Wednesday, May 29, 2013

ဆွမ်းမစားတော့ဘဲ ပြန်ကြွခဲ့သည့် ဆရာတော်




တစ်ခါက မန္တလေးမြို့ စာသင်တိုတ်ကြီးတစ်တိုတ်ရှိ ဆရာတော်ဘုရားကြီးကို ကျောင်းဒကာ လည်းဖြစ် ဆွမ်းဒကာလည်ဖြစ်တဲ့ ဒကာတစ်ဦးက သူ့သမီးမင်္ဂလာဦးဆွမ်းကျွေးအတွက် ဆွမ်းစားကြွဖို့ ပင့်လျှောက်လာ ပါတယ်။ဆရာတော်ဘုရားကြီးကလည် စာဝါတွေ သာသနာရေး အတွေဖြင့် မအားလပ်သည့်ကြားမှပင် အလွန် လည်း ရင်းနှီး။ သာသနာအပေါ် ကျေးဇူးများသည့် ဒကာလည်းဖြစ်နေတော့ မငြင်းသာပဲ လက်ခံလိုက် ပါတယ်။

မင်္ဂလာဦးဆွမ်းကျွေးရက်ရောက်တဲ့အခါ
နောက်ပါသံဃာလေးပါးနှင့်အတူ မညည်းမညူဘဲ အရုဏ်တတ် သည်နှင့် တစ်ပြိုက်နက် ကျောင်းမှကြွလာခဲ့ပါတယ်။ မင်္ဂလာဦးဆွမ်းကျွေးကို ခပ်စောစောလေးကြွရောက်ခဲ့ ရတဲ့ ဆရာတော်ဘုရားကြီးရဲ့ ရည်ရွယ်ချက်ကတော့ ဆရာတော်ဘုရားကြီးရဲ့ အချိန်မှန်လုပ်နေကျ သာသနာရေး လုပ်ငန်းတွေ မပျက်စေချင်သလို မင်္ဂလာဦးဆွမ်းကျွေးကိုလည် တခြားဆွမ်းစားတွေနဲ့ မတူလို့ အချိန်ပေး ချီးမြှောက်ချင်လို့ပါတဲ့။ဒါ့ကြောင့် ဆရာတော်ဘုရားကြီးက မင်္ဂလာဦးဆွမ်းကျွေးကို အချိန်ပေးပြီး အရုဏ်တတ် သည်နှင့်ကြွရောက်ခဲ့ပါတယ်။

ဆရာတော်ဘုရားကြီးက
အလှူရှင်အိမ်ရောက်တော့ ဆွမ်းမဘုဉ်းပေးခင် အရင်တရားနာရအောင် အလှူ့ဒကာ အလှူ့ဒကာမတွေကို အမိန့်ရှိလိုက်တော့ တရားနာယူရန် ရောက်နေကြသည့် ပရိသက်တွေကလည် လက်အုပ် ကလေးတွေချီးပြီး သြကာသကန့်တော့ကျိုးဆိုဖို့ ဟန်ပြင်နေတုန်းဆရာတော်ဘုရားကြီး က လက်ကလေး နဲ့ဟန့်တားပြီး
``
တရားနာရအောင် မင်္ဂလာဦးဆွမ်းကျွေးမယ့် သတိုးသားကို ခေါ်လိုက်ဦးလေး´´
လို့
အမိန့်ရှိလိုက်ပါတယ်။

ဆရာတော်ဘုရားကြီးရဲ့
အမိန့်ကြောင့် တရားနာရောက်လာကြတဲ့ ပရိသက်တွေလည် ဘာပြန်လျှောက် လို့ လျှောက်ရမှန်မသိတော့ဘဲဖြစ်သွားကြပါတယ်။ ဘုရားဒကာ ကျောင်းဒကာ ဆိုသူကလည် ဆွမ်းစား ပင့်လျှောက် စဉ်ကတည်က ဆရာတော်ဘုရားကြီးကို သတိုးသာနဲ့ ပက်သက်ပြီး ဘာမှ အကြောင်းစုံ မလျှောက် ထားတဲ့အတွက်အခုလို ဆရာတော်ဘုရားကြီးက သတိုးသားကို တရားနာဖို့ ခေါ်ခိုင်လိုက်တာ ဖြစ်ပါတယ်။

သတိုးသမီးလည်
မျက်စိမျက်နှာပျက်ဖြစ်နေသလို သတိုးသမီးမိဘတွေဖြစ် တဲ့ ကျောင်းဒကာ ကျောင်း ဒကာမတွေလည် အနေရခက် အထိုင်ရခက်နေရပြီး တိတ်ဆိက်ငြိမ်း သက်နေကြပါတယ်။အဲဒီအချိန်မှာ အသက်ကြီးကြီး ဒကားကြီးတစ်ယောက်က..

