Monday, May 6, 2013

လင်မယား ဟာသများ

                              

               
                            Before & After

အိမ်ထောင်ကျစ
မ။......... ။ တင်းနေအောင် ဖက်မထားနဲ့လေမောင်.. မ အသက်ရှုလို့ မဝတော့ဘူး။
မောင်။... ။ ဖက်မထားရင် မောင်အိပ်မပျော်လို့ပါ မရယ်။
နှစ်အတန်ကြာသော်
မ။......... ။ မောင်အိပ်ရင် မကို ဖက်မအိပ်တာကြာပြီနော်။
မောင်။...။။ ဖက်ပြီးအိပ်ရင် အသက်ရှုလို့ မဝဘူးဆိုတာ မသိဘူးလား။

ချစ်သူဘဝ
လူစည်ကားရာ နေရာတစ်ခုတွင် မောင်က မကို ပွေ့ဖက်လိုက်သည်။
မ။....... ။ မောင် ရူးနေလား? လူတွေကြည့်နေတယ်လေ.. ရှက်စရာကြီး
မောင်။..။ ကြည့်ကြည့်ပေါ့ မရယ်။ မောင်က ချစ်တာကို
အိမ်ထောင်ကျပြီးနောက်
မ။.....။ အရင်က ဒီနေရာမှာ မ့ကို မောင် ပွေ့ဖက်ဖူးတယ်နော်။ ခုဖက်ပါအုန်းလား မောင်
မောင်။.... ။ လူတွေရှေ့မှာ ဖက်ရအောင် ရူးနေလား?

 အိမ်ထောင်ကျစ
မ။..... ။ မောင်ရေ မကို ပွေ့ပါအုန်း
မောင်က မကို ပွေ့ပြီး ကုတင်ပေါ် တင်ပေးလိုက်တယ်။
နှစ်အနည်းငယ်ကြာသော်
မ ........... ။ မောင်ရေ မကို ပွေ့ပါအုန်း
မောင်..... ။ ခြေထောက်ကျိုးနေပြီလား?

  ညားကာစ
 မောင်က
“မ ဝလာလည်း ချစ်မှာပဲ။ ဝဝကစ်ကစ် မ ခန္ဓာကို ပွေ့ခေါ်မယ်။ အသက်အရွယ်ကြီး
အိုမင်းသွားတဲ့အထိ မကို အမြဲချစ်မယ်။ မကို အမြဲဖက်မယ်” ဟု သစ္စာဆိုသည်။
နှစ်အနည်းငယ် ကြာသော်
မ။.......... ။ မောင် မကိုပွေ့ပါအုန်း
မောင်။.....။ ဒီခန္ဓာကိုယ်နဲ့ ငါ့ ခါးကျိုးအောင် လုပ်နေတာလား?

အော်....ခုတော.လည်း
 မ။............ ။ မောင်ရေ.. မ အလှပြင်ပြီးပြီ၊ သွားရအောင်
မောင်။......။။ နေပါအုန်း.. ငါ မုတ်ဆိတ်ရိတ်နေသေးတယ်။
မ။............။ မုတ်ဆိတ်ရိတ်တာ ဒီလောက်ကြာသလား? မ တောင် ပြင်ပြီးနေပြီ..
မောင်။......။ နင်အလှပြင်တာကို စောင့်ရင်း ရိတ်ပြီးသား ငါ့မုတ်ဆိတ်တွေ ထပ်ရှည်လာလို့ နောက်တစ်ခေါက် ထပ်ရိတ်နေတာ။

@Aungthummu.blogspot



                                     အော်....စားထားနှင်.ပြီးရော

လင်မယားနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အလွန် စိတ်တိုနေကြသည်။

ယောင်္ကျားဖြစ်သူသည် အလုပ်မှ အိမ်သို့ နေ့စဉ် နေ့လည်စာပြန်စားလေ့ ရှိသည်။

နေ့လည်ခင်းသို့ ရောက်သောအခါ ယောင်္ကျားဖြစ်သူက အလုပ်မှနေ၍ မိန်းမဖြစ်သူဆီကို ဖုန်းဆက်ကာ မေးသည်။

ယောင်္ကျား ။ ။ "ဒီနေ့ ဘာ ဟင်းလဲဟေ့".....
မိန်းမ ။ ။ "အဆိပ်"
ယောင်္ကျား ။ ။ "အေး... ကောင်းတယ်။ မင်း ငါ့ကို ထမင်းစား စောင့်မနေနဲ့တော့။ အရင်စားထားနှင့်လိုက်" 

@witch83.blogspot




                                            ဘယ်သူက စမှားတာလဲ

နောက်ဆုံးမှာ မောင်တင်နဲ့ မခင် ကွာရှင်းခဲ့ကြတယ်။ သူတို့ရဲ့ ကွာရှင်းတမ်းမှာ မျက်ရည်မရှိဘူး၊ နောင်တမရှိဘူး။ ဘာဆို ဘာမှမရှိဘူး။ လင်မယားနှစ်ယောက် နောက်ဆုံးအကြိမ်အဖြစ် စကားပြောတော့ မခင်က...

