Tuesday, June 18, 2013

ခရီးသည် - မင်းခိုက်စိုးစံ


 မေမေရယ်....စိတ်မပူပါနဲ.
သား  အဝေးကြီးမသွားပါဘူး
အမေခန်းအမှတ် ၃၀၂ တင်ပါ
အဲ့ဒီ ဟိုတယ် ခန်းလေးထဲမှာလေ
လိမ္မော်သီး စိပ်လေးတွေ နွှာထားတဲ့
အဖြူရောင်ပန်ကန်ပြားတစ်ချပ် ရှိတယ်
သားနဲ.သူမ
အတူတူဖွာရှိုက်ခဲ့ကြတဲ့ စီးကရက် တိုလေး တစ်စလည်းရှိတယ်
ဟုတ်ကဲ့ သား အဝေးကြီး မသွားပါဘူး မေမေရယ်
သေပြီးခါစ အလောင်းရဲ.မျက်နှာပေါ်
အုပ်လွှမ်းလိုက်တဲ့ အ၀တ်စလိုမျိုး
နှစ်သိမ်.မှု တွေရယ်
မွေးကင်းစ ကလေး ငယ်တစ်ယောက်ရဲ.
အနံ.အသက်လိုမျိုး
နွေးထွေးမှုရယ်
အဲ.ဒီအခန်းလေးဟာ တကယ်နေပျော်တယ် မေမေ
ကမ္ဘာကြီးနဲ. ဝေးရာကို ထွက်ပြေးချင်တိုင်း
သားလေ
302 ဆိုတဲ့ အခန်း သော.လေးတစ်ချောင်းအတွက်
အိမ်မက်တွေကို ယက်ယက် ပြီး လိုက်ရှာ၇သေးတယ်
အဲ့ဒီတွင်းအောင်း သတ္တ၀ါလေး တစ်ကောင်ဟာ
ကျွန်တော်ပေါ.
အဲ.ဒီဟိုတယ် အခန်းထဲက တီဗွီမှာ
ခပ်ညံ.ညံ. ရှပ်ရှင်ကား တစ်ကား လာနေတယ်
သူတို. တစ်ခုခုကို လိမ်ညာ ရောင်းချနေကြတယ်  မေမေ
အဲ့ဒီအခန်းလေးထဲမှာပဲ
ဘောလုံးပွဲ တစ်ပွဲ ကန်ကြတယ်
လူတွေအော်ဟစ်ကြ  လူတွေဒေါသထွက်ကြ
လူတွေ အားပေးကြ လူတွေဆဲရေးကြ
အောင်ပွဲခံတဲ့ အသင်းက လက်တွေဝှေ.ရမ်း
ကွင်းစိမ်းစိမ်းကို နမ်းရှုံ.လို.
ဒါနဲ. သား တီဗွီ ကိုပိတ်ပစ်လိုက်တယ်
ဖျားနာမှုကိုပဲ ချော.သိပ်တော.မယ် မေမေရယ်
ဘယ်သူဟာ
နွေဦးကို ပူဇော်ခဲ့ဖူးသလဲ
ကျွန်တော်ကတော. သတိရခြင်းကိုတောင်
တိုးတိုးလေးပဲ ညည်းတတ်တယ်
အခန်းထဲမှာ တယ်လီဖုန်းသံ မြည်လာတယ်
တီ..တီ..တီ
ဖုန်းကိုကောက်မကိုင် ဖြစ်ဘူး
ဒီအတိုင်းပဲငေးကြည်.နေလိုက်တယ်
တစ်စုံတစ်ယောက်ဟာ ငါ.ကို ခေါ်နေရှာပေါ.
သူရဲကောင်းဆန်ခြင်းတွေကို
အခန်းဝက ခြေသုတ်ခုံမှာ သုတ်ပစ်ခဲ့တယ်
သူမရဲ. နှုတ်ခမ်းကို
နမ်းရှိုက်ပြီးတဲ့ အခါမှာတော.
ကြီးကျယ် ခမ်းနားခြင်းကိုပါ
အိမ်သာကြွေခွက်ထဲ ပစ်ထည်.ပြီး
ဗွမ်းကနဲ ရေဆွဲချ လိုက်တယ်
ဘယ်အရောင်ကို အကြိုက်ဆုံးလဲလို.မေးတော.
ပန်းနုရောင်ကို အကြိုက်ဆုံးတဲ့
သူမက ပြန်ဖြေတယ်
မနက်ဖြန်ကျရင်
၇န်ကုန်-မန္တလေး လမ်းမကြီး တစ်ခုလုံးကို
ပန်းနုရောင် သုတ်ပေး၇အုံးမယ် မေမေရယ်
အိမ်နီးနားချင်းတွေကိုတွေ.ရင် ပြောပြလိုက်ပါ
ကမ္ဘာပေါ်မှာ ပန်းနုရောင် စစ်စစ်ကို
အခန်း 302 မှာသာ ရနိုင်တယ်ဆိုတဲ့အကြောင်း ပေါ.
Hello House Keeping ကပါ
သရီးအိုတူး အတွက် မျက်နှာသုတ်ပ၀ါ အသစ် လဲပေးရအုံးမလားရှင်
ဟင်.အင်း သွားစမ်းပါ
လာမနှောင်.ယှက်နဲ့
အခန်း 302 ထဲမှာ
သူမဟာ ငါ.ရဲ. မျက်နှာသုတ် ပ၀ါလေးဖြစ်တယ်
အို ကမ္ဘာမြေကို ရှာဖွေတွေ.ရှိသူတို.
ကိုလံဘတ်စ် တို.
သင်တို.နဲ.ငါ မပတ်သက်လို
အခန်းအမှတ် 302  ဟာ
ငါတွေ.ရှိထားတဲ့ ကုန်းမြေ အသစ်ဖြစ်တယ်
ငါ.ရဲ. ကိုလိုနီဖြစ်တယ်


