Sunday, January 5, 2014

ဘင်္ဂလားဒေ့ရှ်၏ အင်အားတိုးချဲ့မှုနှင့် မြန်မာ့တပ်မတော်

မြန်မာ့တပ်မတော်ရဲ့ လေတပ်မွေးနေ့နှင့်ရေတပ်မွေးနေ့ကို အရင်နှစ်ကလို လေယာဉ်၊ရေယာဉ်အသစ်တွေ တပ်တော်ဝင်ဖို့ရှိမလားဆိုပြီး စောင့်စားရင်နဲ့မျှော်နေခဲ့မိပါတယ်...။ ဒါပင်မယ့် ကျွှန်တော့်မျှော်လင့်ချက်တိုင်းတော့ ဖြစ်မလာခဲ့ပါဘူး....။ ပိုဆိုးတာကတော့ ဘင်္ဂလားစစ်တပ်ရဲ့ လက်နက်ဝယ်ယူဖြည့်တင်းမှုသတင်းတွေ အတော်များများဖတ်လာရလို့ပါဘဲ...။

 မြန်မာ့တပ်မတော်ကို ခုခံကာကွယ်နိုင်ဖို့ အပြင်းထန်ကြိုးပမ်းနေတဲ့ ဘင်္ဂလားရဲ့ လက်နက်စနစ်ဖြည့်တင်းမှုပုံစံကတော့ တပ်မတော်ရှိ လက်နက်နည်းပညာတွေအတိုင်း ပိုင်ဆိုင်ဖို့ ကြိုးပမ်းမှုဘဲဖြစ်ပါတယ်...။ MBT-2000 တင့်တွေကို ၂၀၀၉ခုနှစ်အစောပိုင်းကတည်းက ပိုင်ဆိုင်တဲ့ တပ်မတော်ကို ယှဉ်နိုင်ဖို့ MBT-2000 တင့်တွေကို ဝယ်ယူရင်း ၂၀၁၂ခုနှစ်မှာ ပိုင်ဆိုင်ခဲ့ကြပါတယ်...။မိမိတို့ တပ်မတော်ရဲ့ စစ်လက်နက်နည်းပညာအတိုင်း တိုးချဲ့နိုင်ဖို့ ကြိုးပမ်းမှုများကြောင့် ဘစစ်တပ်ဝယ်ယူတဲ့ လက်နက်စနစ်တွေအကြောင်း လေ့လာကြည့်မိပါတယ်...။ထူးထူးခြားခြားရယ်လို့တော့ ဘာမှမရှိပါဘူး..။

ဘင်္ဂလားစစ်တပ်ဝယ်ယူသည့် လက်နက်စာရင်း-
၁.Nora B52 K2
၂.BOV M11
၃.Cobra
၎.Metis M-1
၅.PF-98 စသည်ဖြင့် တရားဝင်ကျေညာထားပါတယ်...။ တစ်ခုချင်းဆီ တင်ပြပေးပါ့မယ်...။

 ဘင်္ဂလားစစ်တပ်ရှိ Nora B52 K2 ၁၅၅မမ ယာဉ်တင်အမြောက်

Nora B52 K2ဟာ ၁၅၅မမ ယာဉ်တင်အမြောက်စနစ်ဖြစ်ပြီးတော့ ဆာဘီးယားတပ်မတော်ထုတ်ဖြစ်ပါတယ်..။ မူလ Nora B52 ကို အဆင့်မြှင့်တင်ထားပြီး  SAGEM Sigma 30စနစ်တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။ နိုရာ ဘီ၅၂ ယာဉ်တင်အမြောက်ကို အစီးရေ ၁၈စီးဝယ်ယူထားပြီး ဘင်္ဂလားစစ်တပ်ရဲ့ ပထမဆုံးသော ၁၅၅မမအမြောက်စနစ်ဖြစ်လာပါတယ်။

မြန်မာ့တပ်မတော်ရှိ Nora B52 ၁၅၅မမ ယာဉ်တင်အမြောက်
 မြန်မာ့တပ်မတော်ရှိ SH-1 ၁၅၅မမ ယာဉ်တင်အမြောက်

နှိုင်းယှဉ်ချက်။ ။ မြန်မာ့တပ်မတော်အနေဖြင့် Nora B52 155mm SPG တွေကို ၂၀၀၇-၀၈ ခုနှစ်များကတည်းက စတင်အသုံးပြုခဲ့တယ်လို့ သိရပြီး အစီးရေ (၃၀)နှင့်အထက် ပိုင်ဆိုင်ထားပါတယ်...။ မြန်မာ့တပ်မတော်ရဲ့ ပထမဆုံး ယာဉ်တင်အမြောက်စနစ်ဖြစ်ပြီးတော့ SH-1 ၁၅၅မမ ယာဉ်တင်အမြောက်များကတော့ ဒုတိယ ယာဉ်တင်အမြောက်စနစ်လို့ သိရပါတယ်...။
ဘင်္ဂလားစစ်တပ်ရှိ BOV M11 သံချပ်ကာယာဉ်

BOV M11 (၄×၄) ဘီးတပ်သံချပ်ကာယာဉ်များဟာလည်း ဆားဘီးယာဉ်တပ်မတော်ထုတ်များပင်ဖြစ်ပြီး ပင်မလက်နက်စနစ်အဖြစ် ယာဉ်အတွင်းမှထိန်းချုပ်ပစ်ခတ်နိုင်သည့် ၁၂.၇မမ စက်ကြီးတပ်ဆင်ထားကာ ဒုတိယလက်နက်အဖြစ် ၇.၆၂ စက်ကလေးတပ်ဆင်ထားပါတယ်...။ နေ့၊ညမရွေးပစ်ခတ်နိုင်စေရန်အတွက် ပစ်မှတ်ပြစနစ်များတပ်ဆင်ထားပြီး ၃၀မမ ဗုံးပစ်လောင်ချာများတပ်ဆင်ထားတယ်လို့ သိရပါတယ်...။
Otokar Cobra သံချပ်ကာယာဉ်ကတော့ တူရကီတပ်မတော်ထုတ်ဖြစ်ပြီး အပေါ့စားသံချပ်ကာယာဉ်ဖြစ်ပါတယ်...။ အသုံးပြုတဲ့ နိုင်ငံအတော်များများမှာတော့ ကင်းလှည့်၊လုံခြုံရေးအနေဖြင့်သာ အသုံးပြုကြတာများပါတယ်...။ ဆူပူမှုမကြာခဏဖြစ်တဲ့ ဘင်္ဂလားအတွက်တော့ အမှန်တကယ်လိုအပ်တဲ့ ကင်းလှည့်ယာဉ်အမျိုးအစားပါ..။

နှိုင်းယှဉ်ချက်။ ။ မြန်မာ့တပ်မတော်တွင် သံချပ်ကာယာဉ်များအနေဖြင့် ပြည်တွင်းထုတ် သံချပ်ကာယာဉ်များ အများအပြားပိုင်ဆိုင်ထားပြီး MAV-2 MK2 နှင့် ULARV-2 (Utility Light Armoured Reconnaissance Vehicle) ဘက်စုံသုံး အပေါ့စား ကင်းထောက်သံချပ်ကာယာဉ်များ ပိုင်ဆိုင်ထားရာ ဘစစ်တပ်၏ သံချပ်ကာယာဉ်ဖြည့်တင်းမှုသည့် တပ်မတော်အတွက် မပြောပလောက်သော အတားဆီးတစ်ခုသာလျှင် ဖြစ်ပါသည်..။

