Tuesday, May 7, 2013

800 Mhz တန်ဖိုးနည်းဖုန်း ရဲ. တေးသံစုံ နဲ. မြို.လေးဆီကအခြေအနေ

မြို.လေးရှိ MEC Tower တိုင်နှင်. MPT Tower တိုင်
 အားလုံးမျှော်လင်.နေခဲ့ကြတဲ့ တန်ဖိုးနည်း ဖုန်း ဆိုတာကတော. ပေါ်ထွက်လာခဲ့ပါပြီ ...
စစချင်းကတော. ၁၈၀ ၀၀၀ ခန်.နဲ.ရောင်းမယ် နောက်တော. ၁၅၀ ၀၀၀ နောက်တော. ၁၂၀ ၀၀၀ နောက်ထပ် ၈၀ ၀၀၀ နောက်တစ်ခါ ၅၀ ၀၀၀ နောက်ဆုံး ၂၀ ၀၀၀ စသည်ဖြင်. လေထဲကဈေးနှုန်းများ တစ်ဆင်.ပြီး တစ်ဆင်. လျော.လာနေရင်းကနေ နောက်ဆုံးတော. အားလုံးသိပ်မထင်ထားတဲ့ဈေးနှုံးဖြစ်တဲ့ ၁ ၅၀၀ ဆိုတဲ့ဈေးနဲ. ပေါ်ထွက်လာခဲ့ပါပြီ....တစ်နိုင်ငံလုံးမှာ ဧပြီ ၂၄ ရက်နေ. စရောင်းပေမယ်. အချို.နေရာတွေမှာတော. ဒီ.ထက် ရက်နည်းနည်းစောခဲ့တယ်လို.သိရပါတယ်...

မထင်တာတွေဖြစ်တတ်သလိုပဲ အားလုံးသိထားတာက GSM လို.သိထားခဲ့ကြပေမယ်. ထွက်လာတော. CDMA-800 ဖြစ်နေခဲ့ပါတယ်....ဒါ.အပြင် အစဉ်အလာမပျက် တန်းစီ..ဖောင်ထပ်..မဲနှိုက် ဆိုတဲ့ စနစ်အတိုင်းပဲဖြစ်ခဲ့ပေမယ်.လို. ဟိုးးးး အရင်တွေတုန်းကထက်တော. ပွင်.လင်းမြင်သူမှု ရှိလာကြတာကြောင်. သိပ်ဆူဆူညံညံတော. မဖြစ်ခဲ့ပါဘူး....

ရန်ကုန်လိုနေရာမျိုးမှာ စိတ်ဝင်စားစရာ ကောင်းတာကတော. ဆင်ခြေဖုံး ရပ်ကွက်တွေမှာသာ စိတ်ဝင်စားခဲ့ပြီး ရာခိုင်နှုံး တစ်ခုကတော. ပြန်လည်အမြတ်တင်ရောင်းချခြင်းဆိုတဲ့ အရိုးစွဲ နည်းလမ်းတွေအတွက် ရည်ရွယ်ခဲ့တာဖြစ်ပါတယ်...ဒါကြောင်.လည်း စရောင်းတဲ့ ဧပြီ ၂၄ ရက်နေ.မနက်မှာ ကောက်ဈေး ၁၅၀၀၀ ..နောက် ၂၀၀၀၀ ၂၅ ရက်နေ.မနက် ၀ယ်ဈေး ၃၀၀၀၀ကနေ ရက်နည်းနည်းကြာလာတော. အချို.ဒေသတွေမှာ ၅၀၀၀၀ လောက်ထိ တက်လာတယ်လို.ကြားရပြီး ပြန်ရောင်းတဲ့ဈေးက ကြိုက်ရောင်းကြိုက်ဝယ်ကို လိုက်ပြီး ၈၀၀၀၀ နီးပါးအထိတောင် တက်ခဲ့ပါတယ်တဲ့


 ရန်ကုန်တိုင်းဒေသကြီးမှာတော. ဖုန်းကဒ် ၁၁၇ ၀၀၀ (အချို.စာရင်းတွေအရ ၁၁၉ ၀၀၀ အချို.စာရင်းတွေအရ ၁၂၀ ၀၀၀ ကျော်) အနက် ရန်ကုန်စည်ပင် နယ်နမိတ် အတွက် ၇၀၇၀ ပြင်ပအတွက် ၁၇၂၀၀ ၀န်ထမ်းတွေအတွက် ၂၉၀၅၀ ခွဲဝေဖြန်.ဖြူးခဲ့တယ်လို.သိရပါတယ်...နေရာဒေသအလိုက် အခြေအနေအချို.ကိုကြည်.ရရင် ဗဟန်းမှာ လျှောက်ထားသူ ၇၈၅၀ ရှိခဲ့ပြီး ကဒ် ၁၄၀၀ ရခဲ့ပါတယ်..ကြည်.မြင်တိုင်မှာ ၂၃၄ လျှောက်ထားခဲ့ပြီး ကဒ် ၆၀ ရခဲ့ပါတယ်..

မန္တလေးတိုင်းဒေသကြီးမှာတော. မြို.နယ် ၇ ခုအတွက် ကဒ် ၃၂၄၀၀ ခရိုင်၆ ခုအတွက် ၃၂၆၀၀ ရခဲ့ပါတယ် ..တာချီလိတ်ခရိုင်မှာ ၉၄၀ လျှောက်ပြီးတော. ၇၀၀ ရပါတယ်...ထားဝယ်မှာ ၁၂၆၀ ရပါတယ်....ကျောက်ဆည်မှာ ၃၀၀၀ မြစ်သား ၁၀၀၀ တောင်ကြီး ၂၅၅၀ စသည်ဖြင်.ရခဲ့ကြပြီး ကျောက်ပန်းတောင်းမှာတော. ဌာန ၄၃ ခုအတွက် ၁၀၀၀ ရပ်ကွက် ၁၂ခုအတွက် ၇၇၀ ကျေးရွာ ၁၄၀ အတွက် ၂၀၃၀ တပ်ရင်းတပ်ဖွဲ.တွေအတွက် ၃၀၀ စုစုပေါင်း ၄၂၀၀ ရခဲ့ပါတယ်

ဓါတ်ပုံ-burma.irrawaddy.org
 ဧရာဝတီတိုင်းဒေသကြီးအတွက် ကဒ်ရေ ၈၇၀၀၀ ရခဲ့ပြီး ၀ါးခယ်မမြို.နယ်မှာတော. ကဒ် ၁၀၃၀ ရခဲ့တယ်လို.သိရပါတယ်...စရောင်းချိန်မှာ စိတ်ဝင်စားမှု အားနည်းခဲ့ပြီး ကျေးရွာတွေကတော. တက်ဝယ်ခဲ့ကြတယ်လို.သိရပါတယ်...ဒါဟာ ၅မိုင်ပတ်လည်ပဲ သုံးလို.ရတယ်လို. သိထားတဲ့အချက်ကိုအခြေခံခဲ့ပြီး တစ်ခြားအကြောင်းအချို.လည်း ရှိကောင်းရှိခဲ့ပါလိမ်.မယ်...ဒါပေမယ်. ရွာတွေက နေဆက်သွယ် စမ်းသပ်ပြီးကြချိန်မှာတော. လိုင်းမိတာကြောင်. ပိုစိတ်ဝင်စားလာကြပြီး ဒုတိယအသုတ်မှာတော. လျှောက်တဲ့သူ ပိုများလာတယ်လို.သိရပါတယ်...နံပါတ်ကတော. ၀၉-၃ အစပါပဲ

တကယ်က Cellular ပေါ်ကာစကလို တိုင်နဲ. မိုင် ဘယ်လောက်ပဲ သုံးလို.ရတယ်ဆိုတာလိုမျိုး အယူအဆလွဲတာပါ..ဒါက ဥပမာ တိုင်ရဲ. Effective Area မိုင် ၂၀ ပတ်ချာလည်ဆိုပါစို. ...ဒါဆို ရန်ကုန်မှာ တိုင်တစ်ခု ပဲခူးမှာတိုင်တစ်ခုရှိတယ်ဆိုရင် ရန်ကုန်ကနေ ပဲခူးကိုခေါ်လို.ရမယ် ဒါပေမယ်. အလယ်ကောင်တည်.တည်. ၁၀ ပတ်ချာလည်က နေ ဘယ်မှခေါ်မ၇တဲ့သဘောမျိုးပါ...ခုလက်ရှိကတော. မြန်မာပြည် အောက်ပိုင်း တွေမှာ ဒီပြဿနာ ကြီးကြီးမားမား ရှိမနေပါဘူး

