Tuesday, June 24, 2014

အောင်ရင်ငြိမ်း ရေးတဲ့ ရိုမန်းဘော.တ် ဆိုတာ အနုပညာသစ်လား ၊ ပုံဖျက် အပြာစာအုပ်လား


လွတ်လပ်ခွင်.
ခုထိ ထိုစာလုံးကို အတော်သတိထား၇မည်.အရာအဖြစ်မြင်နေဆဲပင်
နိုင်ငံရေးအကြောင်း မဆွေးနွေးလိုပါ ၊ အနုပညာဘက်ခြမ်းအမြင် ကိုသာ တင်ပြလိုခြင်းဖြစ်သည် ။
လွတ်လပ်စွာ တွေးခေါ် ဖန်တီးမှုဟု ခေါင်းစဉ်တပ်ပြီး ဟိုး နှစ်ပေါင်း ၂၀ကျော် ၃၀ ခန်.တည်းက နိုင်ငံခြားကားများတွင် ထည်.သွင်းရိုက်ကူးနေသော လိင်ပိုင်းဆိုင်ရာ ပြကွက်များကို မြန်မာ မင်းသား ၊ မင်းသမီး တို.ကို သရုပ်ဆောင်စေကာ အနုပညာသစ် ၊ အယူအဆသစ် ၊ ပြချက်သစ်ဟုဆိုကာ ထည်.သွင်းရိုက်ကူးကြသည် ။ ထို လိင်ကိစ္စကား ဘာဇာတ်လမ်း ၊ ဘာအတွေးအခေါ် ၊ ဘာဖန်တီးမှု မှသိပ်မလိုပဲ မရှက်တတ်သူများ နှင်. သိက္ခာ မဲ့ရဲသူများ ရှိလျှင် ရိုက်၍ရပြီ ဖြစ်သည်ကို အနုပညာခေါင်းစဉ်တပ် ဖန်တီးပြကြသည် ။

သီချင်းများ ဆိုလျှင်လည်း ခောတ်အလိုက်ပေါ်ပေါက်လာသော ဂီတအမျိုးအစားသစ်များ ကိုမပြောလိုပါ ။ သို.သော် ယခင်က အဆင်းအတန်းမရှိသော အမျိုးသမီးချင်း ရန်ဖြစ်ရာတွင်သုံးသော အသုံးအနှုံးမျိုးကို ဆယ်ကျော်သက်မိန်းကလေးငယ်အချို.က သီချင်းစာသားတွင်ထည်.သွင်းသီဆိုကြသလို ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်း ယောက်ကျားလေးများ မူးယစ်နေချိန်ဒေါသတကြီး အော်ဟစ်တတ်သော ၇ိုင်းစိုင်းသည်. အသုံးအနှုံးများကို လူငယ်အချို.က သိချင်းစာသားလုပ်သီဆိုလာကြသည် ။ ယဉ်ကျေးမှု ခိုင်ခိုင်မာမာ မရှိသော ၊ ဘာသာတရာအဆုံးအမမဲ့ နိုင်ငံတို.အဖို.မထူးခြားလှသော်လည်း မြန်မာနိုင်ငံမို. မသင်.တော်ဟူ၍တော. ခံစားမိသည် ။

ခုတော. လာပါပြီ ။ ၀တ္ထု ။ လိုင်ပိုင်းဆိုင်ရာ ကိစ္စများကို တစ်တစ်ခွခွ ဖော်ပြရေးသားထားသော ၀တ္ထု ။ မြန်မာလူငယ်တစ်ယောက်ကရေးပြီး မြန်မာအမျိုးသမီးတစ်ယောက်က ဤလိုစာအုပ်မျိုး ထုတ်ဝေသည်ဆိုတော. ဘာပြောရမှန်းမသိတောင်ဖြစ်သွားသည် ။

သူနှင်. သူ၏ ညီမပုံဟုဆိုသော အောင်ရင်ငြိမ်း ၏ FB Wall မှပုံ
စာရေးဆရာဆိုသော ထိုဝတ္ထုရေးသားသူ အောင်ရင်ငြိမ်း က
‘တစ်ခွန်းတည်းပြောမယ်။ ရိုမန်းဘော့ထ်တွေရဲ့ ကမ္ဘာဟာ အပြာစာအုပ်မဟုတ်ဘူး။ နောက်တစ်ခွန်းထပ်ပြောမယ်။ ရိုမန်းဘော့ထ်ဟာ ခင်ဗျားတို့လူ့အဖွဲ့အစည်းအဟောင်းကြီးကိုလူသားသစ်အဖွဲ့အစည်းဖြစ်အောင် လုပ်ကြဖို့ အသိအမြင်နဲ့ အနုပညာအသေခံဗုံးခွဲခြင်း’’ဟု ကြွေးကျော်ထားသည် ။

