Saturday, January 25, 2014

စတုတ္ထအောင်ပွဲ (သို.) ၀ါးခယ်မမြို.နယ်အသင်း ၏ ၄ကြိမ်မြောက် အခမဲ့ဆေးကုသမှု ခရီးစဉ်



ရန်ကုန်မြို.တွင် ရောက်ကြ /နေကြ /ရှိကြသော ၀ါးခယ်မသားတို.အနေဖြင်. မိမိတို. အချင်းချင်း၏ သာရေး ၊ နာရေး ၊လူမှုရေး ၊ကျန်းမာရေး ဆိုင်ရာ ကိစ္စရပ်များတွင် စုစည်း ညီညွတ်စွာ ကူညီဆောင်ရွက်နိုင်ရန် ၁၉၄၇ ခုနှစ်က ရန်ကုန်ရောက်ဝါးခယ်မ အသင်း အမည်ဖြင်. စတင်ဖွဲ.စည်းခဲ့ပြီး ၁၉၇၄ မေလ ၁၂ ရက် တွင် ၀ါးခယ်မမြို.နယ်အသင်းဟု အမည်ပြောင်းလဲသတ်မှတ်ခဲ့ကြသော ၀ါးခယ်မမြို.နယ်အသင်း ( ရန်ကုန် ) ၏ စတုတ္ထအကြိမ်မြောက် မြို.နယ်လုံး အခမဲ့ ခွဲစိပ်ကုသ မှု အစီအစဉ်အဖြစ်၂၀၁၄ ၏ နှစ်ဦးဖြစ်သော  ဇန်န၀ါရီ ၁၀ ၊၁၁ ရက် ၊၁၂ ရက် တို.တွင်ကွယ်ကဘော နယ်လှည်.ကုသရေးအဖွဲ.၏ ရွှေ.လျှားခွဲစိပ်ယာဉ် ၊ ၀ါးခယ်မမြို.နယ်အသင်း (၀ါးခယ်မရုံးခွဲ ) ၊ ၀ါးခယ်မ မြို. နယ်အသင်း၏ စက္ခုပါလ မျက်စိဆေးခန်း ၊ ၀ါးခယ်မမြို. ရွှေခယ်သီ၇ိ ခန်းမတို.တွင် စစ်ဆေး ၊ ကုသ ၊ ခွဲစိပ် မှုများ ပြုလုပ်ခဲ့ပါသည် ။


မူလအစီအစဉ် အရ ဇန်န၀ါရီ ၁၁ ရက်မှ စတင်ရန်ဖြစ်သော်လည်း ၁၀ ရက်နေ.ကပင် အချို. ကုသရေး အဖွဲ.၀င်များနှင်. ၀ါးခယ်မမြို.နယ် အသင်း ( ရန်ကုန် ) နာယကကြီး နှင်. နာယက အဖွဲ.၀င် ဦးအောင်သန်း ဦးဆောင်သော ရှေ.ပြေးအဖွဲ.တို.က သွားရောက် စတင် စစ်ဆေး ကုသပေးခဲ့သည် ။ ၁၁ ရက်နေ.တွင် ပါမောက္ခ စောဆိုင်မွန်သာ ဦးဆောင်သော ကွယ်ကဘော နယ်လှည်.ဆေးကုသရေးအဖွဲ. နှင်.   ၀ါးခယ်မမြို.နယ် အသင်း ( ရန်ကုန် ) ဥက္ကဋ္ဌ ဦးဆောင်သော အမှုဆောင်အဖွဲ.၀င်များ ရောက်ရှိပြီး ဆေးကုသရေးဆိုင်ရာ အဖွဲ.များက ၀ါးခယ်မ အကျိုးဆောင် အဖွဲ.များ ၊ အထောက်အကူပြုအဖွဲ.များ ၊ လုပ်အားပေးများ အကူအညီဖြင်. စစ်ဆေး ၊ ခွဲစိပ် ၊ ကုသ ကိစ္စများကို ဆက်လက်ဆောင်ရွက်ခဲ့ကြပါသည် ။ထိုသို. ခွဲစိပ်ကုသရာတွင် တောနယ်များမှ လာရောက်ကုသကြသော သူများအတွက် ရွှေခယ်သီ၇ိ ခန်းမအတွင်း အနားယူအိပ်စက်နိုင်စေ၇န် ခွင်.ပြုပေးခဲ့ပြီး ထမင်းမှအစ စေတနာရှင်များ အကူအညီဖြင်. စီစဉ်ပေးခဲ့ပါသည် ။

