Thursday, January 30, 2014

မိုးဟိန်း ဆိုတာ ဘယ်သူလဲ (သို.) ချစ်နွေမိုး ပြောတဲ့ မိုးဟိန်း








တစ်ယောက်ကပြောတယ် ။ ခင်ဗျားက DSA အပတ်စဉ် ၂၇ မှာတက်ခဲ့ဖူးတယ် ။ RTH နဲ.ပြန်ထွက်ခဲ့တာတဲ့ ။ ဦးတေဇ တို. စည်သူအောင်မြင်.တို.နဲ. အတူတက်ခဲ့တာ တဲ့ ။ဒါကိုတော. ကျုပ်သိတယ် ။ခင်ဗျားရဲ. CEO ရုံးခန်းထဲမှာ ကျုပ်တို. အယ်ဒီတာ အဖွဲ.တွေ အစည်းအဝေးလုပ်တုန်း ခင်ဗျား ကိုယ်တိုင်ပြောခဲ့တာ ။ဒါပေမယ်. အဲ့ဒီလူထည်.ပြောတဲ့ စကားကြီးက ……..ခင်ဗျားက DSA တက်တာ အနေအစားချောင်မလားလို. တက်တာ ၊ စစ်တပ်ဆိုတာ သိတဲ့အတိုင်း ချွေးထွက်များမှ သွေးထွက်နည်းမယ် ဆိုသလို သင်တန်းကို ပြင်းပြင်းထန်ထန် လေ.ကျင်.ပေးတော. ခင်ဗျား မခံနိုင်တော.ဘဲ RTH နဲ. ပြန်ပြေးခဲ့ရတာတဲ့ ……

နောက်တစ်ယောက်ကပြောသေးတယ် ၊ ခင်ဗျားက ရန်ကုန်တက္ကသိုလ် သမိုင်းမေဂျာမှာ တက်တာ အမရဆောင်မှာနေတယ် ။ ၈၈ ကျောင်းသားသမဂ ဖွဲ.စည်းတာ ခင်ဗျားက ခေါင်းဆောင်တစ်ယောက်အနေနဲ. ပါဝင်ခဲ့တယ် ။ စည်းရုံးရေးမှုး တာဝန်ကို အဓိကယူခဲ့ရတယ် ။ကျောင်းသားလောကမှာ နာမည်ကြီးနေတာက ခင်ဗျားဟာ ကျောက်ဆစ်ရုပ်ကိုတောင် ခေါင်းညိတ်.လာအောင် စည်းရုံးတတ်တဲ့သူတဲ့ ။
ခင်ဗျားစည်းရုံးတာတော. ကျုပ်မတွေ.ဖူးဘူး ၊ လှုံ.ဆော်တာကိုတော. အပီအပြင် တွေ.ဖူးတယ် ။ဂျာနယ်မှာ လှုံ.ဆော်စာတွေကို ပြည်သူတွေ သဘောကျအောင်ရေးတာလေဗျာ ။လှုံ.ဆော်စာ ရေးတဲ့နေရာမှာ တကယ်တော်တယ် ။ကျုပ်တို.ငယ်ငယ်က ရွှေဘဆို အ၇မ်းကြိုက်ခဲ့တာဗျ ။…….ကျုပ်တို.လို ဆင်းရဲသားတွေရဲ. မဟာသူရဲကောင်းဆိုတော. ကြိုက်တယ် ၊အားပေးတယ် ၊ရွှေဘက ချမှကြိုက်တယ် ။ ရွှေဘကလည်း ပြည်သူ.အကြိုက်ချပြတယ် ။ပြည်သူ.ဘက်က ဆင်းရဲသားဘက်က ရပ်တည်တယ်ဆိုပြီး ရုပ်ရှင်ထဲမှာချပြတာ ။သူကရုပ်ရှင်ထဲမှာ ချပြရင်း အပြင်မှာချမ်းသာသွားတယ် ။ကျုပ်တို.အားပေးတဲ့သူတွေက လက်ခုပ်တီးရလွန်းလို. လက်တွေ နာတာပဲ အဖတ်တင်တယ် ။ဆင်းရဲတာက ဆင်းရဲတာပါပဲ ။ခင်ဗျားလည်း ရွှေဘလိုပါပဲ ။………….ချရင်းချရင်းခင်ဗျားက သူရိယအလင်း ဂျာနယ် ၀န်ထမ်းဘ၀ က သူရိယနေ၀န်းဂျာနယ် ပိုင်ရှင်ကြီးဖြစ်သွားပြီ ။ ခင်ဗျားကို အားပေးနေတဲ့ ပြည်သူသန်း ၆၀ ကတော. ဒုံရင်းက ဒုံရင်း ပါပဲ ။