လက်ရှိ ခုရောင်းနေတဲ့ MEC ရဲ. 800 Mhz ဖုန်းတွေဟာ လက်ရှိ တိုင်ပေါင်း ၂၈၂ တိုင် စိုက်ထူထားပြီးနောက်ထပ် လည်း ထပ်မံစိုက်ထူမယ်လို.သိရတဲ့အတွက် အဆင်ပြေနိုင်လောက်ပါတယ် ...ပြီးတော. သူက သီးခြား Network နဲ.သွားတာမို. အခြားဖုန်းတွေနဲ.ရောပြီးသွားနေတာမဟုတ်ပဲ သူ.သီးခြားသတ်သတ်သွားနေတာမျိုးပါ...ဒါပေမယ်. MPT Network ထဲဝင်ခွင်.လည်းရထားတာမို. ဘယ်ဖုန်းအမျိုးအစားကိုမဆို ခေါ်လို.ရပါတယ်...အစပိုင်းကတော. ငွေဖြည်.ကဒ်ကို သီးခြားသတ်မှတ်ထားတဲ့ဆိုင်တွေမှာသာ ၀ယ်လို.ရမယ်ဆိုလို. အဆင်မပြေဖြစ်မယ်ထင်ခဲ့ကြပေမယ်. နောက်ပိုင်းနေရာတိုင်းဝယ်ခွင်.ရလာလို. ပြဿနာတော.မရှိပါဘူး..တစ်ခုပဲသတိထားရမှာက သူက MEC Tel တံဆိပ်ပါတဲ့ သီးခြားငွေဖြည်.ကဒ်ကိုသာ အသုံးပြုရတာ တစ်ခုပါ...အထူးသတိထားရမယ်.အချက်ကတော. အရင်လို 800 ကဒ်ကို 450 Handset ထဲထည်.သုံးတာမျိုး ဒီကဒ်ကို လုံးဝသုံးလို.မရတာပါ


ကဒ်ကို စသုံးတော.မယ်ဆိုရင်
ပထမဦးစွာ ကဒ်ချိုးပြီး 800Mhz ဟန်းဆက်အတွင်းထည့်လိုက်ပါ။ ပြီးရင် လိုင်းပေါ်လာအောင် စောင့်ပါ။ လိုင်းတက်လာပြီဆိုလျှင် မိမိနီးစပ်ရာ ဖုန်းတစ်လုံးကို ခေါ်လိုက်ပါ။ လိုင်းမဝင်သော တီတီတီ အသံကြားလျှင် ပြန်ချလိုက်ပါ။ နောက်တစ်ကြိမ် ပြန်ခေါ်ပါ။ ပြီးလျှင် ပြန်ချထားလိုက်ပြီး ခေတ္တစောင့်လိုက်ပါ။
003456 မှ အောက်ပါအတိုင်း Message ပေးပို့ပါလိမ့်မ ယ်..
Dear 959330—–, You have been Activated. Your balance is (credit)300.00and will be expired at 2013-05-09 00:00:00.
ထို message ဝင်လာလျှင် စတင် အသုံးပြုနိုင်ပါပြီ။
ဖုန်းအတွင်း ပါဝင်သော ၃၀၀ကျပ်မကုန်မီ ၅၀၀၀တန် ငွေဖြည့်ကဒ်ကို ထည့်သွင်း ပေးရမည် ဖြစ်ပါသည်။
ငွေဖြည့်ရန် code မှာ
*124*ခဲခြစ်နံပတ် ၁၈လုံး#
ဖြစ်သည်။ ငွေလက်ကျန် မေးရန်မှာ *123 ဖြစ် ပါတယ်...
အဆိုပါ ၁၅၀၀တန် ဆင်းကဒ် ပျောက်ဆုံး ပျက်စီးမှုရှိပါက သက်ဆိုင်ရာ ဖုန်းမန်နေဂျာရုံးသို့ ဆက်သွယ်ပြီး အခမဲ့ ပြန်လည်လျှောက်ထားနိုင်သည်ဟု ကြေညာထားပါ တယ်..အဝင်ခေါ်ဆိုမှုအတွက် ပေးဆောင်ရန်မလိုဘဲ အထွက်ခေါ်ဆိုမှုအတွက် တစ်မိနစ်လျှင် ၅၀ ကျပ်သာ ကျသင့်မည် ဖြစ်ပြီး အင်တာနက် သုံးစွဲမှုအတွက် တစ်မိနစ်လျှင် ၄ကျပ်ကုန်ကျမည် ဖြစ်ပြီး မကြာမီကာလတွင် အင်တာနက်လျှောက်ထားနိုင်မယ်လို. သိရှိရပါ တယ်...

ဓါတ်ပုံ-vj
 GSM ကဒ်နဲ.ပတ်သက်လို.ကတော.လက်ရှိ အများပြည်သူကို ကျပ် ၁၅၀၀ နဲ့ ရောင်းချပေးနေတဲ့ တပ်မတော်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (အမ်အီးစီ)ရဲ့ စီဒီအမ်အေဆင်းကတ် အရေအတွက် ၁ သန်း အဆင်သင့်ရှိတယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းဆက်သွယ်ရေး အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ဒီဗွီဘီကို ပြောထားပါတယ်။
လက်ရှိ ၁ လကို ဆင်းကတ် အခုရေ၃ သိန်းခွဲ ရောင်းဖို့ လျာထားပေမယ့် ညွှန်ကြားချက်ရရင် ရသလို အရေအတွက်ကို တိုးပြီး ရောင်းချပေးသွားနိုင်တယ်လို့ဆိုပါတယ်။
လောလောဆယ် ကြေညာထားချက်အရ အမ်အီးစီရဲ့ စီဒီအမ်အေ ဆင်းကတ်
၁သန်းကို ၃လ အတွင်း ရောင်းချပေးပြီး နောက်ပိုင်းမှာ မြန်မာ့ဆက်သွယ်ရေးရဲ့ ဂျီအက်စ်အမ် ဆင်းကတ်တွေကို ဆက်ပြီး ရောင်းချပေးမယ်လို့ သူကပြောပါတယ်။