ထိုနေ. မွန်းလွဲ ၁နာရီတွင် ၀ါးခယ်မမြို.နယ် နာရေး ကူညီမှု ကော်မတီ ၀င်များနှင်. ၀ါးခယ်မမြို.နယ် အသင်း ( ရန်ကုန် ) အမှုဆောင်အဖွဲ.၀င်များ၏ တွေ.ဆုံညှိုနှိုင်းပွဲ ပြုလုပ်ခဲ့ပါသည် ။ထိုသို.ဆွေးနွေးကြရာတွင် လက်ရှိ နာ/ကူ ကော်မတီ မှာ ၃နှစ်တစ်ကြိမ် ပြောင်းလဲဖွဲ.စည်းမှု စဉ်းမျဉ်းအရ ဖွဲ.စည်းထားသော အဖွဲ.သစ်ဖြစ်သည် ။ထိုကော်မတီ အနေဖြင်. ပြီးခဲ့သော ၃ နှစ်အတွင်း ၈၇၃ ဦး၏ နာရေးအား ကူညီနိုင်ခဲ့ပြီး တစ်ဦးကုန်ကျစရိတ် ၁၀၅၀၀ ခန်.ကုန်ကျခဲ့သည်ဟု သိရပါသည် ။ပုံမှန် ၀န်ထမ်း၂ယောက် ကို လစာဖြင်.ခန်.ထားပြီး ထိုနာရေးကိစ္စရပ်များအပြင် အောက်ဆီဂျင် အိုး ၄ လုံး အခမဲ့ ငှား၇မ်းခြင်း ပါ လုပ်ဆောင်လျှက်ရှိသည်ဟု သိရပါသည် ။ထို.သို.ဆွေးနွေးရာတွင် လူနာတင်ယာဉ် ကိစ္စ ၊ သွေးလှုဒါန်းမှုတွင်တွေ.ကြုရသော သွေးစစ်ဆေးမှုအခက်အခဲ ၊ရပ်ကွက် နှင်. မြို.နယ် အသင်းကြား ကိစ္စရပ်များ အားဆွေးနွေးခဲ့ကြပါသည်။


ထိုအစည်းအဝေးတွင် က၀ိသိပ္ပံ ဆရာတော် က Body တစ်ခုသဂြိုဟ် ရာတွင် တွေ.ကြုံရသော အပိုကုန်ကျစ၇ိတ်အချို. ၊ရပ်ကွက် နှင်.မြို.နယ် အသင်းကြား ဆိုင်ရာ ကိစ္စရပ်များ ၊၀ါးခယ်မ - ရွှေလောင်း ကားလမ်းကိစ္စ ၊ ကျုံမငေးတွင် အောက်ဆီ၈ျင် ၂၄ နာရီ ရနေသော်လည်း ၀ါးခယ်မတွင် လိုသလောက်မရနိုင်သေးသော အခြေအနေ ၊ အရပ်သား ကျန်းမာရေးစောင်.ရှောက်မှုအတွက် ပြုလုပ်နေကြပြီဖြစ်သော် ဂီလာန သံဃာတော် များစောင်.ရှောက်ရေးဆိုင်ရာ ကိစ္စရပ်များ အားဆွေးနွေးအကြံပြုပါသည် ။