ထိုစာအုပ်ကို ထုတ်ဝေသူ Zin Hnin ကတော. သူ.အယူအဆကို ယခုလိုပြောပြန်သည် ။
ဒီဝထ္တုဟာ အမျိုးသမီးတယောက်ကစက်ရုပ်လူသားတဦးကိုပုဒ်မ၄၁၇ ကာမလိမ်လည်ရယူမှုနဲ့တရားစွဲဆို ခံရ...အဲ့ဒီစက်ရုပ်လူသားကစိတ်ပိုင်းဆိုင်ရာဖိနှိပ်ခံရမှုကိုခန္ဓာကိုယ်မှာအမြစ်တွယ်နေတဲ့သွေးစုနာတခုကို
အနာခံပြီး ဖိညှစ်ထုပ်ချလိုက်သလိုမျိုး...တရားရုံးတော်မှာပြန်လည်ချေပတော်လှန်တဲ့ကျောရိုးနောက်ခံ ဆိုက်ကိုဝထ္တုတပုဒ်ဖြစ်ပါတယ်....

ဒီစာအုပ်နဲ့ပတ်သက်ပြီး စာပေလောကမှာအငြင်းပွားစရာ သွေးပျက်စရာအခြေနေတခု ဖြစ်ပွားခဲ့ရပြီး စာအုပ်မိတ်ဆက်ပွဲ ကိုမပြုလုပ်ဖို့ကန့်ကွက် တောင်းဆိုတဲ့အထိ ဖြစ်ပွားခဲ့ပါတယ်...
ထုတ်ဝေသူတယောက်အနေနဲ့အမျိုးသမီးတယောက်ဖြစ်နေရက်နဲ့ဘာကြောင့်ဒီဝထ္တုကိုထုတ်ဝေခဲ့ ရသလဲဆိုတော့ ကျမဟာ လူသားစင်စစ်တယောက်ဖြစ်နေလို့ပါ....။
ဘယ်လိုလူသားလဲ?
ရှေးရိုးစွဲအစဉ်အလာတွေ၊ယောကျားမိန်းမလိင်ခွဲခြားမှုတွေ၊ငွေကြေးရုပ်ဝထ္တုလိုအင်ဆန္နများကိုအမှီလိုက်ဖို့ကြိုး
စားနေကြတဲ့ ဟန်ဆောင်ယဉ်ကျေးမှုများနဲ့အရေခြုံဘာသာတရားရဲ့အောက်က ကင်းလွတ်နေတဲ့ လူသားစင်စစ်တယောက်ဖြစ်နေလို့ပါ....
ယခုခေါတ်အခြေအနေရတိုးတက်ပြောင်းလဲလာသောရုပ်ဝထ္တုပစ္စည်းတွေကအရမ်းများပြားလာပါတယ်...
ရုပ်ဝထ္တုတွေပြောင်းလဲလာတာသိသာထင်ရှားလာပေမဲ့ဒီပစ္စည်းတွေရဲ့လွှမ်းမိုးမှုအောက်မှာလူသားတွေရဲ့
စိတ်ပိုင်းဆိုင်ရာတွေပြောင်းလဲလာတာကိုတော့လူသားတွေကိုယ်တိုင်ဘယ်သူမှမသိကြပါဘူး...
စာအုပ်မိတ်ဆက်ပွဲမှာစကားလုံးများစွာပြောခဲ့ချင်ပေမဲ့ conservatives ဆရာမကြီးများကို
လေးစားသောအားဖြင့် (တနည်း )နားလည်ပေးသောအားဖြင့်စကားလုံးများကိုလျော့ချပစ်ခဲ့ရပါတယ်
...မှားယွင်းနေတဲ့လူသားစံတန်ဖိုးအောက်မှာပဲပျော်ဝင်ပြီးလိုအင်ဆန္နတွေများပြားလာတာနဲ့အမျှဟန်
ဆောင်ယဉ်ကျေးမှုတွေ၊အရေခြုံဘာသာတရားတွေရဲ့အောက်မှာထွက်ပေါက်မဲ့ပိတ်မိသွားပါတယ်။ကိုယ်တိုင်
မသိလိုက်နိုင်တဲ့စိတ်မိုင်းဆိုင်ရာဖိအားပေးမှုတွေကိုယ်တိုင်ပဲခံစားလာရ၊သိလိုက်တဲ့အချိန်မှာ အနီးဆုံးချစ်ခင်သောသူတွေနဲ့ပါပတိပက္ခတွေဖြစ်(ပါဌ်ဆင့်အခက်ခဲနားလည်ပါရန်)လာပါတော့တယ် ထိုအရာများကိုစာရေးဆရာအောင်ရင်ငြိမ်းကခပ်ကြမ်းကြမ်းအနုပညာနဲ့ပြန်လည်တော်

