Thursday, May 9, 2013

သင်္ကြန် နှင်.အမုန်းခံ အတွေးစများ

မြန်မာ.ရိုးရာအတာသက်ြန်နဲ.
နှစ်ဟောင်းအညစ်အကြေးတွေကို တန်ခူးရေ နဲ.ဆေးပြီး နှစ်သစ်မှာ ကောင်းမှုတွေအတွက် အသင်.ပြင်တာတဲ့
ယဉ်ကျေးသိမ်မွေ.သော ၊သမိုင်းကြောင်းအစဉ်အလာ ရှည်ကြာနေပြီဖြစ်သော လူမျိုးတစ်မျိုး၏ ချစ်ခင်နှစ်သက် ပျော်ရွှင်ဖွယ် အကောင်းဆုံးပွဲတော်တစ်ခုတဲ့
ဟုတ်ကဲ. အဲဒါသင်္ကြန်တဲ.



သက်ြန်တွင်း တစ်ရက် မိုးကောင်းဘုရား ဘက်ရောက်ခဲ့တော. စိတ်ကြည်နူးစရာ လေးမြင်ခွင်.ရခဲ့သည်
သင်္ကြန်တွင်းဖြစ်နေသော်လည်း လူငယ် လူလတ်များ (နေ.အလိုက်ဖွဲ.ထားသော သန်.ရှင်းရေးအသင်းဝင်များ) က ရင်ပြင်တော် သန်.ရှင်းရေး လုပ်နေကြသည်
ထို.နောက်တော. ထိုနေ.ထောင်.တွင် စုစည်းကာ ဘုရားဝတ်ပြု ရွတ်ဖတ် ကုသိုလ်ယူကာ အမျှအတန်းပေးဝေနေကြသည်  ယခုလိုသင်္ကြန်တွင်းကာလ ယခုလိုအသက်အရွယ် လူငယ်များ၏ ယခုအပြုအမူတို.ကား မြင်ရသူပါ ကုသိုပီတိ စိတ်ဖြစ်ပေါ်လာစေသည်

အပြင်ရောက်သည်နှင်. သက်ြန်မြင်ကွင်းအစစ်က၀င်လာသည်
ရေပက်ခံကားအမည်ခံ ကားပေါ်က အနည်းငယ် မူးယစ်စပြုနေသော လူငယ်များနှင်. လူမြင်ကွင်း ယောင်္ကျားတို.၏ ရင်ခွင်တွင်းရောက် မြန်မာအမျိုးသမီးငယ်များ အချို.က လက်ထဲဝယ် ဘီယာဘူးနှင်. လူကြည်.ကာမှ မော.သောက်ပြနေကြသည်   မလုပ်ရဲခြင်း ထိမ်းသိမ်းနေထိုင်ခြင်းကို တန်ဖိုးထားသော အရှေ.တိုင်းသား (အထူးသဖြင်. ယဉ်ကျေးမှု သက်တမ်းရှည် နိုင်ငံများ ) တို.၏ စံ တို.ကို မထိမ်းသိမ်းနိုင်တော.ပဲ ပွင်.လင်းလွတ်လပ်မှု နှင်. မည်သည်.အရာမဆို (သင်.၏ မသင်.၏ ကိုယ်တန်ဖိုးတက်စေ၏ ပျက်စေ၏ ကိုမတွက်ပဲ) လုပ်ရဲသောစိတ်ကိုဇွတ် မွေးမြူရင်း ကိုယ်.ဂုဏ်ဒြပ်ကို ကိုယ်ဖျက်ဆီးရတာကို သဘောကျနေသူ များကိုမြင်ရတော. စိတ်ထဲတော.မကောင်း


 သင်္ကြန်တွင်း နေလေ.နေထမရှိသော နေရာတွင်နေထိုင်ရင်း ကိုယ်တိုင်သေချာကြုံခွင်.မရသော မြင်ကွင်းတို.ကိုသေချာလေ.လာမိသည်