ထို.နောက် ၀ါးခယ်မမြို.နယ် အသင်း အမှုဆောင်များ နှင်. မြို.နယ် အုပ်ချုပ်ရေး ၊ စည်ပင်သာယာရေး ဆိုင်ရာ တာဝန် ရှိသူများ အစည်းအဝေးကို ဆက်လက်ကျင်းပပါသည် ။ အမှုဆောင်များ ဘက်မှ နာယက ၊ ဥက္ကဋ္ဌ နှင်. အကျိုးဆောင်အဖွဲ.၀င်များက ရွှေခယ်ဧရာ ယာဉ် ရပ်နားစခန်း ကိစ္စ ၊  ကွန်ပြူတာ သင်တန်းဆိုင်ရာကိစ္စ ၊ ခောတ်မှီ အားကစားရုံကိစ္စ  အပါအ၀င် မြို.ရွာဖွံ.ဖြိုးရေး ကိစ္စရပ်များ ကိုဆွေးနွေး တင်ပြကြပြီး မြို.နယ် အုပ်ချုပ်ရေးမှုးက မြို.နယ် ဖွံ.ဖြိုးရေးအတွက် ရရှိသော သိန်း၁၀၀၀ ကို ခွဲဝေလုပ်ကိုင်မည်. လမ်း ၊ တံတား ၊ကျောင်း ဆိုင်ရာလုပ်ငန်း ၁၈ ခု နှင်. သုံးစွဲမည်. ပမာဏ တို.ကို ရှင်းလင်းပြောကြားပြီး မြို.နယ် စည်ပင်သာယာကော်မတီ က လုပ်ငန်းဆိုင်ရာများ ဆက်လက်ဆွေးနွေးပါသည် ။အမှုဆောင် တစ်ဦးစီ၏ ဆွေးနွေးမှု ၊ အကြံပြုချက်များ တွင် ဆည်မြောင်းဆိုင်ရာကိစ္စ ၊ ဘိုးမင်းခေါင်ကန်ပတ်လမ်း မွမ်းမံမှုဆိုင်ရာကိစ္စ ၊ မြို.တွင်း ဆီဆိုင်များကိစ္စ ၊မီးသတ်ကား ၊ မီးသတ်စက်နှင်. အရံမီးသတ်ဆိုင်ရာ ကိစ္စ ၊ မီးသတ်ကန်များကိစ္စ တို.ကို ဆွေးနွေးကြပြီး ညနေပိုင်းတွင်ပြီးဆုံးခဲ့ပါသည် ။


၁၂ ရက်နေ. မနက်ပိုင်းတွင် ရန်ကုန်အမှုဆောင်များ ၊ ၀ါးခယ်မ အမှုဆောင် နှင်. ပညာရေး ဆိုင်ရာ အကျိုးဆောင်များနှင်. မြို.နယ်အသင်း၏ ပညာသင်ထောက်ပံ.ကြေး ခံစားနေသော ကျောင်းသား /သူ အချို. တို.တွေ.ဆုံပြီး လိုအပ်သည်များမေးမြန်း ၊ ညှိုနျိုင်း ၊ ရှင်းလင်းပြောကြားကြ့ပီး ကျောင်းသား/သူ များက နာယကကြီး နှင်. အကြီးအကဲများအား ဂါရ၀ပြုကန်တော.ကြပါသည် ။ ထို.နောက် ၂၀၁၄ ပညာသင်နှစ် ထူးချွန် / ချို.တဲ့ ကျောင်းသားများအတွက် ပညာသင်ထောက်ပံ.ကြေးဆိုင်ရာ လျှောက်ထားမှုများအား ပမာဏ စိစစ်ရွေးချယ်မှု ပြုလုပ်ကြပါသည် ။


မွန်းလွဲပိုင်းတွင် မူ ဖွင်.လှစ်ပေးခဲ့ပြီးသော စက္ခုပါလ မျက်စိဆေးခန်းအတွက် ထာဝရ ငွေပဒေသာပင် စိုက်ထူရေး အလှုငွေ အိမ်တိုင်ယာရောက် အလှုခံခြင်းကို အသင်း နာယက ၊ ဥက္ကဋ္ဌ ၊အမှုဆောင်များနှင်. ၀ါးခယ်မ အကျိုးဆောင်များ လိုက်ပါ ဆောင်ရွက်ကြရာတွင် သံကြိုးတိုင်အဖျားမှစ ၍ လုပ်ဆောင်ခဲ့ကြပြီး ပဒေသာပင်တည်ထောင်ခြင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းခြင်း ၊ အလှုငွေ လက်ခံခြင်း ၊သာဓုအနုမောဒနာပြုခြင်း စသည်တို.ဖြင်. ညနေပိုင်းအထိလုပ်ဆောင်ခဲ့ကြပါသည် ။
၁၃ ရက်နေ. မနက်ပိုင်းတွင် နာယကကြီးမှ ဦးနုစာကြည်.တိုက်သို. စာအုပ်စာစောင်များ လှုဒါန်းခြင်း ပြုလုပ်ခဲ့ပြီး ဥက္ကဋ္ဌ နှင်. အမှုဆောင်များ က ကြယ်စင်မေတ္တာ မူကြိုကျောင်းသို. သွားရောက်လေ.လာခဲ့ပါသည် ။ ကလေးငယ်များက အမှုဆောင်အဖွဲ.၀င်များအား မေတ္တာနဲ.ကြယ်စင် သိချင်းဖြင်. သရုပ်ဆောင် ဖျော်ဖြေခဲ့ကြသည် ။ အမှုဆောင်များမှ စုပေါင်း၍ ကလေးငယ်တို.အတွက် အဟာရဒါနအဖြစ် အလှုငွေ ၁၅၀ ၀၀၀ ကို လှုဒါန်းခဲ့ကြပါသည် ။


