Monday, June 9, 2014

၂၀၁၃-၁၄ တက္ကသိုလ် ၀င်အောင်စာရင်း နှင်. ၀ါးခယ်မြို.နယ် အခြေအနေ

အထက ၂ ၀ါးခယ်မ
ဇွန် လ ၆ ရက်နေ.က ၂၀၁၃-၁၄ ပညာသင်နှစ်အတွက် တက္ကသိုလ် ၀င်တန်း စာမေးပွဲ အောင်စာရင်း ထုတ်ပြန်ခဲ့သည် ။ တစ်နိုင်ငံလုံးတွင် ဖြေဆိုသူပေါင်း ၅၄၁၉၄၆ ဦးအနက် ၁၇၁၆၄၇ အောင်မြင်ခဲ့ပြီး ရာခိုင်နှုံး အားဖြင်. ၃၁.၆၇ % ရှိခဲ့သည် ။ ယမန်နှစ်က ဖြေဆိုသူ ၄၈၀၀၀၀ ကျော် အနက် ၁၇၀၀၀၀ကျော် အောင်မြင်ပြီး အောင်ချက်မှာ ၃၄.၈၉% ဖြစ် သည်ဟု သိရသည် ။ ယခုနှစ် အောင်ချက် ၃% ခန်.လျော.ကျခဲ့ရခြင်းမှာ ဖြည်.စွက်မှတ်မရှိပဲ အရည်အချင်းစစ်စစ်ဖြင်.သာ အကဲဖြတ် ခဲ့သောကြောင်.ဟု အမှတ် ၁အခြေခံပပညာဦးစီးဋ္ဌာန တာဝန်ရှိသူတစ်ဦး မှပြောကြားခဲ့သည် ။

အောင်ချက်အမြင်.ဆုံး တိုင်းဒေသအဖြစ် မွန်ပြည်နယ် က ၄၆.၇၅ % ဖြင်. ၄နှစ်ဆက်တိုက် ရပ်တည်နေနိုင်ခဲ့သည် ။ မွန်ပြည်နယ်၏ ယခုနှစ် စာရင်းရှိ ၁၆၉၂၈ ရှိကာ ၀င်ရောက်ဖြေဆိုသူပေါင်း  ၁၅၈၇၃ ရှိပြီး ၇၄၂၀ အောင်မြင်ခဲ့ခြင်းဖြစ်သည် ။ ဂုဏ်ထူးအနေဖြင်. ၆ဘာသာ ၅ ဦး ၊ ၃ဘာသာ ၃၆ ဦး ၊ ၄ဘာသာ ၁၅၄ ဦး ၊ ၃ဘာသာ ၁၈၃ ဦး ၊ ၂ဘာသာ ၃၁၁ ဦး ၊ ၁ဘာသာ ၁၂၂၆ ဦး ဖြစ်သည် ။ မွန်ပြည်နယ် ၏ ယမန်နှစ် အောင်ချက်မှာ ၄၇.၃၈ %ဖြစ်သည် ။

ဒုတိယအောင်ချက်အများဆုံးဒေသအဖြစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင်.မားရေး စိမံကိန်းများ ဆက်တိုက် လုပ်လာသည်. ဧရာဝတီတိုင်းဒေသကြီး က ရပ်တည်နေခဲ့ပြီး တနင်္သာရီ က တတိယ ရန်ကုန်တိုင်းဒေသကြီးက စတုတ္ထနေရာတွင် ရပ်တည်နေခဲ့သည် ။



အောင်ချက်ရာခိုင်နှုံး အနည်းဆုံးအဖြစ် ရခိုင်ပြည်နယ်က ယမန်နှစ်အောင်ချက် ၂၁.၇၂ အောက်လျော.နည်းကာ ၁၈.၁၃ % ဖြင်. ရပ်တည်ခဲ့သည် ဟု သိရပါသည် ။
ရှမ်းပြည်နယ် ၂၁.၈၇ %  ရှိပြီး ရန်ကုန်တိုင်း တွင် ဘာသာစုံ ဂုဏ်ထူးရှင် ၄၁၆ ဦးရှိကာ ယမန်နှစ်က ၁၉၇ ဦး  သာရှိ ပြီး ယမန်နှစ်ကထက် ၂ဆခန်. တိုးလာသော်လည်း မန္တလေး တိုင်းတွင်မူ  ဘာသာစုံ ဂုဏ်ထူးရကျောင်းသား ၈၅ဦး  ၅ဘာသာ ၂၈၆ ဦး နှင်.၄ဘာသာ ၃ဘာသာ ၂ဘာသာ ၁ဘာသာ တို.ရှိခဲ့သော်လည်း ဘာသာစုံဂုဏ်ထူး ထက်ဝက်လျော. ကျခဲ့သလို အောင်ချက် ၅% ကျ ခဲ့ပြီး အောင်ချက်ရာနှုံး ၃၄.၄၀%  ဖြစ်ကာ ၇၉၃၅၃ ဖြေ ဆိုသည်.အနက်   ၂၇၂၉၆ အောင် မြင်ခဲ့ခြင်းဖြစ်သည်  ။နေပြည်တော် တွင်မူ ၁၄၃၅၇ ဖြေဆိုသည်.အနက်  ၃၈၁၇ အောင်မြင်ပြီး အောင်ချက်  ၂၆.၅၉% ဖြစ်ကာ ဘာသာစုံ ၉ ဦးပါဝင်ခဲ့သည် ။

