အမေဆိုတာ
ဘာကြီးပဲ ဖြစ်နေပါစေ …အမေဟာ အမေပါပဲ အမေဆိုတဲ့ စကားသံဟာ နားထဲမှာ စွဲနေပါတယ်
။ ဟုတ်ပါတယ် ဒီနေ. ပြာသိုလပြည်.နေ. ။ ဗုဒ္ဒဘာသာ မြန်မာ လူမျိုးတို.ရဲ. အမေနေ.
လို.ပြောရပါမယ် ။ဘာကြောင်.လဲဆိုတော. ခရစ်စယာန် ဘာသာဝင်တွေ သတ်မှတ်ထားတဲ့
ကမ္ဘာလုံးဆိုင်ရာ အမေနေ. ဆိုတာကလည်း ရှိနေသလို ယိုးဒယားတွေကျတော.လည်း သြဂုတ်လ
ဒုတိယပတ်လောက်မှာ သူတို.နိုင်ငံရဲ. အမေနေ.( วันแม่ ၀ံမဲ့ ) ဆိုတာရှိသလို တရုပ်ပြည်မှာ လည်း အမေနေ.ရှိနေပြီး မိမိတို.နိုင်ငံအလိုက် အစဉ်အလာအလိုက်ကျင်းပနေကျတဲ့ နေ.တွေရှိပါတယ် ။
|
Julia Ward Howe |
ရှေးဟောင်း ဂရိ
ရောမခေတ်မှ စတင်၍ ဒီနေ့ခေတ်အထိ အမေနေ့ကိုကျင်းပနေကြတာလို.သိရပါတယ်
ကမ္ဘာလုံးဆိုင်ရာ အမေနေ့ ဖြစ်မြောက်အောင် ကြိုးပမ်း
အားထုတ်ခဲ့သူမှာ အမေရိကန်နိုင်ငံသူ Juila Ward Home
(1819-1910) ဖြစ်ပြီးသူမဟာ ကျော်ကြားတဲ့ စာရေးဆရာမကြီးတစ်ဦးမို.ကလောင်စွမ်းနှင့် ကြိုးပမ်းခဲ့သူဖြစ်ပါတယ် ။
အမေနေ့ဖြစ်မြောက်အောင် ကြိုးပမ်းခဲ့သူ
Juila Ward Home ရဲ.သမီး Anna Jarvis က အမေ့ အိပ်မက်ကို
ဆက်လက်ပြီး ရှင်သန်စေခဲ့သူ ဖြစ်ပြီး Juil Ward Home နှင့်
Anna Jarvis တို့၏ ကြိုးပမ်းမှုများကြောင့် နောက်ပိုင်းတွင် ကမ္ဘာနှင့်အ၀ှမ်း အမေနေ့
ကျင်းပနေခဲ့ကြတာလို. မှတ်တမ်းတစ်ခုကဆိုပါတယ် ။
|
Anna Jarvis
|
နှစ်စဉ်နိုင်ငံအတော်များများတွင်မေလဒုတိယပတ်တနင်္ဂနွေနေ
့ကိုအမေများနေ Mother's Day့ အဖြစ်ဂုဏ်ပြုသတ်မှတ်ကြပါတယ် ။အဲ့ဒီလိုနေ.တွေမှာ သူတို.ယဉ်ပါးနေတဲ့ ထုံးစံအရ Post
Card တွေ ၊ ပန်းခြင်းတွေ ပို.ကျ ၊ I Love Mom ဆိုပြီးနှုတ်ဆက်ကြ ၊အဲ့ဒီတစ်နေ.တာ
အမေနဲ. အတူနေပေးကြ ၊ပြောကြဆိုကြ နဲ. သူတို.အဖို. ထူးခြားတဲ့ နေ.တစ်ခုပါပဲ ။ များသောအားဖြင်. မိဘနဲ.အတူနေလေ.ရှိတဲ့
မြန်မာလူမျိုးတွေအတွက်တော. အဲ့ဒိလိုပုံစံမျိုး မဟုတ်ပါဘူး ။
အင်္ဂလန်နိုင်ငံမှာတော
မယ်တော်မယ်ရီကို ဂုဏ်ပြုတဲ့ အနေနဲ. ကျင်းပပြီး အမေအားလုံးဟာ အဲ့ဒီနေ.မှာ တူညီဝတ်စုံများ
ဝတ်ဆင်ပြီး အခမ်းအနား ကျင်းပသောနေရာကို
ရောက်လာတဲ့အခါ သားသမီးများက အမေများ၏ ကျေးဇူးကို ထုတ်ဖော်ပြောဆိုကြပါတယ်။
|
ယိုးဒယားတို.ရဲ.အမေနေ. |
ယိုးဒယားတွေရဲ.
အမေနေ. သတ်မှတ်ပုံ အသေးစိပ်မသိရပေမယ်. သြဂုတ်လရဲ. လ၀က်ဝန်းကျင်ခန်.မှာ
ကျင်းပလေ.ရှိပါတယ် ။ အမေရိကန်ပြည်ထောင်
စုမှာစတင်ခဲ့တဲ့အဲ့ဒီအမေများနေ့ ဟာခရစ်ယာန်ဘာသာဝင်များကြားတွင်ထွန်းကားခဲ့ပြီးမြန်မာပြည်မှာ
အဲ့ဒီနေ.ကိုအမေများနေ
့အဖြစ်လက်ခံတာ ၂၀၁၀ ၀န်းကျင်ကမှပါ ။
တရုပ်ပြည်မှာတော . စောစောပိုင်းဟိုလွန်ခဲ
့တဲ့  နှစ် လေး ၊ ငါးဆယ်လောက်က့လူဦးရေများလွန်းလို့ တအိမ်
ထောင်မှာခလေးတယောက်သာမွေးဖွားခွင့် ပေးပါတယ် ဒီတော့ ခလေးတွေကြီးပြင်းလာတဲ
့ဒီဘက်ခေတ်တွေမှာ မိခင်ရဲ့ တန်ဖိုးကိုသိလာပြီးကျေးဇူးဆပ်တဲ့ အနေနဲ့ နှစ်စဉ်
၅လပိုင်း၅ရက်နေ့ ကိုအမေများနေ့ လို့ သတ်မှတ် ပါတယ် ဒီလိုသတ်မှတ်တာလဲအကြောင်းရှိတယ်
ဘာလဲဆိုတော့  ၅ ၅ ဟာ သူတို့ ရဲ့ အသံထွက် ၀ူဝူလို့  ထွက်တယ်ဗျာ သူတို့ အမေလို့ ခေါ
်တဲ့  မူမူ မူချင်း အသံထွက်နဲ့ တူတယ်ဆိုပြီး သတ်မှတ်လိုက်ကြပါတယ် လို.ဆိုပါတယ် ။
မြန်မာ အမေနေ. စတင်ခဲ့တာကတော. ၁၉၈၇
မေလထုတ် လုံမလေး Magazine စာမျက်နှာ ၆၄
မှာ ဘဘ ဦးသုခ ရေးခဲ့တဲ့ ထိုတစ်နေ. ဆောင်းပါးမှ စတင်ခဲ့တာလို.သိရပါတယ် ။
အဲ့ဒိဆောင်းပါးကို မန္တလေး မြို.က စာပေချစ်သူ လူငယ်တစ်စုက အပေါင်းအသင်းများ
စုစည်းကာ မာတာပူဇော်ပွဲလို. စတင်အကောင်အထည်ဖော်ခဲ့ရာက ဆရာကြီးထံ
အကြံဥာဏ်တောင်းခံခဲ့ ပါတယ် ။ဘဘဦးသုခက ပြာသိုလပြည့် နေ့ညသန်းခေါင်ယံအချိန်ဟာ
ဆောင်းဥတုရဲ့အအေးဆုံးပါ၊ ရာသီဥတုရဲ့အအေးဆုံး အချိန်၊အသာယာဆုံးအချိန်ကို၊အအေးမြအကြည်လင်ဆုံးဖြစ်တဲ့အမေ့မေတ္တာကို
တင်းစားပြီး၊တုနှိုင်းမဲ့မိဘမေတ္တာကိုဖေါ်
ကျုးသောအားဖြင့် အမေနေ. သတ်မှတ်လိုပါတယ်လို.အကြံပြုချက်အရ ၁၃၅၈ ပြာသိုလပြည်. နေ. (
၂၃-၁-၁၉၉၇ ) ကစလို.အမေနေ. အဖြစ်သတ်မှတ်ပြီး အခမ်းအနားတွေ ကျင်းပကြတာပါ ။
ခုလက်ရှိ ဒီမှာကျင်းပနေကျပုံတွေကတော. အမေနဲ.ပတ်သက်တဲ့ တရားပွဲတွေ ၊ဟောပြောမှုတွေကို အဒိကပြုလုပ်လေ.ရှိပြီး ဒီဘက်နှစ်ပိုင်းမှာတော. Facebook ကနေ wish လုပ်လာတာမျိုးတွေ ၊ မိဘနဲ. တစ်နေ.လုံး အတူသွား အတူနေပေးတာမျိုးတွေ လုပ်လာကြပါတယ် ။
အမေနဲ.ပတ်သက်လို.
ဘယ်လိုကျေးဇူးကြိးကြောင်းတွေကတော. မြင်တတ် ယူတတ်သူတို.အဖို.စာပေ လက်တွေ. အမြင်
အကြား အများအပြားမို. အထွေအထေူး မပြောလိုတော.ပါဘူး ။ ထင်ရှားတဲ့ဖြစ်ရပ်လေး
၂ခုကိုပဲ ပြန်ဖော်ပြပါမယ် ။ ဘုရားရှင်လက်ထက်တော်က သုပါဝါသ မင်းသမီးမှာ သားဖြစ်သူ
ရှင်သိဝလိကို ၇နှစ်၇လ၇ရက် ကိုယ်ဝန်ဆောင်ခဲ.ရပြီးမှ မွေးဖွားနိုင်ခဲ့တာပါ ။
ကိုယ်ဝန်ဆောင်ထား၇တဲ့ဒုက္ခ ကို ဘယ်သူမဆိုတွေးကြည်.နိုင်ပါတယ် ။ တစ်ရက်မြတ်စွာဘုရားက
ဆွမ်းကပ်တာကိုဘုဉ်းပေးနေခိုက် သုပါဝါသ မင်းသမီး နောက်ထပ် ဤလိုသားမျိုးရလျှင်
ယူဦးမည်လောဟုမေးရာ သုပါဝါသ က ခုနှစ်ယောက်မျှ ယူချင်ပါသေးသည်ဟုလျှောက်ထားခဲ့သည်ကိုကြည်.ပါက
မိခင်တို.အတွက် သားကိုလွယ်ထားရသော ဒုက္ခကား ဒုက္ခဟု မခံယူထားသော ဒုက္ခတစ်ခုမှန်း
သိသာလှပါတယ်။နောက်ဖြစ်ရပ်တစ်ခုက ၁၉၇၃ ၇န်ကုန် - ဒလကူး တိုးအေးသင်္ဘော နစ်စဉ်
ခရီးသည်များ သေကျေပျက်စိးခဲ့ပြီး နစ်ပြီး ၁၅ ရက်အကြာ သင်္ဘောပေါ်မှ အလောင်းများအနက်
နို.စို.ကလေးငယ်ကို ရင်ဝယ်တင်းတင်းပိုက်လျှက် အသက်ကုန်နေသော မိခင်တစ်ဦး၏အလောင်း
တွေ.ခဲ့ရခြင်းကား အနှိုင်းမဲ့မေတ္တာကို
ထင်းထင်းတွေ.နိုင်သော မြင်ကွင်းတစ်ရပ်ဖြစ်ခဲ့ပါတယ် ။
ယနေ.ခောတ်ကဲ့သို. မိခင်များအပေါ်
သားသမီးတို.၏ အရိုသေ ဂရုစိုက် ပြုစုစောင်.ရှောက်မှုတို.လျော.ကျလာနေခိုက်၊ အချို.နေရာများတွင် စွန်.ပစ်ထားမှုမျိုးအထိ ရှိလာနေသည်.အခိုက် ဤသို.သော
အမေနေ.လေးမှစ၍ မိမိကိုယ်ကိုလည်းကောင်း ၊ မိခင်တို.၏ မေတ္တာကို ပြန်လည်ဆင်ခြင်သုံးသပ်
သတိပြုမိနိုင်ကြပါစေဟု……
Ref ;
Thondrae , Trctech ,Lin Zaw Htike & Kyaw Swe Win (
Shwe-Inn ) @ Standard Time
No comments:
Post a Comment