မွန်းလွဲပိုင်းတွင် ရန်ကုန်မြို.သို. ပြန်လည်ထွက်ခွာခဲ့ကြပြီး ၀ါးခယ်မမြို.နယ် အသင်း ( ရန်ကုန် ) ၏ စတုတ္ထအကြိမ် အခမဲ့ဆေးကုသခြင်း ခရီးနှင်. မြို.နယ် ဖွံ.ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းဆောင်တာများ ညှိုနှိုင်းတိုင်ပင်ဆွေးနွေးမှုများ အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြပါသည် ။

၂၀၁၄ နှစ်ဦး တွင်ပြုလုပ်ခဲ့သောဝါးခယ်မမြို.နယ် အသင်း ၏  စတုတ္ထအကြိမ်မြောက် အခမဲ့ဆေးကုသမှု အစီအစဉ်တွင်
 မျက်စေ့ ခွဲစိတ်ကု-                                             ၁၉၃ ဦး         အထွေထွေ ခွဲစိတ်ကု-                      ၅၂ ဦး
သွားနှင့် ခံတွင်း ကုသ-                                            ၃၉ ဦး      အထွေထွေ စမ်းသပ်/ ရောဂါကု-       ၁၆၂ ဦး

ဖြင်. လူနာပေါင်း  ၄၄၆ ဦးအား အခမဲ့ကုသပေးနိုင်ခဲ့ပြီး  ဆေးကုသမှု ကုန်ကျစရိတ် စုစုပေါင်း ၁၂ ,၉၇၅ ,၉၁၅ ကျပ် ကုန်ကျခဲ့ပါသည် ။



ဆေးကုသမှုအပိုင်းတွင်လည်း ကွယ်ကဘော နယ်လှည်.ကုသရေးအဖွဲ.မှ သမားတော် ၅ ဦး ဆရာဝန် ၅ ဦး သူနာပြုနှင်. အကူ ၁၇ ဦး အင်အားဖြင်. စမ်းသပ် ၊ ခွဲစိပ် ၊ကုသပေးခဲ့ပြီး ဇာတိဖွား ဆရာဝန် ၄ ဦးကလည်း ပူးပေါင်း ကူညီပေးခဲ့ပါသည် ။ ထို.အပြင် စနစ်တကျ ဖြစ်စေရန် အမည်စာရင်းသွင်းခြင်းမှအစ အထွေထွေ ကိစ္စရပ်များအတွက်  မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ ၊ U- 45 လူမှုကူညီရေးအဖွဲ့ ၊ မြို့နယ် အုပ်ချုပ်ရေး၊ စည်ပင်သာယာ၊ ကျန်းမာရေးရုံးများ ၊မေတ္တာ ကရုဏာ နာမှုကူညီရေးအသင်း ၊  မြို့နယ်အသင်းဧ။် အကျိုးဆောင်အဖွဲ့ များ ၊ဒေါ်ပိုက်မိဘိုးဘွားရိပ်သာ၊ မေတ္တာကြယ်စင် မူကြိုကျောင်း၊ ဘုရားလမ်း မူကြိုကျောင်း၊ ရေယာဉ်အသင်း ၊ ဦးစန်းတင်ဘုရားဂေါပကအဖွဲ့၊ ချက်ပြုတ်ကျွေးမွေးသော အငြိမ်းစားဆရာမကြီးများနှင့်အဖွဲ့ များနှင်. အခြားသော အဖွဲ.အစည်းများ ၊ တစ်ယောက်ချင်းစီ ကူညီပေးကြသူများ ကြောင်. အဆင်ပြေချောမွေ.စွာ ဆောင်ရွက်နိုင်ခဲ့ကြပါသည် ။