ဆက်သွယ်ရေး ဒုဝန်ကြီး ဦးဝင်းသန်းကတော. မြန်မာနိုင်ငံမှာ ဆယ်လူလာ စနစ်ကို ၁၉၉၃ မှာ AMPS စနစ်နဲ.စသုံးခဲ့ကြောင်း .. လက်ရှိ Mobile ဖုန်း ၆.၀၉ သန်း တပ်ဆင်ပြီးဖြစ်ကြောင်း..၂၀၁၂ မတ်လ ၁၄ ရက်ကစပြီး Company ၁၃ခုနဲ. ပူးပေါင်းပြီး GSM ,WCDMA(၂သိန်း..၂သိန်းခွဲဖုန်း) တို.ကို ပြည်သူ..၀န်ထမ်း တွေကို အရစ်ကျနဲ.ပါ ရောင်းချပေးခဲ့ကြောင်းး...ယခုစနစ်ကတော.ဧပြီ ၂၄ မှာ စမှာဖြစ်ကြောင်း..အရစ်ကျရောင်းချပေးခဲ့တဲ့ ဖုန်းတွေအနေနဲ. မတ်လကစပြီး ကျန်ငွေ ဆက်လက်ပေးသွင်းရန် မလိုတော.ကြောင်း...ဟိုးးးယခင်က ခေါ်ဆိုခကို မြို.တွင်း ၂၅ နယ်ဝေး ၃၅ ကျပ်သတ်မှတ်ထားခဲ့ပေမယ်. ယခုနောက်ပိုင်းမှာတော. တစ်ပြေးညီ ၅၀ သတ်မှတ်ထားကြောင်း ..အထူးခေါ်ဆိုခအနေနဲ. ည ၁၁ နာရီမှ မနက် ၇နာရီအတွင်းအသုံးပြုလျှင် ထက်ဝက်သာ ခေါ်ဆိုခကောက်ခံကြောင်း..ယခု 800-Mhz ဖုန်းတွေမှာ.ကြိုတင်ငွေဖြည်.ကဒ် ၅၀၀၀ ဖိုးကို ကဒ်ဝယ်စဉ်က ထည်.သွင်းပေးလိုက်တဲ့ ၃၀၀ ကျပ် မကုန်မှီ ထည်.သွင်းရမှာဖြစ်ပြီး အဲဒီ ၅၀၀၀ တန်ငွေဖြည်.ကဒ်ရဲ. သက်တမ်းဟာ ၂လဖြစ်ကြောင်း...တစ်လကို အနည်းဆုံး ၂၅၀၀ဖိုး အသုံးပြု၇မယ်.သဘောဖြစ်ကြောင်း..နှစ်လပြည်.ရင် ၁၅ ရက်အတွင်း ငွေထပ်ဖြည်.ရမှာဖြစ်ကြောင်း..MEC-Tel ရဲ.ဖုန်းတွေကိုရောင်းချပေးပြီးနောက်ပိုင်းရောင်းချမယ်. GSM နဲ.WCDMA ဖုန်းတွေကိုတော. MPT မြန်မာ.ဆက်သွယ်ရေးကရောင်းချပေးမှာဖြစ်ကြောင်း...မြန်မာ.ဆက်သွယ်ရေးအနေနဲ.ဒီနှစ် ၂၀၁၃-၁၄ မှာ လိုင်း၁၀ သန်းတိုးချဲ.ဖို.စီစဉ်ထားပါတယ် လို.ပြောကြားသွားပါတယ်...


 မြန်မာ.ဆက်သွယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှုး ဦးအောင်မော်က
လက်ရှိဖုန်းတွေဟာ ပြည်တွင်းခေါ်ဆိုခ တစ်မိနစ်၅၀ဖြစ်ပြီး အ၀င်အတွက်ပေးစရာမလိုပါဘူး..လက်ရှိစခန်းတွေအပြင် အသစ်တွေလည်း ထပ်မံချဲ.ထွင်နေပါတယ်...ဆင်တာနက်အတွက်ကတော.ပြည်နယ်/တိုင်း မန်နေဂျာ ရုံးတွေမှာ လျှောက်ထားရမှာပါ...လက်ရှိ MEC-Tel 800 ဖုန်းတွေနဲ.ပတ်သက်လို. သိလိုတာတွေရှိရင် အထူးတယ်လီဖုန်းနံပါတ် ၃၄၅၆ ကို အခမဲ့ဆက်သွယ်မေးမြန်းနိုင်ပြီး အဲ့ဒီဖုန်းကိုခေါ်ရင် ကဒ်ထဲက ငွေလုံးဝမဖြတ်ပါဘူး... ယခုနောက်ပိုင်း CDMA-450 စခန်းတွေမှာပါ Roaming ဖွင်.ပေးထားပါတယ် (ယခင်က 800 ဖုန်းများနယ်သယ်လျှင် အချို.ဒေသအတော်များများတွင် Roaming ဖွင်.မပေးသောကြောင်. 450 Handset ထဲကဒ်ပြောင်းထည်.သယ်ဆောင်ရသည်)...ကြိုးဖုန်းတွေကိုတော. လိုင်းလက်ကျန်စိစစ်ပြီး ၆၅၀ ၀၀၀ နှုံးနဲ.တပ်ဆင်ပေးဆဲပါ...အာဆီယံ ၁၀နိုင်ငံ ကိုရီးယား..ဟောင်ကောင်..တရုပ်..ဂျပန် တို.ကိုတော. Inbound ပေးထားပြီမို. ယူဆောင်လာပြီးသုံးစွဲလို.ရပါတယ်..လို.ပြောကြားသွားခဲ့ပါတယ်

ှSource ; မြန်မာ.အလင်းနေ.စဉ်သတင်းစာ .လင်းယံခ (မြန်မာစာ)






No comments:

Post a Comment