Tuesday, January 28, 2014

၂၀၁၄ ဦးရွင္ႀကီး ပြဲ








ေထရ၀ါဒစစ္စစ္ တြင္ ေတာ.ဤသို.ေသာ ပြဲလမ္းသဘင္မ်ိဳး  သည္ သိပ္ႏွစ္လိုဖြယ္ မဟုတ္ေသာ္လည္း ေဒသႏၱရ ယံုႀကည္မွဳ ဆိုင္ရာ မ်ားမို. ေ၀ဖန္ေစာေႀကာရန္ ခက္ခဲေသာ အရာမ်ားၿဖစ္သည္ ။ နာမည္ေက်ာ္ ေတာင္ၿပံဳးပြဲမွ အစၿပဳ၍ သက္ဆိုင္ရာ ေဒသအလိုက္ ယံုႀကည္မွဳ အစြဲၿပဳ ပြဲလမ္းသဘင္ အခမ္းအနားမ်ား အနက္ ဧရာ၀တီတိုင္းအတြင္း ရွိ ေအာက္ဖက္ပိုင္းၿမိဳ.နယ္အေတာ္မ်ားမ်ား ႏွင္. ပင္လယ္ႏွင္. ထိစပ္ေနေသာ ေဒသမ်ားတြင္ ယံုယံုႀ႕ကည္ႀကည္ က်င္းပႀကေသာ ပြဲတစ္ခုကား ဦးရွင္ႀကီးပြဲ ၿဖစ္သည္ ။

ထေရဝါဒစစ်စစ် တွင် တော.ဤသို.သော ပွဲလမ်းသဘင်မျိုး  သည် သိပ်နှစ်လိုဖွယ် မဟုတ်သော်လည်း ဒေသန္တရ ယုံကြည်မှု ဆိုင်ရာ များမို. ဝေဖန်စောကြောရန် ခက်ခဲသော အရာများဖြစ်သည် ။ နာမည်ကျော် တောင်ပြုံးပွဲမှ အစပြု၍ သက်ဆိုင်ရာ ဒေသအလိုက် ယုံကြည်မှု အစွဲပြု ပွဲလမ်းသဘင် အခမ်းအနားများ အနက် ဧရာဝတီတိုင်းအတွင်း ရှိ အောက်ဖက်ပိုင်းမြို.နယ်အတော်များများ နှင်. ပင်လယ်နှင်. ထိစပ်နေသော ဒေသများတွင် ယုံယုံြ့ကည်ကြည် ကျင်းပကြသော ပွဲတစ်ခုကား ဦးရှင်ကြီးပွဲ ဖြစ်သည် ။




 ၀ါးခယ္မၿမိဳ. ေလးတြင္လည္း ဤပြဲကား ကာလရွည္က်င္းပလာခဲ့ေသာ ပြဲတစ္ခုၿဖစ္ၿပီး ယံုႀကည္မွဳဆိုင္ရာ ပြဲလမ္းတစ္ခုသာမက ရပ္ဓေလ.ေဒသႏၱရ ပြဲေတာ္တစ္ခုပါ ၿဖစ္လာခဲ့ပါသည္ ။ နိဳင္ငံေရး ၊ စီးပြားေရး ခက္ခဲေနေသာအခ်ိန္မ်ားတြင္ပင္လွ်င္ ပြဲထည္.ခြင္.မရ ၊ မထည္.နိဳင္ခဲ့လွ်င္ေတာင္ ပူေဇာ္ပသပြဲေလာက္ေတာ. လုပ္ခဲ့ႀကသည္  ။ 

ထိုပြဲကိုၿမိဳ.ေလးတြင္ ၿမိဳ.နယ္လံုးဆိုင္ရာ အရွင္ႏွစ္ပါးပူေဇာ္ပသပြဲဟု သံုးႏဳွံးႀကသည္ ။ ေရငံမဟုတ္ေသာ္လည္း ပင္လယ္ ႏွင္. နီးစပ္ေသာ ေဒသမို. ေရငံပိုင္ ဦးရွင္ႀကီး ကိုပူေဇာ္ပသၿပီး ၿမိဳ.ေလးရွိ ေရွးဦးအေၿခခ်သူမ်ားတြင္ အထက္အညာ စေလ အရပ္မွ လူမ်ား ပါ၀င္ၿခင္းေႀကာင္. ကိုးၿမိဳ.ရွင္ နတ္ ကိုပါထည္.သြင္းပူေဇာ္ပံုရပါသည္ ။