ထို ဆေးကုသမှု အတွက် ဦးထွန်းကြည် ( မြ၀တီ ဘဏ် - ဦးဆောင်ညွှန်ကြားရေးမှုး - ငြိမ်း ) မိသားစုနှင်. အသင်း၏ ဂုဏ်ထူးဆောင် နာယကကြီး ဦးအံ.ကျော်တို.က မတည်လှုဒါန်းခဲ့ခြင်းဖြစ်ပြီး ရန်ကုန်ရောက် ၀ါးခယ်မ နွယ်ဖွား အလှုရှင် ၇၉ ဦး ၊ တပ်မတော် ဆေးတက္ကသိုလ် မိသားစု များမှ လှုဒါန်းငွေ သိန်း ၂၃၀ ကျော် ၊ ၀ါးခယ်မမြို.မှ အလှုရှင်များ လှုဒါန်းငွေ ၉သိန်းကျော် ၊ ၁၂ ရက်နေ. အမှုဆောင်အဖွဲ.၀င်များ အိမ်တိုင်ယာရောက် အလှုခံခြင်း အစီအစဉ်တွငှ် ကြာနီကန်ဆရာတော် အပါအ၀င် ၃၃ ဦးထံမှ ၇၃သိန်းကျော် ၊ နာယကကြီး ဦးအံ.ကျော် သီးခြား အလှုခံပေးငွေ ၈၆ သိန်း စုစုပေါင်း စေတနာအပြည်. လှုဒါန်းငွေပေါင်း ၃၉, ၈၆၅ , ၄၀၀ကျပ်ရရှိခဲ့သည် ။



ဝါးခယ်မမြို.နယ် အသင်း၏ တည်ထောင်လုပ်ဆောင်ခဲ့သမျှ လုပ်ငန်းတိုင်းလိုလို ထာဝရ အရှိန်အဟုန်မပျက် လုပ်ဆောင်နိုင်ရန် စီမံလေ.ရှိသည်.အတိုင်း ယခု ကုသမှုအစီအစဉ် အတွက်လည်း ပိုငွေ များမှ ငွေကျပ် သိန်း ၂၀၀ ကို ၀ါးခယ်မ ဘဏ်တွင် ပဒေသာပင်အဖြစ် အပ်နှံပေးထား ခဲ့ပြီး ကျန်ငွေ ၆၉ သိန်းခန်.ကို စာရင်းဇယားနှင်. ထပ်မံ လွှဲပြောင်း အပ်နှံပေးမည်ဖြစ်ပြီး ထိုမှ အတိုးအညွန်.ရရှိငွေ ကို သုံးစွဲ၍ ၄ လလျှင် တစ်ကြိမ် ခန်. အဆက်မပြတ် ကုသပေးနိုင်ရန် စီမံထားခဲ့ပါသည် ။



တောနယ်များမှ လာရောက်ကုသကြသူများ နှင်. လူနာစောင်.တို.အတွက် နေ./ည ထမင်းအတွက်ကို ဦးကိုကိုလေး + ၃  တို.က နေ.စဉ်ကုသိုလ်ပြု လှုဒါန်းခဲ့ကြပြီး ၀ါးခယ်မမြို.နယ်အသင်း ( ရန်ကုန် ) အမှုဆောင်များ နှင်. ကုသရေးဆိုင်ရာ ပညာရှင်များ ၊ ဧည်.သည်တော်များအတွက် မိခင်နှင်. ကလေးစောင်.ရှောက်ရေး အသင်း ၊ မြို.ပေါ်ရှိဆရာဝန်ကြီးများ ၊ အချိုပွဲအတွက် သီလရှင်ကျောင်းတို.က တာဝန်ယူ ပေးခဲ့ကြပါသည် ။



ဝါးခယ်မသားစိတ်ဓါတ်ဖြင်. စေတနာအပြည်. တက်ကြွစွာအားလုံး ၀ိုင်းဝန်း ဆောင်ရွက်ကြသော ကြောင်. ယခုစတုတ္ထအကြိမ် အခမဲ့ ဆေးကုသရေး ခရီးစဉ် တစ်ခုလုံးအောင်မြင်ခဲ့ကြရခြင်းဖြစ်ပါသည် ။


 { အချက်အလက်များ ပံ.ပိုးကူညီပါသော ၀ါးခယ်မမြို.နယ်အသင်း ( ရန်ကုန် ) ဥက္ကဋ္ဌ ဦးသန်းဋ္ဌေး အား ကျေးဇူးတင်ရှိပါသည် }

ထို ခရီးစဉ်နှင်. ကုသမှုဆိုင်ရာ ဓါတ်ပုံမှတ်တမ်းများကို အောက်ပါ Link များမှ သွားရောက်ကြည်.ရှုနိုင်ပါသည် ။

No comments:

Post a Comment