ရန်ကုန်မြို.၏ ဆင်ခြေဖုန်း မြို.နယ်တစ်ခု၏ဈေးတန်းလေး တစ်ခုအတွင်းအ၀င် လိုက် ကလေးငယ် ၅ယောက်ခန်.က စက်ဘီးလေးတွေတွန်းရင်းသွားနေတော. သူတို.စကားသံ နားစွင်.မိသည်
သက်ြန်ပဲကွာဘာဖြစ်လဲ
အိမ်ကသိရင်ဆူမှာကွ
တစ်ဘူးကို ၆၀၀ ပဲရှိတယ်
သောက်ကြည်.မယ်ကွာ
သူတို.လမ်းဘေးကအလွယ်တကူ ၀ယ်ယူရရှိသော ဘီယာ ၀ယ်သောက်ဖို.တိုင်ပင်နေကြခြင်းပင်
အသက်က အားလုံး ၁၅ နှစ်မကျော်လောက်သေး
၁၈နှစ်မပြည်.သော ကလေးသူငယ်အားလုံးကို အရက်ဘီယာ ရောင်းချခွင်.မရှိကြောင်း တရားဝင် ဆိုင်များအားလုံး သိရှိကြသော်လည်း ...စည်းကမ်းများကို မဖြစ်မနေရှင်းပြပြီးသော်လည်း ခါတော်မှီ ပေါ်လာသော လမ်းဘေးဆိုင်တို.ကတော. ရောင်းရဖို.သာ စိတ်ဝင်စားကြ၏ ...ဘာစည်းဘာကမ်းမှ မသိသလို ဘာအခွန်အခမှလည်းမရှိတော. ဈေးပေါပေါရောင်းကြသည်


ဤနေရာတွင် တစ်ခုပြောလိုသည်က အရက် ဘီယာစသည်တို.သောက်သုံးသူများလာသည်က ဆိုင်များများလာသဖြင်.ဟုဆိုကြသည် အပြည်.အ၀ လက်ခံ၍မရ  မုန်.ဟင်းခါးဆိုင်များလာတိုင်း လူတွေမုန်.ဟင်းခါးစားကြပါသလား  စာကြည်.တိုက်တွေများလာတိုင်း လူတိုင်းစာဝင်ဖတ်နေကြပါသလား   ခံယူစိတ် လိုအပ်ပါသည်  တကယ်က မိဘများက သားသမီးများရှေ.တွင် မဆင်မခြင်သောက်သုံးကြသည် ရုပ်ရှင်ဇာတ်လမ်းတို.တွင် အရက်ဘီယာ သောက်ခန်းမပါသောကားက မရှိသလောက် ထိုတော.အတုယူမှားကြတော.သည် ပြီးခဲ့သည်.သင်္ကြန်အတွင်း တရားမ၀င်ယစ်မျိုးမှု ၉၀ ကျော်ကို အရေးယူခဲ့ကြသည်  ...သို.သော် အရက်သောက်ခြင်းသည် မှားသည် ဂုဏ်သိက္ခာထိခိုက်စေသည် ကျန်းမာရေး ကိုဒုက္ခပေးနိုင်သည် စသည်.ပညာပေးအချက်အလက်တို.ကို ဘယ်နေရာမှ တွင်တွင်ကျယ်ကျယ် လုပ်သည် ရေးသည် ပြသည်တို.ကိုမတွေ.ရ  ...အချို.မိဘတို.က ကိုယ်တိုင် သားသမီးတွေကို Happy New Year တွင် သက်ြန်တွင် ၀ိုင်ဝယ်တိုက်သည် ဘီယာဝယ်တိုက်သည် အပြင်ထွက်လျှင် ပြဿနာ တက်မည်စိုးသဖြင်. သူငယ်ချင်းအားလုံးအိမ်ခေါ်ပေးထားပြီး လိုတာလုပ်ပေးထားသည်တဲ့  ဟိုးနှစ်ပေါင်းများစွာကပင် အရက်ကိုဖမ်းဆီးလာကြသည် အရက်သောက်သူလျော.သွားပါသလား ဟိုးယခင်က အရက်ဆိုင်ဖွင်.သူ သောက်သူတို.မှာ မျက်နှာငယ်ကြသည် ယခုတော. အဆင်.အတန်း အတော်များများက ရောင်းသူရောင်း သောက်သူသောက် လူမှုဆက်ဆံရေး၏ မဖြစ်မနေအခြေအနေတစ်ရပ်သို.ပင်ရောက်လာနေပြီမဟုတ်ပါလော ထုတ်လုပ်သူ ရောင်းချသူ သောက်သုံးသူ ဤ၃ခုအနက် ရောင်းချသူတစ်ဦးတည်းကွက်အရေးယူမှုများနေခြင်းက ဖြေရှင်းနည်းအမှန်ဟုတ်ပါမည်လော  လက်ရှိလူ.စည်းဝိုင်းအတွင်းတွင်ပင် အရက်သောက်သော်လည်း စီးပွားရှာနိုင်သူ တစ်ဦးနှင်. အရက်မသောက်ရိုးသားပြီး ကိုယ်ကျင်.ကောင်းသော်လည်း ငွေကြေးမပြည်.စုံသူတို.အပေါ် သဘောထား မည်သို.ကွာပါသနည်း သေချာသည်က လက်ရှိ တန်ဖိုးထားနေသော စံများကအစလွဲနေခြင်းပင်