“တတိယလူက ဘယ်သူလဲ?”

“ဘေးအိမ်က မစိန်ပါ”

“ဘယ်လိုဖြစ်ခဲ့တာလဲ”

“လွန်ခဲ့တဲ့ ၃လလောက်က ကိုယ်အိုဗာတိုင်ဆင်းပြီး ပြန်လာတဲ့ညမှာ အိမ်သော့မေ့ကျန်ခဲ့လို့ တံခါးခေါက်ပြီး မခင်ကို နှိုးခဲ့တယ်။ ကိုယ်ဘယ်လိုနှိုးနှိုး မခင် မနိုးဘူး။ အဲဒီအချိန်မှာ ဘေးအိမ်က မစိန်နိုးလာပြီး မခင်ကိုဖုန်းနဲ့နှိုးဖို့ ကိုယ့်ကို သူ့အိမ်ထဲခေါ်တယ်။ ကိုယ်ဖုန်းဆက်လဲ မခင်က မနှိုးဘူး။ အဲဒီလိုနဲ့ မစိန်ရဲ့ ဧည့်ခန်းဆိုဖာမှာ ကိုယ်အိပ်ခဲ့ရတယ်”

“တစ်ညထဲနဲ့ ဖြစ်သွားရော့လား...”

“အရင်လက ကိုယ်အိုဗာတိုင်ဆင်းပြီး ပြန်လာတော့ အိမ်သော့မေ့ခဲ့ပြန်တယ်။ ကိုယ်ဘယ်လိုခေါ်ခေါ် မခင် မနိုးပြန်ဘူး။ ကံကောင်းလို့ မစိန်က ကိုယ့်ကို ခေါ်ပြီး သူ့ကုတင်မှာ အိပ်စေခဲ့တယ်”

“ဟင်း.... ကျွန်မအအိပ်မက်လို့ ဖြစ်ရတာပါ”

အဲဒီနောက်ပိုင်း မောင်တင်ဟာ အိုဗာတိုင်ဆင်းပြန်လာတိုင်း မခင် မနိုးမယ့်အတူတူ အိမ်ကိုမပြန်တော့ဘဲ ဘေးအိမ်က မစိန်ဆီကိုပဲ တန်းသွားခဲ့တော့တယ်။ လူတွေကပြောကြတယ်.. မခင်က အအိပ်မက်လို့ လင်တစ်ယောက် ဆုံးရှုံးခဲ့ပြီတဲ့..

လင်ယောက်ျားကို ဆုံးခဲ့ပေမယ့် ဥစ္စာပစ္စည်းတွေကို မခင်ရလိုက်တယ်။ မကြာဘူး... ယောက်ျားအသစ်တစ်ယောက်ကိုပါ မခင်ရလိုက်တယ်။

ယောက်ျားအသစ် မခင်ဆီ ပြောင်းလာတဲ့နေ့က မောင်တင် အိမ်ကဆင်းတဲ့နေ့ဖြစ်တယ်။

ယောက်ျားအသစ်နဲ့ မောင်တင် လှေကားမှာ ဆုံကြတယ်။ ယောက်ျားအသစ်က မောင်တင်ကို...

“ကျွန်တော့်ကို ခွင့်လွတ်ပါ.. ကျွန်တော်ကြောင့် ခင်ဗျားတို့ လင်မယားကွာရှင်းကြရတယ်”

“ဒါ ခင်ဗျားနဲ့ မဆိုင်ပါဘူး။ ကျွန်တော် အရင်ဖောက်ပြားခဲ့မိလို့ အခုလိုဖြစ်ရတာပါ”

“ကျွန်တော့်ကို ခွင့်လွတ်ပါ... ကျွန်တော်ကြောင့် ခင်ဗျားဘဝ အဆင်မပြေဖြစ်ခဲ့ရတယ်”

“ကိစ္စမရှိပါဘူး... ပြီးတာတွေက ပြီးသွားခဲ့ပြီ... မခင်ကို ကောင်းကောင်းစောင့်ရှောက်လိုက်ပါ.. သူ က အအိပ်မက်တယ်”

“သူ အအိပ်မမက်ပါဘူး.. ဒါ သက်သက်မဲ့ပြောနေတာ”

“သူ အအိပ်မက်လို့ ကျွန်တော်အိုဗာတိုင်ဆင်းပြီး ပြန်လာတိုင်း သူတံခါးထဖွင့် မပေးဘူးလေ”

“တကယ်ဆို သူအိပ်ပျော်နေလို့ တံခါးဖွင့်မပေးတာ မဟုတ်ဘူး။ သူ စိတ်လှုပ်ရှားနေလို့ ဖွင့်မပေးတာ... ခင်ဗျားအိမ်ပြန်နောက်ကျတိုင်း သူနဲ့ ကျွန်တော်အတူရှိနေတယ်လေ”

“................”

1 comment: