Tuesday, May 21, 2013

Facebook အသုံးပြုသူတို့ သိရှိသင့်သည့် ကျင့်ဝတ် စည်းကမ်းများ





 Facebook အသုံးပြုသူများ လိုက်နာရန် Facebook တည်ထောင်သည့် အဖွဲ့ကြီးမှ ထုတ်ပြန်ထားသော Facebook အသုံးပြုခြင်းဆိုင်ရာ - “ အခွင့်အရေးနှင့် တာဝန်များ အတွက် ကြေငြာချက် ( Statement of Rights and Responsibilities ) ” အား   ၈၈-မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း ( လူထု ဆက်ဆံရေးဋ္ဌာန) မှ ထုတ်နုတ် ဘာသာပြန်ဆို ဖော်ပြပါသည်။

Facebook အသုံးပြုခြင်းဆိုင်ရာ လုံခြုံရေး စည်းကမ်းများ
Facebook ပေါ်မှာ သင်ဟာ -
- Virus( ဗိုင်းရပ်စ်) နှင့် ရန်လိုသော Code များကို တင်ခွင့်မပြုပါ။
- အခြားသူတို့ရဲ့ Facebook အသုံးပြုရန် ၀င်ရောက်ခြင်းဆိုင်ရာအချက်အလက်များ ( Login Information ) ကို ရရှိရန် ကြိုးစားခြင်း။(သို့မဟုတ်) အကောင့်ကို ၀င်ရောက်ကြည့်ရှုခြင်းမပြုရပါ။
- အနိုင်ကျင့် ခြိမ်းချောက်ခြင်း (သို့မဟုတ်) အနှောင့်အယှက်ပေးခြင်း များမပြုရပါ။
- အမုန်းပွား ပဋိပက္ခဖြစ်စေနိုင်သော ပြောဆိုမှုများ၊ အကြမ်းဖက် ခြိမ်းခြောက်မှုများ၊ လိင်ဆွဲဆောင်မှုပုံများ၊ အကြမ်းဖက် ဆူပူမှုကို ဖြစ်စေနိုင်သော အကြောင်းအရာများကို တင်ခြင်းမပြုရပါ။
- ဥပဒေနှင့် မညီညွတ်သော အရာများ၊ လိမ်လည်လှည့်ဖြားမှုများ၊ မလိုမုန်းထားမှုများ (သို့မဟုတ်) နှိမ့်ချခွဲခြားဆက်ဆံမှု များနှင့် ပတ်သက်၍ အသုံးမပြုရပါ။
- Facebookရဲ့ကြေငြာချက် (သို့မဟုတ်) ပေါ်လစီများကို ချိုးဖောက်ခြင်းများ မပြုရန်ဖြစ်ပါတယ်။

Facebook အကောင့်မှတ်ပုံတင်ခြင်းနှင့် လုံခြုံမှု
Facebook အသုံးပြုသူများဟာ အမည်နှင့်ကိုယ်ရေးအချက်အလက်မှန်ကန်မှု ရှိရပါမယ်။ ဒီအတွက် ( အသုံးပြုမည့် သူကိုယ်တိုင်) ကူညီလုပ်ဆောင် ပေးကြဖို့လည်း လိုအပ်ပါတယ်။ အောက်ဖော်ပြပါ အချက်အလက်များသည် သင့်အကောင့် လုံခြုံရေးနှင့် မှတ်ပုံတင်ခြင်းအတွက် လိုက်နာရမည့် ကတိက၀တ် များဖြစ်ပါတယ်။
- Facebook ပေါ်တွင် မမှန်ကန်သော ကိုယ်ရေးအချက်အလက်များကို အသုံးပြုခွင့်မရှိပါ။ (ခွင့်ပြုချက်မရှိပဲနှင့်) မိမိကိုယ်တိုင် အကောင့်မှလွဲ၍ တစ်ပါးသူအတွက် အကောင့်လုပ်ပေးခြင်းများ မပြုရပါ။
- ကိုယ်ပိုင်အကောင့်လုပ်ရာတွင် တစ်ခုထက်ပို၍ မပြုရပါ။
- Facebookသည် သင့်အကောင့်ကို ပိတ်သိမ်းလိုက်လျှင်၊ ခွင့်ပြုချက်မရှိပဲ နောက်ထပ် အကောင့်တစ်ခုကို ဖန်တီးခွင့်မပြုပါ။
- ကိုယ့်ရဲ့ကိုယ်ပိုင်အကောင့်ကို စီးပွားရေးအကျိုးကိစ္စအတွက် အသုံးမပြုရပါ။ (ထိုအတွက် Facebook Page ကို အသုံးပြုနိုင်ပါတယ်)
- လိင်ပိုင်းဆိုင်ရာ ဖောက်ပြန်ရေးသမားဖြစ်လျှင် အသုံးပြုခွင့်မပြုပါ။
- သင့်ကိုယ်ရေး အချက်အလက်များကို မှန်ကန်ဖို့နဲ့ Up-to-date ဖြစ်ဖို့ လိုပါတယ်။
- သင့်ရဲ့အကောင့် (သို့မဟုတ်) Pageအတွက် Username ကို ရွေးချယ်ပြီးသော်လည်း တကယ့်နာမည်အရင်းနှင့် မကိုက်ညီခြင်း၊ အသုံးပြုသူရဲ့ နာမည်အရင်း မဟုတ်ကြောင်း အသိပေးလာပါက Facebook သည် ထို့အကောင့် (သို့မဟုတ်) Pageအား ဖယ်ရှားခွင့်ရှိသည်။

အခြားသူများရဲ့အခွင့်အရေးကို ကာကွယ်ခြင်း
Facebook ပေါ်တွင် သင်ဟာ -
- တစ်ပါးသူတို့ရဲ့ အခွင့်အရေးကို ချိုးဖောက်သော၊ တရားဥပဒေကို ငြိစွန်းနေသော အကြောင်းအရာများကို တင်ခွင့်မရှိပါ။
- ဤကြေငြာချက်နှင့် ပေါ်လစီများကို ချိုးဖောက်သည်ဟု ယုံကြည်ပါက ထိုတင်ထားသော အချက်အလက်၊ အကြောင်းအရာ များကို ဖယ်ရှားပစ်ပါမည်။
- သင်၏ပုဂ္ဂိုလ်ရေး မူပိုင်ခွင့်ဆိုင်ရာ အချက်အလက်များကို ကာကွယ်ပေးရန် နည်းလမ်းများကို ကျွန်ုပ်တို့ဖန်တီး ပေးထားပါသည်။
- အခြားသူတို့၏ မူပိုင်ခွင့်ဆိုင်ရာ အချက်အလက်များအား အကြိမ်ကြိမ် ချိုးဖောက်လာလျှင် သင်၏အကောင့်အား အသုံးပြုခွင့် မပေးတော့ပါ။
- တစ်ပါးသူထံမှ (ကူးယူ) စုဆောင်းလာသော အချက်အလက် များအတွက် မူရင်းပိုင်ရှင်များထံသို့ “ ဘယ်လိုအချက်အလက် ကိုယူပါသည်၊ ဘယ်လိုအသုံးပြုပါမည် ” ဆိုသည့်အကြောင်းကို ရှင်းပြပေးရမည်။
- (ကာယကံရှင်၏ ခွင့်ပြုချက်မရှိပဲ) အခြားသူများရဲ့ကိုယ်ရေး အချက်အလက်များကို တင်ခွင့်မရှိပါ။
- အခြားသူများရဲ့ ခွင့်ပြုချက်မရှိပဲ ပုံများ၊ Note များတွင် Tagging (တွယ်ချိတ်ပေးခြင်း) ၊ ဖိတ်ခေါ်သည့် Email များပေးပို့ခြင်း မပြုရပါ။

ပိုမိုပြည့်စုံစွာသိရှိလိုပါက Facebook မှ ဖွင့်လှစ်ထေားသော (https://www.facebook.com/policies) သို့ သွား၍ လေ့လာဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment