Saturday, January 18, 2014

မြန်မာ.လက်ရွေးစင် ဘောလုံးအသင်း များ၏ ၂၀၁၄ ပွဲစဉ်များ

အာရှ U 22 ပြိုင်ပွဲဝင် မြန်မာ.လက်ရွေးစင်ဘောလုံးအသင်း ( Photo by MFF )

၂၀၁၄ ဘောလုံးရာသီအတွင်း မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်များ၊ သက်တမ်းအလိုက် ပြည်တွင်းပွဲစဉ်များ၊ ရှုံးထွက်ဖလား အပါအ၀င် အခြားသော ပြည်တွင်းဘောလုံး လှုပ်ရှားမှုများက မြန်မာ့ ဘောလုံးပရိသတ်ကို အဆင့်သင့် စောင့်ကြို နေကြသည်။ အလားတူ မြန်မာ့ လက်ရွေးစင် အသင်း၏ နိုင်ငံတကာ ခြေစမ်းပွဲများကလည်း အနှေးနှင့် အမြန်ဆိုသလို ရောက်ရှိလာဦးမည်ဖြစ်သည်။ ကမ္ဘာ့ဘောလုံး ဇာတ်ခုံကို ကြည့်ပြန်တော့ မြန်မာ့ လက်ရွေးစင် အသင်းများ၏ ယခုနှစ်အတွင်း ယှဉ်ပြိုင်ကစားရမည့် နိုင်ငံတာ ပြိုင်ပွဲများကလည်း အစီစီအရီရီ ရှိနေပြန်သည်။ အစဉ်သဖြင့် ရပ်တန့်နေခြင်း မရှိသည့် ဘောလုံး၏ ကကွက်များက ကျွန်တော်တို့ ပရိသတ်များ၊ ဘောလုံးလောကသားများကို ရင်ခုန် စိတ်လှုပ်ရှားမှုများ ဆက်လက် ပေးစွမ်းနေဦးမည်သာဖြစ်၏။ မြန်မာ့ လက်ရွေးစင် အသင်းကြီးနှင့် သက်တမ်းအလိုက် လက်ရွေးစင် အသင်းများ၊ အမျိုးသမီး လက်ရွေးစင်အသင်းများ၊ ဖူဆယ်အသင်းများ၏ ၂၀၁၄ ခုနှစ်အတွင်း ယှဉ်ပြိုင်ကစားရမည့် နိုင်ငံတကာ ပြိုင်ပွဲများကို ပရိသတ်များ သိရှိစေရန် အတွက် ရေးသားဖော်ပြလိုက် ရပါသည်။ 

(က) အာဆီယံ ဒေသတွင်း ပြိုင်ပွဲများ
၁။ အာဆီယံ ယူ၁၆ (အမျိုးသား)
အင်ဒိုနီးရှားနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။ (ပြိုင်ပွဲကျင်းပမည့် နေ့/ရက် အချိန်မထုတ်ပြန်သေး)

၂။ အာဆီယံ ယူ၁၉ (အမျိုးသား)
ဗီယက်နမ်နိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး စက်တင်ဘာ ၅ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဟနွိုင်တွင် ကျင်းပမည်ဖြစ်သည်။

၃။ ၂၀၁၄ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်
မလေးရှားနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်ပြီး သြဂုတ်လအတွင်း ကျင်းပသွားမည်ဟု သိရသည်။

၎။ ၂၀၁၄ အာဆီယံ ဖူဆယ်ချန်ပီယံရှစ်
မလေးရှားနိုင်ငံတွင် စက်တင်ဘာ ၁၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။

၅။ အာဆီယံ ချန်ပီယံရှစ် (ဆူဇူကီးဖလား- ခြေစစ်ပွဲ)
လာအိုနိုင်ငံတွင် အောက်တိုဘာ ၁၀ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။

၆။ အာဆီယံ ချန်ပီယံရှစ် (ဆူဇူကီးဖလား နောက်ဆုံးအဆင့်)
အုပ်စုပွဲစဉ်များကို စင်ကာပူနှင့် ဗီယက်နမ်တို့ ပူးတွဲအိမ်ရှင်ပြုလုပ်မည်ဖြစ်ပြီး နိုဝင်ဘာ ၂၂ မှ ၂၉ အတွင်းကျင်းပမည်ဖြစ်သည်။ ရှုံးထွက် အဆင့်ပြိုင်ပွဲကို ဒီဇင်ဘာ ၆ မှ ၂၀ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။ `

(ခ) အာရှအဆင့် ပြိုင်ပွဲများ
၁။ AFC U-22 Championship 2014 (Omen)
ဇန်န၀ါရီ ၁၁ ရက်နေ့မှ ၂၆ ရက်နေ့အထိ အိုမန်နိုင်ငံတွင် ကျင်းပခဲ့ပြီးဖြစ်သည်။

၂။ AFC U16 Championship 2014 (Final Round)
အာရှ ယူ၁၆ ချန်ပီယံရှစ် ပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် စက်တင်ဘာ ၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပမည် ဖြစ်သည်။

၃။ AFC U19 Championship 2014 (Final Round)
မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်ပြီး အောက်တိုဘာ ၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ ရန်ကုန်နှင့် နေပြည်တော်တွင် ကျင်းပသွားရန် စီစဉ်ထားသည်။

၎။ AFC Women's Championship 2014
ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် မေလ ၁၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ပြီး ပြိုင်ပွဲဝင် (၈)သင်းအနက် ထိပ်ဆုံး(၅)သင်း ၂၀၁၅ ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်မည်ဖြစ်ပါသည်။

၅။ AFC U 16 Women's Championship 2015 (ခြေစစ်ပွဲ)
အောက်တိုဘာ ၆ ရက်နေ့မှ ၁၂ ရက်နေ့အထိ ခြေစစ်ပွဲအုပ်စု ပွဲစဉ်များကို သက်ဆိုင်ရာ နိုင်ငံများတွင် ကျင်းပသွားမည် ဖြစ်သည်။

၆။ AFC U 19 Women's Championship 2015 (ခြေစစ်ပွဲ)
နိုဝင်ဘာ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ ခြေစစ်ပွဲအုပ်စု ပွဲစဉ်များကို သက်ဆိုင်ရာ နိုင်ငံများတွင် ကျင်းပသွားမည် ဖြစ်သည်။

၇။ AFC Futsal Championship 2014 (Final Round)
ဧပြီလ ၃၀ ရက်နေ့မှ မေလ ၁၀ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံတွင် ကျင်းပသွားမည်ဖြစ်သည်။

၈။ AFC Challenge Cup 2014 (Final Round)
မော်လ်ဒိုက်စ် နိုင်ငံတွင် မေလ ၁၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။

၉။ AFC U22 Championship Qualification
အာရှ ယူ၁၉ ခြေစစ်ပွဲကို ဇူလိုင် ၁၇ ရက်နေ့မှ ၃၁ ရက်နေ့အထိ သက်ဆိုင်ရာ ခြေစစ်ပွဲဝင် နိုင်ငံများတွင် ကျင်းပသွား မည်ဖြစ်သည်။

၁၀။ ဂျပန်-အာဆီယံ ယူ၁၄ ဖိတ်ခေါ်ပြိုင်ပွဲ
ဧပြီလ ၁ ရက်နေ့မှ ၉ ရက်နေ့အထိ ဂျပန်နိုင်ငံ အိုဆာကာ မြို့တွင် ကျင်းပသွားမည်ဖြစ်သည်။

No comments:

Post a Comment