``
ဆရာတော်ဘုရား ... ဒီကလေးမရဲ့ မိုက်ပြစ်များကို သည်းခံခွင့်လွှတ်တော်မူပါဘုရား တပည့်တော်များ အနေဖြင့် လျှောက်လည်လျှောက်ချင်ပါတယ် ဒါပေမယ့် မလျှောက်လည်း မလျှောက်ရဲပါဘုရား´´ လို့လျှောက်တဲ့အခါ....

``
အေး..ဒို့များကလည် ဒကာတော်တို့လျှောက်ပြမှ သိမှာကွဲ့၊ မလျှောက်ရင် ဘယ်သိပါ့ မလဲ လျှောက်စရာရှိတာ ရဲရဲဝံ့ဝံ့ လျှောက်ပါ ဒကာကြီး´´ ဟု မိန့်ကြားလိုက်သောအခါ

``
ဆရာတော်က လျှောက်ဆိုလို့သာ လျှောက်ရမှာပါဘုရား၊ တခြားတော့ မဟုတ်ပါဘူး၊ ဒီကလေးမလေးနဲ့ရတဲ့ အမျိုးသာားက ဗုဒ္ဓဘာသာ မြန်မာလူမျိုးမဟုတ်တဲ့အတွက် မင်္ဂလာဦးဆွမ်းကျွေးတဲ့အခါ တရားမနာနိုင်ဘူး လို့ ပြောနေပါတယ်၊ဒီမင်္ဂလာဦး ဆွမ်းကျွေး တာတောင် သတိုးသားဘက်က အကုန်ခံတာမဟုတ်ပါဘူး ဘုရား သတိုးသမီးမိဘတွေကပဲ အကုန်ကျခံပြီး ဆွမ်းကပ်တာပါဘုရား၊တပည့်တော်များကလည် ဆွမ်းကပ်မဲ့ ကုန်ကျစာရိတ်ကို ဒီဘက်ကပဲ အကုန်အကျခံပါမယ် ဒါပေမဲ့ တရားလေးတော့ နာပေးပါလို့ပြောတာတောင် မနာနိုင်ဘူးတဲ့ဘုရား၊ဒါကြောင့်မို့ ဒီမင်္ဂလာဦးဆွမ်းကျွေးပွဲမှာ သတိုးသမီးတစ်ယောက်တည် တရားနာရတာဘုရား´´ ဟုလျှောက်လေသော်...

ဒကာတော်ရဲ့
စကားဆုံးတာနဲ့ ဆရာတော်ကြီးလည် ချက်ချင်ပဲ မျက်နှာပျက်ကာ အမတန်မှ စိတ်မကောင်းဖြစ်ပြီး တစ်ဆက်တည်း မှာပဲ လေသံမာမာနဲ့..
``
အေး...မင်းတို့ကောင်တွေက တယ်လဲညံ့သကို ကိုယ့်သက်မဲ့ကြိုးကွင်း လည်ပင်းလာစွပ် တာတောင် လှတယ် ထင်ပြီး အပျော်ကြူပြီး က နေကြတယ်။ ဒို့ကတော့ ဒို့ဘာသာ ဒို့လူမျိုး အတွက် အဆိပ်ဖြစ်မယ့် ဒီဆွမ်းမျိုးကို မဘုဉ်းပေးနိုင်ဘူး။ မင်းတို့ကပ်တဲ့ဆွမ်းမစားရလို့ အသက်သေမယ့်ဆိုရင်တောင် ဒို့မစားဘဲ အသက်သေခံမယ်၊ လာကိုယ်တော်တို့ ပြန်ကြစို့´´ ဆိုပြီး ချက်ချင် ဆွမ်းမစားပဲ ပြန်ကြွသွားခဲ့ပါတယ်။

ဒီအကြောင်းလေးကို
ဦးဇင်တို့စာချဆရာတော်တစ်ပါးကနေ ပြန်ပြောပြလို့ ကြားခဲ့ရတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေး ပဲ ဖြစ်ပါတယ်။ စာချဆရာတော်က အဲဒီတုန်ကဘာရည်ရွယ်ချက်နဲ့ ပြောတယ် ဆိုတာ လုံးဝ သတိမထား သဘောမပေါက်ပဲ ကိုယ့်နဲ့မဆိုင်သလို မသိသလို နေလာခဲ့မိပါတယ်။

အခုလို
တတ်သိနာလည်တဲ့အရွယ်ရောက်မှ ကိုယ့်လူမျိုး ကိုယ့်ဘာသာနဲ့ပက်သက် လို့ တဖြည်းဖြည်းတွေးပြီး တရေးရေး မြင်ယောင်လာတဲ့အခါမှ ဒီအကြောင်းလေး ကို ပြောပြတဲ့ စာချဆရာတော်နဲ့ မင်္ဂလာဦးဆွမ်းကို မဘုဉ်းပေးဘဲ ပြန်ကြွလာခဲ့တဲ့ဆရာတော်ဘုရားကြီးရဲ့ အမျိုးသားရေးစိတ်ဓာတ်ကိုပါ လေးစားဂုဏ်ယူမိပါတယ်။

ဆရာတော်ဘုရားကြီးရဲ့
အမျိုးသားရေးစိတ်ဓာတ်ဟာ နှုတ်ဖျားက ပွင့်အန်မထွက်လာပေမဲ့ သူရဲ့ဆွမ်းဒကာကျောင်းဒကာအပေါ်မှာ ပြုမှုသွားတဲ့ လုပ်ဆောင်ချက်က အမျိုးသားရေး စိတ်ဓာတ်ဘယ်လောက် အထိ ပြင်းထန် တယ်ဆိုတာ ကြားရတာနဲ့ သိသာလှပါတယ်။ဒီနေရာမှာ တချို့ဆရာတော်ကြီးတွေ သာဆိုရင် ကိုယ့်မကြိုက် တဲ့အပြုမှုဖြစ်ပါစေဦတော့ ဆွမ်းဒကာရဲ့ သဒ္ဓါတရားကို ငဲ့ကွက်ပြီး မင်္ဂလာဦးဆွမ်းကိုတော့ ဘုဉ်းပေးမိမှာ သေချာ ပါတယ်။

အခုတော့
ဆရာတော်ဘုရားကြီးဟာ အမျိုးသားရေးစိတ်ဓာတ်နဲ့ ပက်သက်လာရင် ဆွမ်းဒကာ ကျောင်းဒကာ ဆိုတဲ့ ကျေးဇူးတရားကို လျစ်လျူရှုခဲ့ပါတယ်။ ရှေးတုန်က ဆရာတော်ဘုရားကြီးတွေဟာ သူတို့ရဲ့ သီလ သမာဓိ ပညာကို ဘယ်တော့မှ ထိခိုက် ညှိုနွမ်းအောင် မလုပ်သလို သူတစ်ပါးတွေ ထိခိုက်နစ်နာမဲ့ အရေး ကိစ္စမှန်သမျှ ကိုလည် ဘယ်တော့ မှ မပြောသလို မကြံလည်းမကြံ လုပ်လည် မလုပ်ကြပါဘူး။

ဒါပေမယ့်
အမျိုးသားရေးနဲ့ ပက်သက်လာရင် သွေးအေးမနေကြဘဲ ပြောဆိုဆုံးမ သွန်သင်ကြလေ့ ရှိပါတယ်၊ တကယ်လို့ မတတ်သာလို့ ခပ်ခွာခွာနေရတဲ့ အနေထားမျိုးမှာဆိုရင်လည်း များစွာမှ စိတ်မကောင်းဖြစ်တော် မူကြပါတယ် အားလုံး အမျိုးသားရေး နွေးထွေးကြပါစေ.....

ရေးသားသူ....လူထုမောင်ကာဠု @ Facebook

No comments:

Post a Comment