ထားတော. အများနှင်.တစ်ယောက်ပြောနေလျှင် ရိုက်ပေါက်ပဲဖြစ်နေမည်
သက်ြန်ရေကစားကြခြင်းက တစ်ဦးနှင်. တစ်ဦးအေးမြပါစေဆိုပြီး ရေနှင်.ဖျန်းပက်သည်တဲ့
တစ်ဦးနှင်. တစ်ဦးအပြစ်များကြေအောင် ရေလောင်းတောင်းပန်ရင်း ဆုတောင်းမေတ္တာပို.ကြသည်တဲ့
မှန်ပါသည် အေးမြအောင်လောင်းကြသည်ဆိုသည်ကတော.  ဟိုးးတစ်နှစ်က Company တစ်ခု၏ ရေသဘင်မဏ္ဍပ်တွင် တစ်နေ.ရေခဲဖိုး သိန်းဆယ်ချီကုန်အောင်သုံးခဲ့သည်
လမ်းဘေးမှကလေးငယ်တို.က ရေလောင်းသည်ထက် ရေဖြင်. မနာနာအောင်နည်းမျိုးစုံသုံး ပက်ကြသည်
ကိုယ်ပက်လိုက်လို.ခံရသူမျက်နှာမဲ့သွားမှ ကျောကော.သွားမှသဘောကျကြသည်
မဏ္ဍပ်များတွင် ပက်သူတို.က Pressure Pump များသုံးပြီး ကိုယ်ပက်လိုက်လျှင် ခေါင်းငုံ.သွားမှ ကျောကော.သွားမှ ဖင်ထိုင်ကျသွားမှ ကျေနပ်ကြသည်
ကဲ ဒီလိုမေတ္တာရှေ.ထားကစားကြသော ရေသဘင်ကြီးကို ဘယ်လိုခံစားရပါမည်လဲ
ထိုရေပက်နေကြသူများကရော ဘာကြောင်.ရေပက်ဖျန်းကြရသည်ကို သိကြပါသလား ဘယ်သူတွေကရော ရှင်းလင်းပြောပြပေးနေကြပါသနည်း


ရေပက်ခံသူများကရော ဘာရည်ရွယ်ချက်နှင်.ရေပက်ခံထွက်ကြပါသနည်း
ရှင်းပါသည် ပျော်ချင်၍
အချို.က ကိုယ်ပိုင်ကား အချို.က ကားငှား မူးအောင်သောက် တစ်ယောက်နဲ.တစ်ယောက် မခံချင်အောင်ပြော ကားချင်းတိုက် လူချင်းရိုက် သေအောင်ပျော်ကြသည်  အသေခံပျော်ကြသည် ရဲစခန်းရောက်အောင်ပျော်ကြသည် ဆေးရုံပေါ်ရောက်အောင်ပျော်ကြသည်
အချို.ကတော. အဲ့လိုမဟုတ် သမီးရည်းစားဖြစ်လျှက် အခွင်.အရေးမရနိုင်သေးသူတို.က ကိုယ်.ချစ်သူကို ကားပေါ်တင်  သက်ြန်အကြောင်းပြပြီး ဘီယာတိုက် ရေပက်တာအကြောင်းပြပြီး သဘက်အောက်ထဲဝင် ရသမျှအခွင်.အရေး လက်မလွတ်တမ်း ယူကြရသည် ထိုကမှ အခြေအနေကောင်းလာလျှင် နောက်တစ်နေ. သူငယ်ချင်းအိမ် ..ဒါမှမဟုတ် တည်းခိုခန်း..ဒါမှမဟုတ် ဟိုတယ် တစ်ခုဆီသို.
သမီးရည်းစား မဟုတ်သော်လည်း ကားပေါ်တွင် အတူလည်ရင်း ရနိုင်သမျှသော အခွင်.အရေးတို.အတွက် အကွက်ချစီမံလျှက်
သက်ြန်မှာတွေ. ရေလေးလောင်း ချစ်စကားလေးဆို ချစ်အဖြေတောင်း ဘ၀တစ်သက်လုံးပေါင်းဆိုသည်က
ကုန်းဘောင်ခောတ်က အိမ်မက်တစ်ခုသာသာ


