Wednesday, May 15, 2013

အထူးသတိ -မုန်တိုင်း အနီရောင်အဆင်.ပြောင်းပြီ -ပထမဆုံးမိတ်ဆက်ခံရတဲ့ သီ၇ိလင်္ကာ



မုန်တိုင်းသတိပေးချက်
  
၂၀၁၃ခုနှစ်၊ မေလ(၁၅)ရက်နေ့မြန်မာစံတော်ချိန်(၁၉း၀၀)နာရီ အချိန်ထုတ်ပြန်ချက်

ယနေ့မြန်မာစံတော်ချိန်(
၁၈း၃၀)နာရီအချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင်
ဖြစ်ပေါ်နေသောဆိုင်ကလုန်းမုန်တိုင်းမဟာစင်(MAHASEN)
သည်မြန်မာနိုင်ငံ၊ မောင်တောမြို့၏အနောက်တောင်ဘက်မိုင်(၂၇၀)ခန့်၊ စစ်တွေမြို့၏အနောက်တောင်ဘက် မိုင်(၂၈၀)ခန့်၊ ကျောက်ဖြူမြို့၏ အနောက်ဘက်မိုင်(၃၀၀)
ခန့်၊
အိန္ဒိယနိုင်ငံ၊ ကိုလ်ကတ္တားမြို့၏ တောင်ဘက် မိုင်(၂၆၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည်အရှေ့မြောက်ဘက်သို့ဆက်လက်ရွေ့လျားပြီး၊ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊စစ်တကောင်းမြို့
နှင့်မြန်မာနိုင်ငံ၊မောင်တောမြို့အကြားမှကမ်းခြေကိုနောက်(၁၈)နာရီအတွင်း ဖြတ်ကျော်ဝင်ရောက်မည်ဟုခန့်မှန်းရပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏လက်ရှိအခြေအနေမှာအနီရောင်အရေးပေါ်အခြေအနေသို့ရောက်ရှိပြီး၊ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်
မြန်မာနိုင်ငံနယ်စပ်သို့ ဦးတည်ရွေ့လျားလျက်ရှိသည့် အခြေအနေ ဖြစ်ပါသည်။ဆိုင်ကလုန်းမုန်တိုင်းမဟာစင်(MAHASEN)သည်ကမ်းခြေသို့ဖြတ်ကျော်စဉ်လေတိုက်နှုန်းမှာတစ်နာရီလျှင်မိုင်(၆၀)မှ
မိုင်(
၇၀)အထိတိုက်ခတ်နိုင်ပြီး၊မုန်တိုင်းကြောင့်မြင့်တက်နိုင်သောရေလှိုင်းအမြင့်မှာမောင်တောမြို့နယ်ကမ်းခြေတွင်
(
)ပေမှ(၁၀)ပေခန့်၊ စစ်တွေခရိုင်ကမ်းခြေတွင် ()ပေမှ ()ပေခန့်နှင့်ကျောက်ဖြူခရိုင်ကမ်းခြေတွင်()ပေမှ()ပေခန့် မြင့်တက်နိုင်ပါသည်။ 

ထို့အပြင်မုန်တိုင်းနှင့်အတူမိုးသည်းထန်စွာရွာသွန်းနိုင်ပါသဖြင့်စစ်ကိုင်းတိုင်းဒေသကြီး၊
မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ချင်းပြည်နယ် နှင့်ရခိုင်ပြည်နယ်တို့တွင်မိုးရွာသွန်းမှုကြောင့်မြေပြိုခြင်း၊တောင်ကျရေများကြောင့်လျှပ်တစ်ပြက်ရေကြီးခြင်းအန္တရာယ်များကိုသတိပြုရှောင်ရှားသင့်ပါသည်။
အဆိုပါဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့်မြစ်ဝကျွန်းပေါ်၊မုတ္တမကွေ့၊ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်
ပင်လယ်ပြင်တို့တွင်မကြာခဏမိုးသက်လေပြင်းများကျရောက်ပြီး၊လှိုင်းကြီးမည်။မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင်မိုင်(၆၀)မှ မိုင်(၇၀)အထိတိုက်ခတ်နိုင်သည့်အတွက်ပင်လယ်မှငါးဖမ်းထွက်သည့်ငါးဖမ်းရေယာဉ်များ၊သင်္ဘောများ၊မုန်တိုင်းအန္တရာယ်ကို ကြိုတင်ရှောင်ရှားကြပါရန် အကြံပြုအပ်ပါသည်



ဦးထွန်းလွင်ရဲ. ခန်.မှန်းချက်မှာတော.

(၁၅--၂၀၁၃)ရက်ညနေပိုင်းမှာ TC 01B Mahasen ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို ဖြတ်ကျော်စဉ် လေတိုက်းနှုန်း ပမာဏ မူလခန့်မှန်းထားသည်ထက် လျော့နည်းနိုင်တာကို တွေ့လာရပါတယ်။

(
၁၆--၂၀၁၃)ရက်နေ့ ညနေပိုင်း Mahasen Cyclonic Storm ဟာ (၁၅--၂၀၁၃)ရက်နေ့ ၁၂း၃၀ နာရီမှာ လေတိုက်နှုန်း တစ်နာရီ (၉၅)မိုင်နှုန်းလောက်တိုက်မယ်လို့ ခန့်မှန်းခဲ့ပေမယ့် ဒီကနေ့ နေ့လည်ပိုင်းမှာ တစ်နာရီ (၅၅)မိုင်နှုန်း လောက်သာတိုက်ခတ်နေခဲ့တာ ကို တွေ့ရ ပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ အနီးမှ ဖြတ်ကျော်ကာဝင်ရောက်တဲ့ အချိန် လေတိုက်နှုန်းကို 70 knots (85 mph) လောက်ရှိမယ်လို့ ခန့်မှန်းထားခဲ့ပေမယ့် (15-5-2013)ရက်နေ့ ညနေ(၃း၃၀) နာရီ အချိန် ခန့်မှန်းချက်ကတော့ မုန်တိုင်းဝင်ရောက် စဉ်မှာ လေတိုက်နှုန်း 55 knots (60 mph) ခန့်သာ ရှိနိုင်လိမ့်မယ်လို့ ခန့်မှန်းရ ပါတယ်။

ဒါဟာ..Mahasen
ဆိုင်ကလုန်းမုန်တိုင်းဟာ မှန်းထားသလောက် အားမပြင်းနိုင်ဘူးဆိုတဲ့ သဘော ကို (၁၅--၂၀၁၃)ရက်နေ့ တွက်ချက်မှုများအရ တွေ့ရှိရခြင်းပါဘဲ။ ဒေသခံများ နဲ့ ကြိုတင် ကာကွယ်ရေး၊ ကယ်ဆယ်ရေးဆောင်ရွက်နေကြတဲ့ သူတွေအားလုံး အတွက် စိတ်သက်သာ ရာရစရာ သတင်းကောင်းပါဘဲ။

ဒါပေမယ့်
တစ်နာရီ (60 mph) ဆိုတဲ့ လေတိုက်နှုန်း ပမာဏဟာလည်း ပင်လယ်ပြင်မှာ လှို်င်းအမြင် (၁၂)ပေခန့် လောက်အထိ နဲ့ လှိုင်းကြီးမှုကို ဖြစ်စေနိုင်ပါတယ်။
နောက်ပြီး..
ဒါဟာ လက်ရှိအနေအထား(၁၅ရက်နေ့ ညနေ ၃း၃၀ နာရီအချိန်)သာဖြစ်ပါတယ်။ မုန်တိုင်းတစ်ခုရဲ့အနေအထားဟာ အချိန်နဲ့အမျှ အပြောင်းအလဲတွေရှိနိုင်တာကြောင့် ဒီနောက်ပိုင်း အချိန်တွေမှာ ဖြစ်လာနိုင်တာတွေကိုတော့ အချိန်နဲ့တပြေးညီ ဆက်လက် ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။

မုန်တိုင်းဟာ
မနက်ဖန် (၁၆--၂၀၁၃)ရက်နေ့လည်ပိုင်းလောက်ကစပြီး မုန်တိုင်းရဲ့ ရှေ့အဖျား (advancing edge or bar) ဟာ အရင်ဆုံးစဖြတ်ပါ့မယ်။ ဖြတ်ကျော်စဉ်မှာ လေတိုက်နှုန်းဟာ တစ်နာရီ မိုင်(၄၀)လောက်နဲ့ စပါမယ်။ အဲဒီအချိန်မှာ မုန်တိုင်းရဲ့ဗဟိုချက်ဟာ ပင်လယ်ပြင်ထဲမှာ ကမ်းက မိုင်(၉၀)အကွာမှာဘဲ ရှိနေပါဦးမယ်။ ညနေပိုင်းလောက်မှာတော့ ဗဟိုချက်က ဖြတ်ပါ လိမ့်မယ်။ အဲဒီအချိန်မျာတော့ လေဟာအပြင်းဆုံးဖြစ်လာပြီး တစ်နာရီ မိုင်(၆၀)နှုန်းလောက် တိုက်နိုင်တယ်လို့ တွက်ချက်ရရှိထားပါတယ်

မုန်တိုင်းရဲ. စတင်မိတ်ဆက်မှုခံရသူကတော. သီရိလင်္ကာပဲဖြစ်ပါတယ်


  ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းကြောင့် သီရိလင်္ကာ နိုင်ငံတွင် မေ ၁၄ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုဖြစ်ပွား ခဲ့ရာ ခုနစ်ဦး သေဆုံးခဲ့ပြီး ပြည်သူ ၁၆ဝဝ ကျော် မုန်တိုင်းဒဏ်ခံစား ခဲ့ရကြောင်း အာဏာပိုင်အဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

မဟာစင် အမည်ရှိ အဆိုပါ မုန်တိုင်းကြောင့် ရေကြီးမှုများ ဖြစ်ပွားခဲ့ပြီး သစ်ပင်များ ပြိုလဲခဲ့သည့် အပြင် အရှေ့ဘက်နှင့် တောင်ဘက်ပိုင်း ပင်လယ်ကမ်းခြေတွင် ငါးဖမ်းသမားများ သောင်တင်လျက် ရှိသည်ဟု သိရသည်။

   
နိုင်ငံအတွင်း မေ ၁၃ ရက်က မုန်တိုင်းကြောင့် ရေကြီးမှု ဖြစ်ပွားခဲ့ရာ ခုနစ်ဦး သေဆုံးခဲ့ပြီး အခြားရှစ်ဦး ဒဏ်ရာ ရရှိခဲ့ကာ ပြည်သူ ၁၆၁၈ ဦးသည် ရေကြီးမှုဒဏ်ကို ခံစားရလျက် ရှိကြောင်း သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာန (DMC)မှ ထုတ်ပြန်သော မှတ်တမ်းများ အရ သိရသည်။



 

No comments:

Post a Comment