Tuesday, May 14, 2013

Red Waves Fan Club ၏ ပထမအကြိမ် ကုသိုလ်ပြုပွဲ အကြောင်းကြားခြင်း


                     Red Waves EC များ Red Waves Member များ ဧရာဝတီပရိသတ်များ  သို.

       အသိပေး  အကြောင်းကြားခြင်း
 

                                                                                                              ၁၄ -မေ-၂၀၁၃

၁ ။ ကျွန်တော်တို. Red Waves Fan Club အနေဖြင်. ဧရာဝတီ ယူနိုက်တက် ဘောလုံးအသင်း၏ အောင်မြင်မှုအတွက် ကိုယ်စွမ်းရှိသမျှ ၊ဥာဏ်စွမ်းရှိသမျှ ပူးပေါင်းဆောင်ရွက်အားပေး ကူညီ ရန် အသင်းကို အစဉ်အဆက် အားပေးလာကြသူများ စုစည်းထူထောင်ထားခြင်းဖြစ်ကြောင်း အားလုံးသိရှိကြပြီးဖြစ်ပါသည်။

၂ ။ ထိုမူလရည်ရွယ်ချက်တို.အပြင် RWFC-EC တို.၏ မေဒေး ဆုံးဖြတ်ချက်များ  အနက် ပရဟိတ လုပ်ငန်းများတွင် တတ်နိုင်သမျှ ဆောင်ရွက်နိုင်ရန် Red Waves Member များ အသင်းကစားသမားများနှင်. စိတ်ပါဝင်စားသူ မည်သူနှင်.မဆို ပူးပေါင်းဆောင်ရွက်သွားမည် ဟူသော အချက်တစ်ခုပါဝင်ပါသည်။

၃ ။ထိုဆုံးဖြတ်ချက်အတွက် ၂၀၁၃ မေ-ဇွန်-ဇူလိုင် ၃လဆက်တိုက် ပရဟိတ ဆိုင်ရာ ဆောင်ရွက်မှု ၊လှုဒါန်းမှုတို. ပြုလုပ်ပါမည် ။ ထို၃ခုအနက် ၂၀၀၃ မေ နှင်. ဇွန်တွင် ပြုလုပ်မည်. အစီအစဉ်များကို အခြား တစ်ဖွဲ.စီနှင်. ပူးပေါင်း ပြုလုပ်မည်ဖြစ်ပြီး တတိယအကြိမ်မြောက် ပြုလုပ်မည်. ပွဲတွင်မူ Red Waves မှ ကိုယ်တိုင်ဆောင်ရွက်မည်ဖြစ်ပါသည်။

၎ ။ပထမဆုံးပူးပေါင်းဆောင်ရွက်မှုအဖြစ် မြန်မာအွန်လိုင်းတီးရှော့မှ မန်ဘာများ မှ  ၂၄. မေ လ .၂၀၁၃ ခုနှစ် ( မြန်မာသက္ကရာဇ် ၁၃၇၄-၁၃၇၅ ခုနှစ် ကဆုန်လပြည့်နေ့ ၊ သောကြာနေ့)  တွင် ဦးဆောင်ပြုလုပ်မည်. မြောက်ဒဂုံ သုခရိပ်မြုံပရဟိတ လူငယ်ဖွံ့ဖြိုးရေးဂေဟာ အလှု ၌ ပူးပေါင်းပါဝင်မည်ဖြစ်ပါသည်။(ဒုတိယမြောက် အစီအစဉ်အတွက် လည်းရွေးချယ်ပြီးဖြစ်ပါသည်)

၅ ။ထို.ကြောင်.  Member များအပါအ၀င် စိတ်ဝင်စားသူမည်သူမဆို ပူးပေါင်းပါဝင်နိုင်ပါသည် ။အလှုငွေထည်.၀င်လိုသူများအနေဖြင်. RWFC အတွင်းရေးမှုး မေစိုးပိုင်ဦး ဖုန်းနံပါတ် (၀၉- ၄၃၁၀၇၉၈၄)သို.ဆက်သွယ်ပါဝင်လှုဒါန်းနှိုင်ပါသည် ။(ကစားသမား များဆီမှ အလှုငွေအားလုံး လက်ခံရရှိပြီးဖြစ်ပါသည်။)

