Saturday, May 11, 2013

မုန်တိုင်းအရောင်. သတ်မှတ်ပုံများနှင်. Mahasen မုန်တိုင်း အခြေအနေ



 အခုက မုန်တိုင်းတစ်ခုနဲ.ပတ်သက်ပြီး သတင်းတွေ ဂရုစိုက်နေကြချိန်မို. မုန်တိုင်းရဲ.အဆင်.ခွဲတဲ့အရောင်တွေအကြောင်းနဲ. မုန်တိုင်းရဲ. အခြေအနေအဆင်.ဆင်. ကို ဒေါက်တာထွန်းလွင် ထုတ်ပြန်ထားတဲ့အတိုင်းဖော်ပြပေးလိုက်ပါတယ်


မုန်တိုင်း အန္တရာယ်အရောင်သတ်မှတ်ချက်များ

မိုးလေ၀သတင်းများမှာ ဖော်ပြနေတဲ့ အရောင်သတ်မှတ်ချက်များနဲ့ပတ်သက်ပြီး အကျဉ်းချုပ် ဖော်ပြ ပေးလိုက်ပါတယ်။

၁။ အဝါရောင်အရေးပေါ်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်မှာ မုန်တိုင်း စတင်ဖြစ်ပေါ်တဲ့ အခြေအနေဖြစ်ပါတယ်။ ဒီအခြေအနေမှာ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ မုန်တိုင်း သတင်းများကို တစ်နာရီလျှင် နှစ်ကြိမ် အနည်းဆုံးထုတ်လွှင့်ပေးရပါတယ်။

၂။ လိမ္မော်ရောင်အရေးပေါ်အခြေအနေ။ မြန်မာ့ကမ်းရိုးတန်းကို ဦးတည်ရွှေ့လျားပြီဆိုတာ သေချာ တဲ့အခြေအနေဖြစ်ပါတယ်။ ဒီအခြေအနေမှာ မုန်တိုင်းသတင်းများကို အနည်းဆုံးတစ်နာရီလျှင် သုံးကြိမ်က နေ လေးကြိမ်အထိ၊ လိုအပ်ရင် အထ လိမ္မော်ရောင်အရေးပေါ်အခြေအနေ။ မြန်မာ့ကမ်းရိုးတန်းကို ဦးတည်ရွှေ့လျားပြီဆိုတာ သေချာ တဲ့အခြေအနေဖြစ်ပါတယ်။ ဒီအခြေအနေမှာ မုန်တိုင်းသတင်းများကို အနည်းဆုံးတစ်နာရီလျှင် သုံးကြိမ်က နေ လေးကြိမ်အထိ၊ လိုအပ်ရင် အချိန်နဲ့ တပြေးညီ ကြားဖြတ်သတင်းများ ထုတ်လွှင့် ပေးရပါတယ်။

၃။ အနီရောင် အရေးပေါ်အခြေအန။ မြန်မာ့ကမ်းရိုးတန်းကို မဖြတ်ကျော်မီ နာရီအလိုဖြစ် ပါတယ်။ ဒီအခြေအနေမှာ မုန်တိုင်းသတင်းကို တစ်နာရီ ကြိမ်ကနေ ကြိမ်ထိ လိုအပ်ရင် အချိန်နဲ့ တပြေး ညီ ကြားဖြတ်သတင်းများထုတ်လွှင့်ပေးရပါတယ်။

၎။ အညိုရောင်အရေးပေါ်အခြေအနေ။ မြန်မာ့ကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်ချိန်ဖြစ်ပါတယ်။ အနီရောင်တုံးကအတိုင်းပဲ ဆက်လက်ထုတ်လွှင့်ပေးရပါတယ်။

၅။ အစိမ်းရောင်အခြေအနေ။ မုန်တိုင်းအားပျော့သွားပြီး အန္တရာယ်ကင်းရှင်းသွားတဲ့အခြေအနေဖြစ် ပါတယ်