အချို.သော မိန်းကလေးငယ်တို.အတွက်မူ သက်ြန်က တစ်ပါးသူများ ကိုယ်ရှိသမျှမွေးရာပါလေးတွေ လူမြင်အောင် လူသတိထားမိအောင် ပြနေ၀တ်နေကြတာကို မြင်သော်လည်း စည်းနှင်.ကမ်းနှင်.ကြီးပြင်းရသည်မို. မြန်မာအမျိုးသမီးဆိုတဲ့စိတ်အခံလေးကလည်း ရှိနေသည်မို. လိုက်မလုပ်ရဲသော်လည်း သင်္ကြန်ကိုအကြောင်းပြ ငါလည်း တစ်ချက်တော.ပြမှရမယ်ဆိုတဲ့စိတ်ကူးနဲ. ခောတ်ဆိုသော စကားလုံး သက်ြန်ဆိုသောအချိန်ကာ အကာအကွယ်ယူ ကာ ရဲစိတ်မွေး၍ ဖော်လို.ရသမျှ ပြလို.ရသမျှ ဖော်ပြ၀တ်ဆင်ကြလေတော.သည်  ထိုကဲ့သို.ပင် ကိုရီးယားမတွေဆိုဂျုးသောက်တာ သူငယ်ချင်းတွေဘီယာသောက်တာ မြင်ထားပြီး ဒီအချိန်လေးတော. ဘာမှမဖြစ်လောက်ပါဘူးဆိုတာ ချမ်းတာအကြောင်းပြ ဘီယာလောက်ကစသောက် အခွင်.အရေးစောင်.နေသူများနဲ.တွေ.လို.ကတော. တစ်သက်တာအမှတ်တရ သက်ြန်ဖြစ်ပြိပေါ.

လူငယ်များအဖို.တော.လည်း ကိုယ်မြင်ထားသမျှ နိုင်ငံတကာ ဖက်ရှင်ဒီဇိုင်းများ ကိုယ်.ဘာသာထွင်သော အမည်မဲ. ဖန်တီးမှုများကို သက်ြန်တွင်း ပရိုမိုးရှင်းလုပ်ကြ ရသည်


ထို.အတူ အနုပညာရှင်များကလည်း သက်ြန်တွင်း ကိုယ်စိတ်ကူးထဲရှိသမျှပြကြတော.သည်   မနှစ်ကဆိုလျှင် မင်းသမီးတစ်ယောက်အပြင်အဆင် ဖခင်တောင် သူ.ကိုယ်.သူ သတ်သေမလိုဖြစ်သွားသည်  ဒီနှစ်အတော်များများက ချီးကျုးလေးစားလောက်ဖွယ် သတိထားဝတ်ဆင်ကြတော. ကလေးအမေ မင်းသမီးတစ်ဦးက ထူးလျှင်ပြီးရော ဘာမှန်းမသိဝတ်စုံကိုဝတ်ဆင်ပြခဲ့သည်

၂၀၁၂ မြင်ကွင်းတစ်ခု (ဓါတ်ပုံ-ဂျေဝိုင်/ဧရာဝတီ)
မဏ္ဍပ်များတွင် ယခင်နှစ်များက ငွေကြေးပေးခေါ်ယူဖျော်ဖြေခဲ့သော မိန်းကလေးငယ်အချို.၏ မြန်မာဟုပင်ပြောရမှာ(ရှက်တတ်လျှင်)သေမလောက်ရှက်စရာကောင်းခဲ့သော ကပြမှုများကတော. အတန်အသင်.ထိန်းသွားခဲ့သော်လည်း ရုပ်ရှိ ရေလျှံ  မိန်းကလေးငယ်တို.၏ ဖောဖောသီသီပြကွက်အချို.  မူးယစ်လှုပ်ရှားမှုတို.ကတော. ယောက်ကျားသားများအဖို. သာဓုခေါ်စရာဖြစ်ခဲ့သည်   ယခင်က ငွေကြေးဖြင်.ပင် ကြည်.ခွင်.မသာခဲ့သည်တို.ကို ယခုတော. ဖောဖောသီသီ အခမဲ့ကြည်.ခွင်.ရခဲ့ကြသဖြင်. သူမတို.၏ မိဘများကိုပင်ကျေးဇူးတင်ရမည်လား  သူတို.ကိုပင်ကျေးဇူးရှင်ခေါ်ရမည်လား  ငွေကြေးကြောင်. ကပြဖျော်ဖြေရသူများအတွက် တစ်ခုခုနှင်.နားလည်ပေးလို.ရသော်လည်း ယခုလို မိန်းကလေးငယ်များအတွက်တော.

2013 သင်္ကြန် မဏ္ဍပ်တစ်ခု
ရပ်ကွက်တစ်ခုအတွင်း မြင်ကွင်လေးကတော. ဘာရသမှန်းပင်မသိ ဘုန်းတော်ကြီးကျောင်းဝတွင် ဆံပင်ကို Highlight ဖောက်ထားသော  မိန်းမငယ်တစ်ဦးက ယောဂီဝတ်စုံလေးနှင်. မျက်နှာလေးက အေးချမ်းနေသည် သို.သော် သူမျက်လုံးများက ဘုန်းတော်ကြီးကျောင်းရှေ.ရှိ မဏ္ဍပ် တစ်ခုမှ ကပြဖျော်ဖြေမှုများဆီသို.


ထိုသင်္ကြန်မဏ္ဍပ် များသည် ရှိသမျှ အသံတို. ကို Power မြင်.စက်ပေါင်းစုံမှ အသားကုန်ထုတ်လုပ်လျှက် ကခုန်မြူးတူး ကြသည်က မဏ္ဍပ်ရပ်ဝန်းများတွင်တော. ပြဿနာမရှိသော်လည်း ရပ်ကွက်များတွင်တော. ပတ်ဝန်းကျင်အိမ်များ စကားပြောလို.မရ နားတွေအူ ရင်တွေဆူ  သွားပြောလို.ကတော. ဘုံရန်သူပင် သတ်မှတ်ခံရအုံးမည်  ဘုန်းတော်ကြီးကျောင်းများရှေ.ရှိမဏ္ဍပ်တို.အဖို.တော. ကျောင်းတိုက်တွင်းသံဃာတော်များ တရားဥပုသ် စောင်.နေကြသူများအဖို. ခန္တီပါရမီ ပိုရင်.သန်စေမည် ဖြစ်သဖြင်.ကုသိုလ်ပင် ပိုရကြပေလိမ်.အုံးမည်


ဟုတ်ကဲ့ အဲဒါကိုမြန်မာ.ရိုးရာနှစ်သစ်ကူး အတာသက်ြန် တဲ့
လူတွေက မူးလို. အချို.ကောင်မလေးတွေက လမ်းဘေးမှာလဲနေလို.ကောင်လေးက ထူလို.
ကားတွေကတိုက်လို.  ၇န်တွေကဖြစ်လို.
နာမည်ပဲပြောင်းရင်ကောင်းမလား
လူတွေပဲ

ကိုယ်မြင်သည်ကို ကိုယ်.ဘာသာ မနေနိုင်မထိုင်နိုင် အမုန်းခံပြောပါသည်
လွတ်လပ်စွာသဘောထားကွဲလွဲနိုင်ပါသည်

No comments:

Post a Comment