Saturday, May 11, 2013

ဧရာဝတီ လူငယ်အသင်း၏ အဖွင်.ပွဲ



ပွဲစကာနီးလေးတွင် တစ်ဖြောက်ဖြောက်ရွာသွန်းနေသောမိုးက အပူကိုလျော.စေသလိုရှိသော်လည်း ကွင်းအတွင်းအနည်းငယ်တော.ချောနေသည်
သို.သော် တစ်နေရာတည်းကွက်စိုခြင်းမဟုတ်ပဲ
တစ်ကွင်းလုံးစိုနေသည်မို. နှစ်သင်းလုံးအတွက်မျှတပါသည်
အကြောင်းကြောင်းကြောင်. ကွင်းအတွင် ၁၀မိနစ်ခန်.နောက်ကျပြီးမှ ၀င်ဖြစ်သဖြင်. ရောက်တော.ကစားသမားတို.ချွေးတောင်ထွက်နေပြီ
ကြည်.လိုက်တော. တစ်ဖက်ကစားသမားများက စီးစီးပိုင်ပိုင် စိုးမိုးထားသည်
အဝေးပေးချက် များ အပြေးကန်ချက်များ အတင်းဝင် အတင်းထွက် တိုက်ကွက်များအောက် ကိုယ်.ကစားသမားတို. ဂိုးပေါက်ပျောက်တာမဟုတ်ပဲ တစ်ဖက်ဂိုးဆီ ကန်ခွင်.ကိုမရ ဖြစ်နေသည်



ပထမပိုင်းတစ်ဝက်ခန်.တွင်မိုးအတန်ငယ်သဲလာသည်
လူငယ်နည်းပြ ဦးမြင်.ဌေးခမျာလည်း ထိုင်မနေနိုင် အော်ရင်းအသံတို.က ဇော်ဝင်းထွဋ်သံပေါက်လာနေသည်
ကျော်ရန်လင်း (နာမည်အချို.မှားကောင်းမှားပါမည်) တက်ပါ.............ကွ !!!
သိန်းဇော်ရေရရရရရရရရရရရရရရရရ ထိုင်မနေနဲ.ဟ
ဒီလိုနဲ.ပဲ မနောမြေတို.အဖွင်.ဂိုးကို နံပါတ်၂၀ က ကန်သွင်းရယူသွားခဲ့သည်
ထို.နောက်ဧရာဝတီတို. နံပါတ်၈ အစား ၁၇ (သီဟ) ကိုလူစားလဲကစားသည်
ထို.နောက်တော. ထိုးဖော်လာနိုင်သယောင်ရှိပေမယ်. ထိရောက်သော ကန်ချက်တို. မဖန်တီးနိုင်ခဲ့
ပထမပိုငးပြီးကာနီး မနောမြေတို. အပိုင်ကန်သွင်းလိုက်သော ကန်ချက်ကို ဧရာတို.၏ တံတိုင်းပေါက်စ က တုံးလုံးလှဲတွန်းထုတ် ကာကွယ်နိုင်ခဲ့သည်


 
ဒုတိယပိုင်းအစ တွင်တော. နည်းပြ၏ အော်သံတို.ပြောင်းသွားသည်
ဟေ.ကောင်တွေ လုံးဝမဆင်းနဲ.နော် အတက်ကြီးပဲ
(ဤနေရာတွင် အတက် ဆိုသည်က ရှေ.တက်ခိုင်းသည်လား Attack ကိုပြောသည်လား သူတို.ချင်းတော. နားလည်ပါလိမ်.မည်)
ဂိုးရေ..............တည်ပြီးကန်ပါ......................ကွ
သိန်းဇော် တက်ပါကွ တက်ပေးပါ........ဟ
ဤသို.အော်ဟစ်ညွှန်ကြားမှုများနောက် နံပါတ်၂၀ အာကာမင်း က ဧရာဝတီအတွက် ချေပဂိုးကို လှလှပပ ကန်သွင်းရ ယူပေးခဲ့သည်