လှန်ဖောက်ထွက်ခဲ့ပစ်တာပဲဖြစ်တယ်

ဒါခုလို တစ်စိတ်တစ်ပိုင်း လွတ်လပ်ခွင်.ရလာတဲ့ခောတ်မှာ ထုတ်တဲ့ မြန်မာစာပေ ဆိုရင် တကယ်.အနုပညာသမားတွေ ဘယ်လိုခံစားရမလဲ
*ရှေးရိုးစွဲအစဉ်အလာတွေပဲ လက်ကိုင်ထားနေမယ်ဆိုရင် ဗုဒ္ဓမြတ်စွာဟောခဲ့တဲ့ဖြစ်ပြီးရင်ပျက်ရတယ် ဆိုတဲ့ဖြစ်ပျက်တရားကြီးကို ဘယ်လိုပြောမလဲ*အဟောင်းတွေပဲဆုပ်ကိုင်ထားချင်တယ်ဆိုရင် ကားမစီးနဲ့ လှည်းကြမ်းပဲစီးပေါ့...OSHOကရှင်းပြခဲ့ပါတယ်လူသားတွေဟာမှားယွင်နေတဲ့စံတန်ဖိုးတွေကိုဆုတ်ကိုင်
နေမိကြတယ်၊စံတန်ဖိုးဟောင်နွမ်းလေမှားယွင်းဖို့ဖြစ်နိုင်ခြေများလေပါပဲ၊မျိုးဆက်သစ်တိုင်းဟာသေဆုံးနေတဲ့
စံတန်ဖိုးတွေကိုနောက်မျိုးဆက်တခုဆီလက်ဆင့်ကမ်းပေးနေကြတယ်၊အသစ်အသစ်တွေဆီဘ၀တွေဆက်
သွားနေကြပေမဲ့စံတန်ဖိုးအသေတွေဖြစ်နေကြတုန်းပဲ*


