Monday, May 13, 2013
ငှက်ပျောဖူးသုပ်နဲ. ငှက်ပျောဖူးချက်
ဒါကတော. ဖြိုးဇာသွင် (Phyo’s Cooking Adventure)ရဲ. ချို၊ ချဉ်၊ ငန်၊ စပ် ငှက်ပျောဖူးသုပ်ပါ
 ဒီတစ်ပတ်တော့ ငှက်ပျောဖူးကို သုပ်စားဖို့ စီစဉ်ထားပါတယ်။ နေကလည်း ပူတော့ ဘာစားစား
အရသာ သိပ်မတွေ့လှတာကြောင့် ချို၊ ချဉ်၊ ငန်၊ စပ် အသုပ်လေးတွေနဲ့ ခံတွင်း တွေ့အောင်ရယ်၊
မီးဖိုထဲမှာလည်း သိပ်ပြီးအကြာကြီး မနေချင်တာရယ်ကြောင့် အသုပ်လေးတွေကို တန်းစီပြီး ရေးဖို့
စီစဉ်ထားပါတယ်။
မိဘအိမ်မှာ နေတုန်းကဆို အမေက ငှက်ပျောဖူးကို ပုစွန်ခြောက်လေးနဲ့ပဲ နှပ်ပြီး ချက်လေ့ရှိပြီး ဖြိုး
တို့ညီအစ်မတွေ အကြိုက်ဆုံး ဟင်းတစ်ခွက်ပေါ့။ ငှက်ပျောဖူးသုပ်ကိုတော့ ဆစ်ဒ်နီရောက်မှ ထိုင်း
စားသောက်ဆိုင်တွေမှာ စားဖူးတာပါ။
ငှက်ပျောဖူး စိမ်းကို ပါးပါးလှီးပြီး သုပ်ထားပေမယ့် မဖန်ပဲ စားလို့ကောင်းပါတယ်။
ပုစွန်နဲ့ တွဲပြီး သုပ်လေ့ရှိသလို ကင်းမွန်/ ပြည်ကြီး ငါးကို မီးကင်ပြီးတော့လည်း ရောသုပ်လေ့ရှိကြ
တယ်။
သူက အရသာထက် ထုတ်ထုတ်လေးနဲ့ ပါးစပ်ထဲမှာ ၀ါးရတာက ပိုပြီး စိတ်ဝင်စားစရာ ကောင်းတာ
ပါ။
ဖန်တန်တန် အရသာ ရှိတတ်တာမို့ ချို၊ ချဉ်၊ ငန်၊ စပ် အရသာနဲ့ တွဲမှ စားလို့ ကောင်းပါတယ်။
ရန်ကုန် ပြန်ရောက်ကတည်းက နေရာတကာမှာ တွေ့တဲ့ ငှက်ပျောဖူးတွေကို မျက်စောင်း ထိုးထား
တာ အခုမှပဲ သေချာသုပ်စားဖြစ် တော့တယ်။
ငှက်ပျောဖူးကို အမျိုးမျိုး သုပ်စားကြပေမယ့် ဒီနွေပူမှာ ခံတွင်း တွေ့စေမယ့် ဗီယက်နမ်စတိုင်နဲ့
ထိုင်းစတိုင် အသုပ်နှစ်မျိုးကို မျှဝေလိုက်ပါတယ်။
နောက်ကြုံရင် တခြားနည်းလေးတွေ ထပ်ဝေမျှ ပေးပါဦးမယ်။
ငှက်ပျောဖူးသုပ် (ထိုင်း)
ပါဝင်ပစ္စည်းများ
(ခြောက်ယောက်စာ)
ငှက်ပျောဖူး (အသေး) နှစ်ဖူး
ပုဇွန် (အသေး) ၆-၈ ကောင်
ကြက်သွန်နီ နှစ်လုံး
နံနံပင် (လှီးပြီးသား) ၁/၄ ခွက်
ငရုတ်သီး အနီ ၁/၂ တောင့်
ကြက်သွန်နီကြော် စားပွဲဇွန်းတစ်ဇွန်း
ပုစွန်ခြောက် စားပွဲဇွန်းနှစ်ဇွန်းခွဲ
ထန်းလျက် (အဖြူ - ခြစ်ပြီးသား) စားပွဲဇွန်း နှစ်ဇွန်းခွဲ
သံပရာရည် (ညှစ်ယူပါ) ၁/၃ ခွက် (၈၀ မီလီလီတာ)
ငံပြာရည် စားပွဲဇွန်း ၁/၃ ခွက် (၈၀ မီလီလီတာ)
ငရုတ်သီးဆီချက်ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ဟင်းသီးဟင်းရွက်ဆီ စားပွဲဇွန်း တစ်ဇွန်း
ငှက်ပျောဖူး
ပြင်ဆင်ပုံ
ငှက်ပျောဖူးများမှ အခွံအနီများကို ခွာပါ။ အ၀ါနုရောင် (သို့) အရောင် ဖျော့ဖျော့ ရောက်သည်အထိ
အခွံများ ကို ခွာပါ။
အထဲမှ ငှက်ပျောသီး သေးသေးလေးများကို ထုတ်ပစ်ပါ။