မြန်မာ့တပ်မတော်ထုတ် MAV-2 MK2 သံချပ်ကာယာဉ်
မြန်မာ့တပ်မတော်ထုတ် ULARV-2 သံချပ်ကာယာဉ်
Metis M-1နှင့် PF-98 တင့်ဖျက်ဒုံး
 Metis M-1 တင့်ဖျက်ဒုံးဟာ ရုရှားတပ်မတော်သုံး တင့်ဖျက်ဒုံးစနစ်တစ်ခုဖြစ်ပြီးတော့ အကွာအဝေး(၂)ကီလိုမီတာထိ ပစ်ခတ်နိုင်ပါတယ်...။ ရုရှားရဲ့ နာမည်ကျော်တင့်ဖျက်ဒုံးတစ်မျိုးဖြစ်ပါတယ်...။
PF-98 တင့်ဖျက်ဒုံးကတော့ တရုပ်တပ်မတော်သုံး တင့်ဖျက်ဒုံးပါ ထိရောက်မှုအကွာအဝေး အမြှင့်ဆုံး ၁.၈ ကီလိုမီတာရှိပါတယ်...။

နှိုင်းယှဉ်ချက်။ ။ မြန်မာ့တပ်မတော်ရှိ တင့်ဖျက်များအနက် konkurs တင့်ဖျက်ဒုံးအနေဖြင့် (၄) ကီလိုမီတာရှိ ပစ်မှတ်များကို ကောင်းစွာချေမှုန်းနိုင်ပြီး Kornet တင့်ဖျက်ဒုံး များကိုတော့ ၂၀၀၆ခုနှစ်ဝန်းကျင်များကတည်းက အသုံးပြုနေပြီးဖြစ်ပါတယ်...။ ထို့အပြင် နာမည်ကျော်  Carl Gustav ကဲ့သို့သော နာမည်ကျော်  တင့်နှင့်ဘန်ကာဖျက်လက်နက်စနစ်များကိလည်း ပြည်တွင်းတွင်ပင် ထုတ်လုပ်နိုင်ပြီးဖြစ်ရာ ဘင်္ဂလားစစ်တပ်၏ တင့်နှင့် သံချပ်ကာယာဉ်များကို များစွာခြောက်လှန့်လျက်ရှိပါသည်..။
konkurs M တင့်ဖျက်ဒုံး
Kornet  တင့်ဖျက်ဒုံး
အထက်ပါဖော်ပြထားတဲ့ အချက်လက်တွေကို ပြန်ကြည့်လိုက်မယ်ဆိုရင်တော့ ဘင်္ဂလားဒေ့်စစ်တပ်ရဲ့ လက်နက်ဝယ်ယူဖြည့်တင်းမှုဟာ တပ်မတော်ရှိ လက်နက်စနစ်များကို အားကျပြီး အပြင်းထန်ကြိုးပမ်းဝယ်ယူနေကြတယ်ဆိုတာ သိသာတဲ့အချက်ပါ...။ ဒီနေရာမှာတော့ လက်နက်စနစ်ချင်းကိုသာ ယှဉ်ပြထားတာဖြစ်ပြီးတော့ ဗျုဟာပိုင်းဆိုင်ရာအသုံးချမှုတွေကိုတော့ နောက်မှဘဲ ဖော်ပြပေးပါ့မယ်...။ ဒီလောက်ဆိုရင် ဘင်္ဂလားရဲ့ အင်အားတိုးချဲ့မှုဟာ တပ်မတော်အတွက် မပြောပလောက်တဲ့ ကိစ္စတစ်ရပ်သာလျှင်ဖြစ်တယ်ဆိုတာ အားလုံးဘဲ သိရှိနိုင်ကြမယ်ထင်ပါတယ်ခင်ဗျာ....။

(မိမိတစ်ဦးတည်း၏ လေ့လာမှုနှင့်သုံးသပ်ချက်သာဖြစ်ပြီး အချက်လက်အမှားများရှိပါက ဝေဖန်ထောက်ပြပေးနိုင်ပါတယ်...။)

No comments:

Post a Comment