အဲဒီမှာပဲ လူသားတွေရဲ့စိတ် ဟာ အနာတရ နဲ့ စက်ရုပ်ဆန်လာပါတော့တယ်....
အောင်ရင်င်ြမ်းရဲ့ရိုမန်ဘော့တ်ဟာ လူသားဘ၀ စိတ်ဒဏ်ရာများစွာရပြီးတဲ့နောက် ဘယာအချိန်မှာသူစက်ရုပ်ဖြစ်နေခဲ့တယ်ဆိုတာသူမသိလိုက်ခဲ့ဘူးလို့ပြောခဲ့ပါတယ်..
ဟုတ်ပါတယ် ကျမတို့ကိုယ်တိုင်လဲစက်ရုပ်ဆန်တဲ့လူသားတွေဖြစ်နေကြပြီမဟုတ်လားးးးးးး
*Feminist လို့ကိုယ့်ကို ကိုယ် ခံယူထားတဲ့အမျိုးသမီးတွေဟာ အရင်ဆုံးစွန့်လွှတ် ရမဲ့ အဓိကစွဲလန်းမှုက *မိန်းမဘ၀ ဆိုတဲ့ဖြစ်တည်မှုအမြင်ကိုပဲ၊ယောကျားမိန်းမ လိင်ခွဲခြားမှုမရှိသင့်ဘူးလို့အသံပြာအောင်
ကုန်းအော်နေပြီးကိုယ်တိုင်ရဲ့မိန်းမဖြစ်တည်မှုကိုတသသလုပ်နေရင်မင်းတု့အသိဥာဏ်မှာချွတ်ချော်မှုစုံ
တရာဖြစ်နေပြီလို့ကိုယ်ထင်တယ်*အဲ့လိုစကားလုံးပေါင်းများစွာနဲ့လူသားစစ်စစ်တယောက်ရဲ့ ဖြစ်တည်မှုဆီကို သွားနေတဲ့ရိုမန်ဘော့တ်စိတ်ပိုင်းဆိုင်ရာဖိအားပေးးတဲ့ပုဒ်မတွေကိုတွန်းကန်ဖို့ကြိုးစားတဲ့ရိုမန်ဘော့တ် အကြမ်းစားsex စကားလုံးတွေဗုံးတလုံးလိုအသုံးချပြီး လူသားစစ်စစ်ရဲ့ချစ်ခြင်းမေတ္တာကို ရှာဖွေဖို့ကြိုးစားတဲ့ရိုမန်ဘော့တ်ကို...ကျမ အားပေးထုတ်ဝေခဲ့တာဖြစ်ပါတယ်အပြာစာအုပ်ညစ်ညမ်းစာအုပ် အဖြစ် ရှေးရိုးစွဲဆန်ဆန်အပစ်တင်မယ်ဆိုရင် တောင်တခုပြောချင်ပါသေးတယ် ရှေးတုန်းကဒီ့ထက် ပွင့်လင်းပါတယ် ဒီထက်ဒီမိုကရေစီ ကျပါတယ် အခုရှေးရိုးစွဲဆန်စွဲလန်းမှုက ဆိုရှယ်လစ်တခေါတ်ရဲ့ အမွေဆိုးတခုပါ ဟုတ်မဟုတ်ကိုယ့်ဖာသာပြန်လည် ဆန်းစစ်ကြည့်ကြပါတော့........


ဒါအပြာစာအုပ်မဟုတ်ဘူး ၊ အနုပညာ အသေခံ ဗုံးခွဲတာ တဲ့ ၊ တကယ်က ယဉ်ကျေးသောလူမျိုးဆိုတဲ့စကားလုံးကို သတ်ပစ်တာ ၊ အဆင်.အတန်းမြင်.မားသော မြန်မာစာပေဆိုတာကို ပူးသတ်တာ
ကဲ လောကသည် ဤသို.ဖြစ်သွားပြီလော ။
ထိုအရာတို.ကို စာပေအနုပညာသစ်ဖန်တီးမှု ၊ ထိုသို.ဖန်တီးသူကို ဖောက်ထွက်ရဲသောစာရေးဆရာဟု သတ်မှတ်ကြပါလျှင် မြန်မာအပြာစာပေလောကကြီး သိပ်မကြာခင် အစွမ်းကုန် ဖွံ.ဖြိုးတိုးတက်လာပါတော.မည် ။ ယဉ်ကျေးသိမ်မွေ.သော မြန်မာလူမျိုး ၊ က္ကုနြေ္ဒ သိက္ခာ ကိုတန်ဖိုးထားကြသော မြန်မာအမျိုးသမီးထု ၊ အားလုံး လွှင်.ပစ်ကြရုံသာရှိသည် ။ စောင်.ထိမ်းခြင်းကို တန်ဖိုးအဖြစ် သတ်မှတ်ထားသော မြန်မာ.လူအဖွဲ.အစည်းကို စနစ်တကျဖျက်ဆီးခြင်း၏ အစ ဖြစ်သော ဤဖြစ်ရပ်ကိုမှ ပြတ်သားစွာ မတုန်.ပြန်လျှင် သိပ်မကြာခင် လမ်းလည်ကောင် အပြာဇာတ်ခင်းနေကြသော အတွဲများ ၊ အရွယ်မရောက်ခင် လွတ်လပ်ခွင်.ဟုဆိုကာ တည်းခိုခန်းသွားကြမည်. ကလေးငယ်များ ၊ သူများနိုင်ငံကဲ့သို. Sex Liveshow ကဇာတ်ရုံများ ကလည်း သူတို.လွတ်လပ်ခွင်.ဟုဆိုကာ ၊သူတို.၏ ဖန်တီးမှု အသစ်ဆိုကာ အရှိန်အဟုန်ဖြင်.ပေါ်ပေါက်လာတော.မည်ဖြစ်သည် ။ အဆမတန်တိုးပွားလာမည်. ကလေးသူငယ်မုဒိန်းအပါအ၀င် မုဒိန်းမှုများ ကလည်း အသင်.စောင်.ကြိုနေကြလိမ်.မည် ။ မိမိအပျိုဂုဏ်ဆိုသည်မှာ ထိမ်းသိမ်းစရာထက် အသုံးချခံစားစရာအဖြစ် မြင်လာသော မိန်းကလေးငယ်များ တန်းစီပေါ်ပေါက်လာမည်ဖြစ်သည် ။