ဒုတိယပိုင်းတစ်ဝက်ခန်.တွင်တော.နေအနည်းငယ်ပြန်ထွက်လာသည်
ထို.နောက် ဧရာ ကစားသမားတစ်ဦး၏ လှပပြင်းထန်သော ကန်ချက်က ကွင်လည်တည်.တည်.မှ ဖန်တီးနိုင်ခဲ့သော်လည်း ဂိုးဘားတန်းပေါ်ကပ်ထွက်သွားမှုကို အားမလိုအားမရ အော်ဟစ်လိုက်သော ပရိသတ် အသံက မြေနီကုန်းတစ်ဝိုက် ငိုက်နေသူအားလုံး လန်.နိုးသွားလောက်သည်
တံတိုင်းငယ်က ဒုတိယပိုင်းတွင်လည်း သေချာပေါက် ဂိုးတစ်ဂိုးကို ပထမပိုင်းက ပုံစံအတိုင်း ကာကွယ်သွားနိုင်ခဲ့ပြန်သည်


ဤပြစ်ဒါဏ်ဘောဖြင်.

အနိုင်ဂိုးသွင်းယူသွားခဲ့ကြသည်
သို.သော် နည်းပြကြီး၏ အပြင်းစား Rapping များဖြစ်သော
ကျော်ဇံ (စံ)၀င်းးးးးးးးးးးး ဘောလုံးဆွဲလာရင် နောက်ဆုတ်ဆုတ် မပေးနဲ.................... ကွ !!!
ရဲမြင်. မင်းနောက်ကျော ဘက်မှာ လူလွတ်နေတယ်..............ဟ
ဆိုသော စကားလုံးများကြား မနောမြေက အနိုင်ဂိုးသွင်းယူသွားခဲ့သည်
ပွဲပြီးတော. ၂-၁ နှင်.ရှုံးခဲ့ပါသည်


ဤပွဲစဉ်တစ်ခုလုံး ပထမသတိပြုမိသည်ကပရိသတ်
ထင်သလောက်မနည်းပဲ ရှိနေသည် ကစားသမားတို.၏ သူငယ်ချင်းများ မိသားစုများကလည်းမသေးသလို (ထုံးစံအတိုင်း) တစ်ပွဲမှမကန်ဘူးသော်လည်း နည်းပြအတတ်ကို အလိုလို တတ်နေသော မိန်းမကြီးငယ်များ၏ ညွှန်ကြားမှုများကလည်း အတော်ပင်စုံလှသည်


 
နောက်တစ်ခုကတော. မနောမြေကစားပုံက စီးစီးပိုင်ပိုင်ရှိသည် အ၀င်အထွက်ရဲသည် ဆုံးဖြတ်ချက်ပြတ်သားသည် အင်ပြည်.အားပြည်.ရှိသည် ကိုယ်တွေကတော.ကြိုးစားဖို.လိုနေသေးသည် အချင်းချင်းပေးသော ဘောများမရောက် ထိရောက်သော ကန်ချက်များဖန်တီးနိုင်မှု ပံ.ပိုးနှိုင်မှု ဖန်တီးနိုင်မှု အားနည်းသည် ဂိုးသမား၏ ကန်ချက် ပျော.လွန်းလှသည် လူကပ်ကစားမှုများ လိုအပ်ချက်ရှိနေပြီး နည်းပြက တစ်ယောက်ချင်း အော်ဟစ် လူကပ်ခိုင်းနေရသည် အတက်အဆင်းလုပ်ခိုင်းနေရသည် နောက်တစ်ခုကမလိုအပ်ပဲ ဖန်တီးသော ပြစ်ဒါဏ်ဘောများ များပြားနေသည်


ပွဲအပြီး
 အပြစ်မတင်ပါ ကြိုးစားဖို.သာလိုပါသည် ဖြစ်ချင်စိတ် လေ.ကျင်.မှု အတွေ.အကြုံ ကိုယ်ပိုင်စွမ်းရည် လေ.လာခြင်းတို. အချိဲုးညီမြှင်.တင်ကြိုးစားနိုင်လျှင် သူတို.အနာဂတ်သည် ရွှေရောင်တစ်ဖျတ်ဖျတ် ..................
သို.မဟုတ်လျှင်တော. ....................

ဧရာဝတီအသင်းရော ကစားသမားများပါ အထိုက်တန်ဆုံးအောင်မြင်မှုတို.ကို ရရှိကြပါစေ..
 

 By Red Wave Fans Club

No comments:

Post a Comment