Tuesday, July 30, 2013

သက်တမ်း ၇၀ ကျော် ဈေးကျောင်းလေးရဲ. အတိတ် နဲ. ပစ္စုပ္ပန်




တကယ်တော. သူ၏ဘ၀က ၁၉၄၃ ခုနှစ်ခန်.က စတင်ခဲ့သည်ဟုပြောရမည်…
ထိုစဉ်ကတော. သာမာန် လူနေအဆောက်အဦး တစ်ခုအဖြစ် ..
သို.သော် မည်ကာမတ္တ ဖြစ်တည်လာခြင်းမျိုးတော. မဟုတ်ပဲ ဂုဏိသိက္ခာ ရှိစွာ.. ဂုဏ်ယူဖွယ်ရာ တစ်ခုအဖြစ် စတင် ဖြစ်တည်လာခဲ့ခြင်းဖြစ်သည်...

ထိုအိမ်၏ မူလပိုင်ရှင်တို.က ဦးကိုကိုလေး တို.၏ အဘိုး အဘွားများဟု သိရသည်..အဓိပြောချင်သည် ထိုအဆောက်အဦး၏ ဗိသုကာ ပညာရှင်ကြီးဖြစ်သော ၀ါးခယ်မသား လက်သမား ဆရာကြီး ဆရာသက် ဖြစ်သည်..ထိုပုဂ္ဂိုလ်သည်မြန်မာတွေ သံထည်မနိုင်ဟူသော စကားကို မခံချင်ဖြစ်ပြီး လေးဆူဓါတ်ပုံ ရွှေတိဂုံ စေတီတော်မြတ်၏ အနောက်ဖက် စောင်းတန်းအားသံဟင်္ဂလန်များဖြင်. အချိုးကျကျ တည်ဆောက်ပေးနိုင်ခဲ့သော ဂုဏ်ယူဖွယ် ပညာရှင်ဖြစ်သလို ရေရှည် တွက်မြှော် တည်ဆောက်နိုင်စွမ်းကြောင်. ယခင်အစိုးရလက်ထက် စောင်းတန်း လေးသွယ် ပြန်လည်ပြုပြင်တည်ဆောက်ရာတွင် အခြားစောင်းတန်းများကဲ့သို. ဖျက်ချပြုပြင်ရခြင်းမျိုးလုပ်စရာမလိုပဲ Remodeling လုပ်ရုံသာ လိုအပ်ခဲ့သည်. တစ်ခုတည်းသောစောင်းတန်း လည်းဖြစ်ခဲ့သည်..
.ထို.အပြင် ၀ါးခယ်မသကျမဟာသီရိမြတ်စွာဘုရားကြီး၏ပြဿဒ်တော်ကြီး၏မူလသစ်သားပန်းထောင်ပန်းဆွဲများကိုသွပ်ပြားသံပြားများနဲ့ပြန်လည်ပြုပြင်ခဲ့သော ပညာရှင်ကြီးလည်း ဖြစ်သည်...ထိုပုဂ္ဂိုလ်က ဤ အဆောက်အဦးကို ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်..ထိုအဆောက်အဦးပြီးချိန်တွင်မူလ အိမ်ရှင်များက ဆရာကြီး တစ်သက်နေပါဟုဆိုသဖြင်. ခြေရင်း ဘက်မှ အခန်းတစ်ခုတွင် နေထိုင်သွားခဲ့သေးသည်ဟု ဆရာကြီး၏ တပည်. လက်သမားဆရာ ဦးဘိုကြီး အပြောအရ သိရပါသည်..

ထို.နောက်ပိုင်းတွင်တော. ခုနှစ် လ ရက် အတိအကျ မသိသော တစ်နေ.၀ယ်  သူ.ဘ၀ကား လူတစ်ဦးတစ်ယောက်၏ မိသားစု နေထိုင်ရာ ဘ၀မှအများဆိုင်သော စာသင်ကျောင်း အဖြစ်သို. ပြောင်းလဲ  ခဲ့ပါသည် ..
တရုပ်အမျိုးသားတို.၏ တရုပ်ဘာသာ စာသင်ကျောင်းအဖြစ် ပြောင်းလဲခဲ့ခြင်းဖြစ်သည်..
(ထို.အတွက်ကြောင်.ယနေ.တိုင် အချို.သောသူများက သူ.နာမည်ဟောင်း တရုပ်ကျောင်းဟု သုံးစွဲနေတုန်းပင်)
သို.သော် ဘယ်အရာကို မှ ဘယ်သူမှ အစိုးမရမှန်း ပိုသေချာစေသည်ကတော.
၁၉၆၆ ဧပြီလ ၄ ရက်နေ.

ထိုနေ.တွင်တော. သူဘ၀ပြောင်းဖို.အကြောင်းဖန်လာပြန်တော.သည်
နိုင်ငံပိုင် အဆောက်အဦးအဖြစ် သိမ်းဆည်းခံလိုက်ရခြင်းပင်. (ထိုကိစ္စ ဖြစ်သင်.သလား မဖြစ်သင်.သလားက အငြင်းပွားဖွယ်ရာ အတော်များများရှိနေသော်လည်း လက်ရှိ နိုင်ငံတော် အစိုးရ တက်လာကာစက ယခင်အစိုးရများလက်ထက် နိုင်ငံပိုင်သိမ်းဆည်းခဲ့သော အဆောက်အအုံများ…လုပ်ငန်းများ..နေရာများကို မူလပိုင်ရှင်များထံ ပြန်ပေးလေမည်လားဟု အသံသဲ့သဲ့ ထွက်လာတော. နိုင်ငံရပ်ခြားရှိ မိတ်ဆွေ တစ်ချို.ကပြောကြသည်…မြန်မာနိုင်ငံရှိ သူတို. ဘိုးဘွားများပိုင်ဆိုင်ခဲ့သော မြေ..နေရာ..လုပ်ငန်း..အဆောက်အအုံများ ကိုပြန်လည်ရယူ၇န် လိုအပ်သည်များရှာဖွေ စုဆောင်း နေကြသော အိန္ဒိယမှ သူဋ္ဌေးများ…စင်္ကာပူမှ ထိုင်ဝမ်မှ လုပ်ငန်းရှင်များ..တရုပ်နိုင်ငံမှ ဆွေမျိုးပေါက်ဖော်များက တက်ကြွနေကြသည်တဲ့…တကယ်တော.လည်း ယခင်က ရန်ကုန်လိုနေရာမျိုးတောင် မြန်မာပိုင် ဆိုသည်က သိပ်ရှိလှသည်မဟုတ်…ဧရာဝတီတိုင်း၇ှိ လယ်မြေအတော်များများကလည်း အိန္ဒိယ နွယ်ဖွားတို.အပိုင်က ရာခိုင်နှုံး တော်တော်များများဆိုတော…………………..သို.သော်နောက်ဆုံးတော. လွှတ်တော်မှတစ်ဆင်. နိုင်ငံပိုင် သိမ်းထားသည်များ ပြန်ပေးရန်မရှိပါ ဟုဖြေကြားသံကြားလိုက်ရတော.မှပဲ….)


 သို.နှင်.ပင် ၁၉၆၆ မေလ ၂၃ ရက်နေ.တွင်တော. မူလတန်းကျောင်းအဖြစ် တရားဝင်ဖွင်.လှစ်ခွင်. ကျခဲ့ပြီး ယခုတိုင်သူ၏ တည်မြဲနေသော အမည်ဖြစ်သည်. အခြေခံပညာမူလတန်းကျောင်း (ဈေးရပ်ကွက်)…အမက ဈေး ဟူ သော အမည်ဖြင်. ရပ်တည်ခဲ့၇တော.သည်..သို.သော် မြို.လေးရှိ သူ.မိတ်ဆွေများက သူ.ကိုခေါ်တာတော. ဈေးကျောင်း တဲ့
တကယ်တော. သူ. ရပ်တည်ခွင်.ရသည်. နေရာ အတိအကျက အမှတ် ၃၉ မြူရုံးလမ်း ဈေးရပ်ကွက် ဖြစ်နေသောကြောင်. သူ.ကို အလွယ်တကူ ဈေးရပ်ကွက်တွင်ရှိသောကျောင်း… ဈေးကျောင်းဟု ခေါ်ကြခြင်းဖြစ်သည်..

သူ.တွင် မူလက တစ်ဆောင်တည်း အထီးကျန် ရပ်တည်ခဲ့ရသော်လည်း နောက်ပိုင်းတွင် တိုးချဲ.ဆောင် တစ်ဆောင်နှင်.မို. နှစ်ဆောင်ပြိုင်ကျောင်းဟုတောင် ခေါ်ရမလားမသိ…သူ၏ မူလအဆောင် တည်နေရာမြေသည် အလျှား ၅၃ ပေ အနံ ၈၈ပေ (၀.၁၀၇ ဧက ) ရှိပြီး ထိုအပေါ်တွင်မှ မျက်နှာစာ ၅၃ ပေ အနံ ပေ၈၀ အမြင်. ပေ၃၀ ရှိသော အဆောက်အအုံကို တည်ဆောက်ထားခြင်းဖြစ်ပြီး ယခုတော. သူ.ကို သီရိဆောင်ဟု နာမည် တပ်ထားသည်…နောက်မှ ပေါ်ပေါက်လာသော အဆောင်မှာ သူ၏ မျက်နှာခြင်းဆိုင်ရှိ အလျှား ၃၆ပေ အနံ ၁၁၇ ပေ (၀.၀၉၀ ဧက) ရှိမြေပေါ်တွင် ထပ်မံတည်ဆောက်ခဲ့သော လမ်းနှင်.အပြိုင် ၂၈ပေ အတွင်းသို. ပေ ၆၀ အမြင်. ၁၇ ပေရှိ  ရတနာဆောင်ဖြစ်သည်…


 ဈေးကျောင်းအဖြစ်နှင်. သူစရပ်တည်ခဲ့ပြီးသည်.နောက် သူ၏အကြီးအမှုးကျောင်းအုပ်ကြီးအဖြစ် ပထမဆုံး စတင် တာဝန်ယူရသူက ဦးခင်ဦး (၅-၄-၁၉၆၆ မှ ၁၉-၁၁-၁၉၆၇ ထိ) ဖြစ်သည်..
ထို.နောက်တွင်တော. ကျောင်းအုပ်ကြီးများအဖြစ် အစဉ်လိုက် အုပ်ချုပ်ခဲ့ကြသူများမှာ
ဦးညွှန်.ရွှေ (၂၀-၁၁-၁၉၆၇ မှ ၃၀-၇-၁၉၇၉ ထိ)
ဦးစိန်မြင်.  ( ၁  -၈ - ၁၉၇၉ မှ ၂၀-၂- ၁၉၉၇ ထိ)
ဦးတင်ဝင်း (၂၈-၁၀-၁၉၉၇  မှ ၁၄-၂-၂၀၁၁ ထိ)
ဦးတင်ဦး   ( ၁ - ၇ - ၂၀၁၁  မှ   ယနေ.   အထိ)   တို.ဖြစ်ကြသည်…
တကယ်တော. သူသည် မြို.လေးရှိ မူလတန်းကျောင်းများအနက် ထိပ်တန်းတွင် တည်ရှိနေသော ကျောင်း များအနက် တစ်ကျောင်းဖြစ်သည်..ဟိုးးး ယခင်ကဆိုလျှင်တော. သူ သာလျှင် ပြိုင်ဘက်ကင်း ရပ်တည်နေခဲ့သော်လည်း နောက်ပိုင်း အချို.သော ကျောင်းများကလည်း ပေါ်ပေါက်လာခဲ့သောကြောင်. အပြိုင်ရပ်တည်နေရခြင်းမျိုးတော. ရှိလာခဲ့သည် ..သို.သော် သူအတွက် ၃၀-၆-၂၀၀၄ တွင်တော. ဂုဏ်သိက္ခာ မြင်.တက်လာစရာအကြောင်းကပေါ်ပေါက်လာခဲ့သည်
၂၀၀၃-၂၀၀၄ ပညာသင်နှစ်အတွက် ဧရာဝတီတိုင်း တစ်တိုင်းလုံး၏ စံပြ မူလတန်းကျောင်းအဖြစ် ချီးမြှင်. ခံခဲ့ရခြင်းပင်….ထို.အပြင် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် စတုတ္ထတန်းကျောင်းသူ မမွန်မြတ်သူ သည် ယခုနောက်ပိုင်း နိုင်ငံတော်မှ ချီးမြှင်.လာသော အလယ်တန်း စကောလားရှစ် ရခဲ့ခြင်းကလည်း ယခုနောက်ဆုံး အောင်မြင်မှု တစ်ခုဖြစ်သည်…

မြို.လေးတွင် ထူးခြားချက် တစ်ခုက ဆရာဝန်အတော်များများကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ထိုအတော်များများထဲမှ အတော်များများက မြို.လေးတွင် ရှိနေပေးကြသည်…အချို.ကတော. ကိုယ်ပိုင်ဆေးခန်း ဖွင်.လှစ်ကာ အချို.က စီးပွားရေး လုပ်ငန်းရှင်များဖြစ်နေကြပြီး (နောက်ပိုင်း လူငယ်များမှလွဲ၍ )အစောပိုင်း ဆရာဝန်အားလုံး လိုလိုတွင် တူညီသည်. အချက် တစ်ခုက တော. In Service မဟုတ်ကြခြင်းဖြစ်သည်… ထိုဇာတိဖွား ဆရာဝန်များအနက် ယခင်ဆရာဝန်များ အားလုံး၏ ထက်ဝက်မကက ဤကျောင်းလေးတွင် ပညာသင်ကြားခဲ့ကြသူများဖြစ်သည်…


 ပညာရေး လောကတွင် မူဝါဒ တစ်ခု ပေါ်ပေါက်ခဲ့ဖူးသေးသည်…မူလတန်းကျောင်းများတွင်စံပြ မူကြိုကျောင်းများ ပူးတွဲဖွင်.လှစ်ခဲ့ရခြင်းဖြစ်သည်…ထို.ကြောင်. မူကြိုတန်းကို တိုးချဲ.ဆောင်ဖြစ်သော ရတနာဆောင်တွင်ဆရာကြီး ဦးတင်ဝင်း လက်ထက် စတင်ဖွင်.လှစ်ခဲ့ရခြင်းဖြစ်ပြီး ထိုစဉ်က ဈေးကျောင်း နှင်. မင်းပိုင်းကျောင်း (မင်းပိုင်း -အမက) တို.တွင်သာ ဖွင်.လှစ်ခဲ့ကြခြင်း ဖြစ်ကာ ယခုအခါတွင်တော. ဈေးကျောင်း တစ်ခုတည်းတွင်သာ ကျန်တော.ခြင်းဖြစ်သည်…
သို.သော် ၂၀၀၄-၂၀၀၅ ပညာသင်နှစ်ခန်.မှစပြီး မိခင်နှင်.ကလေးစောင်.ရှောက်ရေးမှ ပူးပေါင်း လာခဲ့ပြီး ကျောင်းရှိ မူကြိုကလေးငယ် တစ်ဦးလျှင် လခ ၂၀၀၀ ကျပ်ကောက်ခံကာ (ထိုလစာက မူကြိုတန်း စဖွင်.စဉ်ကပင် ကောက်ခံခဲ့ခြင်းဖြစ်သည်)ဆရာမများအတွက် လိုအပ်သောလစာ နှင်. အခြားပံ.ပိုးမှုများ အတွက် သုံးစွဲပြီး လိုအပ်သည်များကို  မိခင်နှင်. ကလေးစောင်.ရှောက်ရေးမှ တာဝန်.ယူထောက်ပံ.ပေးထားသည်..ယခင်က မူကြိုကလေးငယ် ၂၅ ခန်.ရှိသော်လည်း ယခုအခါ ဘုရားကြီးလမ်းရှိ လူမှုဝန်ထမ်း မူကြိုပြန်လည်ဖွင်.လှစ်ခြင်း..၀ါးခယ်မမြို.နယ်အသင်း ထောက်ပံ.မှုဖြင်. ကြယ်စင်မေတ္တာ မူကြိုဖွင်.လှစ်လာခြင်းတို.ကြောင်. ယခုအခါ ကလေးငယ် ၁၆/၁၇ ခန်.သာ တာဝန်ယူရတော.သည်..

ယခုပညာသင်နှစ်တွင် သူ.ရင်ခွင်ခိုလှုံ ပညာသင်ကြားကြသော ကလေးငယ်ပေါင်း ၂၂၈ ယောက်ရှိကာ ယမန်နှစ် ၂၄၄ ယောက်ထက်စာလျှင်တော. မသိမသာလျှော.နည်းသွားခြင်းပင်..ထိုကလေးငယ်တို.အတွက် သင်ကြား၇န်ဆရာ/ဆရာမပေါင်း ၉ယောက်ရှိနေပြီး နိုင်ငံတော်၏ သတ်မှတ်အချိုးဖြစ်သော ၃၈း ၁ နှင်.ပြောရလျှင် သင်.တော်သော အနေအထားဟုပြောရမည်ဖြစ်သည်..(သို.သော် အချို.သော ကျောင်းတို.တွင် ထိုစံအချိုးထက် နည်းနေသည်များ..များနေသည်များကလည်း ရှိနေသေးပေမယ်. မိမိတို.လို မြို.နယ်အဆင်. မြို.လေးတစ်ခုအတွက်တော. မဆိုးပါဘူး ဟုပြောရမည်ပင်)



ပြီးခဲ့သော နှစ်ပိုင်းများဆီက ပညာရေးဆိုင်ရာ မူဝါဒတို.အနက် Software ပိုင်းမဟုတ်ပဲ Hardware ပိုင်းဆိုင်ရာ ကြွေးကျော်မှု တစ်ခုပေါ်ပေါက်ခဲ့သေးသည်…
စာသင်ကျောင်းများ ဥပဓိရုပ် ကောင်းမွန်ရေးပင်ဖြစ်သည်…
ထိုကိစ္စရပ်သည် ကျောင်းအတော်များများအတွက် သတင်းကောင်းဖြစ်ခဲ့သော်လည်း သူ.အတွက်တော. အတော်လေးအဆင်မပြေ ဖြစ်ခဲ့ရသည်…သူ.ဥဓိ ရုပ်ကား ပြင်ပမှ ကြည်.နေသူတို.အဖို. ခံ.ငြားထည်ဝါနေသေးသော်လည်း အတွင်းကျကျ သိထားသူတို.အဖို. ရင်တမမ ကိစ္စများကရှိနေသည်…
ကျောင်း ဆင်ဝင်မှ ယိုနေသောမိုး..ပက်နေတတ်သောမိုးတို.ကြောင်.အောက်ထပ် ကျောက်တိုင် အုတ်နံရံတို.က ရေနှုးနေသလို အပေါ်ထပ် ၀ရန်တာကလည်း နှစ်ကာလကြာ နေပြီဆိုတော. သတိထားစရာတော. ဖြစ်လာသည်…နှစ် ၇၀ ကြာ ဘိလပ်မြေတို.၏ စေးတွဲကပ်ဆွဲ နိုင်အားကလည်း ကုန်သလောက်တော.ဖြစ်နေပြီဆိုတော. ပြင်နိုင်လျှင် ထိမ်းသိမ်းနိုင်လျှင် တော. ပို၍ စိတ်အေးအေး နေလို.ရကြမည်.သဘောတော.ရှိသည်.. အရာရာတွင် သူတစ်ပါးကို အားမကိုးတတ်သော ၀ါးခယ်မသားများအနေဖြင်.တော. ကိုယ်.ဘာသာ ထူ၍ ကိုယ်.ဘာသာ ထနိုင်လျှင်တော.  မည်သူ.ကိုမှ မျှော်နေရန် လိုမည်မဟုတ်ပေ…

လိုအပ်သော အချက်အလက်တို.ကို ရှာဖွေပေးပါသော ကျောင်းအုပ်ကြီး ဦးတင်ဦးအား လည်းကောင်း ကွဲလွဲနေသော အချက်အလက်များကို ရှာဖွေ ဖြည်.စွက်ပေးပါသော ဒေါက်တာသက်ရှည်အားလည်းကောင်း wakhama.blogspot.com မှ အထူးကျေးဇူးတင်ရှိပါသည်.

No comments:

Post a Comment