Thursday, June 27, 2013

Secluded Serene Avenue of WKA Group ၏ ပရဟိတကျောင်း ပညာရေးအလှု (၂၀၁၃)


SS Avenue of WKA Group ၏ Educational Supporting Program 2013 ၏ အစီအစဉ် တစ်စိတ်တစ်ပိုင်းဖြစ်သော လှေကျင်းပရဟိတဂေဟာ သို. ပညာသင်ထောက်ပံ.ကြေးလှုဒါန်းမှုကို ၂၂ ဇွန် ၂၀၁၃ နေ.က ထိုကျောင်း တည်နေရာ ၀ါးခယ်မမြို. လှေကျင်းရပ်ကွက် မြူရုံးလမ်း တွင် ပြုလုပ်ခဲ့ပါသည်...

ထိုနေ.တွင် အခမ်းအနား ၄ ခု တစ်ဆက်တည်း ပြု လုပ်မည် ဖြစ်သောကြောင်. အနှစ်သာရ ဦးစားပြု အကျဉ်းရုံးသာ စီစဉ်ခဲ့ပါသည်...

ထိုနေ. နံနက် ၁၁ နာရီခန်.တွင် အခမ်းအနား စတင်ခဲ့ပါသည်
ပရဟိတဆရာတော်မှ ကျောင်းရှိ ကလေးငယ်များအခြေအနေကို မြွက်ကြားပါသည်..ယခင်နှစ်က ကလေးငယ်အားလုံး (သူငယ်တန်းမှဆယ်တန်းထိ) ၏ ကျောင်းအပ်စားရိတ်.ခဲတံ..ပေတံ..ကွန်ပါဘူး..မှင်ဖျက်တံ..ထီး..လွယ်အိတ်..ကျောင်းဝတ်စုံ...အထက်တန်းကျောင်းသားတို.၏ ကျုရှင်ခအပါအ၀င် တစ်နှစ်စာ ပညာသင်စရိတ်တို.အတွက် (၁၇၂၇၀၀၀ ကျပ်)ကို SS Avenue မှ တာဝန်ယူလှုဒါန်းပေးခဲ့ရသော်လည်း ယခုနှစ်တွင်မူ ယမန်နှစ်က ထီးများ ရှိနေသေးခြင်း...ဖိနပ် စသည်တို.ကို လာရောက်လှုဒါန်းသူများရှိခဲ့ခြင်း ...ဗလာစာအုပ်အပါအ၀င် ကျောင်းသုံးစာရေးကိရိယာ လုံလောက်စွာရှိနေခြင်း..အလှုရှင်အချို.က မင်္ဂလာဦးအလှုအပါအ၀င် တစ်ဦးစီ ကျောင်းအပ်နှံစ၇ိတ်များလှုဒါန်းမှု ရှိနေခြင်းတို.ကြောင်. အထက်တန်းကျောင်းသားတို.အတွက် တစ်နှစ်စာ ပညာသင်စ၇ိတ် (ကျောင်းအပ်..ကျုရှင်လစာ အပါအ၀င်) သာလှုဒါန်းရန် လိုအပ်မှုတို.ကို ရှင်းပြခဲ့ပါသည်....ထို.အတွက် SS Avenue အနေဖြင်.လည်း အထူးပီတိဖြစ်ရပါသည်...မိမိတို. စတင်လှုဒါန်းစဉ်က အစစအရာရာ ချို.တဲ့နေသော်လည်း ယခု အားလုံးက စိတ်ပါလက်ပါ ၀ိုင်းဝန်းပံ.ပိုးလှုဒါန်းလာခြင်းကြောင်. ကျေနပ်ပီတိဖြစ်ခဲ့ကြရသည်....