ပြီးတဲ့အခါ ငှက်ပျောဖူး လှီးပြီးသားများကို စိမ်ဖို့အတွက် အချဉ်ဓာတ်ပါသောရေကို အရင်ပြင်ပါ။
ရေ တစ်လီတာတွင် သံပရာရည် ၁/၄ ခွက် (၆၀ မီလီလီတာ)ထည့်ပြီး မွှေပါ။
ထို့နောက် ငှက်ပျောဖူးများကို အကွင်းလိုက်ပါးပါးလှီးပြီး ပြင်ထားသော ရေထဲသို့ ချက်ချင်း ထည့်၍
စိမ်ပါ။
ငှက်ပျောခွံများထဲမှ အရွက်ကြီးပြီး လှသော အဖတ် ၁-၂ ခုကို ဖယ်ပြီး ရေစင်အောင်ဆေးကာ
သေချာစစ်ထားပါ။
ဟင်းပွဲ ပြင်ရာမှာ သုံးလို့ရပါတယ်။
ဒါလေးကတော. Burmese taste - Iora ရဲ. ငှက်ပျောဖူးချက်ပါ
ငှက်ပျောဖူး ချက်
 ငှက်ပျောဖူးဝယ်ထားတာတပါတ်လောက်ရှိပါပြီ။ မအားလို့ ခုမှချက်စားဖြစ်ပါတယ်။ သုတ်စားရင်ကောင်းမလား၊ချက်စားရင်ကောင်းမလားဆိုပြီးတွေးနေတာ။ သုတ်ရင်များနေမယ်ထင်လို့ ချက်ဘဲချက်လိုက်ပါတယ်။
ပန်းဖူးလေးတွေကအပေါ်ကနုညံ့ပေမဲ့ အတွင်းက၀တ်ဆံတိုင်တွေက (ပုံထဲမှာအမဲရောင်လေးတွေပါ) ကြမ်းလို့ ဖဲ့ပြီးဆွဲထုတ်ပစ်မှကောင်းပါတယ်။ အချိန်မရရင်လည်းဒီတိုင်းထဲ့လိုက်တာပါဘဲ။ အဲဒါဆိုရင်စားရင်တော့ဖယ်ဖယ်ပစ်ရပါတယ်။ပါးစပ်ရှုပ်ပါတယ်။
ဖယ်ရင်း ခွာရင်းနဲ့ သိပ်တောင်မကျန်တော့ပါဘူး။
လူများရင်တော့နှစ်ဖူးသုံးဖူးတော့ဝယ်ရမယ်ထင်တယ်။ ပြီးရင် ခပ်ပါးပါးလှီး ရေဆေး ပြီးဆားရည်စိမ်ထားပါတယ်။ ကြက်သွန်ဖြူ၊ နီ ဆီသတ်၊ ငြုတ်သီးမှုန့် ထဲ့၊ ခရမ်းချဉ်သီးလေးနဲနဲထဲ့၊ ပုဇွန်ခြောက်မှုန့် ထဲ့ပြီး မွှေးလာရင် ဆားရည်စိမ်ထားတဲ့ ငှက်ပျောဖူးတွေကို အဖန်ရည်တွေထွက်သွားအောင်ညှစ်ပစ်ပြီး ဆီသတ်တဲ့ထဲထဲ့မွှေပြီး ဆားပြား၊ အချိုမှုန့် ထဲ့ပါတယ်။ ငပိလေးကြိုက်ရင်နဲနဲလေးအောင်ထဲ့နိုင်ပါတယ်။ ကျမကဒီနေ့ ငန်ပြာရည်နဲနဲထဲ့ပါတယ်။ ခဏလုံးပြီးရင်တော့ ဆန်မှုန့် လေးနဲနဲရေဖျော်ပြီးထဲ့ပါတယ်။ ကျမတော့အရှိန်လွန်သွားလို့ ဆန်မှုန့် နဲနဲများသွားပါတယ်။ ဆန်မှုန့် ကြိုက်တတ်ရင်တော့ အိုကေမှာပါ။ ကျမကသိပ်စေးပျစ်ပျစ်ကိုမကြိုက်တတ်လို့ ပါ။ ဆီပြန်ရင် ချနိုင်ပါပြီ။ ကျမတော့ ရေနဲနဲချန်ထားပါတယ်း မပျစ်သွားအောင်လို့ ပါ။ ချခါနီး အစပ်ကြိုက်လို့ ငြုတ်သီးစိမ်းခွဲထဲ့ပြီး နံနံပင်အုပ်လိုက်ပါတယ်။ ဒါပါဘဲ လွယ်ပါတယ်။
ရေဆေးထားတဲ့ငှက်ပျောဖူးရွက်လေးထဲကို လှအောင်လို့ ခပ်ထဲ့ပါတယ်။ ခရင်းလေးနဲ့ ကော်ပြီးစားလိုက်တာခဏလေး နဲ့ စားလို့ ကုန်သွားပါတယ်။ တကယ်တော့ထမင်းနဲ့ စားဘို့ ပါ။ ဒီတိုင်းလည်းစားလို့ ကောင်းပါတယ်ရှင်။
ခင်မင်လေးစားသော..
အိုင်အိုရာ..
Source ; /myanmar.mmtimes.com & http://mamaiora.blogspot.com 
No comments:
Post a Comment