ကြောင့်  ကျွန်မတို့နယ်တွေမှာ ဆိုးဝါးစွာဖြစ်ပေါ် နေပါတယ်။ တချို့ဆိုရင် သူတို့နဲ့ လုံးဝ မပတ်သက်တဲ့နေရာတွေကို ၀င်ပြီးထွန်တဲ့ အခါ ဘာကြောင့် မင်းတို့ဝင်ထွန်လဲလို့ မေးတော့ ငါတို့မှာ ထွန်စရာမြေမရှိလို့ ရှိတဲ့မြေကို ထွန်ရတယ်လို့ ပြန်ပြီးပြောဆို နေတာတွေလည်း ကျွန်မတို့ကြားသိရပါ တယ်။
နာယကကြီးရှင့်၊ ကျွန်မတို့တောသူ တောင်သားတွေဟာ အေးချမ်းစွာနေ ထိုင်လိုကြပါတယ်။ အဲဒီအဖွဲ့တွေက မြှောက်ထိုးပင့်ကော်လုပ်ပေးလို့ တင်းမာ မှုတွေ ဖြစ်နေကြရတဲ့ ပြည်သူတွေဟာ ယခင်တုန်းက ကျွန်မတို့ ကျေးရွာကြီးတွေ မှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက်အတူတကွ လက်တွဲပြီးဆောင်ရွက်ခဲ့ကြသူတွေပဲ ဖြစ် ပါတယ်။ တချို့ဆိုရင် မိဘနဲ့ သားသမီး ညီအစ်ကို မောင်နှမအချင်းချင်း ဦးလေး ဘကြီးတွေအားလုံးဟာ မျက်နှာချင်း တောင်မဆိုင်နိုင်လောက်အောင်ပင် ဖြစ် ပျက်နေကြပါတယ်။ ဥပဒေအရ ဆောင် ရွက်လိုသူတွေက ဖြစ်ပေါ်နေတဲ့ အခြေ အနေတွေကို သူတို့ရဲ့ အနီးစပ်ဆုံး အုပ်ချုပ်ရေးမှူးတွေဆီသွားပြီးတော့ပြော တဲ့အခါမှာ ဒါဟာ ရဲအရေးပိုင်ဆိုပြီး ရဲ စခန်းကို လွှတ်ပါတယ်။ ရဲစခန်းကို ရောက်တဲ့အခါ ရဲတွေက ဒါငါတို့ကို ညွှန်ကြားထားတာမရှိဘူး၊ တရားရုံးကို ဦးတိုက်လျှောက်ဆိုပြီး၊ တရားရုံးကလည်း လယ်ယာမြေအမှုဖြစ်တဲ့အတွက်ကျွန်တော် တို့နဲ့ မဆိုင်ဘူး၊ တရားရုံးကလည်းပယ်ချ။ အဲဒီတော့ မြို့နယ်အုပ်ချုပ်ရေးကလည်း ဘာမှလုပ်မပေးတော့ ကျွန်မတို့မြို့နယ်ထဲ မှာ တရားဥပဒေစိုးမိုးမှုမရှိ၊ ဘယ်အချိန် ငါတို့ကို ဓားနဲ့လာခုတ်မလဲ၊ ဓားခုတ်ပွဲ တွေတွေ့ရမလဲဆိုတဲ့ စိုးရိမ်မှုများစွာနဲ့ ဘယ်သူ့ကို အဖေခေါ်လို့ခေါ်ရမှန်း တောင်မသိ ဖြစ်နေပါတယ်။ ကျွန်မတို့ကို လွှတ်တော်ကိုယ်စားလှယ်ကြီးရှိတယ်ဆို ပြီး အားကိုးတကြီးနဲ့ရောက်လာပြန်တော့ လည်း ကျွန်မတို့ကတော့ ပြောနိုင်တာ စိတ်ရှည်ရှည်ထားပါ၊ ဥပဒေဘောင် အတွင်းကပဲ ဖြေရှင်းကြပါ၊ ဘာပြဿနာ မှ မဖြစ်ပါစေနဲ့ လုပ်ပေးပါလိမ့်မယ်ဆိုတဲ့ ဒီစကားကလွဲပြီး ကျွန်မတို့ဘာမှ မပြော နိုင်ပါဘူး။ ရဲစခန်းနဲ့ တရားရုံးကတော့ လူသတ်မှုတွေဖြစ်မယ်။ အမှုတွေဖြစ်လာ ရင် စစ်ပေးလိုက်ရုံပဲလို့ ခံယူထားသလား တော့မသိဘူး။ ကျွန်မတို့မြို့နယ်မှာ တရားဥပဒေစိုးမိုးမှု မရှိတာကတော့ ကျွန်မ တို့လက်တွေ့ဖြစ်နေပါတယ်။
နာယကကြီးရှင့်၊ အဆိုရှင် တင်ပြခဲ့ တဲ့တပ်မတော် တပ်ရင်းတပ်ဖွဲ့များက သိမ်း ဆည်းထားတဲ့မြေယာကိစ္စတွေနဲ့ ပတ် သက်ပြီး တပ်ရင်းတပ်ဖွဲ့ပြင်ပမှာရှိတဲ့မြေ၊ သက်သာချောင်ချိရေးအတွက် သိမ်းဆည်း ထားတဲ့ မြေတွေ၊တပ်ရင်းတပ်ဖွဲ့များရဲ့ အကွက်ချပုံစံများမှာ မပါဝင်တဲ့ မြေတွေ ကို တိုင်းစစ်ဌာနမှ အဖွဲ့များဖြင့် အပိုင်း လိုက်စစ်ဆေးပြီးတော့ လယ်မြေသိမ်း ဆည်းခံရတဲ့ တောင်သူလယ်သမားများ နစ်နာမှုမရှိစေရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်းလို့ သိရတဲ့အတွက် ၀မ်းသာပါ တယ်။ ဒါပေမဲ့လည်း ဒီရက်ပိုင်းလေး အတွင်းမှာလေ့လာစုံစမ်းခဲ့ရတဲ့ မြောင်းမြ မြို့နယ်ထဲမှာ တပ်မတော်တပ်ရင်းတပ်ဖွဲ့ ၅ ခုထဲက သိမ်းဆည်းထားတဲ့ မြေဧက ၅၀၀ ပေါ်မှာ မြောင်းမြကော်မရှင်ကသာ အစီရင်ခံစာတင်ပြီးပြီ၊ ဆက်လက်ဆောင် ရွက်ပေးပါလိမ့်မယ်လို့ပြောနေပေမဲ့ အခု ကျွန်တော်တို့ကို ရဲစခန်းမှာ အမှုဖွင့်ထား တယ်၊ ဘယ်လိုလုပ်ရမလဲလို့ မေးမြန်း လာကြပါတယ်။ အပေါ်မှာ ပြောနေတာ နဲ့ အောက်ခြေမှာဖြစ်နေတာ တစ်မျိုးစီ ဖြစ်နေတဲ့အတွက်ကြောင့် ဘယ်ဟာကို ယုံရမှန်းမသိဖြစ်နေပါတယ်။ ဒါကလည်း ကော်မရှင်ကို ယုံကြည်မှုကင်းမဲ့စေတဲ့ အချက်တစ်ချက်ပဲဖြစ်ပါတယ်။ တောင်သူ လယ်သမားများဟာ အကြောင်းအမျိုးမျိုး ကြောင့် နှစ်ပေါင်းများစွာ နစ်နာလာခဲ့ပြီး တော့ ဒီကနေ့ဘာမှဖြစ်မလာခဲ့တဲ့အတွက် ကော်မရှင်ပေါ်မှာ ယုံကြည်မှုကင်းမဲ့သွား ပြီးတော့ တောင်သူလယ်သမားအရေး ဆောင်ရွက်ပေးသူများကို လွဲမှားစွာယုံ ကြည်သွားကြတာလို့ ကျွန်မယုံကြည် ယူဆမိပါတယ်။ ဒီလိုလွဲမှားစွာ ယုံကြည် သွားတဲ့အတွက် ရပ်ရွာတည်ငြိမ်အေးချမ်း မှုကိုထိပါးပြီးတော့ ပဋိပက္ခအသွင်ဆောင် တဲ့ ဖြစ်ရပ်များ၊ ဆူပူအုံကြွမှုများ၊ ကျေးရွာ အတွင်း အချင်းချင်း အထင်အမြင်လွဲမှား ပြီးတော့ ဖွံ့ဖြိုးတိုးတက်မှုများ နောက်ကျ ကျန်ရစ်ခြင်းတို့ကြောင့် အမှန်တကယ် နစ်နာသွားသူတွေက ပဋိပက္ခကြောင့် သေရသူတွေ၊ ထောင်ထဲရောက်သွားရတဲ့  သူတွေ၊ ဒါတွေဟာ ကျွန်မတို့ရဲ့ ပြည်သူ တွေပဲဖြစ်ပါတယ်။ ကောင်းစားသွားသူ များက တောင်သူလယ်သမားအရေး ဆောင်ရွက်ပေးကြတဲ့သူတွေပဲ ဖြစ်ပါ တယ်။
နာယကကြီးနဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များရှင်၊ အဖြစ် အပျက်ကလေးတစ်ခုပါ။ကျွန်မတို့မြို့နယ် ထဲမှာ ဧက ၈၀၀ ကျော် ပြန်လည်လွှဲ ပြောင်းပေးတဲ့ပွဲမှာ တောင်သူလယ်သမား အမျိုးသမီးတစ်ဦးက သူရဲ့ဆုံးရှုံးသွားတဲ့ လယ်တွေနဲ့ ပတ်သက်ပြီးတော့ ပြန်ရဖို့ အတွက် ပါတီတစ်ခုကလာပါတယ်။ငါတို့ ကို ခရီးစရိတ်ပေး၊ နင့်လယ်ကို ရအောင် လုပ်ပေးမယ်ဆိုတော့ ၆ သိန်းပေးလိုက်ရ ပါတယ်။ နောက်တစ်ခါ ရှေ့နေတစ်ဦးက ရောက်ရှိလာပြီး လယ်ပြန်ရအောင်လုပ် ပေးမယ်ဆိုပြီး သိန်း ၂၀ရအောင်တောင်း သွားပါတယ်။ ဒါလည်းပြန်ရခဲ့တာမရှိပါ ဘူး။ ဆုံးရှုံးတာက တောင်သူလယ်သမား တွေဖြစ်ပြီးတော့ စီးပွားဖြစ်သွားသူတွေက တောင်သူလယ်သမားအရေးဆောင်ရွက် ပေးသူများပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အဓိက အကြောင်းအရင်းက တာဝန်ရှိသူ များက ဥပဒေအရ လုပ်စရာရှိတာကို မလုပ်၊ ဖြေရှင်းပေးရမယ့်အလုပ်ကို ပြတ် ပြတ်သားသားမလုပ်ခဲ့တဲ့အတွက် အဲဒီသူ တွေက ငါတို့ပြောတိုင်းရတယ်၊ ငါတို့လုပ် တိုင်းရတယ်၊ ငါတို့ကို ဘယ်သူမှ အရေး ယူလို့မရဘူးဆိုပြီး နာမည်ယူအမြတ်ထုတ်  ပြီး  တစ်ရွာတစ်မြို့သို့ ကူးစက်လောင် ကျွမ်းပြီး ဥပဒေမဲ့လုပ်ရပ်က အမှန်လို့ တောင်သူတွေကလွဲမှားစွာခံယူသွားကြပါ ပြီ။ ဥပဒေကို လက်တစ်လုံးခြားလုပ်နေတဲ့ သူတွေက တောင်သူလယ်သမားအရေး ဆောင်ရွက်ပေးနေသူတွေပဲ ဖြစ်ပါတယ်။ ယနေ့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ မြေယာ များ သိမ်းဆည်းခံရမှုနဲ့ ပတ်သက်ပြီး ပြော ဆိုလုပ်ကိုင်နေသူများဟာ ဆန္ဒဒေါသ၊ ဘယာမောဟတွေနဲ့ ဆောင်ရွက်နေကြ တာ များပါတယ်။
ကျွန်မနောက်ဆုံးအနေနဲ့ ပြောလို တာက ပြည်ထောင်စု လွှတ်တော်ကြီးက  လမ်းညွှန်ပေးထားပြီး တစ်ခဲနက်လည်း အတည်ပြုထားပြီးပါပြီ။ တာဝန်ရှိသူတွေ ကိုလည်း ကော်မရှင်က အတည်ပြုပေး ခဲ့တဲ့အချက်များစွာ ရှိနေပါပြီ။ အပိုင်း (၁) နဲ့ အပိုင်း (၂) ဆိုပြီး ပြည်ထောင်စု လွှတ်တော်မှာ တင်ထားပြီးပါပြီ။ ဒီကိစ္စ ဟာ အရေးကြီးတဲ့အတွက် ကော်မရှင် ဥက္ကဋ္ဌ ဦးတင်ထွဋ်ရဲ့အဆိုကို ထောက်ခံ ပြီး အမြန်ဆုံး ဆောင်ရွက်ပေးဖို့ တိုက် တွန်းချင်ပါတယ်””  လို.တင်သွင်းသွားခဲ့ပါတယ်


လယ်ယာမြေ သိမ်းဆည်းခံရမှုများ စုံစမ်းရေးကော်မရှင်အဖွဲ.၀င် ဦးအောင်သိန်းလင်း  ကတော.ပြောကြားရာမှာ…….လယ်ယာမြေနှင်. အခြားမြေများ သိမ်းဆည်းခံရမှုကြောင်. ပြည်ပနိုင်ငံများကပါ အာရုံစိုက်လာသည်ကိုတွေ.ရသည်.အပြင် အချိန်မှီမဖြေရှင်းနိုင်ပါလျှင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များမှာ နောက်ပြန်လည်သွားမည်ကို စိုးရိမ်ဖွယ်ရာ တွေ.ရှိရပါကြောင်း  မြေသိမ်းဥပဒေနှင်. မညီညွတ်သော မြေသိမ်းဆည်းမှုနှင်. မြေသိမ်းခံ လယ်သမားများအပေါ် ကိုယ်ချင်းစာနာမှု ကင်းခြင်းမျာုးပ်ချုပ်ရေး အာဏာပိုင် အဆင်.ဆင်.၏ ခေါင်းရှောင်နေမှုများ ၊Company များ၏တစ်ဖက်သတ် နိုင်.ထက်စီးနင်း လုပ်ရပ်များအပေါ် အာဏာပိုင် များမှပင် လျစ်လျှု ရှုထားမှုများကြောင်. မြေသိမ်းခံ လယ်သမားများနှင်. ကြားရသူအပေါင်း၏ ရင်မှမကျေနပ်မှုများ တစ်နေ.တစ်ခြား တိုးပွားလာနေသဖြင်. ဖြေရှင်းပေး၇န် လိုအပ်လာပြီဖြစ်ကြောင်း  အသိပေးခဲ့ပါတယ်

မလှိုင် မဲဆန္ဒနယ် မှ ပြည်သူ.လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက် က ဖြေရှင်းဖို. နည်းလမ်း ရှိပါလျှက်နဲ. မဖြေရှင်းနိုင်တာ အလုပ်လုပ်တဲ့သူတွေ မလုပ်ကြလို.ပဲလို. မြင်တယ်.. သက်ဆိုင်ရာ ၀န်ကြီးဋ္ဌာနတွေ အထူးသဖြင်. ဒီကိစ္စတွေကပို သက်ဆိုင်ရာ တိုင်းဒေသကြီး ၀န်ကြီးချုပ်တွေမှာ တာဝန်ရှိတယ်...ဟုပြောကြားခဲ့ပြီး


အလုံမဲဆန္ဒနယ် မှ ဦးခိုင်မောင်ရည် ကတော. နိုင်ငံတော်ရဲ. အခက်အခဲကိုလည်း သိတယ်..ဒါတွေကို ကော်မရှင်က ညှိုနှိုင်းဖြေရှင်းပေးခဲ့ပါတယ်...ဒါပေမယ်. သက်ဆိုင်ရာ အာဏာပိုင်အဖွဲ.အစည်းတွေရဲ. ပူးပေါင်းပါဝင်မှုလိုအပ်နေပါသေးတယ်လို. ပြောကြားခဲ့ပါတယ်

ဒါ.အပြင်  စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ. အစီရင်ခံစာမှာ  ပြည်ထောင်စုလွှတ်တော်မှ တာဝန်ပေးမထားသော လူပုဂ္ဂိုလ်၊ အဖွဲ့ အစည်းအချို့သည်
တောင်သူလယ်သမားများ၏ စိတ်ခံစားမှု၊ မကျေနပ်မှုများ ကြီးထွားလာရန်၊ မကျေနပ်မှုမှ ဒေါသ
အဖြစ် ကူးပြောင်းရန် သွေးထိုးလှုံ့ဆော်မှုများ၊ လယ်ယာမြေ သိမ်းဆည်းခံရမှု ကိစ္စရပ်များကို
လက်နက်သဖွယ် အသုံးချပြီး ကိုယ်ကျိုးစီးပွား အမြတ်ထုတ်မှုနှင့် နိုင်ငံရေး အမြတ်ထုတ်မှုများ
ရှိနေသည်ဟု စွပ်စွဲပြောကြားချက်ကို   ဖော်ပြထား တယ်လို. သိရပါတယ်

No comments:

Post a Comment