  ဝါးခယ်မမြို. လေးတွင်လည်း ဤပွဲကား ကာလရှည်ကျင်းပလာခဲ့သော ပွဲတစ်ခုဖြစ်ပြီး ယုံကြည်မှုဆိုင်ရာ ပွဲလမ်းတစ်ခုသာမက ရပ်ဓလေ.ဒေသန္တရ ပွဲတော်တစ်ခုပါ ဖြစ်လာခဲ့ပါသည် ။ နိုင်ငံရေး ၊ စီးပွားရေး ခက်ခဲနေသောအချိန်များတွင်ပင်လျှင် ပွဲထည်.ခွင်.မရ ၊ မထည်.နိုင်ခဲ့လျှင်တောင် ပူဇော်ပသပွဲလောက်တော. လုပ်ခဲ့ကြသည်  ။


ထိုပွဲကိုမြို.လေးတွင် မြို.နယ်လုံးဆိုင်ရာ အရှင်နှစ်ပါးပူဇော်ပသပွဲဟု သုံးနုှံးကြသည် ။ ရေငံမဟုတ်သော်လည်း ပင်လယ် နှင်. နီးစပ်သော ဒေသမို. ရေငံပိုင် ဦးရှင်ကြီး ကိုပူဇော်ပသပြီး မြို.လေးရှိ ရှေးဦးအခြေချသူများတွင် အထက်အညာ စလေ အရပ်မှ လူများ ပါဝင်ခြင်းကြောင်. ကိုးမြို.ရှင် နတ် ကိုပါထည်.သွင်းပူဇော်ပုံရပါသည် ။


 ထိုပြဲက်င္းပမည္.ရက္ပိုင္းအလိုမွစ၍ ၿမိဳ.တြင္း ဦးရွင္ႀကီး၏ စီးေတာ္က်ားဟု သတ္မွတ္ထားသည္. က်ား၀တ္စံု၀တ္ လူ၂ဦး က်ားထိန္းဟုယံုႀကည္ထားႀကေသာ လမုနတ္ တို.ၿဖင္. ဆိုင္း၀ိုင္းမ်ားသံုးကာ အလွဳခံထြက္ေလ.ရွိသည္ ။ ယခင္က လမ္းဆံုတို.တြင္ က်ားမ်ားက ၀ိဥာဏ္ပူးကာ က်ားကကၿပီး ယခုေနာက္ပိုင္း ပြဲဆက္ႀကသူမ်ား၏ အုန္းသီးမ်ားကိုပါ ပါးစပ္ၿဖင္.ဆြဲခြာကိုက္ခြဲၿခင္းမ်ား ၿပဳလုပ္ၿပီး အလွဳခံထြက္ေလ.ရွိပါသည္ ။ ( ဤေနရာတြင္ အခ်ိဳ. Video ကားမ်ားအတြင္းက ႀကိဳတင္စီမံထားေသာ အုန္းသီးမ်ားကို ကိုက္ခြဲၿခင္းမ်ိဳးမဟုတ္ပဲ မည္သူမဆို ဆက္သေသာ ပြဲမ်ားကို ၿပဳလုပ္ၿခင္းမို. ေလွာင္ၿပင္ၿခင္းမၿပဳေစလိုပါ။ဤအရာသည္ ယံုႀကည္မွဳသက္သက္တစ္ခုတည္း မကပါ ေဒသဆိုင္ရာပြဲလမ္းတစ္ခုလည္းၿဖစ္ေနေသာေႀကာင္.ပင္ ။ ဥပမာ ၿမိတ္ဘက္ဆိုလွ်င္လည္း ဤသို.နတ္၀င္သည္ က်ားအကမ်ိဳးရွိေနေႀကာင္း ခရီးသြားသည္. လြင္မိုးက ရိုက္ကူးၿပထားဖူးပါသည္ )။

  ထိုပွဲကျင်းပမည်.ရက်ပိုင်းအလိုမှစ၍ မြို.တွင်း ဦးရှင်ကြီး၏ စီးတော်ကျားဟု သတ်မှတ်ထားသည်. ကျားဝတ်စုံဝတ် လူ၂ဦး ကျားထိန်းဟုယုံကြည်ထားကြသော လမုနတ် တို.ဖြင်. ဆိုင်းဝိုင်းများသုံးကာ အလှုခံထွက်လေ.ရှိသည် ။ ယခင်က လမ်းဆုံတို.တွင် ကျားများက ဝိဉာဏ်ပူးကာ ကျားကကပြီး ယခုနောက်ပိုင်း ပွဲဆက်ကြသူများ၏ အုန်းသီးများကိုပါ ပါးစပ်ဖြင်.ဆွဲခွာကိုက်ခွဲခြင်းများ ပြုလုပ်ပြီး အလှုခံထွက်လေ.ရှိပါသည် ။ ( ဤနေရာတွင် အချို. Video ကားများအတွင်းက ကြိုတင်စီမံထားသော အုန်းသီးများကို ကိုက်ခွဲခြင်းမျိုးမဟုတ်ပဲ မည်သူမဆို ဆက်သသော ပွဲများကို ပြုလုပ်ခြင်းမို. လှောင်ပြင်ခြင်းမပြုစေလိုပါ။ဤအရာသည် ယုံကြည်မှုသက်သက်တစ်ခုတည်း မကပါ ဒေသဆိုင်ရာပွဲလမ်းတစ်ခုလည်းဖြစ်နေသောကြောင်.ပင် ။ ဥပမာ မြိတ်ဘက်ဆိုလျှင်လည်း ဤသို.နတ်ဝင်သည် ကျားအကမျိုးရှိနေကြောင်း ခရီးသွားသည်. လွင်မိုးက ရိုက်ကူးပြထားဖူးပါသည် )။


ပံုမွန္အားၿဖင္. ဦးရွင္ႀကီးပြဲကို ၃ ရက္ က်င္းပေလ.ရွိပါသည္ ။ ထိုသို.က်င္းပရာတြင္ ည၈း၀၀ နာရီခန္.မွ ၁၀နာရီ ၊ ၁၀း၃၀ ခန္.အထိ က်င္းပၿပီး ထို.ေနာက္မွ ငွားရမ္းထားေသာ အၿငိမ္. ၊ ဇာတ္ တို.က မိုးအလင္းကၿပေဖ်ာ္ေၿဖေလ.ရွိပါသည္ ။ ယခင္က ဗလာပြဲသာ က်င္းပေလ.ရွိၿပီး ေနာက္ပိုင္းမွသာ ရံုကာသည္. ဓေလ.ၿဖစ္လာပါသည္ ။ ဗလာပြဲက်င္းပခ်ိန္ကဆိုလွ်င္ ထိုပြဲက်င္းပရာ ေဆးရံုေရွ. ေၿမကြက္လပ္၏္ အလည္ေကာင္တြင္ ပြဲႀကည္.ရန္ ဖ်ာမ်ားခင္းထားၿပီး ေရာင္းခ်ေလ.ရွိၿပီး ေဘး၂ဖက္ႏွင္.အေနာက္တို္ .တြင္ မိမိတို.အိမ္မွ ဖ်ာအေဟာင္းမ်ား ၊ ခံုမ်ား ၊တန္းလ်ားမ်ား ယူလာ ၊ေနရာခင္း ၊ အခမဲ့ ထိုင္ႀကည္.ႀကသည္.ဓေလ.ရွိႀကသည္ ။ ထို.ထက္ေစာေသာ ကာလမ်ား ( ၁၉၇၀ ၀န္းက်င္ )ကဆိုလွ်င္ ေက်းရြာမ်ားကပါ အံုႏွင္.က်င္းႏွင္. လာႀကည္.ႀကခ်ိန္မို. ဖ်ာအေဟာင္းမ်ားခင္း၍ ၿပန္ေရာင္းခ်ၿခင္းမ်ိဳးရွိခဲ့ႀကသည္ ။ ထိုခံုမ်ား ၊တန္းလ်ားမ်ားသည္ မ်ားေသာအားၿဖင္. အိမ္မ်ားမွ သက္ႀကီးရြယ္အိုမ်ား ၊ ကေလးငယ္နွင္.မိန္းမပ်ိဳမ်ား ႀကည္.ေလ.ရွိၿပီး သက္ႀကီးရြယ္အိုမ်ား ၊ ကေလးငယ္မ်ားကေတာ. အရွင္ႏွစ္ပါး ပူေဇာ္ပသပြဲ ကိုသာ ႀကည္.ေလ.ရွိႀကၿပီး မိန္းမပ်ိဳမ်ားကေတာ. ပြဲပါၿပီးဆံုးသည္ထိႀကည္.ႀကေလ.ရွိသည္ ။ထိုအခ်ိန္ကဆိုလွ်င္ ပြဲက်င္းပေသာ ရပ္ကြက္ႏွင္. ၂ရပ္ကြက္ခန္.က လူမ်ားပါ ခံုတန္းလ်ားမ်ားသယ္ၿပီး လာခင္းေလ.ရွိႀကသည္ ။ထို.ေနာက္ပိုင္း ရံုကာေသာ ေခာတ္ေရာက္လာခ်ိန္မွစၿပီး ခံုသယ္ခင္းေသာ ဓေလ.ေပ်ာက္ကြယ္သြားခဲ့ပါသည္ ။