ထို.နောက် Collector တစ်ဦးမှ ယခုနှစ်အလှုအတွက် Collector အသစ် ၃ဦးထံ အကူအညီတောင်းခံခဲ့ပုံ .ယခင်နှစ်များက ကူညီပေးနေသော Collector တစ်ဦး အနေဖြင်. မအားလပ်သဖြင်. မပါဝင်ပေးနိုင်ပုံ.ပါဝင်ကူညီပေးနေသော Collector ၉ ဦး၏ အမည်များ..ကောက်ခံစုဆောင်း.ရရှိသောအခြေအနေ တို.ကို ရှင်းလင်းပြီး အထက်တန်းကျောင်းသားတို.အတွက်
 တစ်နှစ်စာ ပညာသင်စ၇ိတ် (ကျောင်းအပ်..ကျုရှင်လစာ အပါအ၀င်) လိုအပ်သော ပညာသင်စရိတ်...ယနေ.နေ.လည်စာ ကလေးငယ်တို.အတွက် လှုဒါန်းသော ကြက်ပဲ ဟင်း တစ်နပ်စာ နှင်. အထွေထွေ လိုအပ်သော စားရိတ်တို.အတွက် အလှုငွေ ကျပ် ၅သိန်း တိတိအား ကျောင်း အကျိုးတော်ဆောင်တို.ထံသို. Group Collector တစ်ဦးနှင်. Red Waves Member တစ်ဦးတို.က လှုဒါန်းခဲ့ပါသည်....ထို.နောက် လှုဒါန်းမှုအစုစုတို.အတွက် သာဓု ၃ကြိမ်ခေါ်ကာ အခမ်းအနားကို အဆုံးသတ်ခဲ့ပါသည်...ဆရာတော်. အနေဖြင်. ယခုပညာသင်နှစ်အတွက် ထပ်မံလိုအပ်ပါကလည်း အကြောင်းကြားပေးပါရန် လျှောက်ထားခဲ့ပါသည်


အခမ်းအနားအပြီး ကလေးငယ်တို.နှင်.အတူ တက်ရောက်လာသူအားလုံး နေ.လည်စာ အတူစားခဲ့ကြပါသည်...ဆရာတော်မှ သီးခြား စီစဉ်ပေးသော်လည်း ကလေးငယ်တို. စားသော ပုဂံ..ကလေးငယ်တို.စားသောဆန်..ကလေးငယ်တို.စားသောပုံစံဖြင်.သာ အားလုံးတန်းတူ စားသောက်ခဲ့ကြသည်...



ကျောင်းရှိတိုင်းရင်းသူ မိန်းကလေးငယ် တို.ကိုတော. ယခုမှတွေ.ရသည်..သူတို.က မိန်းကလေးမို. အနားကအိမ်တွင်ထားရသည်တဲ့..ကလေးငယ်တို.အားလုံး.စားလိုက်ကြသည်မှာ အားရပါးရ
မိမိတို.စားသော ထမင်း ၂ဆခန်.ထည်.ထားသည်. ပုံစံပန်ကန်အတွင်း နောက် တစ်ခေါက်မှ နှစ်ခေါက်ထိ ထပ်မံထည်.ကြသည်..လှုဒါန်းချိန်မို. ဟင်းကိုများများထည်.စားကြသည်မျိုးလည်းမဟုတ်...ပုံမှန်အတိုင်းသာ...ဟင်းကလည်း အခြားဘာမှမပါ..ထိုဟင်းတစ်ခွက်သာ...မိမိတို.တောင် သူတို.၏ စားပုံကိုကြည်.ရင်း အားပါလာရသည်...မြို.ကြီးပြကြီး ရှိ သူငယ်ချင်းမိတ်ဆွေ၅ယောက်ခန်. ၏ စားသောက်ပွဲ တစ်ဝိုင်းစာမရှိသော ငွေက ကလေးငယ် ၅၀ ခန်.တို.အတွက် တစ်နပ်စာ စိတ်တိုင်းကျ အဟာရ ဖြစ်နေခဲ့သည်....အချို.ဆိုလျှင် ဧည်.သည်များလည်း ရှိနေ မိမိတစ်ဦးတစ်လေသာ ကျန်သည်မို. ထလိုက်ရသော်လည်း သိပ်စိတ်တိုင်းကျသေးပုံမပေါ်...............



ဆရာတော်က မိမိတို.ကိုကလေးငယ်တို.နှင်.အတူစားသောက်နေမှုများအတွက် အားနာနေသည်....တကယ်က မိမိတို.အတွက်ထိုတစ်နပ် တစ်လေသာ ဖြစ်သော်လည်း သူတို.က ထိုလောက်ပင် အခြေအနေမရှိသော စားသောက်ဖွယ်တို.ဖြင်. ဘယ်နှစ်နှစ် စားနေရမည်မသိ...မိမိတို.ကတော. ကလေးငယ်တို.ကို အားနာနေမိသည်...မိမိတို.စားသောက်တိုင်း ထိုကလေးငယ်တို.ကိုဖျတ်ကနဲ ဖျတ်ကနဲ မြင်ယောင်နေမိသည်...



၁၂နာရီခန်.တွင်တော. မိမိတို.အားလုံးထိုကျောင်းလေးဆီမှ ပြန်လည်ထွက်ခွာလာခဲ့ကြပါသည်


ပုံများကို ဤ Link တွင်ကြည်.ရှုနိုင်ပါသည်  https://www.facebook.com/media/set/?set=a.488914827852730.1073741878.259181714159377&type=1

No comments:

Post a Comment