Tuesday, July 30, 2013

စင်ကာပူစစ်တပ်ထဲက မြန်မာပြည်ဖွား အရာရှိငယ်

 မောင်သက်နိုင်ဝင်း ( အလယ်) ၊ ဓာတ်ပုံ- straittimes.com
မြန်မာပြည်ဖွား မောင်သက်နိုင်ဝင်းဟာ စင်ကာပူ နိုင်ငံ စစ်တပ်မှာ အခုဆိုရင်အရာရှိငယ်လေး ( Officer Cadet )  ဖြစ်နေပါ ပြီ။  

သူ့အသက် ၁၉ နှစ်အရွယ်လောက်က သူက မိဘတွေကို စစ်တပ်ထဲဝင်ချင်တဲ့အကြောင်း ပြောခဲ့ပေမယ့် မိဘတွေက တောက်လျှောက် ကန့်ကွက်ပြောဆိုခဲ့တယ်လို့ စင်ကာပူ Strait Times သတင်း တပုဒ်က ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာ ခါးသည်းတဲ့ စစ်အုပ်ချုပ်ရေးအောက်ကြီးပြင်းလာသူတွေဖြစ်တဲ့ မိဘတွေအနေနဲ့ သူတို့ရဲ့ သားဖြစ်သူကို စစ်သား တယောက်ဖြစ်မလာစေချင်ခဲ့ပါဘူး။ ဒါကြောင့် မိဘတွေက ကန့်ကွက်ပြော ခဲ့တာပါတဲ့။


စင်ကာပူ ( OCT) စစ်အရာရှိငယ် မောင်သက်နိုင်ဝင်း ဟာ သူ့မိဘတွေနဲ့အတူ အသက် ၁ နှစ်သား အရွယ် ကတည်းက စင်ကာပူနိုင်ငံကို ပြောင်းရွှေ့နေထိုင်လာရင်း ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်မှာ စင်ကာပူနိုင်ငံသား ဖြစ် ခဲ့ကြပါတယ်။ 


မောင်သက်နိုင်ဝင်ဟာ Istana မှာ မနေ့ကကျင်းပတဲ့ အခမ်းအနား တခုမှာ ယခုနှစ်အတွက် SAF Overseas Scholarship (Safos) ဆုရ ၈ ဦးထဲမှာ တဦး အပါအ၀င်ဖြစ်လာပါပြီ။ 


အခုလို SAF က ရွေးချယ်ခံလိုက်ရတဲ့အပေါ်  မောင်သက်နိုင်ဝင်းက စင်ကာပူနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတို့အတွက် အခုလို အလုပ်အတည်တကျရတာကြောင့် ဖခင်ဖြစ်သူကလည်း သူ့အပေါ် ယုံကြည်မှုကို ရလာစေတယ်လို့ ပြောထားပါတယ်။


အိမ့်သံစဉ်  @ http://blog.irrawaddy.org/2013/07/blog-post_6071.html

(ဧရာဝတီ  Blog ပေါ်က သတင်းလေး တစ်ပုဒ်ကို မူရင်းအတိုင်း ကူးယူဖော်ပြ အပ်ပါသည် )

No comments:

Post a Comment