ပုံမှန်အားဖြင်. ဦးရှင်ကြီးပွဲကို ၃ ရက် ကျင်းပလေ.ရှိပါသည် ။ ထိုသို.ကျင်းပရာတွင် ည၈း၀၀ နာရီခန်.မှ ၁၀နာရီ ၊ ၁၀း၃၀ ခန်.အထိ ကျင်းပပြီး ထို.နောက်မှ ငှားရမ်းထားသော အငြိမ်. ၊ ဇာတ် တို.က မိုးအလင်းကပြဖျော်ဖြေလေ.ရှိပါသည် ။ ယခင်က ဗလာပွဲသာ ကျင်းပလေ.ရှိပြီး နောက်ပိုင်းမှသာ ရုံကာသည်. ဓလေ.ဖြစ်လာပါသည် ။ ဗလာပွဲကျင်းပချိန်ကဆိုလျှင် ထိုပွဲကျင်းပရာ ဆေးရုံရှေ. မြေကွက်လပ်၏် အလည်ကောင်တွင် ပွဲကြည်.ရန် ဖျာများခင်းထားပြီး ရောင်းချလေ.ရှိပြီး ဘေး၂ဖက်နှင်.အနောက်တို .တွင် မိမိတို.အိမ်မှ ဖျာအဟောင်းများ ၊ ခုံများ ၊တန်းလျားများ ယူလာ ၊နေရာခင်း ၊ အခမဲ့ ထိုင်ကြည်.ကြသည်.ဓလေ.ရှိကြသည် ။ ထို.ထက်စောသော ကာလများ ( ၁၉၇၀ ဝန်းကျင် )ကဆိုလျှင် ကျေးရွာများကပါ အုံနှင်.ကျင်းနှင်. လာကြည်.ကြချိန်မို. ဖျာအဟောင်းများခင်း၍ ပြန်ရောင်းချခြင်းမျိုးရှိခဲ့ကြသည် ။ ထိုခုံများ ၊တန်းလျားများသည် များသောအားဖြင်. အိမ်များမှ သက်ကြီးရွယ်အိုများ ၊ ကလေးငယ်နှင်.မိန်းမပျိုများ ကြည်.လေ.ရှိပြီး သက်ကြီးရွယ်အိုများ ၊ ကလေးငယ်များကတော. အရှင်နှစ်ပါး ပူဇော်ပသပွဲ ကိုသာ ကြည်.လေ.ရှိကြပြီး မိန်းမပျိုများကတော. ပွဲပါပြီးဆုံးသည်ထိကြည်.ကြလေ.ရှိသည် ။ထိုအချိန်ကဆိုလျှင် ပွဲကျင်းပသော ရပ်ကွက်နှင်. ၂ရပ်ကွက်ခန်.က လူများပါ ခုံတန်းလျားများသယ်ပြီး လာခင်းလေ.ရှိကြသည် ။ထို.နောက်ပိုင်း ရုံကာသော ခောတ်ရောက်လာချိန်မှစပြီး ခုံသယ်ခင်းသော ဓလေ.ပျောက်ကွယ်သွားခဲ့ပါသည် ။


ဦးရွင္ႀကီးပြဲ ကမည္.ညေနဆိုလွ်င္ အသံခ်ဲ.စက္မွ ေန၍ တူုးေနာင္ဂ်ိမ္.ဂ်ိမ္.  ေနာင္ဂ်ိမ္ဂ်ိမ္. ဟူေသာ တီးလံုးသံႀကားေနရၿပီဆိုလွ်င္ တစ္ၿမိဳ.လံုးလိုလို (ယခင္က ) ထိုပြဲသြား၇န္ ၿပင္ႀကပါၿပီ ။ ညေနပိုင္းပန္ေတာ္ဆက္ေသာ ဓေလ.ရွိႀကၿပီး မိမိအိမ္ထြက္ ၊ၿခံထြက္ ၊ေစ်းမွ၀ယ္ေသာ ၊ ပြဲခင္းထဲေရာင္းေသာ ပန္းတို.ကို ဦးရွင္ႀကီးနတ္ကြန္း ၊ ကိုးၿမိဳ.ရွင္ နတ္ကြန္း (ယခင္က ဇာတ္စင္တစ္ဖက္တစ္ခ်က္တြင္ ယာယီတည္ေဆာက္ထားၿပီး ယခုေတာ. အခိုင္အမာ ေဆာက္တည္ထားပါသည္ ) တို.သို.သြားေရာက္ေပးပို.ႀကပါသည္ ။ မ်ားေသာအားၿဖင္. ဦးရွင္ႀကီးပြဲကာလ ပနံရေသာ ပန္းမ်ားမွာ စိန္ၿခယ္ ၊ သေၿပ ၊ ေဒါန ပန္းတို.ၿဖစ္ပါသည္ ။ ထိုပန္းမ်ားသည္ စည္ကားေသာႏွစ္မ်ားတြင္ ထုိနတ္နန္းေဆာင္အၿပည္.အထိရေလ.ရွိၿပီး ရံဖန္ရံခါတြင္ေတာ. တစ္၀က္ခန္.သာ ရတတ္ပါသည္ ။ ထိုပန္းမ်ားသည္ နတ္၀င္ခ်ိန္တြင္ ပြဲက်င္းပသူမ်ားက ေက်ာင္းေဆာင္မွ ယူဆက္ေပးေလ.ရွိၿပီး နတ္၀င္ခ်ိန္ႀကဲေသာပန္း ကို ရပါက လာဘ္ရႊင္သည္ဟူေသာ အယူအဆၿဖင္. လုယူသိမ္းဆည္းႀကေလ.ရွိသည္ ။ပသပြဲၿပီးသြားခ်ိန္တြင္လည္း ေန.စဥ္က်န္ရွိေသာပန္းမ်ားကို အားလံုးအတြက္ စြန္.ႀကဲေပးေလ.ရွိသည္ ။

ဦးရှင်ကြီးပွဲ ကမည်.ညနေဆိုလျှင် အသံချဲ.စက်မှ နေ၍ တူုးနောင်ဂျိမ်.ဂျိမ်.  နောင်ဂျိမ်ဂျိမ်. ဟူသော တီးလုံးသံကြားနေရပြီဆိုလျှင် တစ်မြို.လုံးလိုလို (ယခင်က ) ထိုပွဲသွားရန် ပြင်ကြပါပြီ ။ ညနေပိုင်းပန်တော်ဆက်သော ဓလေ.ရှိကြပြီး မိမိအိမ်ထွက် ၊ခြံထွက် ၊ဈေးမှဝယ်သော ၊ ပွဲခင်းထဲရောင်းသော ပန်းတို.ကို ဦးရှင်ကြီးနတ်ကွန်း ၊ ကိုးမြို.ရှင် နတ်ကွန်း (ယခင်က ဇာတ်စင်တစ်ဖက်တစ်ချက်တွင် ယာယီတည်ဆောက်ထားပြီး ယခုတော. အခိုင်အမာ ဆောက်တည်ထားပါသည် ) တို.သို.သွားရောက်ပေးပို.ကြပါသည် ။ များသောအားဖြင်. ဦးရှင်ကြီးပွဲကာလ ပနံရသော ပန်းများမှာ စိန်ခြယ် ၊ သပြေ ၊ ဒေါန ပန်းတို.ဖြစ်ပါသည် ။ ထိုပန်းများသည် စည်ကားသောနှစ်များတွင် ထိုနတ်နန်းဆောင်အပြည်.အထိရလေ.ရှိပြီး ရံဖန်ရံခါတွင်တော. တစ်ဝက်ခန်.သာ ရတတ်ပါသည် ။ ထိုပန်းများသည် နတ်ဝင်ချိန်တွင် ပွဲကျင်းပသူများက ကျောင်းဆောင်မှ ယူဆက်ပေးလေ.ရှိပြီး နတ်ဝင်ချိန်ကြဲသောပန်း ကို ရပါက လာဘ်ရွှင်သည်ဟူသော အယူအဆဖြင်. လုယူသိမ်းဆည်းကြလေ.ရှိသည် ။ပသပွဲပြီးသွားချိန်တွင်လည်း နေ.စဉ်ကျန်ရှိသောပန်းများကို အားလုံးအတွက် စွန်.ကြဲပေးလေ.ရှိသည်




