Friday, May 17, 2013

.သွားပေအုံးတော.မဟာစင်......မုန်တိုင်းအန္တရာယ် ကင်းပြီ..


Photo by guardian.co.uk ဘင်္ဂလားဒေ.ရှ်သို. မဟာစင် ချဉ်းကပ်လာပုံ
အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းမဟာစင်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ တောင်ပိုင်းကမ်းရိုးတန်း ဒေသသို့ ဝင်ရောက်တိုက်ခတ်မှုကြောင့် ဒေသခံ ၁၂ ဦး သေဆုံးပြီး နေအိမ်တဲပေါင်း သောင်းနှင့်ချီ၍ပျက်စီးကာ လူပေါင်းတစ်သန်းခန့်မှာ ၎င်းတို့၏ အရပ်ဒေသအား စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း သိရသည်။
အဆိုပါမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ တောင်ပိုင်းသို့ မေ ၁၆ ရက်တွင် ဝင်ရောက်တိုက်ခတ်ခဲ့ရာ မိုးသည်းထန်စွာ ရွာသွန်းပြီး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၆ဝ နှုန်းခန့် ရှိကြောင်း သိရသည်။
အဆိုပါဆိုင်ကလုန်း မုန်တိုင်းမဟာစင်ကြောင့် ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် အိန္ဒိယနိုင်ငံ အရှေ့ ဆိုင်ကလုန်း မုန်တိုင်း မဟာစင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းသို့ ဝင်ရောက်တိုက်ခတ် ၁၂ ဦးသေဆုံး မြောက်ပိုင်း ရှိ ပြည်သူပေါင်း ၈ဒသမ ၂ သန်းခန့်မှာ အတိ ဒုက္ခများနှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း ကုလသမဂ္ဂက အစောပိုင်းတွင် သတိပေးချက် ထုတ်ပြန် ထားခဲ့သည်။
အိန္ဒိယ နိုင်ငံရှိ ပြည်နယ် အများစုတွင်လည်း မုန်တိုင်း သတိပေးချက်များ ထုတ်ပြန် ခဲ့ပြီး ဒေသခံ ပြည်သူ များ အနေဖြင့်ဆိုးရွားလှသော ရာသီဥတုဒဏ်ကို အန်တုရင်ဆိုင်နိုင် ရန်ကြိုတင် ပြင်ဆင်မှု များ ဆောင်ရွက်ထားကြရန် တိုက်တွန်း နှိုးဆော်ခဲ့ကြောင်း သိရသည်။ မိုးလေဝသ ခန့်မှန်းသူ ပညာရှင် များ၏ အဆိုအရ အဆိုပါ မုန်တိုင်းသည် မေ ၁၆ ရက်မှစ၍ ၂၄ နာရီ အတွင်း အားပျော့ပျက်ပြယ် သွား မည်ဖြစ်ကြောင်း သိရသည်။


မိုးလေ၀သနှင်.ဇလဗေဒ ဌာန ၁၆ ရက် ညပိုင်းကြော်ငြာချက်
ယနေ့မြန်မာစံတော်ချိန်(၂၀း၀၀)နာရီအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်ခဲ့သည့်ကုန်းတွင်းမုန်တိုင်း ငယ်သည်အရှေ့မြောက်ဘက်သို့ဆက်လက်ရွေ့လျားလျက်လေဖိအားနည်းရပ် ၀န်းအဖြစ်သို့တစ်ဖြည်းဖြည်းအားပျော့ပျက်ပြယ်သွားမည်ဟုခန့်မှန်းရပါသည်။

မုန်တိုင်းနှင့်ပတ်သက်သောလက်ရှိအခြေအနေမှာအစိမ်းရောင်အခြေအနေသို့ရောက်ရှိခဲ့ပြီး၊ရခိုင်ကမ်းရိုးတန်းတွင်မုန်တိုင်းအန္တရာယ်ကင်းရှင်းသွားသည့်အခြေအနေဖြစ်ပါသည်။
ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင်တိမ်အသင့်အတင့်မှတိမ်ထူထပ်နေပါသည်။မြစ်ဝကျွန်းပေါ်၊မုတ္တမကွေ့၊ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်တစ်ခါတစ်ရံမိုးသက်လေပြင်းများ
တိုက်ခတ်ပြီးလှိုင်းကြီးနိင်ပါသည်။မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည်တစ်နာရီမိုင်(၄၀)အထိတိုက်ခတ်နိုင်ပါသည်
မုန်တိုင်းနှင်. ပတ်သက်၍ VOA မှ ထုတ်ပြန်သော သတင်း


Bangladesh နိုင်ငံကို ကြာသပတေးနေ့က ဝင်ရောက်တိုက်ခတ်ခဲ့တဲ့မဟာစင်ဆိုင်ကလုန်း မုန်တိုင်းဟာ ကုန်းတွင်းပိုင်းကို ရွေ့လျားသွားတာနဲ့အမျှ အင်အားပျော့ ပြီး အပူပိုင်း မုန်တိုင်း အသွင်ပြောင်းသွားပါပြီ၊ ဆိုင်ကလုန်း မုန်တိုင်း အသွင်နဲ့ B’desh ကမ်းရိုးတမ်းဒေသဖက်ဖြစ်တဲ့ စစ်တကောင်း နဲ့ Cox’s Bazar တွေဖက်ကို တိုက်ခတ်ခဲ့တဲ့အတွက် ၁၄ ယောက်ထက် မနည်း သေဆုံးခဲ့တယ်လို့ B’desh တာဝန်ရှိသူတွေက ပြောပါတယ်။

အင်အားပြင်း မုန်တိုင်း တိုက်မယ် ဆိုတဲ့အတွက် လူပေါင်း ၁ သန်းကျော်လောက် ကြိုတင် ဘေးကင်းရာ ပြောင်းရွှေ့နေခဲ့ကြပါတယ်၊  B’esh နဲ့ကပ်နေတဲ့ မြန်မာနိုင်ငံ မှာလည်း မုန်တိုင်းဒဏ်ကြောင့် သိပ်ပြီး ထိခိုက် ပျက်စီးမှု မရှိခဲ့ပါဘူး အရှေ့မြောက် ဖက် ကို ရွေ့သွားတာနဲ့အမျှ တဖြည်းဖြည်း အားပျော့ ပျက်ပြယ် သွားမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ခန့်မှန်း ထားပါတယ်၊ မုန်တိုင်း အခြေအနေကိုလဲ အစိမ်းရောင်အဆင့် သတ်မှတ် လိုက်ပြီး ရခိုင်ကမ်းရိုးတမ်းဖက်မှာ အန္တရာယ် ကင်းရှင်း သွားပြီလို့လည်း ပြောပါတယ်။  

No comments:

Post a Comment