Photo by myammarht |
တစ်နိုင်ငံလုံးတွင် မျက်မမြင်ကျောင်းသား-ကျောင်းသူ ၂၃ ဦး ဆွံ.အနားမကြား ကျောင်းသား-ကျောင်းသူ ၂၂ ဦးအပါအ၀င် ၄၈၇ ၀၀၀ က ပြည်တွင်းစာစစ်ဌာန ၁၂၇၈ ပြည်ပစာစစ်ဌာန ၁၈ စုစုပေါင်းပစာစစ်ဌာန ၁၂၉၆ ခုတွင် ၀င်ရောက်ဖြေဆို ထားခဲ့ကြခြင်းဖြစ်သည်....
အောင်မြင်မှုအနေဖြင်. အခြေခံပညာ ဦးစီးဌာန (၁) တွင် ၃၁.၇၃ % အခြေခံပညာ ဦးစီးဌာန ( ၂) တွင်
၃၇.၂၂% အခြေခံပညာ ဦးစီးဌာန (၃) တွင် ၃၃.၁၉ % အောင်မြင်ခဲ့ကြသဖြင်. တစ်နိုင်ငံလုံးအနေဖြင်. ပျှမ်းမျှအောင်ချက် ၃၄% ခန်.ရှိသည်ဟု ယူဆရပါသည်...
ပြည်နယ်နှင်. တိုင်းအလိုက် အောင်ချက်များအနေဖြင်. မွန်ပြည်နယ်က အောင်ချက်အကောင်းဆုံးဖြစ်ပြီး
ချင်းပြည်နယ်က အောင်ချက် အနည်းဆုံးဖြစ်သည်ဟု သိရပါသည်...
- မွန်ပြည်နယ် ၄၇.၃၇ %
- ကချင်ပြည်နယ် ၄၃.၇၉ %
- စစ်ကိုင်းတိုင်းဒေသကြီး ၄၃.၁၈ %
- မန္တလေးတိုင်းဒေသကြီး ၃၉.၄၇ %
- တနင်္သာရီ တိုင်းဒေသကြီး ၃၇.၅၇ %
- မကွေးတိုင်း ဒေသကြီး ၃၇.၅၅ %
- ရန်ကုန်တိုင်း ဒေသကြီး ၃၃.၁၉ %
- ကရင်ပြည်နယ် ၃၂.၈၃ %
- ပဲခူးတိုင်း ဒေသကြီး ၃၂.၁၆ %
- ဧရာဝတီတိုင်း ဒေသကြီး ၃၁.၂၂ %
- နေပြည်တော် ကောင်စီနယ်မြေ ၃၀.၆၉ %
- ပဲခူးတိုင်း အရှေ.ခြမ်း ၂၉.၈၃ %
- ရှမ်းပြည်နယ် တောင်ပိုင်း ၂၈.၅၇ %
- ရှမ်းပြည်နယ် မြောက်ပိုင်း ၂၇.၉၉ %
- ကယားပြည်နယ် ၂၅.၅၃ %
- ရခိုင်ပြည်နယ် ၂၁.၇၂ %
- ရှမ်းပြည်နယ် အရှေ.ပိုင်း ၂၀.၆၇ %
- ချင်းပြည်နယ် ၁၆.၅၂ %
ဤ အောင်ချက် အနိမ်.အမြင်. အစဉ်လိုက် ထုတ်ပြန်သောစာရင်းအရ ဆိုလျှင်တော. တစ်နိုင်ငံလုံးပျှမ်းမျှ အောင်ချက်မှာ ၃၂.၁ % သာရှိသည်ကိုတွေ.၇ပါသည်.. ရခိုင်ပြည်နယ် တွင်ဖြေဆိုသူပေါင်း ၂၁၅၃၄ ဦးရှိပြီး ၄၆၇၈ ဦးအောင်မြင်ခဲ့ခြင်းဖြစ်သည်.. ၂၀၁၁ ကအောင်ချက် ၂၆.၈၁ % ၂၀၁၂ ကအောင်ချက် ၂၃.၈၈ % ရှိပြီး ယခုနှစ်အောင်ချက် ၂၁.၇၂ % ထိကျဆင်းခဲ့ရခြင်းမှာ ပြည်နယ်အတွင်းဖြစ်ပွားခဲ့သော ပဋိပက္ခ များကြောင်. ကျောင်းများ ပိတ်ထားရခြင်းနှင်.လည်း သက်ဆိုင်သည်ဟု ထိုဒေသမှဆရာမတစ်ဦးကပြောကြားခဲ့သည်..နေပြည်တော် ကောင်စီ နယ်မြေတွင် ယမန်နှစ်က အောင်ချက် ၂၅.၉၂ % သာရှိရာမှ ယခုနှစ် ၃၀.၆၉ ထိ တက်လာရခြင်းမှာ နေပြည်တော် ကောင်စီနယ်မြေအတွင်း ပုဂ္ဂလိက စာသင်ကျောင်းများ ဖွင်.လှစ်လာခြင်းကလည်း အကြောင်းတစ်ခုဖြစ်သည်ဟု ဆိုပါသည်...ချင်းပြည်နယ် ဆိုလျှင် ယမန်နှစ်အောင်ချက် ၁၄.၉၁ % ရှိနေသော်လည်း ယခု ၁၆.၅၂ ထိဖြစ်လာသည်..၇၄၅၉ ဦးဝင်ဖြေပြီး ၁၂၃၂ ဦးအောင်မြင်ခဲ့သည်...အောင်ချက်အမြင်.ဆုံးမှာ တီးတိန်မြို.နယ် ဖြစ်ပြီး ၂၄.၁၇ % ရှိကာ အနည်းဆုံး ပလက်ဝမြို.နယ်၏ အောင်ချက်မှာ ၄.၁၀ % သာရှိခဲ့သည်...တစ်နိုင်ငံလုံးတွင်
အောင်ချက်အမြင်.ဆုံးကျောင်းမှာ မကွေးတိုင်း ဂန်.ဂေါခရိုင် ထီးလင်းမြို.နယ် ပုံတောင် ပုံညာကြားရှိ ကျင်းကျေးရွာ အထက်တန်းကျောင်းခွဲဖြစ်သည်...ဖြေဆိုသူ ၃၉ ဦးအနက် ၂၈ ဦးအောင်မြင်ခဲ့ခြင်းဖြစ်ပြီး ရာခိုင်နှုံးအားဖြင်. ၇၉ % ဖြစ်သည်.. ၂၀၀၉-၂၀၁၀ က ၃၇.၉၇ % ၂၀၁၀-၂၀၁၁ က ၄၂.၃၇ % ၂၀၁၁-၂၀၁၂ တွင် ၄၆.၅၅ % စသည်ဖြင်.တောက်လျှောက်မြင်.တက်လာနေခဲ့ခြင်းဖြစ်သည်...ထူးခြားမှုအနေဖြင်. ဒဂုံ ၁ တွင် ၀င်ရောက်ဖြေဆိုခဲ့သော အမွှာ ညီအကို ကျောင်းသား ၂ဦးလုံးက ၆ဘာသာ ဂုဏ်ထူး အတူထွက်ခဲ့ကြခြင်းဖြစ်ပြီး သူတို.နှစ်ဦးလုံး စာသင်နှစ်တစ်လျှောက် TV လုံးဝမကြည်.Internet လုံးဝမသုံးပဲ တစ်နေ.ကို ၆နာရီ လေ.လာပြီး ယခုကဲ့သို.အောင်မြင်ခဲ့ကြခြင်းဖြစ်သည်ဟု သိရပါသည်..
ဝါးခယ်မမြို.နယ်အနေနဲ.တော. အောင်ချက် ရာခိုင်နှုံး ၂၇ လောက်ပဲရှိခဲ့ပြီး လက်ရှိသိရသလောက် အ ထ က ၁ မှာ ၀င်ရောက်ဖြေဆိုခဲ့သူပေါင်း ၃၄၉ ဦးရှိခဲ့ပြီး အောင်ချက်အနေနဲ. ၃၄.၃၈ % ရှိခဲ့တယ်လို.သိရပါတယ်...မနှစ်ကအောင်ချက် ၃၂.၂၈ ထက် အနည်းငယ် ပိုမိုလာခဲ့တယ်လို.ပြောရပါမယ်. ၅ဘာသာ ဂုဏ်ထူး ၁ ဦး ၂ဘာသာ ဂုဏ်ထူး ၁ ဦးနဲ. ၁ဘာသာ ဂုဏ်ထူး ၂၂ ဦး ပေါ်ထွက်ခဲ့တယ်လို.သိရပါတယ်...အ ထ က ၂ အနေနဲ.တော. အောင်ချက် ၂၄.၆၈ % ရှိခဲ့တယ်လို.သိရ ပြီး တိုက်နယ် အထက်တန်းကျောင်းတွေ တွဲဖက် အထက်တန်းကျောင်းတွေ အထက်တန်းကျောင်းခွဲတွေ
ရှိနေသေးတာမို. တစ်မြို.နယ်လုံး အောင်ချက်ကတော. ၂၇ % ၀န်းကျင်ပဲ ရှိခဲ့ပါတယ်
အ-ထ-က ၂ |
Ref ; မြန်မာ.အလင်း သတင်းစာ..7day Daily ..နေပြည်တော် မြန်မာ.အသံ ...သက်ဆိုင်ရာတာဝန်ရှိသူ
No comments:
Post a Comment