ပြဲမစတင္ခင္ နတ္ဒိုးသံတညံညံ ကို (ယခင္က ) တီးေလ.ရွိၿပီး ယခုေနာက္ပိုင္းတြင္ေတာ. လိအပ္ခ်ိန္ေလာက္သာ တီးႀကေတာ.သည္ ။ပထမ ကိုးၿမိဳ.ရွင္ကိုပင္. ၊ ထို.ေနာက္စားေတာ္ဆက္ ၊ ဆုမြန္ေၿခြ ၊ ၿပန္ပို. စသည္.အတိုင္းၿပဳလုပ္ၿပီး ကိုးၿမိဳ.ရွင္၏ ၿမင္းႏွင္.အက ၊ ဓါးသိုင္းအက တို.အၿပီး ဦးရွင္ႀကီးပင္. ၊ မိေက်ာင္းစီး ေစာင္းေကာက္ႏွင္.နတ္ခ်င္းဆို ၊စားေတာ္ဆက္ ၊ ဆုမြန္ေၿခြ ၊ ၿပန္ပို. ၊ က်ားနွစ္ေကာင္ႏွင္. အက တို.ၿပီးလွ်င္ ဗိုလ္ညိဳ (အဘညိဳ - ဦးရွင္ႀကီးက်ားထိန္း ) ႏွင္.က်ားႏွစ္ေကာင္ ၊ ထို.ေနာက္ေတာ. ပုလဲရင္ ၊ ခြန္ခ်ိဳ ခြန္သာ ညီေနာင္ ၊ အေမဂ်မ္း ၊ ကိုႀကီးေက်ာ္ စသည္တို. ပံုမွန္၀င္ေလ.ရွိၿပီး ႏွစ္အလိုက္က်န္သည္.နတ္တို.သာ အေၿပာင္းအလဲ အနည္းငယ္ရွိပါသည္ ။


ပွဲမစတင်ခင် နတ်ဒိုးသံတညံညံ ကို (ယခင်က ) တီးလေ.ရှိပြီး ယခုနောက်ပိုင်းတွင်တော. လိအပ်ချိန်လောက်သာ တီးကြတော.သည် ။ပထမ ကိုးမြို.ရှင်ကိုပင်. ၊ ထို.နောက်စားတော်ဆက် ၊ ဆုမွန်ခြွေ ၊ ပြန်ပို. စသည်.အတိုင်းပြုလုပ်ပြီး ကိုးမြို.ရှင်၏ မြင်းနှင်.အက ၊ ဓါးသိုင်းအက တို.အပြီး ဦးရှင်ကြီးပင်. ၊ မိကျောင်းစီး စောင်းကောက်နှင်.နတ်ချင်းဆို ၊စားတော်ဆက် ၊ ဆုမွန်ခြွေ ၊ ပြန်ပို. ၊ ကျားနှစ်ကောင်နှင်. အက တို.ပြီးလျှင် ဗိုလ်ညို (အဘညို - ဦးရှင်ကြီးကျားထိန်း ) နှင်.ကျားနှစ်ကောင် ၊ ထို.နောက်တော. ပုလဲရင် ၊ ခွန်ချို ခွန်သာ ညီနောင် ၊ အမေဂျမ်း ၊ ကိုကြီးကျော် စသည်တို. ပုံမှန်ဝင်လေ.ရှိပြီး နှစ်အလိုက်ကျန်သည်.နတ်တို.သာ အပြောင်းအလဲ အနည်းငယ်ရှိပါသည် ။