ခင်ဗျားထောင်ကျရတဲ့အကြောင်းအရင်းက ခင်ဗျားအတွင်းရေးမှုးအဖြစ် တာဝန်ယူ လုပ်ကိုင်နေတဲ့ လူ.ဘောင်သစ်ပါတီကို မတရားအသင်း အဖြစ်ကြေညာခံခဲ့ရပြီး အဖမ်းခံခဲ့ရလို.ထောင် ၇ နှစ်ကျခဲ့တာ ။ထောင်ကလွတ်တော. ခင်ဗျား စီးပွားရေးလောကထဲ ၀င်လာတယ် ။……..လုပ်ပိုင်ခွင်.၇ှိတဲ့ အာဏာပိုင်တွေကို အမိအရ ပေါင်းတယ် ။စားအုန်းဆီ တင်သွင်းခွင်. ပါမစ်ရအောင်လုပ်တယ် ။ရတော. ကိုယ်တိုင်မလုပ်ပဲ ပါမစ်ပြန်ရောင်းစားတယ.် ။မြန်မာပြည်ကို စားအုန်းဆီ တင်သွင်းခွင်.၇အောင် ပထမဆုံးလမ်းဖွင်.ခဲ့တာ ခင်ဗျားပဲ ။ ပြည်သူတွေ စားအုန်းဆီ သုံးစွဲနေရချိန်မှာ ခင်ဗျားက စားအုန်းဆီနဲ. ပတ်သက်ပြီး ရလာတဲ့ ပိုက်ဆံ နဲ. မြေပဲဆီ စစ်စစ် ၊ နှမ်းဆီ စစ်စစ် စားရင်း ကိုယ်.ကျန်းမာရေးကိုယ် ဂရုစိုက်နေခဲ့တယ် ။


ဗိုလ်ဆွန်ပက်လမ်း အောက်ဘလောက်မှာ ဂန္တ၀င် ရွှေပုဂံ စားသောက်ဆိုင်နာမည်နဲ. ခင်ဗျား စားသောက်ဆိုင် ဖွင်.ခဲ့သေးတယ် ၊……. အဲ့ဒီဆိုင်မှာ ခင်ဗျားက စင်တင်တေးဂိတဖျော်ဖြေပွဲ လုပ်ထားတယ်လေ ။မြန်မာပြည်က စားသောက်ဆိုင်တွေမှာ စင်တင်ဂိတ စလုပ်တာ ခင်ဗျားပဲ ။..ပါဝါရေဆေးဆီထိုးဆိုင် ခင်ဗျားဖွင်.ခဲ့သေးတယ် ။အဲ့ဒီလုပ်ငန်းလည်း ခင်ဗျားအောင်မြင်ခဲ့တာပဲ ။……ခင်ဗျားလည်း မထင်မှတ်တဲ့ အမှားတွေ ဖြစ်လာတော.လူမှုရေး ၊ စီးပွားရေး ရှုပ်တယ်ဆိုပြီး စွဲချက်တွေတင်လာတယ် ။အဲ့ဒီဒါဏ်တွေ ခင်ဗျား မခံနိုင်တော.ဘူး ၊ပြီးတော. နိုင်ငံရေး လုပ်ချင်တဲ့ စိတ်ဓါတ်အခံလေး ရှိထားတော. အားလုံးနဲ.လွတ်ရာ လွတ်ကြောင်း ထိုင်းနိုင်ငံကို ထွက်သွားတယ် ။
ထိုင်းနိုင်ငံမှာရှိတဲ့ ခင်ဗျားလို ၀ါသနာတူတွေနဲ.ပေါင်းပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို ခင်ဗျားတို. ၀ိုင်းကြတယ် ။အဲ့ဒီတော. ခင်ဗျားတို.ကို ဖမ်းပြီး ထောင်ချတယ် ။ အမေရိကန်အစိုးရနဲ့ ခင်ဗျားနဲ. ဘယ်လိုပတ်သက်လည်းတော. မသိဘူးဗျာ ။ ခင်ဗျားကို အမေရိကန် အစိုးရက လက်ထိပ်တန်းလန်း  နဲ.ထိုင်းနိုင်ငံကနေ အမေရိကန်နိုင်ငံကို ခေါ်ထုတ်သွားတယ် ။ခင်ဗျားက အမေရိကန်နိုင်ငံသား ခံယူပြီး အဲ့ဒီမှာ တက္ကစီ မောင်းစားတယ် ။အခြေအနေပေးရင် ပေးသလို နိုင်င့ရေးသမားတွေနဲ. အဆက်အသွယ်လုပ်ပြီး နိုင်ငံရေးလုပ်တယ် ။ You Tube ကနေ သတင်းဆောင်းပါး ၂၀၀ ကျော် ထုတ်လွှင်.ခဲ့တယ် ။