ရန်ကုန်ရှိ ကြည်.မြင်တိုင် မျက်မမြင်ကျောင်းမှ ကျောင်းသား/သူ ၁၀ ဦး ၊ စစ်ကိုင်း မျက်မမြင်ကျောင်းမှ ကျောင်းသား/သူ ၅ဦးတို.၀င်ရောက်ဖြေဆိုခဲ့သည်.အနက် ကြည်.မြင်တိုင်မှ ၂ ဦး စစ်ကိုင်းမှ တစ်ဦးတို. အောင်မြင်ခဲ့ခြင်းကလည်း ချီးကျုးစရာပင် ။



ဝါးခယ်မမြို.နယ် အတွင်းတွင်မူ တွဲဘက်အထက်တန်းကျောင်း ၊ အထက်တန်းကျောင်းခွဲ များအပါအ၀င် အထက ကျောင်းပေါင်း ၁၇ ကျောင်းရှိပြီး ပိတ္တာလေးကျောင်းက အောင်ချက် ၆၂.၆၅ % ဖြင်. အများဆုံးဖြစ်နေပြီး ( ၂ ) ငှက်ပျောချောင်း က ၅၅.၈၈% ( ၃ )  စံအိပ်က ၄၈ %  ( ၄ )  အထက ၁ ၀ါးခယ်မ  က ၄၇.၆၅ % ( ၅ )  ကြီးနီစုက ၄၆.၇၇%  ( ၆ ) ကျုံတိုင်က ၄၁.၈၄ % ( ၇ )   ကျုံမငေး အထက က ၄၁.၅၆% ( ၈ )  အထက ၂ ၀ါးခယ်မ ၄၀.၈၈ % ( ၉ ) ညောင်ငူက ၃၈.၄၆% ( ၁၀ )  ကျွန်းကုန်း အထက ၃၄.၆၇%  ( ၁၁ ) သရက်တော. ၃၃.၈၇%  ( ၁၂ )  မောင်းဒီး ၃၀.၇၇%  ( ၁၃ )  ကနစိုးကုန်း ၃၀.၅၆%  ( ၁၄ ) ရွှေလောင်းအထက ၂၉.၇၉%  ( ၁၅ ) အထက်ပေကုန်း၅.၇၁%  ( ၁၆ )  ဆူးတွင်း ၂၅.၇၁%  ( ၁၇ )  ထခွဲ ရွာသစ် ၂၅.၄၉% တို.အစဉ်လိုက်အောင်ချက်အနေအထားရှိခဲ့သည် ။ ထိုစာရင်းအတိုင်းဆိုလျှင် ( အနည်းငယ် အပြောင်းအလွဲ ရှိကောင်းရှိနိုင်ပါသည် ) မြို.နယ်အောင်ချက်မှာ ၃၈.၈၄ ခန်.ဟုခန်.မှန်းရပါသည် ။ သို.ဆိုလျှင် ယမန်နှစ် အောင်ချက်ထက် ၁၁ % ကျော်မြင်.တက်လာသည်ဟုဆိုရမည်ဖြစ်သည် ။

အထက ၁ ၀ါးခယ်မ အနေဖြင်. ယမန်နှစ်အောင်ချက် ၃၄.၃၈ မှ ၁၃%ကျော်တိုးတက်လာခဲ့ပြီး အထက ၂ အနေဖြင်. ၂၄.၆၈ မှ နေ၍ ၁၆%ကျော် တိုးတက်လာခဲ့ခြင်းဖြစ်သည် ။ အထက ၁ တွင် ဂုဏ်ထူးက အများဆုံး ၃ လုံးသာထွက်ခဲ့ပြီး ၃ဘာသာ ၄ ဦး ၂ဘာသာ ၅ ဦး ၁ဘာသာ ၃၄ ဦး ပါသည်ဟူ၍သိရသည်

အထက ၁ ၀ါးခယ်မ
တိုင်းအတွင်းအခြားမြို.နယ်များအနေဖြင်. ဖျာပုံ ၄၁.၃၂ % ၊ မြန်အောင် ၄၈.၉၂%

အမှတ်စာရင်းများကို ဇွန် ၁၃ ရက်မတိုင်ခင် ထုတ်ပေးမည်ဖြစ်ပြီး အမည် ၊ ခုံနံပါတ် ၊ အဖအမည် တို.သာလိုအပ်ပြီး ဖောင်ကြေး ၂၀၀ တံဆိပ်ခေါင်းဘိုး ၂၀၀ သာကျသင်.မည်ဟုသိရပြီး အောင်လက်မှတ်များကိုမူ နောင်၆ လခန်.မှသာ ထုတ်ပေးမည်ဖြစ်ကာ အောင်လက်မှတ်ထုတ်ရန် အမည် ၊ ခုံနံပါတ် ၊ အဖအမည်၊ မွေးသက္ကရာဇ်များ လိုမည်ဟုသိရသည် ။ ထောက်ခံစာလိုအပ်သူများအနေဖြင်. မိမိတို.ကျောင်းများတွင် ထုတ်ယူနိုင်ပါသည် ။

ဆက်စပ်လေ.လာလိုပါက ..

No comments:

Post a Comment