လက်ရှိမုန်တိုင်းအခြေအနေ အဆင်.ဆင်.ပြောင်းလဲလာပုံ 

ပြီးခဲ့သော ၄ ရက် ခန်.က
  ၂၀၁၃ ခုနှစ်၊ မေလ(၁၀)ရက် သောကြာနေ့ နံနက် ၀၉း၂၄ နာရီအချိန်နေ့စွဲနဲ့ Tropical Storm Risk (TSR) , sponsored by Aon Benfield, Crawford & Company and University College London (UCL) က သတင်းတစ်ရပ်ကို ထုတ်ပြန်လာပါတယ်။ ဘင်္ဂလား ပင်လယ်အော် မှာဖြစ်နေတဲ့ အပူပိုင်းမုန်တိုင်း(01B)နဲ့ပတ်သက်လို့ ဒီမုန်တိုင်းဟာ အားကောင်းတဲ့ဆိုင်ကလုန်း မုန်တိုင်း (severe Cyclonic Storm)အဆင့်နဲ့ မြန်မာနိုင်ငံကမ်းခြေကို မေလ(၁၄)ရက် 19:00 GMT (မြန်မာစံတော်ချိန် နံနက် ၁း၃၀ နာရီအခိန်)မှာ ဖြတ်ကျော် ၀င်ရောက်မယ်လို့ ခန့်မှန်းချက် ထုတ်ထားပါတယ်။

သတင်းကြေငြာတဲ့ အဖွဲ့အစည်းဟာ မိုးလေ၀သသတင်းများ ကြေငြာနေတဲ့ တရားဝင် အဖွဲ့အစည်း မဟုတ်တာကြောင့် သေသေချာချာ စစ်ဆေးတဲ့အခါ US Navy JTWC က သတင်းအချက်အလက်များ ယူထားတယ်လို့ဖေါ်ပြထားပါတယ်။ JTWC ဆိုရင်တော့ ကမ္ဘာ့ထိပ်တန်းတိုင်းဖွန်းခန့်မှန်းရေး ဗဟိုဌာနဖြစ်လို့ လေးစားရပါ့မယ်။

JTWC ရဲ့ Website မှာတော့ အဲဒီအတိုင်း မြန်မာနိုင်ငံဖြတ်မယ်လို့ ထုတ်ပြန်မထားသေး ပေမယ့်
() လွန်ခဲ့တဲ့ နာရီအတွင်း အရှေ့မြောက်ဖက်ကို တစ်နာရီ ရေမိုင်()မိုင် (ကုန်းမိုင် တစ်နာရီ လျင် မိုင်ခန့်) နှုန်းနဲ့ရွေ့လာခဲ့တယ်လို့ ဖေါ်ပြထားတာရယ်၊
() ၁၀ရက်နေ့(၁၂)နာရီခွဲအချိန်မှာ မုန်တိုင်းဗဟိုချက်ဟာ 4.8N 93.6E, လို့ေ ဖ်ါပြထားလို့ မြန်မာပြည်ဖက်နီးလာတာရယ် နောက်ပြီး
() မုန်တိုင်းဗဟိုချက်အကွာအဝေးတွေကို အိန္ဒိယနိုင်ငံမြို့များမှ မတိုင်းဘဲ ဘင်္ဂလားဒေ့ရှင်္နိုင်ငံ စစ်တကောင်းမြို့မှအကွာဝေးနဲ့ ပြောင်းလဲ ပြထားတာရယ်
ဒါတွေကြောင့် မြန်မာနိုင်ငံဖက်ကို ဦးတည်လာဖို့ အလားအလာများနေပါတယ်။

ဘ၀င်မကျတာတစ်ခုကတော့ မုန်တိုင်းဝင်မယ့်အချိန်ကို 14 May 19:00 UTC (မြန်မာစံတော်ချိန် မေလ ၁၅ ရက် နံနက် ၁း၃၀ နာရီ)ဖြစ်နေတာ တစ်ခုပါဘဲ။ ဘာပြုလို့လည်း ဆိုတော့ ကျွန်တော့်အတွေ့အကြုံအရ မြန်မာပြည်ကို မုန်တိုင်းက ဘယ်တော့မှ ညသန်းကောင်မှာ မဖြတ်ခဲ့ဘူးလို့ပါဘဲ။

ဒါကြောင့် မုန်တိုင်းသတင်းတွေကို Close Watch အဆင့်ကနေ ALERT အဆင့်ကိုတင်လိုက်ပါပြီ။