၆ ။ ထို.အပြင် ကိုယ်တိုင်လိုက်ပါလိုသော Red Waves Member များ Member မဟုတ်သေးသူများလည်း အတွင်းရေးမှုးထံ ဆက်သွယ်နိုင်ပါသည် ။ (အခြေအနေပေးပါက ထိုနေ.တွင် ကစားသမားအချို.ပါ Red Waves Member များနှင်.အတူ တက်ရောက်ပါမည် ။

၇ ။Red Waves EC များအနေဖြင်. EC Sport Shirt -  Member များအနေဖြင်. Red Waves T-Shirt များ ( မဖြစ်မနေ ) ၀တ်ဆင်လာပါရန် နှင်. Member မဟုတ်သေးသူများ သင်.တော်ရာ ၀တ်ဆင်လာနိုင်ပါသည်။

၈ ။မြန်မာအွန်လိုင်းတီးရှော့မှ စီစဉ်ထားသော အလှုအစီအစဉ်မှာအောက်ပါအတိုင်းဖြစ်ပါသည်။

အလှူအစီအစဉ်

ကျနော်တို့ မန်ဘာများထံမှ ရရှိသော အလှူငွေများအား စုပေါင်းပြီး ကလေးငယ်များအတွက် တနေ့စာ အစားအသောက်စရိတ် လှူပြီး ကျန်ရှိသော အလှူငွေများအားလုံးကို ဂေဟာတွင် လိုအပ်နေသော ဆေးဝါး ၊ အဝတ်အထည် နှင့် အသုံးအဆောင်များ လှူဒါန်းသွားမည် ဖြစ်ပါသည်။

က  .  ဂေဟာရှိ ကလေးများအတွက် တနေ့စာ ထမင်းဟင်းဖိုး အလှူငွေအားဂေဟာမှတာဝန်ရှိသူတစ်ဦးထံပေးအပ်ရန်
ခ  .  ကလေးများအတွက် သယ်ဆောင်သွားသော ပစ္စည်းများ၊ ဆေးဝါးများ နှင့် ကလေးငယ်များအတွက် အဝတ်အထည်များလှူဒါန်းရန်
ဂ  .  10:00 တွင် ဂေဟာရှိကလေးငယ်များနှင့်အတူ mmteashop 2 နှစ်ပြည့် ကိတ်မုန့်ခွဲရန်
ဃ .  မန်ဘာများမှ ကလေးငယ်များအား ကိတ်မုန့်ကျွေးရန်၊ ထို့နောက် ကလေးများနှင့် ဂိမ်းဆော့ခြင်း၊ သီချင်းဆိုခြင်း၊ ကဗျာရွတ်ခြင်း၊ ပုံပြင်ပြောပြခြင်းများ အလျဉ်းသင့်သလို လုပ်ဆောင်သွားရန်
င  .  11:15 နောက်ဆုံးထား၍ တီးရှော့မန်ဘာများမှ အခမ်းအနားအဆုံးသတ်ပေးပါရန်နှင့် ထို့နောက်တွင် မြန်မာအွန်လိုင်းတီးရှော့၏ မန်ဘာများအတွက်
    အထူးအစီအစဉ် အခမ်းအနားတစ်ခုရှိပါသဖြင့် ထိုအထူးအစီစဉ်အား မန်ဘာများအားလုံး organizer team နှင့်အတူ ပျော်ရွှင်စွာကျင်းပပြုလုပ်ရန်

၉ ။RWFC အနေဖြင်.အလှုငွေနောက်ဆုံးလက်ခံမည်.ရက်မှာ ၁၆ ရက် ၅လ ၂၀၁၃ နေ.ညနေဖြစ်ပါသည် ။ လိုက်ပါလိုသူများလည်း ထိုနေ.ညနေ နောက်ဆုံးထား ဆက်သွယ်ရန်ဖြစ်ပါသည်။

                                                                                                RED WAVES Fan Club

No comments:

Post a Comment