By Eleven

 သမ္မတ ကြီးက တံခါးဖွင်.ပေးလိုက်တော. မြန်မာနိုင်ငံကို ခင်ဗျား ပြန်လာနိုင်တဲ့ အခွင်.အရေးဖြစ်သွားတယ် ။…….ခင်ဗျားက အမေရိကန် နိုင်ငံသား ခံယူထားတာမို. မြန်မာပြည်ကို အလည်အပတ် ( Visit Visa ) နဲ.ပဲ ပြန်ရောက်လာခဲ့တယ် ။……..ခင်ဗျားက ခောတ်မိုးနာမည်နဲ. သတင်းစာထုတ်ဖို.ဆန္ဒရှိခဲ့တယ် ။ရှယ်ယာရှင်တွေက ခင်ဗျား ဆန္ဒကို အကောင်အထည်ဖော်ပေးတယ် ။ခင်ဗျားကို CEO အဖြစ်တာဝန်ပေးပြီး လစာ တစ်လဒေါ်လာတစ်ထောင်နဲ. အလုပ်ခန်.တယ် ။……ခောတ်မို.သတင်းစာထွက်ဖို. အဆင်မပြေတဲ့အဆုံး သူရိယအလင်းဂျာနယ် ထုတ်ဖို. စီစဉ်တယ် ။…….ဧပြီလ ကနေ ဇူလိုင်လအထိ ၄ လလုံးလုံး ဘာမှအကောင်အထည် ပေါ်မလာသေးပဲ ၀န်ထမ်းစ၇ိတ် နဲ. အခြားစရိတ်တွေ အတော်များများ ထိလာတယ် ။………သြဂုတ်လမှာ ကိုအောင်စည်ဟိန်း အယ်ဒိတာချုပ်အဖြစ် ဦးဆောင်တဲ့ ကျုပ်တို. အယ်ဒိတာအဖွဲ.နဲ. ခင်ဗျားတွေ.ဆုံပူးပေါင်းမိပြီး သူရိယအလင်းဂျာနယ် ရှာရှာရှုရှု စတင်ထွက်လာနိုင်ခဲ့တယ် ။


ဂျာနယ် ထွက်ကာစတုန်းက ခင်ဗျားရေးတဲ့မန္တလေး ကျဆုံးခြင်းတို. ၊ ရခိုင်ပြည် မငိုနဲ.တို. စတဲ့ ဆောင်းပါးတွေ ကျုပ်ကြိုက်တယ် ၊အနှစ်သာရလည်း ရှိတယ် ၊ပြည်သူတွေလည်း သိသင်.သိထိုက်တယ် ။..ရေးတဲ့အခါ ဈာန်ဝင်သွားတော. စာထဲမှာ ဒေါသသံတွေ ပါလာတယ် ။.တစ်ခါတစ်လေ စိန်ခေါ်သ့တွေ ပါလာတတ်တယ် ။.တကယ်ဆို ခင်ဗျားတို. ကျုပ်တို.က လက်ဝှေ.ထိုးနေတာ မဟုတ်ဘူး ၊ဂျာနယ် စာမျက်နှာတွေ ပေါ်က တစ်ဆင်. စာဖတ်ပရိသတ် အသိဥာဏ် ၊ ဗဟုသုတ တိုးပွားဖို. မီဒီယာ ဘောင်အတွင်းက ရေးသားတင်ပြနေကြတာ ။

ဆိုပါတော.ဗျာ ခင်ဗျားက ခရိုနီစနစ် အမြစ်ပြတ် ချေမှုန်းရေး နဲ. အာဏာရှင် စနစ် ချုပ်ငြိမ်းရေးကို ဦးတည်ပြီး တိုက်ပွဲဝင်တယ် ။အဲ့ဒီအတွက်ပဲ စာနဲ.ရေးပြီးလှုံ.ဆော်တယ် ။……ခရိုနီစနစ်နဲ. အာဏာရှင် စနစ်ဆိုတာ တိုင်းပြည်မှာ တကယ်လည်းမရှိသင်.ဘူး ၊…….လိမ္မာပါးနပ်ဖို.လိုတယ် ။..ဒါကိုတိုက်ခိုက်ဖို. လူထုအားလုံးပါဝင်ဖို. စည်းရုံးနေတော. လူထုအုံကြွမှုဖြစ်ပေါ်လာရင် ဘယ်သူအထိနာမလဲ ၊ခင်ဗျားပြောပြောနေတဲ့ သန်း ၆၀ သော ပြည်သူတွေပဲ အနည်း နဲ.အများ အထိနာလိမ်.မယ် ။



ခင်ဗျားဖတ်ဖို.ရေးတဲ့ ကျုပ်ရဲ.စာတွေနဲ. ပတ်သက်လို. အနှစ်ချုပ် ဆွဲထုတ်ပြရရင်
( ၁ ) သူရိယ အလင်းဂျာနယ်မှာ ရေးခဲ့တဲ့ ခင်ဗျားရဲ.စာမူတွေ ကို ကျုပ်ရော အယ်ဒိတာ အဖွဲ.ပါ ပုံနှိပ်ဖော်ပြခြင်း မပြုမီ ဖတ်ရှုခဲ့ရခြင်း မရှိဘူးဆိုတာ ခင်ဗျားရော ပြည်သူတွေပါ ခွဲခွဲခြားခြား သိစေချင်လို.ပဲ

( ၂ ) အချက်က သူရိယ အလင်းဂျာနယ် က အလုပ်ထွက်သွားရတဲ့ ၀န်ထမ်းတွေကို ၂လစာ ၃လစာ လျော်ပေးလိုက်ရုံနဲ. တာဝန်ကျေပြီလို.မထင်မှတ်ပဲ သူတို.ရဲ. စိတ်ထိခိုက်မှု ၊ စိတ်ဓါတ်ကျမှု ၊ စိတ်ဒါဏ်ရာတွေကို ခင်ဗျားကိုယ်တိုင် ဖေးဖေးမမ နှစ်သိမ်.အားပေးစေချင်တာပဲ………..

( ၃ ) အချက်ကတော. ခင်ဗျား ရည်ရွယ်ချက်နဲ. လုပ်ရပ်တွေကို ပြန်လည် သုံးသပ်စိစစ်ပြီး အတ္တ ၊ ဒေါသ ၊ လောဘကင်းတဲ့ စာပေအရေးအသား တွေနဲ. ( လှုံ.ဆော်မှုကင်းတဲ့ အရေးအသားတွေ ၊ ဂုဏ်သိက္ခာရှိတဲ့ အရေးအသားတွေနဲ. ) ပြည်သူအမြင်ကျယ်အောင် ၊ ဗဟုသုတ ကြွယ်အောင် ဆက်လက်ရေးသားစေချင်တယ် ..အဲ့ဒီ ၃ ချက် ဟာ အားလုံးအတွက် အကျိုးရှိလိမ်.မယ်လို. ကျုပ်ယုံကြည်တယ် ။

( သူရိ ယအလင်း အယ်ဒီတာ ချစ်နွေမိုး စီစဉ်သော လေပြည်နော.ပြီးရင် မုန်တိုင်းအလှည်.ပဲ  သို.မဟုတ် သူရိယ အလင်းဂျာနယ် အတွင်းရေး အပိုင်း ၁  စာအုပ်မှု မူရင်းစာသားအချို.အား ကောက်နှုတ်ဖော်ပြခြင်း ဖြစ်ပါသည် ။ အပြည်.အစုံကိုတော. ထိုစာအုပ်တွင်ဖတ်ရှုနိုင်ပါသည် )

ဆက်စပ်ဖတ်ရှု ရန်များ ...




No comments:

Post a Comment