7Day Daily တွင် ဤစာအုပ်နှင်. ဆက်စပ်သတင်းတစ်ခု ဤသို.ရေးထားသည် ။

ဒါအသစ်ဖန်တီးတဲ့ ၊ ဖောက်ထွက်ရတြဲ့ အနုပညာ တဲ့
ဝေဖန်မှုများ ကြုံနေသော ရိုမန်းဘော့ထ်တွေရဲ့ကမ္ဘာစာအုပ် ပစ္စည်းပြတ်သည်အထိ ရောင်းကောင်းနေဟုဆို
 

အပြာဇာတ်ဝင်ခန်းများ ထည့်သွင်း ရေးသား ထားသည်ဆိုသည့် စွပ်စွဲမှုများ ခံနေရသော စာရေးဆရာ အောင်ရင်ငြိမ်း၏ ‘‘ရိုမန်းဘော့ထ်တွေရဲ့ ကမ္ဘာ’’စာအုပ်သည် ဈေးကွက်အတွင်း ပစ္စည်းပြတ်သည်အထိ ရောင်းအားကောင်းနေပြီး ယင်းစာအုပ်ကို မိတ္တူကူးထားသည့်စာအုပ်များပင် လျှင် တစ်အုပ်လျှင် ကျပ် ၈၀၀၀ နှုန်းအထိ ဈေးနှုန်းမြင့်တက်သွားခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကမှ ဈေးကွက်အတွင်း စတင်ဖြန့်ချိခဲ့သည့် အဆိုပါစာအုပ်ကို မိတ္တူကူးယူကာ ရန်ကုန်မြို့၏ လမ်းဆုံလမ်းခွများတွင် ရောင်းချလျက်ရှိပြီး ဈေးနှုန်းအနေဖြင့်လည်း မူရင်းစာအုပ်၏ ဈေးနှုန်း ကျပ် ၂၅၀၀ ထက် သုံးဆကျော်မြင့်တက်သွားပြီး တစ်အုပ်လျှင် ကျပ် ၈၀၀၀ ဖြင့် ရောင်းချလျက်ရှိသည်။

တရားမ၀င်အပြာစာအုပ်များထဲမှ အရေးအသားများကဲ့သို့ လိင်ဆက်ဆံပုံများအကြောင်း ရေးသားမှုများပါဝင်သော အဆိုပါစာအုပ်သည် ဝေဖန်သူများအကြား အပြင်းအထန်အငြင်းပွားဖွယ်စာအုပ်ဖြစ်နေသည်။

သို့သော်လည်း စာရေးသူက အဆိုပါစာအုပ်သည် အပြာစာအုပ်မဟုတ်ကြောင်း သူ၏ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ တစ်ဆင့်ပြန်လည်ရှင်းလင်းခဲ့သည်။

 ယင်းစာအုပ်နှင့် ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာန တရားစွဲဆိုရန် စီစဉ်နေကြောင်း သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

‘‘ပြန်ကြားရေးက ဘာမှတော့ တရားဝင်ဆက်သွယ်တာမရှိသေးဘူး။ ပြန်သိမ်းခိုင်းမယ်လို့ ပြောနေပေမယ့် သေချာတော့မသိသေးဘူး’’ဟု ယင်းစာအုပ်ထုတ်ဝေရေးအတွက် ကူညီဆောင်ရွက်ခဲ့သူ မဇင်မင်းကပြောသည်။

‘‘ရိုမန်းဘော့ထ်တွေရဲ့ ကမ္ဘာ’’စာအုပ်ရေးသားသူ စာရေးဆရာ အောင်ရင်ငြိမ်းထံသို့ ဆက်သွယ်မေးမြန်းပြီး မှတ်ချက်တောင်းရန် 7Day မှ အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း ၎င်းကိုင်ဆောင်သည့် ဖုန်းနှစ်ခုစလုံးစက်ပိတ်ထားခဲ့သည်။


No comments:

Post a Comment