ပသပြဲၿပီးခ်ိန္ တြင္ ပြဲက်င္းပသူမ်ားက နန္းေဆာင္တြင္းမွ ပန္းမ်ားအား ပရိသတ္ထံ ႀကဲစြန္.ေပးေလ.ရွိၿပီး အခ်ိဳ.ဇာတ္မ်ား၏ ေနာက္ဆံုးေန. ဦးရွင္ႀကီး ဇာတ္ထုပ္ခင္းမည္.ေန.မ်ိဳးတြင္ေတာ. ထိုမနက္မွ ႀကဲစြန္.ေလ.ရွိႀကသည္ ။ အခ်ိဳ.ဇာတ္မ်ားဆုိလွ်င္ ဦးရွင္ႀကီး ဇာတ္ထုပ္ခင္းရင္း သူတို.အတြက္ ကြင္းအတြင္းတြင္၀ါးတစ္လံုး စင္ၿပဳလုပ္ေပးထားရကာ ထိုစင္ေပၚ တက္ကႀကေသာ ဓေလ.လည္းရွိပါသည္ ။

ပသပွဲပြီးချိန် တွင် ပွဲကျင်းပသူများက နန်းဆောင်တွင်းမှ ပန်းများအား ပရိသတ်ထံ ကြဲစွန်.ပေးလေ.ရှိပြီး အချို.ဇာတ်များ၏ နောက်ဆုံးနေ. ဦးရှင်ကြီး ဇာတ်ထုပ်ခင်းမည်.နေ.မျိုးတွင်တော. ထိုမနက်မှ ကြဲစွန်.လေ.ရှိကြသည် ။ အချို.ဇာတ်များဆိုလျှင် ဦးရှင်ကြီး ဇာတ်ထုပ်ခင်းရင်း သူတို.အတွက် ကွင်းအတွင်းတွင်ဝါးတစ်လုံး စင်ပြုလုပ်ပေးထားရကာ ထိုစင်ပေါ် တက်ကကြသော ဓလေ.လည်းရှိပါသည် ။


ထိုပြဲကို ႏွစ္စဥ္ ၁ လပိုင္း (သို. ) ၂ လပိုင္း တြင္ က်င္းပေလ.ရွိၿပီး ၿမိဳ.ေလး၏ ဓေလ.တစ္ခုမို. ၿမိဳ.ေလးမွ အေ၀းေရာက္ေနသူမ်ား သတိတရ ရွိတတ္သည္. ပြဲေတာ္ တစ္ခုၿဖစ္သလို ေလ.လာလိုသူမ်ားအဖို.လည္း စိတ္၀င္စားစရာ ၿဖစ္ပါလိမ္.မည္ ။

ဓါတ္ပံုမ်ားကို ေအာက္ပါ Link မ်ားတြင္ သြားေရာက္ႀကည္.ရွဳနိဳင္ပါသည္ ။

ထိုပွဲကို နှစ်စဉ် ၁ လပိုင်း (သို. ) ၂ လပိုင်း တွင် ကျင်းပလေ.ရှိပြီး မြို.လေး၏ ဓလေ.တစ်ခုမို. မြို.လေးမှ အဝေးရောက်နေသူများ သတိတရ ရှိတတ်သည်. ပွဲတော် တစ်ခုဖြစ်သလို လေ.လာလိုသူများအဖို.လည်း စိတ်ဝင်စားစရာ ဖြစ်ပါလိမ်.မည် ။


ဓါတ်ပုံများကို အောက်ပါ Link များတွင် သွားရောက်ကြည်.ရှုနိုင်ပါသည် ။








ထိုပြဲ ႏွင္. ပတ္သက္သမွ် ဆက္စပ္ဖတ္ရွဳရန္မ်ား 
 

No comments:

Post a Comment