ပြီးခဲ့သော ၁၈ နာရီခန်.က
 01B23 ဆိုင်ကလုန်းမုန်တိုင်းဟာ ဆက်လက်အားကောင်းနေပါတယ်။ ပထမပိုင်းမှာ မြန်မာနိုင်ငံ ရှိရာ အရှေ့မြောက်ဖက်ကို ဦးတည်ရွေ့လာနေတဲ့ အတွက် မြန်မာ့ကမ်းရိုးတန်းအတွက် urgency and emergency လုပ်ငန်းတွေ လှုပ်လှုပ်ရွရွ ဖြစ်သွားခဲ့ရပါတယ်။

အခုတော့ မြန်မာနိုင်ငံနဲ့ဝေးရာ အနောက်မြောက်-မြောက်အနောက်ယွန်းယွန်းကို ဦးတည်ရွေ့နေ ပါပြီ။ဒါပေမယ့်လည်း ဒါဟာ မေလ(၁၂)ရက်(တနင်္ဂနွေနေ့) နေ့လည်ပိုငးလောက်အထိသာ သွားမှာ ဖြစ်ပါတယ် အဲဒီနောက်မှာတော့ အရှေ့မြောက်ဖက်ကိုြုပန်လည်ကွေ့ပြီး မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းမြောက်ပိုငး နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကြား ကမ်းခြေကို ဦးတည်ရွေ့ ပါလိမ့်မယ်။

မေလ(၁၅)ရက်နေ့ ညနေပိုင်းမှာ မောင်တော(မြန်မာနိုင်ငံ) နဲ့ စစ်တကောင်း (ဘင်္ဂလားဒေ့ရှ်နိုင်ငံ) မြို့များကြားက ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဖြတ်ကျော်စဉ်မှာ အင်အား ဆိုင်ကလုန်းမုန်တိုင်းအဆင့် နဲ့ ၀င်ရောက်မှာ ဖြစ်ပြီး လေတိုက်နှုန်း တစ်နာရီ (၉၅-၁၀၅) မိုင် နှုန်းလောက်ရှိတဲ့ လေများတိုက်နိုင် ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်း ကမ်းခြေများကို မုန်တိုင်းဒီရေ အမြင့် (-) ပေခန့် တက်နိုင်ပါတယ်။


ပြီးခဲ့သော ၈နာရိခန်.
 

 
မောင်တောကိုဝင်မည်ဟုခန့် မှန်း

01B13 ဟာ အမည်တပ် မုန်တိုင်း MAHASEN (Name origin: Sri Lanka) ဖြစ်လာခဲ့ပါပြီ။
(
၁၁-၅-၂၀၁၃)ရက် ည(၈း၀၀)နာရီအချိန် ထုတ်ပြန်ချက်။

အာလုံး…
အားလုံးဟာ အခုအချိန်အထိ ကြိုတင် မျှောင်လင့်ထားခဲ့တဲ့အတိုင်း တစ်ဆင့်ပြီး တစ်ဆင့် ပါဘဲ။ (၁၁-၅-၂၀၁၃)ရက်နေ့ (၁၂)နာရီခွဲအချိန်တိုင်းတာချက်မှာ
(
၁) TC 01B ဟာ Mahasen လို့အမည်တပ်မုန်တိုင်းဖြစ်လာခဲ့ပါတယ်။
(
၂) Mahasen ဟာ (၁၆-၅-၂၀၁၃) နေ့လည်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို စစ်တကောင်းမြို့အနီးက ဖြတ်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။
(
၃) မုန်တိုင်းရဲ့ အချင်းဝက်ဟာ မိုင်(၁၁၀-၁၃၀)ခန့်ရှိနေလို့ စစ်တကောင်းမြို့အနီးကဖြတ်ပေမယ့် မုန်တိုင်းရဲ့ အန္တရာယ်များတဲ့ညာဖက်စက်ဝိုင်းခြမ်း (Dangerous Right Hand Semicircle) ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့ကို ဖြတ်ကျော်မှာမို့ မောင်တောမြို့ဟာ လေဒဏ်(တစ်နာရီ ၁၀၀ -၁၀၅ မိုင်နှုန်း)ရေဒဏ် (မုန်တိုင်းဒီရေအမြင့် ၅-ပေခန့်၊ ပင်လယ်ပြင်လှိုင်းအမြင့် ၁၅ ပေခန့်) ကြုံတွေ့ရစေနိုင်ပါတယ်။

လွန်ခဲ့သော ၂နာရိခန်.က
 ဒေါက်တာထွန်းလွင် (MCCW)



No comments:

Post a Comment