အဲ့ဒီမှာ ခေါင်းအုံးလေး တစ်အုံးကို ဘုရင်ခံလုပ်
အနမ်းတွေနဲ. ဓါးမိုးအုပ်ချုပ်မယ်
သူမနဲ. မှားယွင်းခွင်.ရတာကိုပဲ ကျေးဇူးတင်ရတော.မယ်
သူမနဲ.သာမ မှားယွင်း ခဲ့ရဘူးဆိုရင်
အမှန်တရား ဆိုတာဟာလည်း
သိပ်ကို အကျည်းတန်နေမှာ မို.လို.ပါပဲ
ကဲ သားကိုသွားခွင်.ပြုပါ
သိပ်အဝေးကြီးမှ မဟုတ်တာ
အခန်းနံပါတ် 302 တင်ပါ မေမေ
ငှက်တွေတောင် ညနေအိပ်တန်းဆီ ပြန်ကြပြီလေ
ငါကတော. ခုမှမျက်လုံးဖွင်.ကြည်.ရသူပါ
စောစောထ သွားတိုက် မျက်နှာသစ်လို. 
ဖတ်စာအုပ်ထဲမှာ သင်ပေမယ်.
စောစော မထလည်း မျက်နှာကတော. သစ်ရတာပဲ မဟုတ်လား
ဘ၀ဆိုတဲ့ ဟာကသာ သေချာရင်
( တီဗွီမှာလို )
နက်ဖြန် အစီအစဉ်ကိုကြေငြာချင်ပါတယ်
သူမရဲ. ကိုယ်သင်းနံ.ဟာ
ကြောင်ပေါက်စလေးနဲ. တူတယ်
အခန်းနံပါတ် 302 ဟာ 
ကြောင်တစ်ကောင်စာ ကျယ်ဝန်းတဲ့
တိရိစ္ဆာန်ရုံ တစ်ရုံပေါ.
အဲ့ဒီအခန်းထဲမှာ
လိမ္မော်ရောင် အလင်းဖျော.ဖျော.ရှိတယ်
မီးပူ တိုက်ထားတဲ့ အိပ်ရာခင်းဖြူဖြူ ရှိတယ်
အစိမ်းနုရောင် ပြတင်းပေါက်ခန်းဆီးတွေရှိတယ်
ကုတင်ဘေးက စားပွဲတင် မီးအုပ်ဆောင်းနား မှာလည်း
တယ်လီဖုန်း လမ်းညွှန် စာအုပ် ရှိပါတယ်
မရှိတာ ဆိုလို. တစ်ခုတည်းပါဗျာ
(ခင်ဗျားတို. အဟုတ်ကြီး လုပ် လုပ် ပြီးပြောနေတဲ့)
ပန်းတိုင်ဆိုတဲ့ဟာပေါ.
ခင်းထားတဲ့ လမ်းကိုလျှောက်မှ
ခရီးဆိုတာ ရောက်သတဲ့လား
ငါတို.ခြေထောက်တွေက လမ်းတွေနဲ.မဆန်.တော.
စဉ်းစားရပြန်တယ်
မုန်တိုင်းဆီရေးတဲ့စာကို
ဘာလိပ်စာမှတပ်ဖို.မလိုဘူး
ဒါကြောင်.
လေပြေလေညင်းကိုပဲ ဖတ်ပြလိုက်တော.တယ်


မေမေရေ စိတ်မပုပါနဲ.
သားအဝေးကြီးကို မသွားပါဘူး
အခန်းအမှတ် 302 တင်ပါ
အခုဆိုရင်
သားပြန်အလာကို
သူစောင်.မျှော်နေရှာရော.မယ်
သားကို
ခရီးသွားခွင်.ပြုပါ မေမေ


မင်းခိုက်စိုးစံ
၂၀၀၇

No comments:

Post a Comment